ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 31, 2013

ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဇက်ကြောတက်ခြင်း၏ အံ့ဩဖွယ်ရာ အချက်များ ဇက်လေ့ကျင့်ခန်း ပြုလုပ်ပါ

အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ သင်ရဲ့ညာဘက် နားရွက်ကို ဘယ်ဘက် ပခုံးထိ ရောက်အောင် ဖြည်းဖြည်းနှိမ့်ချ လာပါ။ အသက်ရှူ သွင်းရင်း ဦးခေါင်းကို မူလ နေရာ ပြန်ထားပေးပါ။ အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်း ရှူထုတ်ကာ မကြာခဏ ပြုလုပ် ပေးပါ။ တခြား တစ်ဘက် ပြောင်းလုပ်ပါ။

လည်ပင်း ရွေ့လျားမှု ပြုလုပ်ပါ

ဇက်ကြော တက်တာဟာ လည်ပင်းရဲ့ ကြွက်သားတွေ တင်းမာမှုကြောင့် ဖြစ်တာပါ။ ထိုင်ခုံ တစ်ခုပေါ်မှာ သက်သောင့် သက်သာထိုင်ပြီး သင့် လည်ပင်းကို ရွေ့လျားမှု ပြုလုပ်နိုင်သမျှ ပြုလုပ်ပေးပါ။ ကြွက်သား Spasm ရတာ လျော့ကျသွားနိုင်ပြီး သူ့ ကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ သက်သာနိုင် ပါတယ်။

ဆွဲဆန့်ပါ

ဇက်ကြော တက်သူတွေ အနေနဲ့ အသက်ရှူသွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ ကို ရင်ဘတ်အောက် ထိရောက်အောင် တဖြည်းဖြည်း နှိမ့်ချလာပါ။ အဲသလို နှိမ့်ချလာ စဉ်မှာ လည်ပင်းနောက်ပိုင်းမှာ တဖြည်းဖြည်း ဆွဲဆန့် လိုက်သလိုမျိုးဖြစ်လာပါမယ်။ ပြင်း ပြင်းနဲ့ ဖြည်းဖြည်း အသက်ရှူ ထုတ်ကာ မေးစေ့နှိမ့်ချတဲ့လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးပါ။ အသက်ရှူသွင်း နေစဉ်မှာ သင့်ဦးခေါင်းကို နဂိုနေရာပြန်ရောက်အောင် ပြန်လည်ပင့်တင်ပါ။

လည်ပင်လှည့် လေ့ကျင့်ခန်း

နားရွက်တစ်ဖက်ကို ပခုံးပေါ် ရောက်အောင် နှိမ့်ချပြီး မေးစေ့ကို အခြား တစ်ဖက်မှ ရင်ဘတ်ပေါ်ရောက်အောင် လှည့်ပြီးနှိမ့်ချသွားပါ။ အသက်ရှူ သွင်းပြီး အသက်ရှူ ထုတ်စဉ်မှာ မေးစေ့ကို ရင်ဘတ်ပေါ်မှ ဖြတ်ပြီး တခြားတစ်ဖက်ရောက်အောင် လှည့်ပြီး နှိမ့်ချပေးပါ။

အနှိပ်ခံပါ

ဇက်ကြောတက်ခဲ့ရင် ဇက်နေရာကို ပရုတ်ဆီလိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ နာကျင်မှုဝေဒနာသက်သာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေ ပါတယ်။

ကြွက်သားတင်းမာမှု လျော့အောင်

အသက်ရှုသွင်းပြီး သင့်ပခုံးကို နားရွက်ဆီသို့ ရောက်အျောင် မြှင့်တင်သွားပါ။ မြင့်နိုင်သလောက် မြင့်အောင် မြှင့်ပါ။ " အား" လို့အော်ပြီး မှုလာနေရာ ရောက်အောင် လျှော့ချပါ။ ကြွက်သားတင်းမာမှုလျော့အောင် မကြာခဏ ပြုလုပ်ပေးပါ။

ရေးကူးပါ

ဇက်ကြော တက်တာအတွက် အကောင်းဆုံး လေ့ကျင့်ခန်းက ပက်လက် လှန်ပြီး ရေကူးတာပါ။ ရေက လည်ပင်းပေါ်မှာ ဖိအား သက်ရောက်မှု မရောက်အောင် ခေါင်း ကို ထောက်ပံ့ထားနိုင် တာကြောင့်ပါ။

ပခုံးလှည့်လေ့ကျင့်ခန်း ပြုလုပ်ပါ

ပခုံးကို မြှင့်တင်ပြီး အနောက်ဘက်ကို လှည့်ကာ အောက်ဘက်သို့ ပြန်ချပါ။ ပြီးရင် အရှေ့ဘက်ကို လှည့်ပြီး မြှင့်တင်ပါ။ မကြာခဏ ပြုလုပ်ပေးပြီး နောက်တစ် ဖက်ပြောင်းလုပ်ပါ။

ရောဂါလက္ခဏာ အတွက် သတိထားပါ

နေမကောင်းတဲ့ ခံစားမှုနဲ့ တွဲဖက်ပြီးဖြစ်ပေါ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ် နေတာကြောင့် ဇက်ကြော တက်နေတာ ဖြစ်နိုင်တာ မို့ပါ။

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း


ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့်သွေးကိုဆေးကြောသန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တုဓာတ်ပမာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁-
လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။

အမျိုးသား၊အမျိုးသမီး၊ကလေး၊လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို့ ) အ၀ါရောင်ဖြစ်သည်။

(၁)ရေ သောက်နည်း ခြင်း
(၂)အစားအစာ
(၃)သောက်သုံးသောဆေးဝါးတို့ ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။

ထိုအကြောင်း(၃)ရပ် ကြောင့် ဆီးအရောင် ၂၄နာရီခန့် ကြာပြောင်းလဲခြင်း သည်ပြသနာမရှိလှသော်လည်း၊ ကျန်းမာရေးတစ်စုံတစ်ရာချို့ ယွင်းမှုကြောင့် *ဆီးအ *ရောင်သိသိသာသာပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါအကြောင်းအရာတို
ြ့ဖင့် သုံးသပ်နိုင်ပါသည်။

(၁) ကျန်းမာရေးကောင်းသူ၏ဆီးအရောင်သည် အနယ်အနှစ်မပါဘဲ
ကြည်လင်သောဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။

(၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း နှင့်ဆီးအိမ်ကင်ဆာတို့ ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသားများတွက် ဆီးအိမ်ကင်ဖြစ်နိုင်ချေအလားအ လာများ၍ သတိပြုပါ။

(၃) အချို့ဝမ်းနှုတ်ဆေးများ နှင့် အကြောပြေဆေးများတွင် cascara (သို့ ) sennaဓာတ်ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့် (သို့ ) လ္ဘက်ရည် ကြမ်းရောင်ပြောင်းနေတတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင်ရော ဂါ၊ ကျောက်ကပ်အတွင်းသွေးခဲ၍ပျက်စီးခြင်းတို့  ကလည်း ဆီးအရောင်ကို အညိုရင့်ရောင်ပြောင်းစေတတ်သလို၊ကိုကာကိုလာ အရောင်ဆီးပျစ်ပျစ် သွားပါက ဆီးအိမ် နှင့် ကျောက်ကပ်တို့  တွင်ပြင်းထန်သောရော ဂါရနေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ပါ။

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ သွေးဖြူ/နီဥ ဆဲလ်များထဲတွင်
ဘက်တီးရီးယားများတိုးပွားလာကြကာ ဆီးအရောင်သည် နို့ ကဲ့ သို့ 
ဖြူသွားတတ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်းကလည်း
ဆီးကိုဖြူစေသည်။

(၅) အနီရောင် (သို့ ) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲတွင်သွေးပါသည်ဟု
ထင်မှတ်မှားလေ့ရှိကြသည်။ အနီရောင်သကြားမုန်လာ နှင့်
ဘယ်ရီသီးအနီရောင်များစားခြင်းဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ်ပါရှိသောဆေးဝါးအချို့ သောက်သုံးခြင်းက လည်း ဆီးနီစေ ၏။ အကယ်၍ သင့်ခနာကိုယ်ထဲတွင်ခဲဆိပ်တက်လျှင် ဆီးနီရဲစေ သဖြင့် အထူးဂရုစိုက်ပါ။

(၆) ဘီယာသောက်ခြင်းနှင့်ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီအမြောက် အများစားသုံးခြင်းဖြင့် ဆီးလိမ္မော်ရောင်သွားစေသည်။ ဗီတာ မင်စီအလွန်အကျွံ သောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်း နှင့်
ပိုးသတ်ဆေးအချို့ ကလည်း ဆီးကိုလိမ္မော်ရောင် ဖြစ်စေတတ်သည်။
သင့်ဆီးသည်လိမ္မော်ရောင်ဖြစ်ပြီး၊ ၀မ်းအဖြူရောင်သွားနေပါက အသည်းရောင်အသားဝါလက္ခဏာ ဖြစ်သည်။ လိုအပ်သောပမဏထက် ဗီတာမင်စီ မှီဝဲခြင်းကကျောက်ကပ်ကိုပျက်စီးစေသည်။

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ်ကြွယ်ဝသော အားဖြည့်ဆေးသောက်သုံးနေသူဖြစ်ပါက၊
နီအွန်အ၀ါရောင် ဆီးသွားခြင်း အ တွက် စိုးရိမ်ဖွယ်မရှိပါ။

(၈) ထုံဆေး/မေ့ဆေး အချို့ က အစိမ်းရောင်ဆီးသွားစေသလို၊ ကညွတ်အမြောက်အများ
စားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန့်  ဖန့် ဖြစ်၍ ဆီးရနံ
့ဆိုးဝါးစေသည်။

(၉) အော်ဂလီဆန်ပျို့ အန် ပျောက်ဆေးအချို့ သည် ဆီးအပြာရောင် သွားစေတတ်သဖြင့်
စိုးရိမ်ဖွယ်မရှိပါ။

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါ ရှိသူ၏ ဆီးသည် မာပယ်လ်ပန်းရနံ
ထွက်လေ့ရှိပြီး၊ ဆီးချိုရောဂါဝေဒနာသည်၏ ဆီးသည် အချို့ နံ့ ထွက်သဖြင့်
မိမိကိုယ်ကို စမ်းစစ်ပါ။

(၁၁) ဆီးအနည်ပါသူ နှင့် ဆီးကျောက်တည်သူများသည် တနေ့ လျှင် ရေ ၃-လီတာမျှသောက်သင့်ပြီး၊ ကွမ်းမစားသင့်ပေ။

ကျောက်ကပ်ပျက်စီးစေသော အဆိုးရွားဆုံးအစား အစာများမှာ ပူစပ်သော အစားအစာများ၊ရေခဲရေ၊ အနီရောင်အသား၊ ဆား၊ ငရုပ် ကောင်း၊ ထညင်း သီး၊ ပြုပြင်ပြောင်းလဲထားသောအရန် သင့် သစ်သီးဖျော် ရည်၊ ပြုပြင်ပြောင်း လဲထားသော ဓာတုအချိုသွားရည်စာအမျိုးမျိုး နှင့် အချိုမှုန့် ၊ ဆို ဒါ နှင့် အဖျော်ယမကာများ၊ အထူး သဖြင့်တရုပ်ပြည်ထုတ် နို့ ထွက်ပစ္စည်း အမျိုးမျိုး၊ ကဖိန်းဓာတ်လွန်ကဲ သော ကော်ဖီ၊လ္ဘက်ရည်တို့ ဖြစ်သည်။အနီရောင်ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပန်းသီး၊ ကျောက်ဖရုံ သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအ၀င် ဘယ်ရီသီးအမျိုးမျိုး၊ ချယ်ရီး သီး၊ အနီရောင်စပျစ်သီး၊ ကြက်ဥအဖြူရောင်၊ အိုမီဂါ ၃ဖက်ဆီးအက် ဆစ်ကြွယ် ၀သော ငါး၊ သံလွင်ဆီ၊ မြင်းခွာရွက် တို့ သည် ကျောက်ကပ်ကျန်း မာရေးအတွက် အကောင်းဆုံးအစားအစာများဖြစ်သည်။ ထို့ ပြင် ဆီသွားသည့်အခါဆီးကုန်သည်အထိ စိတ်ရှည်ရှည်စွန့် ထုတ်ရန်လိုအပ်ပြီး၊ ဆီးကျန်ခြင်းကြောင့်မလိုလားအပ်သောနောက်ဆက်တွဲ ရောဂါ များ မဖြစ်စေရန် ကြက်သွန်ဖြူပြုတ်ရည်ကို ဆေးမြီးတိုအဖြစ်သောက်
သုံးနိုင်ပါကြောင်း။* *

*ဘာသာပြန်သူ (ပေါက်ပေါက်)*

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား 

အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။ ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ ကိုပင် မလုပ်ရဲအောင်ပင်ဖြစ်လာကြောင့် တွေ့ ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ်အတွင်ဟော်မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့ မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက် ဆေးအရောင်ပြောင်းလိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။

မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့ အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။

မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်ရသည် ရောင်ခြည်ဆေးများသောက်ရခြင်း ) နှင့် သံဓာတ်ချို့ တဲ့လွန်းသည့် အစားသောက်တွေ စားသုံးခြင်းကြောင့် အမျိုးသမီးအများကို ဆံပင်အများအပြား ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိကြပါတယ် ။

အလှပများကို စိတ်တိုင်းကျ ပြု့ ပြင်ပြောင်းလဲဖန်တည်းသည့် မိန်းကလေးများအခုပြောပြမည့် အပိုင်းကို သတိမထားကြပါဘူး သူများတွေလှတယ် ကောင်းတယ် နာမည်ကြီးတယ်ဆိုပြီး ဘုမသိ ဘမသိနဲ့  ဆံပင်ကို အမျိုးမျိုးသော ပြုပြင်ဖန်တီးခြင်း ၊ ဆံပင်ပုံသွင်းရာမှာ အသုံးပြု့ သည့် ပစ္စည်းတစ်ချို့ ကြောင့်လည်း ဆံပင်သားကို ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်လာစေပါတယ် ။ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။

ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်လာပါတော့တယ်။ ဆံပင်ဖြောင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို အလွန်ပင်သုံးစွဲခြင်းကို အထူးပင် ရှောင်ကြဉ်သင့်ပါကြောင့်ပြောကြားလိုပါတယ်။
ဆံပင်ပုံစံနှင့်အရောင်များကို ပြောင်းလဲဖန်တည်းသည့် အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းအပြင် မိမိနှင့်သုံးစွဲသည့် ဓာတုအသုံးပြု့ ဆေးများကြောင့်ပင် ဦးခေါင်းအရေပြား ပျက်ဆီးစေပါတယ် ။ထိုကြောင့် ဦးခေါင်းအရေပြားတွင် အနာများပေါက်လာပြီးနောက်တစ်ချို့ ဆိုလျှင် ကုသမှု့ ကိုပင် အထူးအလေးထားပေးရသည့်ကိစ္စများဖြစ်ပေါ်လာကြပါတယ် ။

သဘာဝလွန်အလှများကို ရှေ့တန်းမတင်ဘဲ ပင်ကိုယ်အလှများဖြင့် လှနိုင်စေရန်ဖြစ်ပါတော့သည် ။

အသက်ရာကျော် ရှည်ပါစေ

 

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မိန်းကလေးများသည့် တစ်နေ့ တာအတွက် မနက်ခင်းမှ စပြီးအသုံးပြု့ ခဲ့သည့် မိတ်ကပ်များ ၊ ခရင်မ်များကို ညပိုင်းရောက်သည့်နှင့် မျက်နှာကိုစင်ကြယ်အောင်သန့် စင်အောင်ပြု့ လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ် ။ တစ်ချို့ မိန်းကလေးများတွင် လိမ်းထားသည့်မျက်နှာကို နှမြောပြီး မျက်နှာကို စင်ကြယ်အောင် မလုပ်ဘဲ ဒီအတိုင်းထားခဲ့သည့် ကြိမ်ဖန်များစွာ ရှိလာခဲ့လျှင် မိန်းကလေးများတွင် တင်းတိပ်များ စွဲလာတက်ပါသည် ။

မျက်နှာစင်ကြယ်အောင် ပြု့ လုပ်ပြီး အိပ်ယာဝင်ခြင်းသည့် မိန်းကလေးများတွင် မဟုတ်ဘဲ ယောင်္ကျားလေးများပင် မဖြစ်မနေ လုပ်ဆောင်သင့်သော မျက်နှာသစ်ခြင်းပင်ဖြစ်ပါသည် ။

မျက်နှာမသစ်ခင် မိမိလက်များကိုဆပ်ပြာဖြင့် သန့် ရှင်းအောင် ဆေးကြောပြီးမှသာ မျက်နှာသစ်ခြင်းကို လုပ်ဆောင်ပါ မျက်နှာသစ်သည့်အခါတွင် လက်သည်များနှင့် မျက်နှာသစ်အရေပြားများကို ကုတ်ဖဲ့ခြင်းလုံးဝ မလုပ်ရပါ ။ လက်ချောင်းများနဲ့ သည် မျက်နှာပြင် အရေပြားကို နှိပ်နယ်ခြင်း ပုံစံမျို့ ဖြင့် မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာလုပ်ဆောင်ပါ ။ ထို့ ကဲ့သို့ မျက်နှာသစ်သည့် စနစ်မျိုးကို မလုပ်ဆောင်မိခဲ့ပါက သင့်သည် ယနေ့ မှ စပြီး လုပ်ဆောင်ပါလိုက်ပါ ။

လုပ်ဆောင်ချက်များကြောင့် Dead cells (ဆဲလ်) များအတွက် ပြန်လည် အစားထိုးနိုင်ပြီး သင့်အသားရည်များ ခြောက်သွေ့ နေခြင်း ကင်းဝေးစေပါမည် ။မျက်လုံးအိပ်ဘေး အသားရည်များ တွန့် ခြင်းကို ကာကွယ်ပေးနိုင်သလို့  မျက်နှာ အသားရည်လှပါ ဆိုပြေနေပါလိမ့်မည်

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

 ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။

ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး  မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး  မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း  တွေ့ရသည်။  ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။

သမ္မတနဲ့ ဒေါ်စု တွေ့ဆုံ

သမ္မတနဲ့ ဒေါ်စု တွေ့ဆုံ 

  

သမတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေလည်ပိုင်း နေပြည်တော်မှာရှိတဲ့ သမ္မတရဲ့ လယ်တောဆောင်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အရေးပေါ် တွေ့ဆုံမှုတခုဖြစ်တယ်လို့ စုံစမ်း ကြားသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ လွှတ်တော်ကို်ယ်စားလှယ်တဦးလည်းဖြစ်တဲ့ ဦးဝင်းမြင့်ကတော့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို အတည်ပြုပေမယ့်လည်း ဘယ်လို ပုံစံနဲ့တွေ့ဆုံတယ်၊ ဘာကြောင့် တွေ့ဆုံတယ်ဆိုတဲ့  ဆွေးနွေးပွဲအသေးစိတ်ကိုတော့ ထုတ်ပြန်ဖို့မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

"ဟုတ်ကဲ့ခင်ဗျ။ ဒီနေ့ နေ့လည် ၃ နာရီက တွေ့တယ်ခင်ဗျ။ လယ်ယာခြံထဲမှာရှိတဲ့ သမ္မတအိမ်တော်မှာလေ။ ခါတိုင်း တခြားနိုင်ငံရေး ပါတီတွေ ဘာတွေ တွေ့တဲ့ နေရာလေ။ အဲဒီမှာ- တွေ့တာတော့ သိတယ်။ နောက်တခါ ဆွေးနွေးချက်တွေကတော့ အသေးစိတ်ထုတ်ပြန်မှာ မဟုတ်ဘူး။ အဲဒါတော့ ကျနော်သိတယ်ဗျ။ သမ္မတနဲ့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ တွေ့တယ်-အဲဒါပဲ ကျနော်သိတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့အကြားမှာ သီးခြားတွေ့ဆုံမှုတွေ အရင်ကရှိခဲ့ပေမယ့် အခုတခေါက်အခြေအနေကတော့ လွှတ်တော်နိုင်ငံရေးနဲ့ ဆက်စပ်မယ်လို့ ယူဆမှုတွေအတော်များများရှိပါတယ်။ အထူးသဖြင့်ကတော့ လွှတ်တော်နဲ့ အစိုးရအကြား ဥပဒေပြဌာန်းမှုပိုင်းတွေမှာ အပြန်အလှန် တင်းတင်းမာမာသဘောတွေရှိခဲ့သလို ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်နောက်ဆုံးရက်မှာလည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကနေ မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ပတ်သက်လို့ အစိုးရကပိုင်းက အလျင်အမြန် တုံ့ပြန်ကိုင်တွယ်ပေးဖို့ သမ္မတဦးသိန်းစိန်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူထားပါတယ်။

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

From : ..the voice

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ကောလာဟလများကြောင့် အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် စာသင်နေသော ကလေးငယ်များကို စိုးရိမ်ပူပန်သောကြောင့် ကျောင်းသားမိဘများက နေအိမ်များမှ လာရောက်ခေါ်ယူခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက The Voice သို့ ပြောကြားသည်။

ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက်နေ့ ၁၀ နာရီခန့်က ဒသမတန်းအခန်း D တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဦးက ကျပ်တစ်သောင်း လောင်းကြေးထပ်ကာ ၁၃ ပေခန့်မြင့်သော နှစ်ထပ်ကျောင်းဆောင်ပေါ်မှ ခုန်ချရန် သဘောတူပြီး ခုန်ချစဉ် ၎င်းတို့နှစ်ဦးအနက် အစ္စလာမ် ဘာသာဝင်ကျောင်းသား ခြေထောက်နာသွားသဖြင့် ဆေးခန်းသွားပြပြီးနောက် အဆိုပါ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

တစ်ချိန်တည်းတွင် ဥက္ကံမြို့ရှိ မြို့မ (၁) ရပ်ကွက် အိုးဘိုတန်း ဘွက်ကုန်းနှင့် ဥက္ကံရွာမ ကျွန်းတောကုန်းတို့တွင် ဆိုင်ကယ်ပေါ်မှနေ၍ အော်ဟစ်ဆဲဆိုမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း ဥက္ကံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် ဦးမောင်မောင်ကြည်က ပြောကြားသည်။

“အခုလို နေရာအနှံ့ တစ်ချိန်တည်းမှာ ဆိုင်ကယ်တွေနဲ့ အော်ဟစ်ဆဲဆို သွားတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ စနစ်တကျနဲ့ ကောလာဟလ ဖြန့် တယ်လို့ ကျွန်တော်တို့ကထင်တယ်” ဟု တိုက်ကြီးမြို့နယ် BG သွေးလှူရှင်အသင်း တာဝန်ခံ ဦးသက်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လူစုလူဝေး ဖြစ်ပွားပြီးနောက် ဥက္ကံမြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းသားများကို ၎င်းတို့၏ မိဘများက လာရောက်ခေါ်ယူခဲ့၍ ကျောင်းများ ပိတ်ထားခဲ့ရကြောင်း ဥက္ကံမြို့ရှိ အထက်တန်းကျောင်းမှ နဝမတန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ဥက္ကံမြို့အတွင်း ကောလာဟလ သတင်းများကြောင့် နေရာအနှံ့ လူစုလူဝေးများ ဖြစ်ပွားခဲ့သည်ကို တာဝန်ရှိသူများက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သဖြင့် မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ငြိမ်သက်ကာ လူစုကွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ရှင်းပြသည်။

ဧပြီလ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခမျိုး ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်သဖြင့် အဝတ်အစားများကို ထုပ်ပိုးပြင်ဆင်ခြင်း၊ နေအိမ်လုံခြုံရေးအတွက် ပြင်ဆင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ရဲတပ်ဖွဲ့ ၄၀ ကျော်ဖြင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဥက္ကံမြို့ ကောလာဟလဂယက်သည် တိုက်ကြီးမြို့သို့ ကူးစက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်က တိုက်ကြီးမြို့ရှိ အထက်တန်းကျောင်းနှစ်ကျောင်းရှေ့ တွင် ကျောင်းသားမိဘ ၁၀၀၀ ကျော်ခန့် ရောက်ရှိလာကာ ကျောင်းသား များကို အတန်းလိုက်ခွဲ၍ ပြန်လည် စေလွှတ်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ လုံခြုံရေးချပေးခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကောလာဟလ သတင်းများကြောင့် ဥက္ကံမြို့နှင့် တိုက်ကြီးမြို့နယ်တို့တွင် ရပ်ကွက်များအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ စုပေါင်း၍ လုံခြုံရေးများ ဆောင်ရွက်မည်ဖြစ်ကာ ကျေးရွာများတွင် တာဝန်ကျရဲများက လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် အော်ဟစ်သူများကို စုံစမ်းလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယာဉ်ထိန်းရဲများကို ခရီးသည်တင် ယာဉ်မောင်း စကေဘာဖြင့်ထိုး

ယာဉ်ထိန်းရဲများကို ခရီးသည်တင် ယာဉ်မောင်း စကေဘာဖြင့်ထိုး



တာမွေမြို့နယ် လေးထောင့်ကန် လမ်းပေါ်ရှိ ILBC ကျောင်းဆင်းချိန်တွင် ယာဉ်ကြော ရှင်းနေသော ယာဉ်ထိန်းရဲများကို မ.ထ.သ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးက စကေဘာဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း တာမွေမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု (၂၇) မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။

တာမွေ ယာဉ်ထိန်းတပ်စု (၂၇) မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် သုံးဦးက သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မှ တာမွေသို့ ပြေးဆွဲသည့် မ.ထ.သ (၁၈၇) ယာဉ်လိုင်း ခရီးသည်တင် ဘီအမ်ယာဉ်ကို မှတ်တိုင် မဟုတ်ဘဲ တံခါးဖွင့် မောင်းလာ သဖြင့် ချလန် ဖြတ်လိုက် ကြောင်း၊ ယာဉ်မောင်းက မကျေနပ်၍ ညနေ ၃နာရီ မိနစ်၃၀ ခန့်တွင် အဆိုပါ ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးခြင်း ဖြစ်ကြောင်း၊ ယာဉ်ထိန်း တပ်ကြပ် အုန်းကျော်တွင် ညာလက်သန်း ပြတ်ရှ ဒဏ်ရာနှင့် တပ်သား လွင်မျိုးအောင်တွင် ခါးဘယ်ဘက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ဒီလူ ကွမ်းယာကို လာဝယ်ပြီး ယာဉ်ထိန်းရဲဘက် ထွက်သွားတာ တွေ့ တယ်။ အသံတွေ ကြားတော့ လှမ်းကြည့်လိုက်တာ ရဲတွေကို စကေဘာနဲ့ လိုက်ထိုးနေတာ” ဟု ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန် လမ်းထောင့် တွင် မျက်မြင် တွေ့ရှိသူ ကွမ်းယာသည် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောဆိုသည်။

ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးသူ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးခင်မောင်ဌေးကို တာမွေ မြို့မ ရဲစခန်းက (ပ) ၃၇၉/၁၃၊ ပြစ်မှု ပုဒ်မ ၂၉၄/ ၃၃၃/၅၀၆ တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်းလျက် ရှိကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

Friday, August 30, 2013

မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်စုပြော

မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်စုပြော





မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအတွက် ဘာမှမပြောခဲ့သော်လည်း ကင်တားနားကား လက်ဖြင့် အထုခံရသည်မှာ မဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေါသဖြင့် ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။  မိတ္ထီလာမှာ ကင်တာနားကို ဆန္ဒပြခဲ့ သည့် မိတ္ထီလာ မြို့သူမြို့သားများမှ ကင်းတားနားရဲ့ ကားကို ရိုက်ပုတ် ခဲ့သည်ဟု ကင်တားနားမှ ပြောဆိုခဲ့သဖြင့် ဒေါ်စုမှ မိတ္ထီလာ မြို့သူမြို့သားများ အား ကင်တားနားအား စိတ်ဆိုးအောင်လုပ်တာဟာ မဖြစ်သင့် တဲ့ လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ကင်တားနားအား ကျေနပ်အောင် ဖြေရှင်းပေးသင့်ကြောင်း.. ဒေါ်အောင်ဆန်းစုကြည် မှ ပြောခဲ့တာပါ။
 
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

ဒီကိစ္စမှာ အာဏာပိုင်တွေနဲ့ မစ္စတာ ကင်တားနားတို့ နှစ်ဦးနှစ်ဖက် ပြောကြားချက်တွေ ကွဲလွဲနေတာကိုလည်း သတိပြုမိတယ်လို့ သူက ပြောပါတယ်။

"အုပ်ချုပ်ရေးပိုင်းက ထုတာမဟုတ်ဘူးလို့ ပြောတယ်။မစ္စတာ ကင်တားနားက ထုတယ်လို့ပြောတယ်။မိတ္ထီလာကရတဲ့ သတင်းက ထုတာလို့ ပြောတယ်။ဒီဟာက မလုပ်သင့်ဘူးပေါ့။စာပေးချင်လဲ ရိုးရိုးပေးလို့ရပါတယ်။တိုက်ရိုက်ပေးလို့မရရင်တောင် UNDP က တစ်ဆင့်ပေးလို့ရတာပေါ့။မစ္စတာ ကင်တားနား ကျေနပ်လောက်အောင် ဖြေရှင်းချက်ပေးသင့်တာပေါ့"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့ မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အစိုးရဘက်ဂျက် ပြည်သူတွေ ပိုပေးဖို့ထက် ကိုယ်တိုင်သိမ်းယူဖို့ ပါတီတွေ လိုလား

အစိုးရဘက်ဂျက် ပြည်သူတွေ ပိုပေးဖို့ထက် ကိုယ်တိုင်သိမ်းယူဖို့ ပါတီတွေ လိုလား




နိုင်ငံရေး ပါတီများ ရေရှည်ရပ်တည်နိုင်ရေး အတွက် အစိုးရဘတ်ဂျက်တွင် ထည့်သွင်းပေးရန် နိုင်ငံရေးပါတီ များက လိုလားလျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးပါတီများ အနေ ဖြင့် နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့မှုလက်ခံရယူပါက ပါ တီဖျက်သိမ်းခြင်းခံရမည်ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ အားလုံးသို့ သတိပေးအကြောင်း ကြားစာပေးပို့ခဲ့ပြီးနောက် နိုင်ငံ ရေးပါတီများက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည်။
''နိုင်ငံရေးပါတီတွေ တိုင်း တစ်ပါးက ထောက်ပံ့မှုမယူရဘူး ဆိုတာ ဖွဲ့စည်းပုံမှာပါပြီးသား။ ဘာကြောင့် အခုဒီစာကိုထပ်ပို့လဲ ဆိုတာတော့မသိဘူး။ ဘာရည် ရွယ်ချက်လဲမသိဘူး။ တချို့နိုင်ငံ ခြားထောက်ပံမှုတွေကလဲ သူတို့ ဩဇာလွှမ်းမိုးချင်လို့ ထောက်ပံ့မှု ပေးနေတာတွေရှိတယ်။ ဒါကြောင့် နိုင်ငံခြားထောက်ပံ့မှုမယူသင့် ဘူး။ ဒါပေမဲ့ အစိုးရဘတ်ဂျက်ကို ပါတီတွေအတွက် ခွဲဝေပေးသင့် တယ်။ ပါတီတွေရပ်တည်ဖို့အ တွက် ရန်ပုံငွေကလိုအပ်နေသေး တာကိုး''ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကပြော သည်။
နိုင်ငံရေးပါတီများ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့များ ရယူခြင်းနှင့်ပတ်သက်၍ တိကျ စွာလိုက်နာဆောင်ရွက်ရေးဟူ သောအကြောင်းအရာဖြင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ဩဂုတ်၂၃ရက်တွင် နိုင်ငံ ရေးပါတီများထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကြောင်းကြား စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၀၇(ဂ)တွင် ''နိုင်ငံခြားတိုင်း ပြည်တစ်ခုခုမှ အစိုးရသို့မဟုတ် ဘာသာရေးအဖွဲ့အစည်းသို့မ ဟုတ် အခြားအဖွဲ့အစည်းတစ်ခု ခုသို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက် အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းစ သည့်အကြောင်းအရာ တစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည် နိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း ဥပဒေပုဒ်မ၆(စ)၊ ပုဒ်မ ၇(ဃ)၊ ပုဒ်မ၁၂(ခ)နှင့်နည်းဥပ ဒေပုဒ်မ၁၅(ခ)တို့အရ အထက် ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)တွင်ပါရှိသည့် ပြ ဋ္ဌာန်းချက်ကိုငြိစွန်းကြောင်း ကော် မရှင်ကတွေ့ရှိပါက ယင်းပါတီကို ပါတီမှတ်ပုံတင်ပယ်ဖျက်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းချက်များပါ ရှိသည်။
ချင်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဆ လိုင်းထောင်းထောင်းက ''ကော် မရှင်က နိုင်ငံခြားတွေကလွှမ်းမိုး မှုရှိမှာစိုးလို့ တားမြစ်နေတာပါ။ နိုင်ငံရေးပါတီတွေမရှိဘဲနဲ့ ဒီမို ကရေစီစနစ်ဆိုတာ မတည်တံ့နိုင် ဘူး။ နိုင်ငံတော်ကမထောက်ပံ့ နိုင်ရင် တခြားကူညီမှုရှိရမယ်။အဲဒီလိုမဟုတ်ဘဲ တစ်ဖက်ကကူ ညီမှုကို ယူဖို့ပိတ်ထားတယ်ဆိုရင် နိုင်ငံတော်က ထောက်ပံ့မှုပေးသင့် တယ်''ဟုပြောသည်။

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ.. ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ခေါင်းမူးဝေဒနာနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ..
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
(ကိုယ်ဝန်ရှိစ မူးဝေသူများ၊  သဘောင်္လေယာဉ်စီး မူးဝေသူများနှင့် မူးမော်တတ်သူများ အတွက်)

ခေါင်းမူးဝေဒနာကို သက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးတွေ ဟောပြောပို့ချထားတာ များစွာရှိပြီးဖြစ်ပါသည်။  အများစုမှာ  ခေါင်းမူးတာကို  ဆေးသောက်ခြင်းဖြင့် ကုသဖြေရှင်းခြင်းသာဖြစ်ပါသည်။  ကျနော်ကတော့  ခေါင်းမူးတာအတွက်  တို်က်ကျွေးရသာဆေးအများစုမှာ  မထိရောက်တာက တစ်ကြောင်း  ထိုးဆေးတွေရဲ့ ဆိုးကျိုးတွေအန္တရာယ်က မသေးလှတာတစ်ကြောင်း  ကျနော်နည်းက  ခေါင်းမူးတာကို လွယ်လွယ် ကုသနိုင်တာတစ်ကြောင်း  ကိုယ်တိုင်လဲ ခေါင်းမူးဝေဒနာရှင်တဦးလဲဖြစ်  အလူးအလဲ မူးတတ်တာကြောင့်  ကျနော့် ကုသနည်းကလည်း  ဆေးလောကမှာ (ဆေးကုသရေး  သင်ရိုးညွှန်းတမ်းများမှာ) မပါတာတစ်ကြောင်းမို့  ရေးသားပြီး  မျှဝေလိုက်ပါသည်။

ပထမဦးဆုံး  (တိုက်ခို်က်တာ  မဟုတ်ပါ) ၂ဝဝဝ-ခုလွန်နှစ် တနှစ်မှာ  ကျနော်ထောင်က လွှတ်ခါစက   မြန်မာနိုင်ငံ ဂျီပီဆရာဝန်များ ညီလာခံမှာ  ဒီခေါင်းမူး ဝေဒနာစာတမ်းဖတ်ဖို့ တင်ပြခဲ့ပါတယ်။  အဲဒီညီလာခံ ကော်မတီက  ဝမ်းသားအားရ (အားရ) လက်ခံခဲ့ပါတယ်။

 ဝမ်းသာအားရ ဟု သုံးရသည်ကလဲ  ကိုယ်ပိုင်ဆေးခန်းတွေက  စာတမ်းတင်ထားတာ ကနည်းနေလို့  ကျနော့်စာတမ်း လာတင်တော့ စာတမ်းကိုဖတ်ကြည့်တော့   အကြောင်းအရာကလဲ  အသစ်အဆန်း။   ကျနော့်ကိုလဲ ထောင်ထွက်မှန်းလဲမသိကြဘူး။ စာတမ်းအသစ်ဆိုတော့   ဝမ်းသာအားရပေါ့။  စာတမ်းဖတ်ရန် တော်တော်တန်တန် အတွေ့အကြုံနှင့်  ဖတ်ကြားရန် မလွယ်ပါ။ မေးလာမည့် မေးခွန်းတွေကို  ကြောက်ကြရပါသည်။

 ညီလာခံစခါနီးရက်တွင်တော့  ကျနော်ရဲ့ စာတမ်းကိုဖတ်ခွင့်   ပယ်ခံလိုက်ရပါတယ်။  ဘာကြောင့်ဆိုတာ  ထမင်းစားသူမှန်လျှင် သဘောပေါက်ကြပါသည်။
ဒီတော့ စာတမ်းနှင့် ဆက်စပ်နေသော စာတမ်းတခု ကို ဆရာဝန်တစ်ဦးမှ  ဖတ်လာချိန်မှာ  ကျနော်ထပြီး  အချိုမှုန့် စားသူအချို့ တွင်   ခေါင်းမူးတတ်ကြောင်းကို တင်ပြပါသည်။  သက်ဆိုင်ရာအထူးကု (ပါမောက္ခပညာရှင်)မှ  အချိုမှုန့် ကြောင့်  ခေါင်းကိုက်တတ်တာဘဲ ဖြစ်တတ်ပါသည်။  ခေါင်းမူးတယ်ဆိုတာ မရှိဘူး။ 

သူ့ စကားကလဲ   တုံးတိတိ  ယတိပြတ်။  ကျနော်က ဆက်လက်ပြီး  ကျနော့် အတွေ့ အကြုံတွေကို   တင်ပြတော့  ပါမောက္ခကြီးက (ကျနော့်ထက်အတန်း- ၄-တန်းငယ်ပါသည် )က  There is  no such things in literature..  ပြောပါသည်။   ကျနော်က ထပ်မံတင်ပြတော့ I have told you...there is no such things in literature   ပြောလာတော့  ကျနော်ကလဲ  မထူးဖူးဆိုပြီး  .....Is your literature  coming down from heaven ....like Bible or  like Koran.??? ...or  your literature were complied by human scientists , doing  researches on  animals and  human beings like me.. ချပါတော့သည်။

ဒီတော့  ပါမောက္ခကြီးနှစ်ဦးက (တစ်ဦးက လက်ဆွဲပြီး) ထိုပါမောက္ခကို ထိုင်ခိုင်းပါတော့သည်။  ထိုပါမောက္ခကြီးနှစ်ဦးက  ကျနော့် ဆရာတော် ဖူးသူများဖြစ်ပါသည်။  သဘောကတော့ ဒီဆရာဝန်နဲ့  သွားမငြင်းနဲ့  သဘောဖြစ်ပါမည်။  ထိုပါမောက္ခကြီးနစ်ဦးက  ညီလာခံမစတင်မှီ  ယခုဂျာနယ်မှာ ထင်ပေါ်နေသော ဆရာဝန်မကြိးတစ်ဦးကိုလွှတ်ပြီး  ကျနော်ကိုခေါ်ခိုင်းပါသည်။ ပြီး သူတို့ စာတမ်းများဖတ်ကြပါမည်။  သူတို့ စာတမ်းဖတ်အပြီး-မေးခွန်းဖိတ်ခေါ်လျှင်  ကျနော်က  မေးခွန်းမမေးရန် ခေါ်ပြောခြင်းဖြစ်ပါသည်။  မင်းက  ကြံကြံဖန်ဖန် မေးတတ်တာ  ငါတို့  တခါတလေ ဖြေရန်အသင့် မရှိဖြစ်တတ်လို့ ဟု  ခေါ်ပြောခြင်းဖြစ်ပါသည်။

နာမည်တွေကိုတော့ ဖေါ်ပြရန်မသင့်ပါ။
ဒီတော့  ယခုခေတ်တွင် ခေါင်းမူးတတ်သူ တော်တော်လေးများ ကြပါသည်။  နေမကောင်းလျှင် ခေါင်းမူးဝေဒနာက နှူရာဝဲစွဲ  လဲရာသူခိုးထောင်း အဆစ်အနေနဲ့ ဝင်နှိပ်စက်တတ်ပါသည်။ ယခုတလော  နယ်ထွက်ရာမှာ  ကားစီးရတော့  လမ်းမှာ (ကားပေါ်တွင် မူးအန်နေသူတွေ)  ခေါက်တိုင်း ကြုံဆုံနေရပါသည်။  ကြုံရသည်မှ  မူးအန်သူ ၂- ဦး ၃-ဦးမကပါ။ လေလုံ အဲယားကွန်းကားနဲ့ ဆိုလျှင်  တစ်ကားလုံး  အနံ့ ဆိုးတွေ ခံကြရပါတော့သည်။

မူးနေသူခမြှာလဲ မျက်နှာမှာသွေးစုပ်ပြီး    ဖျော့တော့တော့။  ဒီတော့ ကျနော့် ကုသချက်ကို  အားလုံးသိရအောင်   ရေးဘဲနေလို့ မဖြစ်တော့လို့ ရေးလိုက်ရပါသည်။  အထက်က  ပြင်ပဆေးကု ဆရာဝန်များ ညီလာခံမှာလို  (ဒီလို ပေါက်တတ်ကရတွေ  ဆေးပညာသင်ရီုးထဲမှာ  မရှိဘူးပြောလိုတဲ့  ဆရာဝန်တွေရှိခဲ့မည်ဆိုလျှင်)  သုသေသနသဘော စမ်းသပ်ကြည့်ပြီးမှ ပိုကောင်းသော ပိုထိရောက်သော ကုသနည်းများ  တိုင်ပြည်တွင် အလွန်လိုအပ်နေလို့ ဝမ်းသားစွာ ကြိုဆိုနေပါမည်ဖြစ်ကြောင်း  စကားပါးထားလိုပါသည်။  ရှိကြလျှင်လည်း  တိုင်းပြည်သိအောင် တင်ပြကြဖို့ လည်း   အထူးပန်ကြားလိုပါသည်။  ဆေးနည်းအသစ်တွေ မရှိသေးလို့   ကျနော်က အထူးကုဆရာဝန်  မဟုတ်ဘဲရေးနေရတာကိုလဲ  နားလည်ပေးကြဖို့။

ဖြစ်နိုင်လျှင်  လမ်းခရီးတွင် မူးအန်တတ်သူတွေ  မည်မျှ များနေကြောင်းကို ဘတ်စ်ကားများ  အဝေးပြေးယာဉ်မောင်း ယာဉ်လိုက်များကို မေးကြည့်နိုင်ပါသည်။  သုသေသန  ပြုသင့်ပါသည်။ ကားဂိတ်တွေမှာ  ခေါင်းမူးပြေဆေး အဝါလုံးဆေးလေးများ (Dramamine)  ရောင်းချနေမှုကလဲ သက်သေခံနေပါသည်။ ဒီခေါင်းမူးတာထက်ပို  အရေးကြီးတာကတော့  ကိုယ်ဝန်ဆောင်ခါစ အမျိုးသမိးများတွင် ပြင်းထန်သော ခေါင်းမူးဝေဒနာ ခံစားရမှုဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခါစ  သန္ဓေသားလောင်းလေး  သန္ဓေတည်စအချိန်  (ပထမသုံးလ- First Trimester) တွင်  ဖြစ်နိုင်လျှင်  မည်သည့်ဆေးမှ  မပေးသင့်ပါ။

သို့သော် ကျနော် အတွေ့အကြုံတွင်  ထိုကာလ  ခေါင်းမူးသော မိခင်လောင်း အချို့ကို  ဆရာဝန်အချို့နဲ့ ရမ်းကု  တွေက  အမူးပျောက်ဆေးတွေ လှိုင်လှိုင်ကြီး ပေးတတ်ကြပါသည်။  ပေးလိုက်သူတိုင်းမှာ  ဆိုးကျိုးဒါဏ် မသ့င်ပေမယ့်  အချို့ တွင်  သန္ဓေသား ဦးဏှောက်ကို ဆိုးကျိုးသက်ရောက်မှုများ  ကျနော့်တွေ့ ကြုံခဲ့တာတွေ  လက်တွေ့ ရှိနေပါသည်။

ထိုသို့ အမူးပြေဆေးပေး ခံလိုက်ရသူ  မိခင်တဦး၏ ကလေးသည်  AUTISM လက္ခဏာများ  ခံစားရပါတော့သည်။  အော်တစ်ဇင် ကို သင်္ကြန်အကြိုနေ့   ဧပြီ- ၁၃ ရက်နေ့ဟု သတ်မှတ်ထားပါသည်။  အော်တစ်ဇင်ကို ဘာကြောင့်ဖြစ်သည်ဟု  ပညာရှင်များ အခိုင်အမာ မသိရှိနိုင်ကြသေးပါ။  သို့သော်  အော်တစ်ဇင် ဖြစ်ရသူ၏ မိခင်  အချို့ ကိုမေးကြည့်ရာတွင်  အများစုမှာ  ကိုယ်ဝန်ဆောင်စတွင်  ခေါင်းမူးတတ်ကြ  ဆေးသောက်မိကြသူတွေ ပါနေပါသည်။  အော်တစ်ဇင်  ပညာရှင်တို့ဆို ပိုမိုသိကြပါမည်။  မိမိကလေး  အော်တစ်ဇင်ဖြစ်လျှင်  မိဘတွေမှာ  ရင်ကျိုးကြရတော့၏ ။  ၎င်းလက္ခဏာမှာလည်း ကလေး အသက် - ၂ - နစ်ကျော်မှ သတိထား မိလာတတ်ကြပါသည်။

အလွယ်ပြောရလျှင်တော့ အသိဥာဏ်နိမ်ကျတဲ့ ကလေးဟု ပြောရမည်ပင်။ ထိုကလေးများသည်လည်း  အရသာမှုန့် ပါသေအစားကိုမှ  ခုံမင်တတ်ကြပါသည်။  သူတို့နဲ့ လုံးဝမတဲ့ပါ။  ထိုအစားများစားလေ  ပိုဆိုးလေဖြစ်ပါမည်။ အဓိကပြောလိုသည်က  ခေါင်းမူးတယ်ဆိုတာ  ဝေဒနာလေးပါလို့ ပေါ့ပေါ့သဘောမထားမိရန်နဲ့ အရေးကြီး ဝေဒနာအဖြစ် သဘောပိုက်ရန် တင်ပြရခြင်းဖြစ်ပါသည်။  ရိုးရိုးမူးတယ်ဘဲထားပါ။  လမ်းခရီးသွားနေချိန်မူးပါပြီ တဲ့   အချို့ လေယာဉ်ခရီးစဉ်တွေက  ခရီးစဉ်ပြောင်းလို့ မရတဲ့  လက်မှတ်ကိုင်ထားသူဆို  ဒုက္ခလှလှကြီး ရောက်ပါပြီ။

ဒီတော့ ခေါင်းမူးတာဟာ  ပေါ့သေးသေး ဝေဒနာမဟုတ်ပါ။ အလေးထားရမည့် ဝေဒနာဖြစ်ပါသည်။
ခေါင်းမူးတာအကြောင်း  ဆွေးနွေးရာမှာ   ခေါင်းမူးရခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။   နားအတွင်းပိုင်းရှိ  Middle earရှိ   cochlear & vestibular တွင်း  ခရီးသွားစဉ်တွင်...  ဥပမာလှိုင်းလှုပ်လျှင်  ထိုအပိုင်းလေးတွင်  အရည်များ တင်းဖေါင်းလာလို့  မူးတဲ့ဝေဒနာ ပေါ်လာရခြင်းဖြစ်ပါသည်။  ထိုသို့အများစု မလာအောင်   တင်မလာအောင်   ဖိအားများမလာအောင် လုပ်ဆောင်ပေးနိုင်လျှင်  အမူးဝေဒနာ ပေါ်လာမည်မဟုတ်ပါ။  မူးပြီဆိုလျှင်လည်း    ထိုတင်းနေသော အရည်များကို အမြန်ဆုံး  လျှော့ချနိုင်လျှင် ဝေဒနာလျှင်မြန်စွာ သက်သာလာပါမည်။  မျက်စေ့ထဲမှာသာ  ပုံဖေါ်ကြည့်လို်က်ပါ။  ရှင်းပါသည်။

တခါ  နားအတွင်းပိုင်းကို  ဖေါယောင်စေနိုင်သော  အစားအသောက်များကို ပြန်စဉ်းစားကြည့်လိုက်ပါ။  ထိပ်ဆုံးက  အချိုမှုန့်ပါ။  အချိုမှုန့်က လူ၏တစ်သျူးတွေကို ဖေါင်းတင်းစေကြောင်း  အချိုမှုန့် အန္တရာယ်သတိပေးစာတမ်းတွေမှာ  အတိအကျရေးထားပါသည်။  ဒီတော့  မူးတတ်သူတွေ  အချိုမှုန့် ရှောင်ကြပါ။

မမူးတတ်သူတွေကော  မရှောင့်သင့်ဘူးလား။  ၂၀၁၂-  နစ်က သြစတေးလျှနိုင်ငံ  ကွင်းလန်ပြည်နယ် Australia ..Queensland  ပြည်နယ်မှ အထက်တန်းကျောင်း တစ်ကျောင်းက  တော်လှန်သော အစီအစဉ်တခု  စတင်လိုက်ရာ  ကနေ့  ကမ္ဘာကျော်နေပါပြီ ။  အနောက်နိုင်ငံကြီးတွေမှာ  ကလေးတွေမှာ  ADHD (Attention Deficit Hyperactive Disorder) ဆိုသော  ကလေးတွေမှာ  အာရုံစူးစိုက်မှုနည်းပြီး လွန်ကဲစွာဆော့ ကစားတတ်မှု  လက္ခဏာစုမှာ   အနောက်နိုင်ငံကြီးများတွင်  အလွန်ခေါင်းလေးနေရသော  လူမှုရေးပြသနာကြီး ဖြစ်နေပါသည်။  ဒီလို မြောက်ရှုံးလက္ခဏာစု အတွက်  ကလေးတွေကို  ငယ်ငယ်ရွယ်ရွယ်နင့်  စိတ္တဇဆေးဝါးတွေ ကျွေးနေကြရပါတော့သည်။

၎င်းကွင်းလန်ကျောင်းက ၎င်းကျောင်းတွင်ပညာသင်နေသော  ၎င်းADHD ကလေးတွေအတွက်  ကျောင်းမှာ အပ်ထားသူ မိသားစုအားလုံးကို (တစ်ကျောင်းလုံး)   ပြင်ပအစားအသောက်များ ကျွေးမွေးခြင်းကို (လုံးဝ) ရပ်တန့် စေပြီး  ကျောင်းမှာ စာဖိုးမှုးကောင်းများ ငှားရမ်းကာ ကလေးတွေ   အိမ်မှာစားရန် မုန့် ကိုပင်ကျောင်းမှ ဝယ်စေသည်အထိ ကြပ်မတ်လိုက်ပါသည် ။ အချိုအတွက်  သကြားကိုပင် မသုံးဘဲ  ပျားရည်ကိုသုံးစေပါသည်။  သကြားမှာ ဓါတုအရောင်ချွတ်ဆေး ပါနေလို့ ဖြစ်ပါသည်..။ 

ထူးခြားမှုကလဲ  နှစ်လ - အတွင်းမှာပင်  ၎င်းမျောက်ရှုံးလေးတွေဟာ  သူတို့ ကိုတိုက်ကျွေးနေရသည့်  စိတ္တဇဆေးများကို ဖြတ်တောက်လိုက်နိုင်ကာ ဂဏှာငြိမ်လာပြီး ကျောင်းစာများကို  စိတ်ဝင်စားလာ  စာသင်လို့ ရလာပါတော့သည်။  အခုတော့ တခြားကျောင်းတွေကပါ  လိုက်လုပ်လာနေကြပါပြီ။

ပြောလိုသည်ကတော့  ကျနော်တို့ မြန်မာနိုင်ငံမှာ အခု လွတ်လပ်ခွင့်နင့်အတူ  အသင့်စားမုန့် တွေကို (JUNK  FOODS)    ကလေးတွေ အလွန်အမင်း စားသောက်နေကြသည်မှာ  သည်မုန့် တွေထဲမှာပါတဲ့ ဓါတုပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကို  ကျနော်တို့  မြန်မာကလေးငယ်တွေ  မကြာခင် ကြုံကြရပါတော့မည်မို့ သတိထားကြဖို့ သတိပေးလိုပါတယ်။  ကျနော်တို့ ကလေးတွေ  ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ္တဇဆေးတွေ တိုက်တာမခံကြရအောင်သတိပေးလိုတာပါ။

အချိုမှုန့် ထက်ပင်   အန္တရာယ်မရှိ ယူဆထားရတဲ့ တခြားအစားအသောက် ဓါတုတွေရဲ့ ဆိုးကျိုးတွေကို  အနောက်နိုင်ငံကြီးတွေ ကြုံတွေ့ ထားရပြီးတာကို  ကျနော်တို့ ဆီက ဆရာဝန်ကြီးတွေက  ပြည်သူတွေ သိရှိအောင်  အချိန်ရှိသမျှဆေးကု ငွေရှာနေကြတာလေးတွေ လျှော့ပြီး  ပြည်သူတွေ ကိုအသိပညာများ တိုးဖြန့် ကြပါရန်လည်း ပန်ကြားလိုပါသည်။  ကျနော်တို့ ပြည်သူတွေမှာ  ကျန်းမာရေး အသိများ အတော်လေးနိမ့် နေတယ်ဘဲ ပြောလိုပါသည်။  ဆရာဝန်ကြီးများ အမျိုးသားရေး အသိကြီးကြီးထားပြီး  အသိပညာပေးကြရန် အထူးပန်ကြားလိုက်ပါသည်။
မိဘများလဲ  မိမိတို့ ကလေးတွေကို စတ္တိဇဆေးအကျွေးခံရတဲ့ အဆင့်အထိ  အဖြစ်မခံမိကြရန်အထူး အလေးထားကြပါရန်။

အခုခေါင်းမူးတာ ဘက်ကိုပြန်လှဲ့ ရလျှင်  ခေါင်းမူးလာလျှင်  ၎င်းနားအတွင်းပိုင်း အရည်ပိုတွေကို လျှော့ချရန် အထိရောက်ဆုံး နည်းလမ်းကတော့  ဦးဏှောက်အရည်ပိုတွေကို စုတ်ထုတ်ပေးနိုင်သည့်  ဆေး (ဆီးဆေး) ပင်ဖြစ်တော့၏။ ကျနော်ထောင်က လွှတ်စ  တရက်တွင်  တိုင်းတရားသူကြီးတဦး (အမျိုးသမီး)သည် မကြာခဏ  တာဝန်ဖြင့် မန္တလေးသို့  သွားရပါသည်။  တာဝန်အရ  လေယာဉ်ဖြင့်သာ သွားခွင့်ရှိပါသည်။  မူးတတ်သည်ကလဲ  လွန်လွန်ကဲကဲ။  သူမ၏အမကလဲ အထူးကုဆရာဝန်ကြီး။

တရက်  ကျနော့်ကို တိုင်ပင်လာ၏ ။  ကိုလှိုင်မြင့်  လေယာဉ်စီးရင် မူးတာ မဖြစ်အောင်ကုပေးပါပေါ့။  ကျနော်က DIAMOX (Acetazolamide)  ကိုတဝက်-သောက်ခိုင်းပါသည်။  ဆီးဆေးဆိုတော့ ဆီးသွားများပါသည်။  ဒီတော့  နားအတွင်းက Cochlear လေးတွေ အရည်မတင်းနိုင်တော့ လမ်းခရီးမှာ  မအန်တော့သည့်အပြင်  မူးပင်မမူးတော့ပါ။  လေယာဉ် အမှုထမ်းတွေကလည်း  အံ့သြယူကြပါ့။  တရက်သူတို့က   ရှေးသူဌေးတွေဆိုတော့ မကြာခန အလှုဒါနပြုတတ်တော့  ဆွမ်းကျွေးမှာ  သူတို့ မိတ်ဆွေ အထူးကုဆရာဝန်ကြီးတွေက  ကျနော့်ကို ဒီနည်းဘယ်စာအုပ်မှာဖတ်လို့ တွေ့ ရှိတာလဲမေးကြပါသည်။  ကျနော်ဘာကြောင့်မူးရတာ  ပြန်မေးတော့  အဲဒီလို   Cochlear မတင်းအောင်  တင်းနေတာလျှော့အောင်  အထိရောက်ဆုံး  အမြန်ဆုံးက  ဒိုင်ယာမောက်  (ဆီးဆေး) ဆိုတာ ဖြေလိုက်ပါသည်။

နောက်ဆေးတခုကတော့  ဦးဏှောက်သွေးကြော အားဆေးဖြစ်ပါသည်။  ဦးဏှောက်ကို သွေးလေ အားကောင်းစေတော့  နားအတွင်းပိုင်း အရည်စုနေမှုကို အကာအကွယ်ပြုစေသော ဆေးဖြစ်ပါသည်။ ပင်လယ်ပြင်မှာ  မုန်တိုင်းမိတဲ့အချိန်  သင်္ဘောသားတွေပင်  မူးအန်နေချိန်မှာ ခရီးသည်အချို့ က စာဖတ်  ကစားနေလို့ ပင်ရအောင် ဒီဆေးက  စွမ်းပါသည်။  STUGERON  (Cetrinzine) ဆေးဖြစ်ပါသည်။  သင်္ဘောသားများ  အထက်ပါဆေးနှစ်ခု ဆောင်ထားသင့်ပါသည်။

နောက်တချက် ပြောလိုသည်ကတော့  ကိုယ်ဝန်ဆောင်ခါစတွင်မူးအန်နေလျင်  ဆရာကဆေးသောက်လို့ မရပြောတော့  ဘာလုပ်ရမည်နည်း။  ဟုတ်ကဲ့ သဘာဝနည်းလေးကတော့ မူးနေချိန် အစာအိမ်နင့် အူသိမ်အားလုံး  လှုပ်ရှားမှုမရှိတော့ဘဲ  ငြိမ်နေပါတော့သည်။  လေပင်မလည်တော့ပါ။
ထိုအခါ  ဖရဲသီးကိုခြေပြီး  သကြား (အညို) အနည်းငယ်ထဲ့ကာ (တတ်နိုင်လျှင် ရေခဲသေတ္တာထဲ) မှာ တညသိပ် သိမ်းဆည်းထားပြီး  မနက်မှာ  ၎င်းအရည် အနည်းငယ်ကို သောက်လိုက်ပါက  အချိန်တိုအတွင်း  ဝမ်းမီး တောက်လောင်လာကာ  စာလာပြီးမူးတာ ပြေလာတတ်ပါသည်။

သို့မဟုတ် လက်လုပ်အချဉ် အရည်အနည်းငယ် သောက်ပေးလို့ လဲရပါသည်။             အော်ဇီကိုရောက်စက  အခြေချ ပြောင်းရွှေ့ လာသူအားလုံး   (MIGRANT =  ကူးလာသူ  အားလုံး) အင်္ဂလိပ်စာ သင်တန်းမတက်မနေရ  ခြောက်လ (နာရီ- ၅၂၀-နာရီ) မတက်မနေ တက်ရပါသည်။  သင်တန်းမှာ  တရုတ်မတဦးနင့်  ကိုးရီးယားမတစ်ဦး  ကိုယ်ဝန်ရှိစ  မူးနေပါသည်။  ကျနော်က ဖရဲသီးနည်း (အလင်ဖေါက်နည်း) ပေးလိုက်တော့ ချက်ချင်းအမူးပြေကာ စားနိုင်သောက်နိုင်ဖြစ်ကာ  ဆရာမတွေကို ပြောပြပါသည်။  ဆရာမ (ဘိုမတွေက)  အာရှဆိုရင်  အထင်သေးတတ်တာကလဲ   ရောဂါတခု။  အဲဒီတော့မှ  နည်းနည်း အထင်မသေးတော့ပါ။

တခါ အမူးပြေတော့မည်ဆိုလျှင်  ပထမဦးဆုံး  လေလည်တာက စတာပါဘဲ။  ဝမ်းဗိုက်ခွဲစိပ်ထားတဲ့လူနာကို ဒါဏ်ရာသက်သာပြီလားကို  ဆရာဝန်က လေလည်ပြီးလားမေးနေသလို  ခေါင်းမူးသူကို မေးဖို့ လိုပါသည်။
 လေလည်ပြီဆိုရင် အမူးပျောက်ပါတော့မည် ။

တဆက်ထည်း  ဖရဲသီးဖျော်ရည် (အလင်ဖေါက်ထားတာ)နဲ့  ဆက်စပ်နေတဲ့  လူတွေ အခုခေတ်  အဝလွန်ရောဂါ အကြောင်းပြောလိုပါသည်။  အခုခေတ် ဖျော်ရည်တွေ အသောက်များသူများ  အဝလွန်လာတတ်တာကို လူအတော်များများက ပြောနေကြပါပြီ။

ကမ္ဘာ့ပညာရှင်တွေက  ဖျော်ရည်ထဲ့မှာ သကြားဓါတ်များများထဲ့ ထားလို့   ကယ်လိုရီ များလို့ဟု ထောက်ပြကြပါသည်။  ကယ်လိုရီများတာက လဲ အကြောင်းတရပ်ပါ။  ထိုထက်ပိုသည့် အကြောင်းရင်းကြီးတခုကို  ထဲ့မစဉ်းစားထားကြပါဘူး။
အထက်က ပြောခဲ့သော  ဖရဲသီးဖျော်ရည်  ကိုပြန်ပြောပြပါမည်။  လူတိုင်းစမ်းကြည့်ကြပါ။  ဖရဲသီးကို ခြေပြီး ခွက်နှစ်ခုတွင် ခွဲထဲ့လိုက်ပါ။  တစ်ခွက်ကို သကြားမထဲ့ဘဲ  တစ်ခွက်ကိုသာ သကြားအနည်းငယ်သာထဲ့ပါ။  သကြားထဲ့သောခွက်က  အလင်ပိုပေါက်ပါသည်။ ခွက်နစ်ခုစလုံးကို ရေခဲသေတ္တာထဲ  အတူတူထားလိုက်ပါ။

နောက်တနေ့ မနက်မှာ  အစားမစားမှီ ပထမ (သကြားမပါ )သောခွက်ကို ပထမ သောက်ကြည့်ပါ။  တော်တော်လေး စာလာတာ သတိထားမိပါမည် ။  ဒုတိယခွက် (သကြားထဲ့ထားသော) ကိုသောက်လိုက်လျှင်  ဝမ်းမီးတောက်သည်မှာ မစားဘဲ မနေနိုင်အောင်အထိ ဖြစ်လာပါမည်။

ပြောလိုသည်ကတော့  ယခုခေတ်ဖျော်ရည်တွေမှာ  သကြားနှင့် ဖျော်ရည်ထဲက အသီးအနှစ်တွေ တွေ့တော့  အလင်ဖေါက်ထားသလိုဖြစ်ပြီး ဝမ်းမီးတောက်တာ  ဖျော်ရည်သောက်သူတွေ   အစာလဲကျေလွယ်  မကြာခဏလဲ စာလာကြပြီး  အစားလွန်ပြီး  အလင်ဓါတ်နဲ့ အစာခြေအားကလဲကောင်းတော့   ဝလာစေတာ ပါဘဲ။ အစာခြေအားကလဲကောင်း  ဖျော်ရည်ထဲက  သကြားဓါတ်ကလဲများတော့ ဝလာကြတာပါဘဲ။  အစာခြေအားကလဲကောင်း  စားတာကလဲပိုစားလာတော့  ဘာပြောကောင်းမလဲပေါ့။

သတိလေး ထားတတ်ဖို့ မျှဝေလိုက်တာပါ။
ရေးတာလဲ  ခေါင်မူးစာတမ်းကနေ  အဝလွန်တဲ့ အကြောင်းကိုပါ ဆက်သွားပါသည်။
အားလုံးကျန်းမာပြီး  အမူးဝေဒနာကို  သဘောတရားကအစသိမြင်ပြီး  ကာကွယ်နိုင်ကြပါစေ။ ကုသနိင်ကြပါစေ။

Thursday, August 29, 2013

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

Created on Thursday, 29 August 2013


ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ နယ်စပ် ၀င်/ထွက်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များအဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသော ခရီးသွားလက်မှတ် ပါရှိသည့် မြန်မာ၊ ထိုင်း နှစ်နိုင်ငံသားများနှင့် တတိယနိုင်ငံသား (မြန်မာ၊ ထိုင်းအပြင် အခြားနိုင်ငံများမှ) ခရီးသွား ဧည့်သည်များအား သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ ၀င်/ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။

"လက်ရှိကျင့်သုံးနေတဲ့ စနစ်အရ နိုင်ငံတော်ရဲ့ နယ်နိမိတ် ပိုင်နက်အတွင်း နိုင်ငံတကာ ခရီးသွားများနဲ့ ပတ်သက်ပြီးတော့ ဗီဇာအမျိုးအစား ခြောက်မျိုးနဲ့ ခွင့်ပြုထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်သုံးခုမှ ဆိုက်ရောက်ဗီဇာနဲ့ ၅၁ နိုင်ငံကို ခွင့်ပြုပြီး ဖြစ်ပေမယ့် အခုဖွင့်လှစ်တဲ့ နယ်စပ်လေးခုမှ ဆိုက်ရောက်ဗီဇာ ခွင့်မပြုသေးပါဘူး။ BP : TBP ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်နဲ့ နှစ်နိုင်ငံ နယ်စပ်အတွင်း သွားလာလည်ပတ်ခွင့်ကိုလည်း နယ်မြေအကွာအဝေး တိုးမြှင့်ခွင့်ပြုဖို့ နှစ်နိုင်ငံ ဆွေးနွေးနေပါတယ်" ဟု မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတား မုခ်ဦး၌ သြဂုတ် ၂၈ ရက် နံနက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ဖွင့်လှစ်သည့် အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် ကော့သောင်းနယ်စပ်၊ ထီးခီးနယ်စပ်၊ ကရင်ပြည်နယ်တွင် မြ၀တီနယ်စပ်၊ ရှမ်းပြည်နယ်တွင် တာချီလိတ် နယ်စပ်များမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများ ၀င်/ထွက်သွားလာ လည်ပတ်နိုင်သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ဟု သိရသည်။

"နှစ်နိုင်ငံ ကူးလူးသွားလာမှုကို မြှင့်တင်လိုက်တာ၊ ဧည့်သည်တွေ သွားလာမှု လျှင်မြန်လွယ်ကူစွာ သွားလာနိုင်အောင် စီစဉ်ပေးလိုက်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

ယခင်က နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွား ဧည့်သည်များအား တစ်ရက်သို့မဟုတ် တစ်ပတ်ဝင်ရောက်ခွင့်ဖြင့် ခွင့်ပြုထားရာ၌ နယ်စပ်မြို့နှင့် အနီးဝန်းကျင် မြို့အချို့၌သာ လည်ပတ်ခွင့် ရရှိပြီး ယခုဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များမှ ၀င်ရောက်လာသော ခရီးသွားများမှာမူ ကန့်သတ်ဒေသများမှအပ မြန်မာနိုင်ငံရှိ အခြားခရီးသွား ဒေသများသို့ ၀င်ရောက်လည်ပတ်ခွင့် ရရှိမည် ဖြစ်သည်။

ပတ်စပို့၊ ဗီဇာပါသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ပြည်တွင်းသို့ သွားလာလည်ပတ်ခွင့် ပြုရာတွင် အလည်အပတ် ဗီဇာနှင့် ၂၈ ရက် လည်ပတ်ခွင့်ရှိပြီး အလုပ်ဗီဇာဖြင့် ရက် ၇၀ ခွင့်ပြုမည်ဖြစ်ကာ သက်တမ်းကျော်လွန်ပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ၀င်ရောက်ပြီးပါက ခရီးသွား ဧည့်သည်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအ၀င် နိုင်ငံတော်မှ တရားဝင် ဖွင့်လှစ်ထားသည့် မည်သည့်ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာခွင့်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ဂိတ်များမှ ၀င်ရောက်လည်ပတ်ခွင့် ပြုရာ၌ ဗီဇာနှင့် နိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး ဗီဇာအမျိုးအစား၊ နေထိုင်ခွင့် သက်တမ်းအလိုက် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်သို့ စစ်ဆေးခံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ်
Photo: မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီးရှိ ထိုင်း-မြန်မာ နယ်စပ် ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ခရီးသွားများအား စတင်ဝင်ရောက်ခွင့်ပြု

    Created on Thursday, 29 August 2013 03:26 


ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားသော နယ်စပ် ၀င်/ထွက်ပေါက် လေးခုဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်း၊ ထီးခီး ၀င်/ထွက်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ထိုင်းနှင့် အခြားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားများကို စတင်ဝင်ရောက်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံ နယ်စပ် ၀င်/ထွက်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-ဖူနာရွန် နယ်စပ်ဂိတ်ပေါက်များအား အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များအဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသော ခရီးသွားလက်မှတ် ပါရှိသည့် မြန်မာ၊ ထိုင်း နှစ်နိုင်ငံသားများနှင့် တတိယနိုင်ငံသား (မြန်မာ၊ ထိုင်းအပြင် အခြားနိုင်ငံများမှ) ခရီးသွား ဧည့်သည်များအား သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှ စတင်၍ ၀င်/ထွက်ခွင့် ပြုလိုက်သည်ဟု သိရသည်။

"လက်ရှိကျင့်သုံးနေတဲ့ စနစ်အရ နိုင်ငံတော်ရဲ့ နယ်နိမိတ် ပိုင်နက်အတွင်း နိုင်ငံတကာ ခရီးသွားများနဲ့ ပတ်သက်ပြီးတော့ ဗီဇာအမျိုးအစား ခြောက်မျိုးနဲ့ ခွင့်ပြုထားပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်သုံးခုမှ ဆိုက်ရောက်ဗီဇာနဲ့ ၅၁ နိုင်ငံကို ခွင့်ပြုပြီး ဖြစ်ပေမယ့် အခုဖွင့်လှစ်တဲ့ နယ်စပ်လေးခုမှ ဆိုက်ရောက်ဗီဇာ ခွင့်မပြုသေးပါဘူး။ BP : TBP ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်နဲ့ နှစ်နိုင်ငံ နယ်စပ်အတွင်း သွားလာလည်ပတ်ခွင့်ကိုလည်း နယ်မြေအကွာအဝေး တိုးမြှင့်ခွင့်ပြုဖို့ နှစ်နိုင်ငံ ဆွေးနွေးနေပါတယ်" ဟု မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတား မုခ်ဦး၌ သြဂုတ် ၂၈ ရက် နံနက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်အဖြစ် ဖွင့်လှစ်သည့် အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် ကော့သောင်းနယ်စပ်၊ ထီးခီးနယ်စပ်၊ ကရင်ပြည်နယ်တွင် မြ၀တီနယ်စပ်၊ ရှမ်းပြည်နယ်တွင် တာချီလိတ် နယ်စပ်များမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွားများ ၀င်/ထွက်သွားလာ လည်ပတ်နိုင်သဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာနိုင်သည်ဟု သိရသည်။

"နှစ်နိုင်ငံ ကူးလူးသွားလာမှုကို မြှင့်တင်လိုက်တာ၊ ဧည့်သည်တွေ သွားလာမှု လျှင်မြန်လွယ်ကူစွာ သွားလာနိုင်အောင် စီစဉ်ပေးလိုက်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

ယခင်က နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ခရီးသွား ဧည့်သည်များအား တစ်ရက်သို့မဟုတ် တစ်ပတ်ဝင်ရောက်ခွင့်ဖြင့် ခွင့်ပြုထားရာ၌ နယ်စပ်မြို့နှင့် အနီးဝန်းကျင် မြို့အချို့၌သာ လည်ပတ်ခွင့် ရရှိပြီး ယခုဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များမှ ၀င်ရောက်လာသော ခရီးသွားများမှာမူ ကန့်သတ်ဒေသများမှအပ မြန်မာနိုင်ငံရှိ အခြားခရီးသွား ဒေသများသို့ ၀င်ရောက်လည်ပတ်ခွင့် ရရှိမည် ဖြစ်သည်။

ပတ်စပို့၊ ဗီဇာပါသည့် ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ပြည်တွင်းသို့ သွားလာလည်ပတ်ခွင့် ပြုရာတွင် အလည်အပတ် ဗီဇာနှင့် ၂၈ ရက် လည်ပတ်ခွင့်ရှိပြီး အလုပ်ဗီဇာဖြင့် ရက် ၇၀ ခွင့်ပြုမည်ဖြစ်ကာ သက်တမ်းကျော်လွန်ပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ ၀င်ရောက်ပြီးပါက ခရီးသွား ဧည့်သည်များသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအ၀င် နိုင်ငံတော်မှ တရားဝင် ဖွင့်လှစ်ထားသည့် မည်သည့်ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာခွင့်ရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ဂိတ်များမှ ၀င်ရောက်လည်ပတ်ခွင့် ပြုရာ၌ ဗီဇာနှင့် နိုင်ငံကူးလက်မှတ် ပါရှိရမည်ဖြစ်ပြီး ဗီဇာအမျိုးအစား၊ နေထိုင်ခွင့် သက်တမ်းအလိုက် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းဂိတ်သို့ စစ်ဆေးခံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များအား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း)

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 29-8-2013 
https://www.facebook.com/excellencemedia

အခမဲ့ ဆေးကုသပေးမည့် တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံသင်္ဘော မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်

အခမဲ့ ဆေးကုသပေးမည့် တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံသင်္ဘော မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်

Created on Thursday, 29 August 2013 

တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံသင်္ဘော (Peace Ark) သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ပထမဆုံး ရောက်ရှိခဲ့ပြီး အခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ ဆေးကုသမှုများကို ပြုလုပ်ပေးမည်ဖြစ်ပြီး သြဂုတ် ၂၉ မှ စတင်ကာ ဆေးကုသမှုများကို စတင်မည် ဖြစ်သည်။

ယင်းဆေးရုံ သင်္ဘောသည် ကုတင် ၃၀၀ ဆံ့ ဆေးရုံသင်္ဘောဖြစ်ပြီး ခွဲစိတ်ခန်း ရှစ်ခန်းနှင့် ICU အခန်း ၂၀ ပါဝင်ကြောင်းနှင့် ဆရာဝန် ၄၈ ဦး အပါအ၀င် ဆေးဘက်ဆိုင်ရာ ၀န်ထမ်း ၁၀၂ ဦး ပါဝင်ကြောင်း သိရသည်။

တရုတ်ဆေးရုံသင်္ဘော အနေနှင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး သီလ၀ါ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ တပ်မတော်သားများကို သာမက အခြေခံ ပြည်သူများကိုပါ အခမဲ့ ကုသပေးသွားမည် ဖြစ်သည်။

ထို့ပြင် သင်္ဘောနှင့် လိုက်ပါလာသည့် ဆေးပညာရှင် အဖွဲ့များသည် ရန်ကုန်မြို့ရှိ မူလတန်းကျောင်း အချို့နှင့် မိဘမဲ့ ဂေဟာများတွင်ပါ သွားရောက်ပြီး ကျန်းမာရေး စစ်ဆေးမှုများနှင့် ကုသမှုများကို ကွင်းဆင်းကုသရန် စီစဉ်ထားကြောင်း သိရသည်။

"အခုလို လာရောက်ကုသတာဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုတိုးတက် ကောင်းမွန်လာစေဖို့ ရည်ရွယ်ပါတယ်။ ဒီသင်္ဘောဟာဆိုရင် နိုင်ငံတကာမှာရှိတဲ့ သဘာဝ ဘေးအန္တရာယ် တွေ့ကြုံရသူများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးအတွက် အဓိက ရည်ရွယ်ထားပါတယ်" ဟု အဆိုပါ ဆေးရုံသင်္ဘော၏ ရေတပ်ဒုတိယ ဦးစီးမှူး မစ္စတာရှန်းဟောင်က ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ရေတပ် ဆေးရုံသင်္ဘောမှ ဆရာဝန်များနှင့် ပြည်တွင်းမှ ဆရာဝန်များ ပူးပေါင်းကာဆေး ပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများကိုပါ ပြုလုပ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ဆေးကုသမှုများ ပြုလုပ်ရာတွင် ပထမနေ့တွင် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် မိသားစုများကို ကုသပေးသွားမည်ဖြစ်ပြီး ကျန်နေ့များတွင် အရပ်သား လူနာများနှင့် ကွင်းဆင်းကုသမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်္ဘောသည် တရုတ်နိုင်ငံ၏ တစ်ကမ္ဘာလုံးနှင့် လိုက်လျောညီထွေစွာ နေထိုင်လိုသည့် ဆန္ဒကို ပြဆိုသည့် အနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကရှိ နိုင်ငံကိုးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်ခရီးစဉ်တွင် ဘရူနိုင်း၊ မော်လ်ဒိုက်ဗ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကုသခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုမြန်မာနိုင်ငံတွင် တစ်ပတ်ကြာ ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ စသည့်ရှစ်နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရေတပ်ဆေးရုံသင်္ဘော (Peace Ark) သည် အရှည် ၁၇၈ မီတာ၊ အကျယ် ၂၄ မီတာ၊ အမြင့် ၃၅ ဒသမ ၅ မီတာနှင့် အကျယ်အ၀န်း ၄၀၀၀ စတုရန်းမီတာရှိကြောင်း သိရသည်။

သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော တရုတ်ရေတပ် ဆေးရုံသင်္ဘော Peace Ark အား တွေ့ရစဉ်

ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်

W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်၊ တစ်ပတ်ခန့် နွားစာခြံမှာထားပြီး ၊ နင်နဲ့ မဆိုင်ဘူး ငါခေါ်သွားပြီး ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်








ရက်စွဲ ၂၃.၈.၂၀၁၃
သို့/
ဆရာတော်ဝီရသူ
မစိုးရိမ်တိုက်သစ် မန္တလေးမြို့။
ဆရာတော်အား တပည့်တော်မ၏ ဖြစ်စဉ်အား မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ သင်ခန်းစာ ယူနိုင်စေ ရန် တပည့်တော်မ၏ ဖြစ်စဉ်ကို အမှန်အတိုင်း လျှောက်ထားတင်ပြအပ်ပါသည်။
တပည့်တော်မ၏ အမည်မှာ မကေဇင်ခိုင်ဖြစ်ပြီး အသက် (၂၂) နှစ် အဖ ဦးမောင်မြင့် အမိ ဒေါ်သန်းဌေး တို့၏သမီး မှတ်ပုံတင်အမှတ် ၉/လဝန (နိုင်) ၁၂၀၀၀၃၂ ဖြစ်ပါသည်။ ယခုနေထိုင်သော နေရာမှာ နေပြည်တော်၊ လယ်ဝေး အမှတ် (၆) အင်ဘု (၃) လမ်းတွင်ဖြစ်ပါသည်။ တပည့်တော်မသည် (၂.၂.၂၀၁၂) ခုမှစ၍ တပည့်တော်မတို့၏မြို့တွင် ဖွင့်လှစ်သော (ပင့်ကူ) အခွေငှားဆိုင်တွင် တစ်လျှင် (၃၀၀၀၀) နှုန်းဖြင့် မွတ်စလင် ကုလားတစ်ဦး၏ဆိုင်တွင် အလုပ်ဝင်လုပ်ခဲ့ပါသည်။ အလုပ်ဝင်ပြီး နောက် ထိုဆိုင်ပိုင်ရှင် မွတ်စလင်ကုလား၏ မြှူဆွယ်မှုဖြင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့မိပါသည်။ ချစ်ကြိုက်မိပြီး လွန်ကြူးစွာ နေထိုင်မိပါသည်။ ထိုသို့ လွန်ကြူးစွာ နေထိုင်ပြီးနောက် ထိုမွတ်စလင်သည် အဝေးသင်စာမေးပွဲ ဖြေရန် ကျောက်ဆည်သို့ သွားပါသည်။ (၃) လ ကြာလျှင် စာမေးပွဲဖြေပြိး ပြန်လာပါမည်ဟု ပြောသွားခဲ့ပါသည်။ သူစာမေးပွဲဖြေနေစဉ် တပည့်တော်မသည် ကိုယ့်ကိုကိုယ် မသေချာ၍ ဆေးခန်းသွားပြခဲ့ပါသည်။ ဆေးခန်းမှ တပည့်တော်မအား ကိုယ်ဝန် (၂) လ ရှိပြီဟု ပြောသဖြင့် တပည့်တော်မလည်း သိသိချင်း ထိုသူထံ ဖုန်းဆက်၍ ပြောကြားခဲ့ရာ ပြန်လာပါမည်ဟု ပြောပြီး စာမေးပွဲဖြေပြီး နောက် (၃) လကြာသည်အထိ ပြန်မလာတော့ဘဲ ရှောင်ပုန်းနေခဲ့ပါသည်။ တပည့်တော်မသည် အမေအားလည်းမပြောရဲ သူငယ်ချင်းများအားလည်း မတိုင်ပင်ရဲပဲ ရှက်လွန်း၍ တစ်ယောက်တည်း ရှောင်ဖယ်နေခဲ့ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် စိတ်ဓာတ်ကျစွာ နေခဲ့ပါသည်။ စားမဝင် အိမ်မပျော်ဘဲ ပိန်လှီနေသော ကျွန်မအား အမေမှ ရောဂါရှိနေပြီထင်ပြီး ဆေးခန်းသွားရန်ပြောပြီး ကုတင် (၁၀၀) ဆေးရုံသို့ လိုက်ပို့ခဲ့ပါသည်။ ဆေးရုံမှ ဆရာမ မှ တပည့်တော်အား ဆီးစစ်ပိုက် ဝယ်ပါဟု ပြောသဖြင့် တပည့်တော်မ အမေအား ဆေးရုံတွင် ထားခဲ့ပြီး တပည့်တော်မ တစ်ယောက်တည်း ထွက်လာခဲ့ပါသည်။ ထိုနောက် လမ်းတွင် ထိုမွတ်စလင်နှင့်တွေ့ပြီး ဆေးရုံတွင် တပည့်တော်မ၏ အမေစောင့်နေကြောင်း ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်ကို သိလျှင် သက်ဆိုင်ရာသို့ တိုင်ကြားလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့ရာ သူမှ တပည့်တော်အား သူနဲ့လိုက်ခဲ့ပါ ဟု ပြောပြီး (၂၂.၄.၂၀၁၃) မှာ ခေါ်သွားခဲ့ပါသည်။ (၂၄.၄.၂၀၁၃) မှသာ တပည့်တော်မတို့နှစ်ဦး သဘောတူ စာချုပ်ကို မကျီးကုန်းရွာမှာ ပြုလုပ်ခဲ့ကြပါသည်။ လက်ထပ်စာချုပ်ပြုလုပ်ပြီး ရွာသူကြီးအား ကွာရှင်းစာချုပ်ပါ ပြုလုပ်ခိုင်းမည်ဟု တပည့်တော်အား ပြောပါသည်။ ဘာဖြစ်လို့လဲဟု တပည့်တော်က မေးသောအခါမှာ ဘာမှမ ဖြစ်ပါဘူး။ ကိုယ်ဝန်ဖျက်ချပြီး ပြန်၍ လပ်ထပ်ပါမည်ဟု ပြောပါသည်။ ရွာသူကြီးမှ တစ်ရက်တည်း လက်ထပ် တစ်ရက်တည်း ကွာရှင်းလို့ မရပါဘူးဟု ပြောပါသည်။
တပည့်တော်မသည် ကိုယ်ဝန်မဖျက်ချနိုင်ကြောင်း ပြောသောအခါ တပည့်တော်မ၏ ကိုယ်ဝန်အား ပျက်ကျစေရန် အနုနည်းနှင့် အမျိုးမျိုး နှိပ်စက်ခဲ့ပါသည်။ ကိုယ်ဝန်အရင့်အမာကြီးနှင့်ဖြစ်သော ကျွန်မအား သူတို့၏ လယ်ထဲ နွားစာခြံ စပါးကျီပေါ်မှာ ထားပါသည်။ ထိုစပါးကျီမှာ ၁၂ ပေခန့်မြင့်ပါသည်။ ထိုပေါ်သို့ ဝါလှေးကားဖြင့် တက်ရပါသည်။ ဝါးလှေကားမှာ တစ်ထစ်နှင့် တစ်ထစ် တစ်ပေခွဲခန့်ရှိပါသည်။ (၁၂) ပေခန့် မြင့်သဖြင့် တပည့်တော်မသည် ပြုတ်ကျမည်စိုး၍ အောက်လည်းမဆင်းရဲပါ။ အောက်ဆင်းမည်ဆိုသော်လည်း အလွန်ဆိုးသောခွေးများကို လွှတ်ထားပါသည်။ အပေါ့အပါးသွားလျှင်လည်း သူလာမှ သွားရပါသည်။ ထမင်းကျွေးသောအခါမှာလည်း နပ်မမှန်ခဲ့ပါ။ တပည့်တော်မအား တိရစ္ဆာန်တစ်ကောင်ပမာ ထားခဲ့ပါသည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျစေရန် W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်။ အားဆေးဟုလည်း ပြောပါသည်။ တပည့်တော်မသည် ဘာမှန်းမသိ၍ မသောက်ခဲ့ပါ။ နောက်ပိုင်းတွင် မြန်မာ့ အလင်းသတင်းစာ ထဲတွင် w.y စာတန်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများဖြစ်ကြောင်း ရေးထား၍ နောက်မှ သိခဲ့ရပါသည်။ သူသည် တပည့်တော်အား တစ်ပတ်ခန့် နွားစာခြံမှာထားပြီး သူ၏ သူငယ်ချင်း မှ ထိုနွားစာခြံသို့ အလုပ်လာရင်း တပည့်တော်မအား သနား၍ သူတို့နေထိုင်သော နေရာသို့ လိုက်ခဲ့ ပါဟု ပြောပြီး တပည့်တော်မတို့နှစ်ဦးအား သူ၏ အိမ်သို့ ခေါ်သွားပါသည်။ ထိုသို့ခေါ်သွားပြီး (၁၀) ရက်ခန့် အကြာ (၁၅.၅.၂၀၁၃) တွင် ထိုအိမ်၌ တပည့်တော်မ မီးဖွားခဲ့ပါသည်။ သားယောကျာ်းလေးဖြစ်ပါသည်။ မီးဖွားစဉ် အချိန်တွင်လည်း တပည့်တော်မအား အခန်းထဲသို့ ဝင်မကြည့်ခဲ့ပါ။ သူ၏ သူငယ်ချင်းက ကျွန်မအား သနား၍ မီးဖွားဆရာမ ခေါ်ပေးခဲ့ပါသည်။ မီးဖွားရာတွင်လည်း အင်္ကျီင်္ီ၊ ထဘီမရှိ၍ တိရစ္ဆာန်တစ်ကောင်ပမာ မွေးခဲ့ရပါသည်။ သူသည် ငွေကြေးပြည့်စုံသူဖြစ်ပြီး ကျွန်မအား မသိချင်ယောင်ဆောင်ကာ တမင်နှိပ်စက်ခဲ့ပါသည်။ ကလေးမွေးပြီးသောအခါတွင်လည်း (၁) ရက်လျှင် ထမင်းကို (၁) နပ်သာ ကျွေးပါတော့သည်။ ထို့အပြင် ညလည်း လာမအိပ်တော့ပါ။ ထမင်းတစ်နပ်ကိုလည်း ဆိုင်ကယ် ကယ်ရီဖြင့်သာ ပို့ခိုင်းပါသည်။ မီးဖွားပြီး (၃) ရက် ကြာသောအခါ ကျွန်မဆီလာတွေ့ပါသည်။ တပည့်တော်မအား သူ၏ဘာသာထဲသို့ ဝင်ရန် မြူဆွယ်ပြန်ပါသည်။ သူ၏ ဘာသာထဲသို့ မဝင်လျှင် ပေါင်းလည်းမပေါင်းနိုင် ကျွေးလည်းမကျွေးနိုင်ဟုပြောပြီး ဒါဆို ငါနဲ့ မွေးထားတဲ့ကလေးက ငါ့သားဘဲ နင်နဲ့ မဆိုင်ဘူး ငါခေါ်သွားပြီး ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်ဟု ပြောပြီး၊ တပည့်တော်မ၏ သားအား သူ၏ဘာသာထဲဝင်ဖို့ အတင်းဆွဲလုပါသည်။ ကျွန်မမှ မပေးနိုင်ပါဘူး ဟုပြောပြီး စကြိုက်စယူစဉ် ကတည်းက အစ္စလာမ်ဘာသာသို့ မဝင်နိုင်ပါဘူးဟု နှစ်ဦးသဘောတူခဲ့ပါသည်။ ထို့ကြောင့် တပည့်တော်မ၏ သားမှာလည်း ဗမာ/ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ခိုင်းမည်ဟု ပြောတဲ့အခါ တပည့်တော်မ၏ သားအား ဇွတ်လုယူရာ တပည့်တော်မမှ လူကြီးတွေနှင့် တိုင်မည်ဟုပြောသောအခါ ကလေးအား သူ၏ လက်ဖြင့် ပုတ်ထုတ်လိုက်သောအခါ ကလေး၏ မျက်လုံးကို ခိုင်းမိပြီး ကလေး၏ မျက်လုံးမှ သွေးများထွက်ကျ လာပါသည်။ သူသည့် တပည့်တော်အား ဆက်လက် မကျွေးနိုင်တော့ဘူး နင့်အိမ်နင်ပြန်တော့ဟု ပြောပါသည်။ ထိုအခါ တပည့်တော်သည် ဒါဆို တစ်ခါတည်း ကွာရှင်းပေးပါဟု ပြောသဖြင့် သူမှ ငါ့မှာ လက်ထပ်စာချုပ်ပဲ ရှိတယ်။ လာခေါ်ချင်တဲ့အချိန်လာခေါ်မှာဘဲ ကွာရှင်းမပေးနိုင်ဘူးဟု ပြောပြီး ထွက်သွားပါသည်။ ကလေးအား (၂) လကျော်လျှင် သူလာခေါ်မည်ဟုလည်း ပြောသွားပါသည်။ ထိုအချိန်မှစ၍ ထမင်းလည်းလာမပို့တော့ပါဘူး။ တပည့်တော်မသည် ကလေး (၇) ရက်ကြာသောအခါမှာ အစာအာဟာရ ချို့တဲ့ပြီး မူးမေ့လဲသွားပြီး သတိပြန်ရလာချိန်မှာ တပည့်တော်၏ အမေအား ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြီး လာခေါ်ပါဟု ပြောသဖြင့် အမေသည် ရပ်ကွက်ရုံးနှင့် ရဲစခန်းသို့ တိုင်ကြားကာ အိမ်သို့ ပြန်ခေါ်ပါသည်။ နောက်ရက်တွင် လူကြီးအား သူနှင့် မပေါင်းနိုင်ပါ။ သူသည် ကျွန်မအား အမျိုးမျိုး နှိပ်စက်နေသည်ဟု ပြောပြရာ ရပ်ကွက်လူကြီးမှ သူ၏အိမ်သို့ အကြောင်းကြားခဲ့ရာ တပည့်တော်မတို့နှင့် လာမတွေ့ခဲ့ပါ။ မကွာရှင်းပေးနိုင်ဘူးဟုလည်း ပြောပါသည်။
တပည့်တော်မအား သတ်ပစ်မည်ဟု ကြိမ်းဝါးနေသဖြင့် တရားရုံးသို့ တိုင်ကြားခဲ့ပါသည်။ ထိုသို့တိုင်ကြား ရာတွင်လည်း အမှုစရိတ် မတတ်နိုင်သဖြင့် အမှုကို ၁၈.၇.၂၀၁၃ မှ တိုင်ကြားခဲ့ရပါသည်။ အလုပ်လိုက်ရှာရာမှာ လည်း ကလေးငယ်လေးနှင့်မို့ အမှုကလည်း တစ်ဖက်နှင့်မို့ မည်သူမှ အလုပ်မခန့်ခဲ့ပါ။ တပည့်တော်မ၏ အဖေမှာလည်း တပည့်တော် (၅) နှစ် သမီးကတည်းက ကွယ်လွန်သွားသဖြင့် တပည့်တော်မ၏ အမေမှာ ကြုံရာ အလုပ်လုပ်၍ ရှာဖွေ ကျွေးမွေးခဲ့ပါသည်။ တပည့်တော်မ၏ အမျိုးများမှာလည်း မွတ်စလင်နှင့် ရသော ကျွန်မအား မခေါ်တော့ပါဘူး။ ယခုလက်ရှိ တပည့်တော်မတို့ နေသောအိမ်မှာလည်း ခြံစောင့်ပေးရန် ခဏထားသောနေရာဖြစ်ပါသည်။ တရားရုံးကို အမှုရင်ဆိုင်ရာတွင်လည်း ရုံးသွားရုံးပြန် သူ့ကို ကြောက်နေရပါသည်။ ရုံးကိုတင်သောစာကိုလည်း သူတို့အိမ်နားက မွတ်စလင် ကုလားနှင့် ရသော မြန်မာ ဗုဒ္ဓ ဘာသာမက တပည့်တော်မ၏ ရုံးတင်သောစာအား မိတ္တူကူးပြီး အနောက် ဗလီဆရာလူကြီးများက သူတို့မွတ်စလင်ကုလားများအား ဖြန့်ဝေနေကြောင်း ပြောလို့ သိရပါသည်။ သောကြာနေ့ တက်တဲ့ မွတ်စလင်များအား ဝေသည်ဟု ပြောပါသည်။ သူသည် ရုံးကိုလာရင် တစ်ယောက်တည်းဖြစ်ပြီး နောက်ကွယ်မှ သူတို့ ဘာသာချင်းစည်းလုံးပြီး အကူအညီပေးနေပါသည်။ တပည့်တော်မအား ပြန်ပေါင်းပါဟု ထိုဗမာမမှလည်း လာ၍ စည်းရုံးပါသည်။ တပည့်တော်မမှ ပြန်မပေါင်းနိုင်ပါဟု ပြောပါသည်။ အရင်က သူ ဗလီမတက်ပါ။ ယခုဆို နေ့တိုင်း ဗလီတက်နေပါသည်။ အဖော်လိုက်ပေးသော လယ်ဝေးမြို့မှ အမျိုးဘာသာ၊ သာသနာစောင့်ရှောက် ရေး အသင်းမှ လူများအားလည်း မထီမဲမြင်နဲ့ ကြည့်ပါတယ်။ ထိုအဖွဲ့မှ နာမည်စာရင်းကိုလည်း ဗလီထဲမှာ ရေး ထားသည်ဟု သူနှင့် ပေါင်းသင်းခဲ့စဉ်က သူပြော၍ သိခဲ့ရပါသည်။ တပည့်တော်မ၏ အမှုအား ယခု လယ်ဝေးမြို့ တရားရုံး တရားခွင် (၂) တရားသူကြီး ဦးကျော်စိုးခိုင်ထံတွင်ဖြစ်ပါသည်။
သူ အဝေးသင်စာမေးပွဲဖြေပြီး (၆) လလောက်အကြာတွင် ကျွန်မတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးရန် ခဏလာတွေ့ပါသည်။ လာတွေ့ချိန်တွင်လည်း သူ၏ သူငယ်ချင်း မွတ်စလင်တစ်ဦးအား ခေါ်လာပါသည်။ ထိုအချိန်မှာ ၁၀.၃.၂၀၁၃ ရက်နေ့ ဖြစ်ပါသည်။ သူသည် ကျွန်မအား မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးရုံတွင် အန်ထွာဆောင်း ရိုက်ခိုင်းပြီး သူ၏ သူငယ်ချင်း မွတ်စလင်ကုလားနှင့် ထားခဲ့ပြီး ပြန်သွားပါသည်။ ဆေးရုံမှ ကျွန်မအား ကိုယ်ဝန် (၃၂) ပတ် (၈) လ ရှိပြီဟု ပြောလိုက်ပါသည်။ ထိုအန်ထွာဆောင်း ရိုက်သော စာရွက်စာတန်းများအား သူ့ သူငယ်ချင်းနှင့် ပေးလိုက်ရန် ဖုန်းဆက်ပြောပါသည်။ စာရွက်စာတန်းများကို သူ၏ သူငယ်ချင်းမှ ယူသွားပါသည်။ ယခု ကျွန်မတွင် စာရွက်စာတန်းများ တစ်ခုမှ မရှိပါ။ သူသည် ယခု ရုံးပေါ်တွင် ကလေးအား သူ၏ ကလေး မဟုတ်ပါဟု ငြင်းထားပါသည်။ သူသည် ကျွန်မအား အဝေးသင်သွားမတက်မီ ၁၇.၉.၂၀၁၃ တွင်လည်း အတည်တကျ လက်ထပ်ယူပါမည်ဟု ပြောပြီး ပျဉ်းမနား တည်းခိုခန်း Zar Zar သို့ တစ်ညခေါ်သွားပြီးမှ ကျောင်းသွားတက်ပြီး ပြန်လာမှ လက်ထပ်ယူပါမည်ဟု ပြောပြီး ကျွန်မအား အိမ်ပြန်ပို့ ခဲ့သည်မှာလည်း အထောက်အထားရှိပါသည်။

မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ

မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ



ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး ၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊ ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ ၂၁ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆ ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဂယက်နှင့် ဆက်စပ်ကာ တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့ ဒေသခံခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယအကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅ မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင် ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။

ယင်းပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ


ကုလအထူးကိုယ်စားလှယ် Vijay Nambiar မိထ္ထီလာမြို့ ဒုက္ခသည်စခန်းတွေကို မတ်လ က ရောက်ရှိခဲ့စဉ်က။
.
 မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မှာတော့  ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့
မိတီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအ၀င် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို   မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။

Wednesday, August 28, 2013

ပီနန် မှာ ရောက်၇ှိနေတဲ့ fb သူငယ်ချင်းအတွက် အမှတ်တရပေါ့















သူငယ်ချင်းရေ ဒီသီချင်းလေးနဲ့ ကျေနပ်ပါ
စိတ်မဆိုးနဲ့နော် 
 30 / 8 / 2013

အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ ခွဲစိတ်ပုံအဆင့်ဆင့်

အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ ခွဲစိတ်ပုံအဆင့်ဆင့်

            

ပုဂံဘုရားထိပ်က ဘောင်းဘီတိုနဲ့ အဖြူမ

ပုဂံဘုရားထိပ်က ဘောင်းဘီတိုနဲ့ အဖြူမ

 





ပုဂံ မှာ ဘုရားတွေက များပါတယ်။ ရာသီဥတုက လည်း ပူပါတယ်။

ဘိုမ တွေကလဲ အလွန်ဖေါ်ချင်ပြီး ကဲပါတယ်။

အထူးသဖြင့် စက်ဘီး စီးပြီး လည် တဲ့ သူတွေ အများစု ဘောင်းဘီအရှည်။

မ၀တ်ကြဘဲ ဘောင်းဘီ အတိုသာ ၀တ်ပါတယ်။

ရာသီဥတု ပူတာလဲ ပါတော့ ။

ပုဂံ မှာ လည်ပတ်စရာကလဲ ဘုရားဘဲ ရှိတော့ ။

ဘုရားထဲကို ဘောင်းဘီ တို နဲ့ဘဲ ၀င်ကြပါတယ်။

တကယ်တမ်း နိုင်ငံခြားသား များလာရင် Tourist Police လဲ မနိုင်ပါ။

နိုင်ငံခြားသားတွေ အသွားအလာ များတဲ့ ဘုရားတွေ။

Sun Set / Sun Rise ကြည့် တတ်တဲ့ ဘုရား တိုင်း ရဲ့ အပေါက်ဝ တွေ မှာ

Tourist Police က သေသေချာချာ ထိုင်စောင့်။

မျက်နှာကြော တင်းတင်းထားပြီး ပြတ်ပြတ်သားသား

( လက်ကော။ခေါင်းကော။) ခါရမ်းပြီး

No / No / No ဆယ်ကြိမ်လောက်ပြော။

မရရင် ကြိမ်လုံး ။နံပါတ်တုတ် လက်က ကိုင်ထား။

အခုကထဲက လေ့ကျင့် ဖို့ လိုပါတယ်။

Tourist Police တွေ လုံလောက်အောင် ဆိုပြီး ဘွဲ့ရ ပြီးသား မိန်းကလေးတွေကို

Tourist Police ခန့် ပါတယ်။ ၂ လ သင်တန်းဆိုလားပေးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ Trip တုံးက မင်းကွန်း မှာ Tourist Police ကောင်မလေး ၂ ယောက် ကို တွေ့ပါတယ်။

မင်းကွန်းမှာ အဲ့ဒီ tourist police ကောင်မလေး ၂ ယောက်ရယ်။
ယောက်ကျားလေး ၂ ယောက် ရယ်။ အစောင့် ထား ပါတယ်။

ယောက်ကျား လေး Tourist Police ၂ ယောက်က ဆိုက်ကယ် ၂ စီး နဲ့
မင်းကွန်း အရှေ့ အနောက် သွားလိုက် ပြန်လိုက် ကင်းလှည့် တဲ့ ပုံစံ မျိုး
လုပ်နေတာ တွေ့ရပါတယ်။

ဒီလို လုပ်တာ အလွန်ကောင်းပါတယ်။ Tourist Police တစ်ချို့ကို
မိန်းကလေးတွေ ခန့်ထားတော့ မင်းကွန်းက Tourist Police
ကောင်မလေး ၂ ယောက်က အသက် ၂၀ ကျော် လောက်ပါ။

သူတို့က တော့ ပုထိုးတော်ကြီး ဘုရား ရှေ့က အအေးဆိုင် မှာ
မနက် Duty ချိန် ၉ နာရီက ၁၂ နာရီ ထိ လောက် ထိုင် နေတာ ဘဲ တွေ့ရပါတယ်။

မင်းကွန်းမှာ ပုထိုးတော်ကြီးကို မည်သူ မှ အပေါ်ကို တက်ခွင့် မရှိတော့ တဲ့ အတွက်
သူတို့ အောက်က အအေးဆိုင် မှာ ထိုင်နေလဲ အလုပ် အပို ဘဲ ဖြစ်နေပါတယ်။
အခုက ပုထိုးတော်ကြီး တက်လို့ မရတော့ နိုင်ငံခြားသားတိုင်း
မြသိန်းတန် ဘုရားပေါ် အကုန် တက်ကြပါတယ်။
တကယ်ဆို သူတို့ ထိုင်စောင့် သင့်တာက ( မြသိန်းတန် ဘုရား ရှေ့ မှာပါ။ )

မြန်မာပြည် မှာ ဒီလို အလုပ်ပို အလွဲ တွေ လုပ်နေတာကို နေရာ တကာ ။
ဌာန တိုင်းနီးပါးမှာ တွေ့ရတတ်ပါတယ်။

ဥပမာ။ ။ စလေ မြို့က ရုပ်စုံ ကျောင်းကို သွားရောက် လည်ပတ်တဲ့ အခါ
Name List ပေးရပါတယ်။name list မေ့ ပြီး မပါလာရင် စိတ်ထဲက ရှိတဲ့ နံမည် တစ်ခု ကောက်ရေးခိုင်းပါတယ်။ ( နလမ - နားလည်မှု တွေနဲ့ အလုပ်လုပ် နေကြတဲ့ တိုင်းပြည်ပါ။ ) ဒါဟာလည်း မဟုတ်သေးပါ။ စစ်မယ် ဆိုရင်လဲ ကျောသား။ရင်သား မခွဲ ခြားဘဲ အားလုံးကို
သေသေချာချာ စစ်ဆေးတာ ကောင်းပါတယ်။
တွေ့ရာ နာမည် ကောက်ရေးခိုင်းတာ လဲ အပို အလုပ် လုပ်သလို ဖြစ်နေတာပါဘဲ။

 
Twitter Bird Gadget