ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 29, 2013

မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်

 
ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ ပြောင်းကျောင်းသူလေး နှစ်ဦးအား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။

အမှုဖြစ်ပွားပုံ မှာ စောဒေး ဗစ်က ညစဉ်ညတိုင်း အဆောင်နေ ကျောင်းသူလေးများကို အလှည့် ကျခေါ်ပြီး မိမိအား နှိပ်နယ်ပေး ရန် ခေါ်ယူရာမှ ယခုပြစ်မှုကို ကျူး လွန်ခဲ့ကြောင်း၊ လွန်ခဲ့သော တစ် နှစ်ကတည်းက ကျောင်းသူများ အပေါ် အကြောက် တရားဖြင့် လွှမ်းမိုးထားပြီး မိဘမဲ့ကလေးဖြစ် သည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အမှု ပေါ်ပေါက် လာရခြင်းမှာ ကျူးလွန်ခံရသူကျောင်းသူမှတစ် ဆင့် သိရှိရခြင်းဖြစ်ပြီး ကျူးလွန် ခံရသူ ကျောင်းသူ နှစ်ဦးအား ဆေး စစ်ချက်ရယူ အတည်ပြုနိုင်ခဲ့ပြီဖြစ် ကြောင်း၊ အဆိုပါဆေးစစ်ချက်နှင့် ကျူးလွန်ခံရသူ ကျောင်းသူနှစ်ဦး အား သက်သေပြုပြီး မဲဆောက် အခြေစိုက် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော် မတီမှ မဲဆောက်မြို့နယ် ရဲစခန်း တွင် တရားလိုပြုပြီး အမှုဖွင့် တိုင် ကြားထားပြီဖြစ်ကြောင်း သိရ သည်။

ယခုအခါ တရားခံဖြစ်သူ စောဒေးဗစ်မှာ မြန်မာပြည်တွင်း သို့ ထွက်ပြေးတိမ်းရှောင်သွားသော ကြောင့် ထိုင်းမှုခင်းရဲမှ ဖမ်းဝရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ မြန်မာ ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် သူ တရားခံ စောဒေးဗစ်နှင့်အတူ ဇနီးနှင့် အသက် ငါးနှစ် ခန့်ရှိ သမီး တစ်ဦးပါသွားကြောင်း သိရသည်။ အာကာဘေကျောင်းကို ၂၀၀၆ ခုနှစ်တွင် ယခုပြစ်မှုကျူးလွန် သူကျောင်းအုပ်ဆရာ ဒေးဗစ်မင်းနိုင် မှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့ကြောင်း၊ တက်ရောက်နေကြသော ကျောင်း သားအများ စုမှာ မဲဆောက်နှင့် မြဝတီကြား သောင်ရင်းမြစ် လယ်ရှိ ရေလယ်ကျွန်းမှဖြစ်ပြီး သောင်ရင်း မြစ်ကမ်းဘေး တစ်လျှောက်နေ ထိုင်ကြသော အိမ်ခြေရာမဲ့ကလေး အများစုဖြစ်ကြောင်း၊ လက်ရှိ ကျောင်းသားဦးရေမှာ ၂ဝဝကျော် ရှိပြီး အဆောင်နေ ကျောင်းသား ၁ဝဝနီးပါးရှိကြောင်း၊ အဆောင် နေ တချို့ကလေးအများစုမှာ မိဘမဲ့များဖြစ်ပြီး ယခင်က တံတား ပတ်ဝန်းကျင်နှင့် ရေလယ်ကျွန်း တစ်ဝိုက်တွင် ဖြစ်သလို နေထိုင် ကြပြီး မိမိတို့ရရာအလုပ်ကို လုပ် ကိုင်ကြရသူများဖြစ်ကြောင်း သိရ သည်။

မွန်ကြီး
The Yangon Times

သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ

 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်း တန်း ရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။

သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသြဘာသနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ အာလိန် ငါးဆင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယ၏ အောင်မြေကျောင်း တိုက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်း ကျောင်းတိုက် တော်ကြီးအား သက်တော်ရှည် မေတ္တာဝါဒီ ဆရာတော် ဘုရားကြီးနှင့်အတူ ဆေးဝင်္ကပါ ဆရာတော် ဘုရားကြီးတို့ (၂)ပါးက ပေါက်ကုန်း၊ ဆင်ဖြူတော်ကျောင်း တိုက်အား တည်ထောင်တော် မူခဲ့သည်။

၂၁-၁၁-၂၀၁၃နေ့ ညနေ ၆း၁၅ နာရီခန့်တွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် နတ်လမ်းပေါ်၌ သာသနာပြု စပါးကြီးမြွေကြီး ကို ကျောင်းသားများ တွေ့ရှိ၍ အုတ်အော်သောင်းတင်း အသံများကို ကြားသောအခါ ကိုရွှေကျီးသည် အိမ်မှကျောင်းဝင်း အတွင်းသို့ လာစဉ်တွေ့ရှိပြီး ၎င်းကိုယ်တိုင် ဦးခေါင်းပိုင်းမှ ကိုင်ပြီး အခြားလူ ၃ ဦးဖြင့် မြွေကြီးအား မယကာ ကျောင်းတော် ကြီး၏အောက်ဘက်၌ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်တော် ရှည်ဆရာတော် ဘုရားကြီးက ၎င်းသည် သာသနာပြုရန် လာတာဖြစ်တယ်။ မသတ်ရန်နှင့် မြွေကြီးအား ယခု ကျောင်း ထိုင်ဆရာတော်က မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာ တော်များကို နံနက်၊ ညနေ ရွတ် ဖတ်ပူဇော်သည့်အခါ နာယူမှုပြု လုပ်ပါသည်။ ၎င်းသာသနာပြု စပါးကြီး မြွေမကြီးအား အထူးအဆန်း သဖွယ် မြို့ပေါ်နှင့် မြို့နီးချုပ်စပ်မှ လာရောက်ကြည့်ရှုသူများ နေ့ည (၁၀၀၀)ကျော်ခန့်ဖြင့် စည်ကား လျက်ရှိပါသည်။

လက်ပံတန်းသား

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းရှိ မြန်မာနိုင်ငံသားများကို ဒီဇင်ဘာတွင် ပြန်ခေါ်မည်

 
ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော မြန် မာနိုင်ငံသားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ပြန်လည်ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ အာရှတော် ဝင်ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောသည်။

''ထိုင်းနယ်စပ်ဘက်က camp တွေကို ဆက်သွယ်ဖို့ အစီအစဉ်လည်း ရှိတယ်။ အဲဒီမှာလည်း camp တွေက အများကြီး။ အဲဒီက မြန်မာနိုင်ငံသားတွေ သူတို့ရဲ့ဆန္ဒပဲ။ ပြန်ချင်တယ်ဆို ရင် ခေါ်ထုတ်မယ်။ မပြန်ချင်ဘူးဆိုတဲ့ လူအတွက်တော့ မတတ်နိုင်ဘူး'' ဟု ဒေါက်တာမြတ်သူက ပြောသည်။ သီတဂူဆရာတော်ကြီး၏ မိန့် ကြားချက်အရ သီတဂူအထောက်အကူ ပြုအဖွဲ့မှာ လက်ရှိတွင် မလေးရှားနိုင်ငံ မှ ဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံ သားများကိုလည်း ပြည်တွင်းသို့ ပြန် ဝင်ရန် ဆန္ဒရှိသူများအား အခမဲ့အစီ အစဉ်ဖြင့် MAI လေကြောင်းနှင့် ကမ္ဘောဇဘဏ်လီမိတက်တို့ ပူးပေါင်း ၍ ပို့ဆောင်ပေးကြောင်း၊ ကမ္ဘောဇ ဘဏ်လီမိတက်တို့နှင့် ပူးပေါင်း၍ ပို့ ဆောင်ပေးနေခြင်းမှာလည်း ၇ကြိမ် မြောက်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသား ၁၂ဝဝ ကျော်ကို မြန်မာနိုင်ငံသို့ ခေါ် ယူပေးပြီးဖြစ်သည်။

အဆိုပါ ဒုက္ခသည်စခန်းများ မှ မြန်မာလုပ်သားများ ကို ပြန်လည်ခေါ် ဆောင်ရန်ရက်အတိအကျမှာ သီတဂူ ဆရာတော်ကြီး၏ မိန့်ကြားမှုပေါ်မှာ မူ တည်၍ စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းမှ ပြန် လာချင်သူများကို သံရုံးမှ တာဝန်ပေး ထားသူများမှတစ်ဆင့် ဆက်သွယ်၍ လူဦးရေ ၁၅ဝ ပြည့်လျှင် တစ်ခေါက် ပြန်လည်ခေါ်ယူသွားမည်ဟု ဒေါက် တာ မြတ်သူက ပြောသည်။

''ပြန်ချင်တယ်ဆိုရင်တော့ ကုန် ကျစရိတ်တစ်ပြားမှ မရှိစေရဘူး။ ခုလူ တွေလည်းမေးကြည့် တစ်ပြားမှ မကုန် ကျစေခဲ့ဘူး'' ဟု ၎င်းကဆိုသည်။ လက်ရှိ မလေးရှားရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများကို ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရာတွင် လည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လိုသူနှင့် ဒုက္ခသည်ကတ်ကို စောင့်ဆိုင်း၍ တတိယနိုင်ငံသို့ ဆက် လက်ထွက်ခွာမည့်သူဟူ၍ အဖွဲ့နှစ်ဖွဲ့ ကွဲပြားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လိုသူ နိုင်ငံသားများကို သံရုံး အကူအညီဖြင့် နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ဖြင့် ပြန်လည်ခေါ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။

''မြန်မာနိုင်ငံသား ဖြစ်ရင်ပြီး တာပဲ။ တခြားဘာသာရေး ခွဲခြားထား တာတို့ ဘာတို့ မရှိဘူး''ဟု ဒေါက်တာ မြတ်သူက ပြောသည်။ လက်ရှိတွင် မလေးရှားရှိ ဒုက္ခသည်စခန်းများမှ ပြန်ရောက် လာသူ မြန်မာနိုင်ငံသားများကို နောက် ၅ နှစ် တာ ကာလအထိ ၎င်းနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင် ခွင့် မပြုကြောင်း သိရသည်။

တရုတ် လေတပ်ကို တပ်လှန့်

 
တရုတ် အစိုးရ လေကြောင်း ကာကွယ်ရေး ဇုန် ပေါ် ဂျပန်နဲ့ တောင် ကိုရီးယား စစ်လေယာဉ် တွေ ဖြတ်ကျော် ပျံသန်းတဲ့ သတင်းတွေ ထွက်လာ ပြီးနောက် တရုတ် တိုက်ခိုက်ရေး စစ်လေယာဉ်တွေ ဒီနယ်မြေ မှာ ချထား လိုက်ပြီလို့ တရုတ် ဘက်က ကြေညာ ခဲ့ပါတယ်။

လေယာဉ်တွေ ပုံမှန် အတိုင်း ကင်းလှည့် တာအပြင် လေတပ် ကိုလည်း တပ်လှန့် ထားတယ်လို့ ဆင်ဟွာ တရုတ် သတင်းဌာနက ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား ဘက်ကတော့ တရုတ် ဘက်က တောင်းဆို သလို ဘာမှ အကြောင်းမကြားဘဲ အဲဒိ လေကြောင်း ကာကွယ်ရေး ဇုန်ကို ဖြတ်ပျံသန်း ခဲ့ကြတယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့ အကြီးတန်း အရာရှိ တဦးက တရုတ်ဘက်က ဒီလေကြောင်း ကာကွယ်ရေး ဇုန် ပြဌာန်းခဲ့တဲ့ နောက်မှာ ဂျပန် ဘက်က လေယာဉ် တွေဟာ အရှေ့တရုတ် ပင်လယ် ထဲမှာ လေကြောင်း ထောက်လှမ်းမှုတွေကို ပုံမှန် အတိုင်း လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။ သူက တရုတ်အတွက် ထည့် စဉ်းစားပြီး ဒီအစီအမံတွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ လဲ ဆိုပါတယ်။

အဲဒီလိုပဲ တောင်ကိုရီးယား ဘက်ကလည်း ပျံသန်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပိုင်နက် အငြင်းပွား

အဲဒီ လေကြောင်း ကာကွယ်ရေး ဇုန်ထဲမှာ တရုတ် ၊ ဂျပန် နဲ့ တိုင်ဝမ်တို့ အကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ တရုတ်က ဒိုင်ယိုရူ ဂျပန်က ဆန်ကာကူလို့ ခေါ်တဲ့ ကျွန်းစုတွေပါ ပါနေပါတယ်။ အဲဒီ ကျွန်းတွေအပြင် တောင်ကိုရီးယား ရဲ့ ပိုင်နက် အဖြစ်သတ်မှတ်ထားတဲ့ နယ်မြေ တွေလည်း ပါနေပါတယ်။

အဲဒီလို တရုတ်ရဲ့ လေကြောင်းကာကွယ်ရေး ဇုန် သတ်မှတ် မှုကို နိုင်ငံတော်တော်များများက ဝေဖန် ပြစ်တင် ခဲ့ကြပါတယ်။

ဒါဟာ ဒေသတွင်း အင်အား ချိန်ခွင်လျှာကို အတင်းပြောင်းဖို့ လုပ်နေတာဆိုပြီး ပြောကြပါတယ်။

တရုတ်ဘက်ကတော့ သူတို့ မှာ ဒီလို ပြဌာန်း သတ်မှတ်ခွင့် ရှိတယ်လို့ အကြောင်းပြပါတယ်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ဒါဟာ မပျံသန်းရဇုန် လည်းမဟုတ်သလို လေပိုင်နက် ကြေညာတာမျိုးလည်း မဟုတ်ကြောင်းနဲ့ အမျိုးသား လုံခြုံရေး စနစ် အတွက် ကြိုတင် သတိပေး ပြင်ဆင်ချိန် ရအောင် တရုတ် နယ်နမိတ် အပြင်ဘက်မှာ အခုလို သတ်မှတ် တာဆိုပြီး ပြောပါတယ်။

ပြီးတော့ ဒါဟာ နိုင်ငံတကာ ဥပေဒ တွေနဲ့ အညီ လုပ်ဆောင်တာလို့လည်း ပြောပါတယ်။

ကန်စိုးရိမ်

ဒါပေမယ့် ဒီလို တရုတ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့တော့ စိုးရိမ်ပူပန် မိတဲ့ အကြောင်းအ မေရိကန်က ပြောပါတယ်။လာမယ့် အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန်က ခုလို အချိန်မှာ တရုတ်ဘက်က ဒီလို လုပ်လာတာကို စိုးရိမ်မိတဲ့ အကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း နောက်သတင်းပတ်ထဲမှာ အာရှ ခရီးစဉ်အဖြစ် အဲဒီ ဒေသကို ရောက်လာဖို့ ရှိနေပါတယ်။

တခါ ဖိလစ်ပိုင်က လည်း ဒါနဲ့ ပတ်သက်လို့ တရုတ်က ဒီဒေသကို သူတို့ လေပိုင်နက်လို လုပ်ချင်နေတာ ဖြစ်တယ်၊ အဲဒီ ဒေသအတွင်း သွားလာ ပျံသန်းနေတဲ့ လေကြောင်း ခရီးသည်တွေအတွက်လည်း အန္တရာယ် ရှိသလို အဲဒီ ဒေသတွင်းက နိုင်ငံတွေ လုံခြုံရေး အတွက်လည်း ပြဿနာ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်လိုပဲ ဗီယက်နမ် ၊ မလေးရှား၊ ဘရူနိုင်း နဲ့ ထိုင်ဝမ် တို့ကပါလည်း အဲဒီ တောင်တရုတ်ပင်လယ်ထဲမှာ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းအခုန် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီလို တင်းမာမှုတွေ မြင့်တက်လာလို့ ဒေသတွင်း စစ်မက် ဖြစ်ပွားမှာကို ပူပန်နေကြပါတယ်။

သမီးရတာ နာခဲ့သော ကျုပ်တို့ ဗိုလ်ချုပ်


မြန်မာ့ တပ် မတော် ဖခင်ကြီး၏ သမီးရတနာ..... ဒေါ် အောင်ဆန်း စုကြည် တဲ့ ဗျာ ...
ရင်နာလို့ မဆုံးပါဘူး....ထပ်မေးလိုက်ချင်တယ်.....
မြေး ငနာလေးတွေ ကိုရော .....ဘယ်လိုချီးမြောက်ကြမှာလဲ.....

ဗိုလ်ချုပ်က အင်္ဂလိပ်ကို ရွံမုန်းလို့ တိုက်ထုတ်ခဲ့တယ်.....
သမီးက အင်္ဂလိပ်ကို ချစ်လွန်းလို့ လက်ထပ်ခဲ့တယ်.....

ဗိုလ်ချုပ်က တိုင်းပြည်ကို တိုးတက်စေချင်ခဲ့တယ်.....
သမီးက တိုင်းပြည်ကိုလာမယ့်ရင်းနှီးမြုပ်နှံမှုတွေကို တားဆီးခဲ့တယ်.....

ဗိုလ်ချုပ်က လူမျိုးရေး ဘာသာရေးကို တန်ဘိုးထားခဲ့တယ်.....
သမီးက နိုင်ငံခြားသားနဲ့ မျိုးမစစ်ကလေးတွေ သားဖောက်ခဲ့တယ်.....

ဗိုလ်ချုပ်က တိုင်းပြည်ကို စည်းလုံးညီညွတ်စေချင်တယ်.....
သမီးက မောင်နှမအချင်းချင်းတောင် မစည်းလုံးဘဲ အမွေလုခဲ့တယ်.....

ဗိုလ်ချုပ်က သူ့ရဲ့မျိုးဆက်ကို ထိန်းသိမ်းခဲ့တယ်.....
သမီးကသူရဲ့မျိုးဆက်ကို ဖျက်ခဲ့တယ်.....

ဗိုလ်ချုပ်က ကျရာအခန်းကနေ တိုင်းပြည်တိုးတက်အောင် လုပ်ခဲ့တယ်.....
သမီးကအာဏာရူးပြီး သမ္မတဖြစ်မှ လုပ်လို့ရမှာလို့ ဆိုတယ်.....

ဗိုလ်ချုပ်က နိုင်ငံတကာအလယ်မှာ မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့တယ်.....
သမီးက နိုင်ငံတကာအလယ်မှာ မြန်မာကို အပုတ်ချခဲ့တယ်.....

တစိမ့်စိမ့်တွေးလိုက်ရင် တရးရေးပေါ်လာမှာတွေကအများကြီးပါ.....
သမီးရတနာ လို့ဆိုရမယ်အစား.....
ကျုပ်တို့ဗိုလ်ချုပ်ဟာ သမီးရတာ နာခဲ့ပါတယ်.....
အဲဒါထက် သေချာတာက မြေးငနာလေးတွေကို ရခဲ့တာဟာ.....
ကျုပ်တို့ဗိုလ်ချုပ် စိတ်ကူထဲတောင် ထည့်ပြီးတွေးခဲ့ဘူးမှာ မဟုတ်ပါဘူး.....

ဇင်ယော်နီ

"ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်၊ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး" ~ ဦးဝီရသူ


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟော တာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့ မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။   ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။   ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။   ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြား သားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့  သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။   ။   အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက် သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရ လက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်း လုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။   ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပ မာပေးဟောတော့ တရားနာ လာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။   ။  ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့် အ၀ ထောက်ခံတယ်။

မေး။   ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟော ခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွား တာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။   ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့ တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။   ။  စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော


ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။ 


ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို

A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk

RANGOON — U Wirathu, the Mandalay-based monk who heads the “969” anti-Muslim movement, believes that democracy icon Aung San Suu Kyi would not be a good president for Burma.
“I wish [President] Thein Sein to be re-elected. If he refuses to go for the post, my vote will go to Shwe Mann,” said the controversial monk—whose speeches and sermons are said to have fueled anti-Muslim violence across Burma since June 2012.
Both Suu Kyi, the former dissident and now opposition parliamentarian, and Shwe Mann, a former No. 3 in the old military junta, have stated their interest in becoming president after the 2015 parliamentary elections. Incumbent Thein Sein, Shwe Mann’s Union Solidarity and Development Party (USDP) colleague, has not said whether or not he will put his name forward after the 2015 elections.
While describing Suu Kyi as “a good revolutionary” and praising her for having “sacrificed her life for the people,” U Wirathu described the long-time political prisoner as “weak at governance.”
The monk went on to dismiss the National League for Democracy (NLD) leader’s presidential credentials.
“She doesn’t know about Burma and its nature. All she knows is to stage revolution and attack the government. So, if she became the president, the governance would be in chaos. Racial and religious conflict would deteriorate. There would be public unrest because people are not pleased with what she does,” he said.
However, the controversial monk claimed that if Suu Kyi were to speak out in favor of a controversial proposed inter-marriage law—which would force non-Buddhist men to convert to Buddhism in order to marry Buddhist women—the opposition leader would win the electorate’s support.
“If Daw Suu could realize the law, she could easily become the president and we could even dare to worship her,” said U Wirathu, using a Burmese honorific for the opposition leader.
Suu Kyi has been criticized in recent months for her apparent reluctance to speak up on behalf of Burma’s ethnic minorities, such as the Kachin, a mostly Christian group whose homeland of Kachin State is the site of an ongoing war between the Kachin Independence Army (KIA) and the Burmese Army.
Suu Kyi has also taken lumps internationally for not supporting the rights of the Rohingya, a Muslim minority group who mostly live in western Arakan State but who are regarded by the government and many Burmese as illegal immigrants from Bangladesh.
Speaking in Australia, where she is currently visiting, Suu Kyi reiterated her self-image as that of a politician rather than a human rights icon or activist. “Let me assure you, I’m no saint,” she said on Wednesday. “I look upon myself as a politician and not as an icon.”
Suu Kyi again rejected the term “ethnic cleansing” to describe the anti-Rohingya violence in western Burma. “When you use terms like ethnic cleansing—which I think is a little extreme—it just plays into the hands of extremists. There are extremists on both sides … we only have a few extremists but they can exercise great power,” she said, speaking at the Sydney Opera House.
Burma watchers speculate that Suu Kyi’s reticence on human rights issues is prompted by a political calculus: a fear of losing the majority Burman and Buddhist vote in the 2015 elections. Her efforts in recent months to drum up support for a Suu Kyi presidency come as ethnic and religious tensions are being stirred up nationwide by U Wirathu, who told The Irrawaddy that “if you favor too much human rights, your race and religion will be vanished as there are people who want to invade our country, destroy our race and religion on human rights basis.”
The logic is that if Suu Kyi speaks out against violence against the Rohingya, she will lose votes to the incumbent USDP.
Suu Kyi’s long-time spokesman Nyan Win told The Irrawaddy that “there are no Rohingya in Burma’s history. There are Bengalis who try to come across to Burma and claim citizenship.”
However, the former parliamentarian and political prisoner added that the 1982 Citizenship Law, which scholars say denies the Rohingya status as an ethnic group in Burma, should be amended, saying that once the measure is revised, “they can then apply to be citizens.”
Asked to put a number on how many of the estimated 800,000 Rohingya in Burma would be entitled to citizenship under such a reform, Nyan Win said he did not know.
And lamenting the recent violence between Buddhists and Muslims across Burma, which has mostly displaced Muslims, Nyan Win told The Irrawaddy that “all the people in the conflict are human beings and need to be treated like human beings.”
With additional reporting by Kyaw Phyo Tha.

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်

 ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ သတင်းရရှိသည်။ 

သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း သြစတေးလျခရီးစဉ်၌ ပြောကြားသွားပါသည်။ 


ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား အားလုံး သာမက  မြန်မာလူထု တစ်ရပ်လုံး ဒေါသထွက်လျှက်ရှိပြီး ရခိုင်အမျိုးသား ကွန်ယက်မှ ဦးစီးကာ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတိုင်းရင်းသားများနှင့် မတည့်ဖြစ်နေပြီး သြဇီခရီးစဉ်တွင် ကချင်များက မကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အပြန်တွင်လည်း ရခိုင်များက ဆန္ဒပြအုံးမည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသက်မည်ဖြစ်သည်။

အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂၀၀၀၀ တန် ဂျီအက်စ်အမ် ဆင်းမ်ကတ် များ စတင်ရောင်းချပြီ


အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂ဝဝဝဝတန် ဂျီအက်စ်အမ်ဆင်းမ် ကတ်များ စတင်ရောင်းချပြီဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိ ရသည်။

အဆိုပါဆင်းမ်ကတ်များ အား ဆီးဂိမ်းပွဲတော် တွင် နိုင်ငံတ ကာမှ လာရောက်ကြ မည့်ဧည့် သည် များနှင့် ပြည်ပမှလာရောက် ယှဉ်ပြိုင်မည့် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ရောင်း ချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ သက်တမ်းသုံးလသာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

''ဒီဆင်းမ်ကတ်တွေရောင်း ပေးတာက နိုင်ငံခြားသားတွေအ တွက်အဓိကပေါ့။ နောက်ပြီး တ ခြားနိုင်ငံကမီဒီယာသမားတွေ အတွက်ပါရောင်းပေးမယ်။ ကတ် သက်တမ်းက သုံးလပဲခံမယ်၊ သုံး လမပြည့်မချင်းတော့ ငွေဖြည့်ကတ် ထည့်ပြီးသုံးလို့ရမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား



ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်
ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့နယ်၊မွန်းလိုင်ကျေးရွာနေ
ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ
အမှုဖွင့်ခံထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။

"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရ
ဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှု
ခံယူနိုင်ရေးသဘောထားမှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ
ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့
ကိုပြည့်ဖြိုးအောင်ကိုလည်း ဆေးစာရေးသားထင်မြင်ချက် တောင်းခံပြီး
အမှုကိုခိုင်မာအောင်တည်ဆောက်တရားစွဲဆိုတင်ပို့နိုင်ဖို့
ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊
ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်းကျောင်းသူတစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်းသာမှအပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး
မ .... က ရာဇဂြိုဟ်သို့ သွားလိုသဖြင့် ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။

ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး
ည(၇)နာရီခွဲခန့် တွင်ကံလှကျေးရွာ အထွက်သို့အရောက်၌ ကိုပြည့်ဖြိုးအောင်သည်ဆိုင်ကယ်ကိုစက်ရပ်ကာ မ .... ၏ပါးကို
နမ်းသဖြင့် မ ....က ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း၊
ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက်ခန့်ကြာသည်အထိ
အတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြထားသည်။

ကျော်သူစိုး(ကလေးမြို့)

ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ရန်ကုန်သို့ ခွင့်ပြုချက်လက်မှတ်မပါဘဲရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး (၇)ဦးကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူထားသည်ဟုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော ၃ဂ/၈၄၄၉ Pajero ခဲရောင်ယာဉ်ပေါ်၌ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Pajero ခဲရောင်ယာဉ်အား မှော်ဘီမြို့နယ်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်အဖွဲ့က တားဆီးစစ်ဆေးရာတွင် ၎င်းယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲမောင်းနှင်ထွက်ပြေးသွားသောကြောင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရာရန်ကုန်-ပြည်လမ်း တိုက်ကြီးကုန်းကျေးရွာ လေတပ်ကွေ့အရောက်၌ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည် ဟု မှော်ဘီမြို့နယ်ရဲစခန်းမှ သိရသည်။

 “ဘယ်လမ်းကြောင်းတွေကနေလာတယ်။ ဒီကိုဘာလာလုပ်တယ်စတဲ့ အမှုအသေးစိတ်ကိုတော့ဆက်ပြီး စစ်ဆေးနေတုန်းပဲ။ ယာဉ်မောင်းကို တစ်ယောက်ယောက်ကငွေပေးပြီးပို့ခိုင်းတဲ့ ပုံစံပါ။ ပို့ဆောင်တဲ့ သူနှစ်ဦးကိုတော့ခွင့်ပြုချက်မပါရှိဘဲ ဘဂါင်္လီတွေကို သယ်ဆောင်တဲ့ပုဒ်မနဲ့ အရေး ယူထားတယ်ဟုမှော်ဘီမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးထိုက်ဆိုသူနှင့်ယာဉ်ပေါ်ပါသူ ရှမ်းပြည်နယ် ရပ်စောက်မြို့နေ မသူဇာထွေးတို့အားဘဂါင်္လီလူမျိုး(၇)ဦးကို သယ်ဆောင်လာသည် ကိုတွေ့ရှိသဖြင့် ပြစ်မှုပုဒ်မ၃၆၇/၃၇၀ တို့ဖြင့် မှော်ဘီမြို့နယ်ရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။

ယာဉ်ပေါ်တွင်ပါလာသော ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်နေထိုင်သည့်ဘင်္ဂါလီလူမျိုး(၇)ဦးကိုလည်း ခွင့်ပြုချက်လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်လာခြင်းမရှိဘဲ ကျောက်တော်မှ ရန်ကုန်သို့လာရောက်ခြင်းဖြစ် ကြောင်းတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် မှော်ဘီမြို့နယ်ရဲစခန်း၌အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။ အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

Photo:ည်။

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို အာဇာနည်ကုန်းမှာ သစ္စာဆိုရန် တိုက်တွန်းခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ဇတ်ကားတွင် ကျော်သူမပါဝင်ခြင်းဖြစ်


နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား တွေ့ဆုံမေးမြန်းခဲ့ရာ-

မေး - ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးဖို့ ကိုကျော် သူကို ကမ်းလှမ်းတာကို ကိုကျော်သူ က ငြင်းလိုက်တယ်လို့ သိရတယ်။ ဘာ ဖြစ်လို့ပါလဲ။

ဖြေ - ဗိုလ်ချုပ်ရုပ်ရှင်က တကယ့် ကိုကြီးမားတဲ့လုပ်ငန်းတစ်ခုပါ။ ဒေါ်အောင် ဆန်းစုကြည်ဖွဲ့စည်းပေးထားတဲ့ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအ ဖွဲ့ကို ကျွန်တော်က ရုပ်ရှင်မရိုက်ခင် အာဇာနည် ကုန်းကိုသွားပြီး အာဇာ နည်ကြီးတွေကို တိုင်တည်ပြီးတော့ ရောက်ရာ ဘုံဘဝကနေစောင့် ရှောက် ပါ။ ကိုယ်ကျိုးဖက်ခဲ့ရင်လည်း ထိုက် သင့်တဲ့အပြစ်ပေးပါဆိုပြီး သစ္စာဆိုရ မယ်လို့ ကျွန်တော်ပြောတာကို သူတို့ က လက်မခံဘူး။ နာရေးအသင်းမှာ ကျွန်တော် သစ္စာဆိုပြီးတော့ အမြဲအလုပ် လုပ်တယ်။ ဒီလိုသစ္စာဆိုတဲ့အတွက် အောင်မြင်မှုတွေရတယ်။ အဲဒီမှာ သဘော ထားတွေလည်း လွဲတယ်။ ဒါကြောင့် လူမှုရေးလုပ်ငန်းတွေကလည်း တစ်ဖက် ဖြစ်နေတဲ့အတွက် ကျွန်တော် ခေါင်းရှုပ် မခံချင်တော့ဘူး။ ဒါကြောင့် ငြင်းလိုက် တာပါ။

Eleven Media Website ဆဌမအကြိမ်မြောက် တိုက်ခိုက်ခံရ၊ အချိန် ၈ နာရီကျော်ကြာ ပြင်နေသော်လည်း ပြင်မရသေး


ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွက် Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Thursday, November 28, 2013

ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းမြို့နယ် အမှတ် (၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင် ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာမှာ လေတပ်ကွေ့ ကားမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ပြီး ကျွန်းသစ်များ တင်လာသည်ကို မတွေ့ရှိသော်လည်း အဆိုပါယာဉ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူများကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ခုနစ်ဦးနှင့် ယာဉ်မောင်းကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်ပေါ် လိုက်ပါလာသူများတွင် White Card ကိုင်ဆောင်ထားသူ နှစ်ဦး အပါအဝင် ဘင်္ဂါလီ ခုနစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မှော်ဘီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်ထားသူများမှာ ဒေသန္တရ စည်းမျဉ်းအရ ရခိုင်ပြည်နယ် အတွင်းသာ သွားလာခွင့် ရှိသော်လည်း ရပ်ဝေးဒေသသို့ ခရီးသွားလိုပါက နေထိုင်သူ၏ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနထံမှ ပုံစံ ၄ ထုတ်ယူပြီးမှသာ သွားလာနိုင်ကြောင်း မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းတို့ ခုနစ်ဦးကို ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာ ဈေးတံတားအနီးတွင် နေထိုင်သူ ဘင်္ဂါလီလူမျိုး အသက် ၄၃ နှစ်အရွယ် ကိုကျော်မောင် (ခ) ရှိုဘီက ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အရောက် တစ်ဦးလျှင် ကျပ်ငါးသိန်း ရယူခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်က မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ပဒါန်းကြား မိုင်တိုင်အမှတ် (၁၇) မှ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ ကားဂိတ်သို့ ယာဉ်မောင်း အောင်မိုးထိုက်ကို ပို့ဆောင်ခ ငွေကျပ် ၃၂ သိန်းဖြင့် စရန်ငွေ ရှစ်သိန်း ပေးချေကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်ကို မောင်းနှင်ကာ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာသူ ရေနံချောင်းမြို့နယ် တွင်းကုန်း ရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်မိုးထိုက်မှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားခံရသူ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ဖြစ်ကြောင်း၊ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံသို့ တင်ပြထားကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်

မြန်မာ - ထိုင်း ဗီဇာမဲ့ အပြန်အလှန် သွားလာခွင့် မကြာမီ ခွင့်ပြုမည်ဟု ထိုင်းသံအမတ်ကြီးဆို


ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ အခက်အခဲ အတားအဆီးမရှိ အပြန်အလှန် သွားလာခွင့်ကို မကြာမီ အချိန်အတွင်း ခွင့်ပြုတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr. Pisanu Suvanajata က The Voice နှင့် သီးခြား တွေ့ဆုံရာတွင် အတည်ပြု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ် ထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နယ်စပ်ဒေသမှာလည်း ပံ့ပိုးမှုတွေ ပိုများလာပါမယ်” ဟု Mr. Pisanu Suvanajata က ဆိုသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်မှုနှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ သွားရောက်မှုမှာ ယခင်နှစ်များထက် အဆပေါင်းများစွာ တိုးတက်လာကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ထိုင်း-မြန်မာပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့်ကို ယခုတိုင် ခွင့်ပြုထားခြင်း မရှိသေးသော်လည်း ကင်းလွတ်ခွင့်ပြုပြီး ဖြစ်သည်ဟု ထင်မှတ်သူများ ရှိသဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးဆဲအဆင့်သာ ရှိသေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးတွင် သတင်းထုတ်ပြန် ထား သည်။

ယင်းကဲ့သို့ ဗီဇာကင်းလွတ်ခွင့် ပြုလိုက်ပါက နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူပြည်သားများ ပိုမိုထိတွေ့ ဆက်ဆံလာကာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို သမိုင်းသစ် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မစ္စတာ Pisanu က မှတ်ချက်ပြုသည်။

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော မြန်မာနိုင်ငံကို အလုပ်အကိုင် အခွင့်အလမ်း ပေါများသော ထိုင်းနိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ပြုလိုက်ပါက မြန်မာနိုင်ငံသား အလုပ်လက်မဲ့များ ထိုင်းနိုင်ငံတွင်းသို့ စုပြုံ ဝင်လာနိုင်ပြီး လူမှုရေးနှင့် လုံခြုံရေး ဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်စေနိုင်သဖြင့် ထိုင်းနိုင်ငံဘက် ယင်းပြည်ဝင်ခွင့် ကင်းလွတ်ရေးကို အချိန်ယူ ဆွေးနွေး ညှိနှိုင်းနေခြင်း ဖြစ်နိုင်ကြောင်း အလုပ်သမားအရေး စောင့်ကြည့် လေ့လာသူများက သုံးသပ်သည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား သုံးသန်းအထိ ရှိပြီး ယင်းပမာဏမှာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သား အားလုံး၏ ၈၀ ရာခိုင်နှုန်း ရှိကြောင်း ရွှေ့ပြောင်း အလုပ်သားစာရင်း ကောက်ယူသူများက ခန့်မှန်းသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်အား ထိုင်းတက္ကသိုလ်နှစ်ခုမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်


ရန်ကုန် ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတဦးသိန်း စိန်အား ထိုင်းနိုင်ငံ မယ့်ဖလောင်း တက္ကသိုလ် (Mae Fah Luang University) မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရ ဂူဘွဲ့ (Hournay Doctorate Degree in Public Administration) ၊ နရာဆွမ် တက္ကသိုလ် (Naresuan University)မှ ပြည်သူ့ရေးရာနိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Hournary Doctorate Degree in Political Science ကို မကြာမီ ပေးအပ်မည်ဖြစ်ကြောင်း ဘန် ကောက်မှလာသော သတင်းတစ် ရပ်အရသိရသည်။

လမ်းခင်းရန်မြေကြီးဝယ်ရာမှ လက်ပစ်ဗုံးအလုံး ၅ဝ ကျော်ရောပါလာ

ယနေ့နံနက် ၁ဝနာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ရပ်ကွက် ခရေပင်လမ်းရှိ အိမ် အမှတ် ၂၇၄မှ အိမ်ပိုင်ရှင်ဒေါ်အေး အေးမွန် လမ်းခင်းရန်အတွက် ဝယ်ယူသော မြေကြီးများနှင့် ရော နှောကာ လက်ပစ်ဗုံး ၅၈ လုံး ပါလာခဲ့ကြောင်း၊ မြေကြီးများကား ပေါ်မှချချိန်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ဝေဘာဂီမြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင့်ထူးက ပြော သည်။မြေကြီးများကိုမင်္ဂလာဒုံခုတင် ၃ဝဝဆံ့ ဆေးရုံမှ ဝယ်ယူခြင်းဖြစ် ကြောင်း သိရသည်။

''အရင်ရက်က ဝယ်ခင်းတော့ လဲ သူတို့ဆီကပဲ မြေကောင်းတာနဲ့ ဒီနေ့ဆက်ဝယ်တာ။မြေကြီးချတော့ အလုပ်သမား ကောင်လေးတွေက စတွေ့ပြီး လာပြောလို့ ရပ်ကွက် လူကြီးတွေပြကြည့်မှ ဗုံးမှန်းသိရ တယ်''ဟု ဒေါ်အေးအေးမွန်က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။

မြေကြီးများကို သယ်ဆောင် မောင်းနှင်လာသည့် ယာဉ်မောင်း ဦးသန်းထွန်းက အထက်ပါနေရာ သို့ သွားရောက်၍ မြေကြီးများ သယ်ဆောင်သည်မှာ အစီး၂ဝခန့်ရှိ ပြီဖြစ်ကြောင်းနှင့် ယခုတစ်စီးသာ ပါရှိကြောင်းပြောသည်။

ဗုံးများကို ဝေဘာဂီမြို့နယ် ရဲ စခန်းမှတာဝန်ရှိသူများကသွားရောက် စစ်ဆေးပြီး အမှတ်(၉ဝ၅)စစ်မြေ ပြင်အင်ဂျင်နီယာတပ်ရင်းသို့သတင်း ပို့ခဲ့ရာ ဒုအရာခံဗိုလ်မြတ်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးကြောင်း၊ယင်းနောက်အမှတ် (၉ဝ၆) အင်းတကော် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ ပေးပို့ရန် ယူဆောင်သွားကြောင်း ရဲတပ်ကြပ် ကြီးတင့်ထူးကပြောသည်။

လက်ပစ်ဗုံးတစ်လုံး၏ အရွယ် အစားမှာအလျား၃ဒသမ၇၅လက်မ၊ အချင်း၂ဒသမ၅လက်မ၊အောက်ခြေ အချင်း ၁ဒသမ၅လက်မ၊ လုံးပတ် ရှစ်လက်မရှိကြောင်း သိရသည်။

ရမ်းဗြဲတွင် အစိုးကိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်




ကုလသမဂ္ဂ တိုက်တွန်းချက်ကို လက်မခံသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်နယ် ရမ်းဗြဲတွင် ယနေ့  နံနက် ၉နာရီက လူအင်အား၉၀၀ ရာကျော်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်းဦးဆောင်သူ ဦးထွန်းကြည်က  People Power သတင်းစာသို့ ပြောကြားသည်။

ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်လိုအပ်ကြောင်း၊ရိုဟင်ဂျာကို အသိမှတ်မပြုကြောင်း ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ အတိုင်းဆောင်ရွက်ရေး စသည့်ကြွေးကျော်သံများ အော်ဟစ်ကာ ဆန္ဒပြခဲ့ကြောင်း ရမ်းဗြဲဒေသခံ ဦးဖြိုးမင်းလတ်က ပြောကြားသည်။

ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ  ၁၉ တွင်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ကုလကဖြေရှင်းရာ မရောက်ဘဲ ပြသနာပိုကြီးအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု ဗိုလ်ကြီးဟောင်း  ဦးထွန်းကြည်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာ အစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန်  တိုက်တွန်းချက်အပေါ် ဥပဒေနှင့် မကိုက်ညီသော  လူမျိုးများအား မည်သည့်နိုင်ငံ တကာအဖွဲ့အစည်းများ အနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရ ရှိသူဦးရဲထွဋ်က ပြောကြားသည်။

“အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့  စကားလုံးကို လုံးဝလက်မခံဘူး။ ရခိုင်ပြည်နယ်အတွင်း မှာရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်း နိုင်ငံသားပြုခွင့် ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မကိုက်ညီတဲ့သူကိုတော့  ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ပြောပြော နိုင်ငံသား ပြုခွင့် မပေးနိုင်ဘူး” ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကဖြေကြားထားသည်။

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အစိုးရအား တိုက်တွန်းချက် အပေါ် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သမ္မတ ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းဖေ့ဘွတ်စ်ပေါ်တွင် တရားဝင်ဖြေကြားထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ လူမျိုးရေးစာရင်းကောက်ယူရာတွင် ဘင်္ဂလီလူမျိုးများ အနေဖြင့် ပူးပေါင်းဆောင်ရွက် ရန် ငြင်းဆန်နေမှုအပေါ် ကုလသမဂ္ဂလူ့အခွင့်ရေးအနေနှင့် တိုက်တွန်းပြောဆိုရန် လိုအပ်ကြောင်း ဒီမိုကရေစီနိုင်ငံများ ဖြစ်သော အမေရိ  ကန်၊ ဗြိတိန်အပါအ၀င် နိုင်ငံများတွင် နိုင်ငံသားပြုခွင့်နှင့်  ပတ်သတ်ပြီး သီးခြားပြဠာန်းထားသော ဥပဒေစည်းကမ်း ချက်များရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဇော်ဌေးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်- (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား၊(သို့မဟုတ်)၊ (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ (င) နိုင်ငံသား ပြုခွင့် ရသူ မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြု ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွား သူများ (စ) ဧည့်နိုင်ငံသားနှင့်  နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြုခွင့်ရ သူ မိဘနှစ်ပါးမှမွေးဖွားသူများ ဟူ၍ သတ်မှတ်ပြဠာန်းထားသည်။

၁၉၈၂ ခုနှစ် ဥပဒေတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေကတိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးအပါအ၀င်  မျိုးစု ၁၃၅မျိုးကိုသာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို


ရန်ကုန်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင်ဆွေးနွေး ရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အစီရင်ခံစာကို ဒီဇင်လာလကုန်တွင် တင်သွင်းရန် သတ်မှတ်ပြီးဖြစ်သည်။

အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစားသင့်သည်ဟု ယူဆကြောင်း သမ္မတနှင့်ကာချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေးရန် နိုင်ငံတော်သမ္မတ ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထား မျိုးနဲ့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။ တပ်မတော်ကတော့ သီးခြား သဘောထား မျိုးဖြစ်နေ တယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထား တာကြောင့် တွေ့ဖို့မလိုဘူး လို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံး သပ်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးတာ ကောင်းတဲ့လုပ်ရပ်ပဲ။ မြန်မာပြည်မှာ အမြင့်ဆုံး ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပြီးလုပ်ကြရင် ကောင်းမယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်လိုအဓိပ္ပာယ် မျိုးလဲဆိုတာ နားမလည်ဘူး။ သေချာတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အဖွဲ့အစည်းအားလုံးက သဘောထား မှတ်ချက်ပေးပြီးသား ပြုပြင်ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးမှုဖြစ်မလာဘူးဆိုရင် အစိုးရက ပြုပြင်ပြောင်း လဲရေးကို လိုလိုလားလားရှိရဲ့လားဆိုတာ စိတ်ပူစရာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်ပြောကြားသည်။

လေးပွင့်ဆိုင်ဆွေးနွေးရေး မသင့်လျော်သေးဟု နိုင်ငံတော်သမ္မတပြောကြား

 ပြည်သူတွေ အတွက် အလွန်အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ် ခံစာမှာ ကောင်းမွန် သင့်မြတ်သောကြောင့် မူအားဖြင့် လက်ခံကြောင်း၊ သို့သော် ပါတီ ဥက္ကဌတစ်ဦးအနေဖြင့် ပေးပို့လာသည့် စာဖြစ်နေပြီး ပါတီ ၅၈ ခုလုံး၏ သဘော ထား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း နှင့် ဖွဲ့စည်းပုံ အရ ပေါ်ပေါက် လာသော ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်လိုခြင်းမရှိပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လေ့လာ စိစစ်ရေးကော်မတီ ၏ အစီရင်ခံစာ ပြီးသည်အထိ စောင့်ဆိုင်းရန်လိုလိုအပ်

တိုင်းပြည်ကံကြမ္မာကို ထိပ်သီးလေးဦးက ဆွေးနွေးမည့်အပေါ် ပါတီ၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသားများကြား ဝိဝါဒ ကွဲပြားနေ




ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စအပေါ် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ဝိဝါဒ ကွဲပြားလျှက်ရှိပြီး တိုင်းပြည်ကံကြမ္မာကို လေးဦး၏ လက်ထဲတွင် ဆုံးဖြတ်ရန် ရည်ရွယ်ခြင်းကို လက်မခံဟု ပြောကြားမှုများ ရှိလာခဲ့ကြောင်း သတင်းရရှိသည်။ 


အခြေခံဥပဒေပြင်ဆင်ရေး ကြီးလေးကြီးတွေ့ရန် လွှတ်တော်အစီရင်ခံစာ စောင့်သင့် ဟု သမ္မတပြောရေးဆိုခွင့် ရှိသူဆို




ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး NLD ပါတီက မေတ္တာရပ်ခံ ထားသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံဆွေးနွေးအဖြေရှာရေး အစီအစဉ်ကို "ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာထွက်သည့်အချိန်အထိ စောင့်ဆိုင်းသင့်ကြောင်း" နိုင်ငံတော်သမ္မတကိုယ်စား ၄င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ယင်းသို့ ညှိနှိုင်းရာတွင် NLD ပါတီနည်းတူ တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၅၈ ခု၏ သဘောထားအကြံပြုချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော်၏ အခွင့် အာဏာကို လေးစားရန် လိုအပ်သဖြင့် အစီရင်ခံစာ ထွက်ပြီးချိန်မှသာ ညှိနှိုင်းမည့် အစီ အစဉ်ကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

"လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီးမှ ဘယ်လိုပူးပေါင်း ဆွေးနွေးညှိနှိုင်းသင့်သလဲ ဆိုတာ ဆက်လုပ်သင့်ပါတယ်" ဟု နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ပြောဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် နိုင်ငံရေးပါတီအားလုံး တွေ့ဆုံရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက မှတ်ချက်ပြုသည်။

"ပါတီတွေအားလုံးနဲ့ တွေ့နိုင်တဲ့ နည်းလမ်း စဉ်းစားရမှာပေါ့။ တွေ့လည်းတွေ့ရမှာပဲလေ။ လူချင်းတွေ့တာလည်း ရှိနိုင်တယ်။ တင်ပြချက်တွေနဲ့ တွေ့တာလည်း ရှိနိုင်တယ်" ဟု ဦးဌေးဦးက မှတ်ချက်ပြုသည်။

အခြေခံဥပဒေပြင်ဆင်ရေးမှာ ပါတီအားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ပြီး နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ညှိနှိုင်းလုပ်ဆောင်ပါက ပြင်ဆင်ရေးကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည် ဟု ယူဆကြောင်း၊ နိုင်ငံရေးပါတီ စုစုပေါင်း ၅၀ ကျော် ရှိသည့်အပြင် အခြေခံဥပဒေမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်သဖြင့် ယင်းသို့ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စများနှင့် ပတ်သက်ပြီး NLD ပါတီသည် ၄င်းတို့ပါတီမှ ကိုယ်စားလှယ် ခုနှစ်ဦး ပါဝင်နေသည့် အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီမှတစ်ဆင့် လုပ်ဆောင်ပါက ပိုပြီး နည်းလမ်းကျကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောဆိုသည်။

"အဲဒီ လေးယောက်ကနေ ဆွေးနွေးပြီးမှ သဘောတူတာကို လွှတ်တော်ကို ချပေးမယ် ဆိုရင် လွှတ်တော်က ရော်ဘာတံဆိပ်တုံးနှိပ်တဲ့လွှတ်တော် ဖြစ်သွားမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတေယ်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့် ဆိုင် တွေ့ဆုံလိုကြောင်း မေတ္တာရပ်ခံသည့်စာကို လက်ခံရရှိကြောင်း၊ ယင်းစာပါ "နိုင်ငံသူနိုင်ငံသားများအတွက် အသက်တမျှအရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆင်ပြေချောမွေ့ရန် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်မှာ ကောင်းမွန် သင့်မြတ်ကြောင်း" နိုင်ငံတော်သမ္မတ၏ ကိုယ်စား ဦးရဲထွဋ်က ဖြည့်စွက်ပြောကြားသည်။

ဒေါ်စုကို ဘာလို့ မုန်းတာလဲ


မေးတဲ့သူရှိတော့ ဖြေရတာပေါ့ဗျာ

ဒေါ်စုကို ဘာလို့ မုန်းတာလဲ
လူကြီးခိုင်းလို့ လားဆိုတာကြောင့်ပါ

၁။ ဒေါ်စု ကအမျိုးမစောင့်ဘူး

အဲရစ်နဲ့လက်ထက်ဖို့ ကိစ္စ မှာ ဘယ်သူ မှတားဆီးမရအောင် ငြင်းဆန်ပြီး ဘာသာတရားရဲ့အဆုံးအမနဲ့
အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတဲ့
အချက်ကို လစ်လျူလျူ့ခဲ့တယ်

၂။ မောက်မာတယ် (အတွင်းစိတ်ကောက်တယ်)

မိန်းမတစ်ယောက်ဟာ သူတို့ ရဲ့အားနွဲ့တယ်ဆိုတဲ့အချက်ကို
သူတို့ တတ်တဲ့ပညာ အရည်အချင်းတွေ လုပ်ဆောက်နိုင်စွမ်းတွေနဲ့
ဂုဏ်ပကာသန စတာတွေနဲ့
ဖုံးကွယ်ချင်ကြတယ်
ဒေါ်စု မှာ သူ့ အတွက် အဲဒီလို အချက်ပေါင်းများစွာပိုင်ဆိုင်
တယ် သူ့ ရဲ့အမျိုးအရင်းတွေကိုတောင်
မောက်မာစွာနဲ့ တိုင်းတစ်ပါးယောကျာ်းတစ်
ယောက်အတွက် ပြောဆိုခဲ့တယ်

၃။ သားသမီး ဝတ်တရား
မကျေပွန်ဘူး

ကိုယ့် အမေ နေမကောင်းတာတောင်
ဥပေက္ခာပြုနိုင်တဲ့ စွမ်းရည်သတ္တိ အပြည့်ရှိတယ်
စောင့်လေမျိုးနွယ် ဟာ သူ့ အတွက်မဟုတ်ဘူးလို့  ရဲရဲ ဝံဝံ ခံယူတယ်

၎။ မိဘဝတ်တရား မကျေပွန်ဘူး

သားတွေကို မိမိ ကိုးကွယ်တဲ့ဘာသာအတွက် သင်ပြမပေးဘူး နောက်ဆုံးဘာသာစကား
တောင်မသင်ပြပေးနိုင်ဘူး
အမွေနှစ်ကောင်းတွေ မပေးနိုင်ဘူး ဗုဒ္ဓဆိုတာ ဘာလဲမေးရင်တောင် သိအောင်မပြောခဲ့ဘူး

၅။ ဇာတိမြေ ကို မိမိရဲ့ပညာတွေ ပိုင်ဆိုင်မှု့တွေနဲ့
တိုးတက်အောင် လုပ်ပေးနိုင်ပေမဲ့

ခုချိန်ထိ နှမ်း တစိစာ
မကူညီဘူး မိဘအိမ်တောင်
ဘာမှန်းမသိဘူး နတ်မောက်က ဖုန်ထတော့ မလာ ချင်လို့ နေမယ်

၆။ တစ်ဘို့  တည်းထားတယ်

သူကောင်းစားဖို့ ဆိုရင် တစ်နိုင်ငံလုံးကို ထိုးကျွေးရပါစေ
တပ်မတော် ပြိုကွဲပါစေ
နောက် ဆုံး ကျွန်ဘဝရောက်ရင်တောင်
စကားပြန် လုပ်ချင်တဲ့မိန်းမ
မိမိအစိုးရကို မကောင်းပြောဖို့ အတွက် ဒလဟော ပြောထွက်တယ် ဖအေ ကျော် ဒွေးတော်လွမ်းတယ်

၇။ ပညာတတ်ပြီး ပညာမဲ့တယ်

ခုအခြေနေအရ

UNFC လို ငမြောက်ငခြောက် အဖွဲ့အစည်းကို ၂၀၁၅ အတွက်စိတ်ကူးယဉ်မှု့တွေနဲ့
မွေးတုန်းက မျက်စိနှစ်လုံးစုံပိတ်ပြီး
တိုင်းရင်းသားတပ်မတော် ဖြစ်ဖို့ 
ဖက်ဒရယ် တပ်မတော် ဖြစ်ဖို့ 
မြန်မာနိုင်ငံမှာ ကာချုပ်တွေအများကြီး ပေါ်ပေါက်လာအောင်
နေရာတိုင်းလိုလို စစ်ဖြစ်နေအောင်

သူငယ်တန်း အတွေးနဲ့
ဂိမ်းဆော့သလို တကယ်မသေပါဘူးလိုလို

နဲ့ ယိုသူမရှက်မြင်သူရှက် အတိုင်အဖောက်ညီအောင်
ရွှန်းရွှန်းဝေဝေထောက်ခံတယ်

အမျိုးသားနေ့  လို နေ့ မှာတောင် နိုင်ငံမှာမနေဘဲ
အတင်းလှည့်ပြောနေတတ်တယ်

၈။ အာဏာရူးတယ် မရောင့်ရဲမတင်းတိမ်ဘူး

ပြည်သူအားလုံးထောက်ခံမှု့နဲ့
စနစ်တကျရေးဆွဲခဲ့တဲ့ဥပဒေ ကိုသမ္မတ ရူးရူးပြီးတော့

ဖြစ်သင့်မဖြစ်သင့် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားပဲ
ပြင်ချင်တယ်

၉။ ဆင်ခြေများတယ်

လက်ရှိရာထူးက
ဘာမှလုပ်လို့ မရလို့ 
တိုင်းပြည်အတွက်ဘာမှလုပ်မ
ပေးနိုင်ကြောင်း တဖွဖွ အရှက်မရှိစွာပြောတယ်

၁၀။ တိုင်းရင်းသားထဲမှာ

ရခိုင် အစား ကုလား ကို ထည့်နေတယ်

**************

အကြမ်းဖျင်း လက်ရှိ ၁၀ ချက်ကြောင့် ကျနော်ဦးတည်း ခံစားချက် နဲ့ ဒေါ်စုကိုမုန်းတယ်

ကျုပ်တို့ တပ်မတော်မှာ မင်းဘယ်သူ ကိုမုန်းပါ လို့ အမိန့် ပေးတာမရှိဘူးဆိုတာ မေးတဲ့သု ကိုလေ့လာစေချင်တယ်


ထပ်ပြောမယ်
မွေးကတည်းက ခုချိန်ထိ ကျုပ်ဒေါ်စု ကို ခါးခါးသီးသီး မုန်းတယ်

ကစားစရာအရုပ်မဝယ်ဘဲ
နိုင်ငံရေးယောက်ယက်ခတ် အောင်ကစားတဲ့ဒေါ်စုကို

သတ်ပစ်ချင်လောက်အောင်မုန်းတယ်

Wednesday, November 27, 2013

ငွေစက္ကူအတုထုတ်လုပ်သူများအား ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်

တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ကျပ်နှစ်သိန်းကို ထုတ်လုပ်သုံးစွဲသူ အမျိုးသားငါးဦးတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်ရေးယူထားကြောင်း သတင်းရရှိသည်။

သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံမှ တစ်ထောင်ကျပ်တန်အတု ၁၆ရွက်ကို စတင်ဖမ်းဆီးမိရာမှ ကွင်းဆက်တရားခံများကို ထပ်မံဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသားကို စစ်ဆေးသောအခါ သင်္ဃန်းကျွန်းမြို့ နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် နေသူများက ထုတ်လုပ်ခဲ့ပြီး ဒဂုံအရှေ့မြို့နယ်တွင်နေထိုင်သူတစ်ဦးကို ကျပ်တစ်သိန်းပေးထားသည်။ ၎င်းငွေများထဲမှ တစ်ထောင်ကျပ်တန် ၁၆ရွက်ကို တစ်ဆင့်ရကာ သုံးစွဲစဉ်ဖမ်းဆီးခံရကြောင်း ၎င်းက၀န်ခံခဲ့သည်။

ထို့အပြင် တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ထုတ်လုပ်သူများသည် သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးကိုလည်း ကျပ်တစ်သိန်း သုံးစွဲရန်ပေးထားသေးကြောင်း သတင်းရရှိသည်။ထို့ကြောင့် ၎င်းတို့ငါးဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် နိုဝင်ဘာ ၂၄ရက် တွင် အမှုဖွင့်ရေးယူကာ ကိုယ်တိုင်သုံးစွဲနေသည့် သန်လျင်မြို့နယ်မှ အမျိုးသားနှစ်ဦးကိုသာ ဖမ်းမိသေးကြောင်း ကျန်တရားခံများ လွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

အလားတူ အောက်တိုဘာ ၁၂ရက် မွန်းလွဲ ၆နာရီခန့်တွင် တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် အမျိုးသမီးတစ်ဦးကို တစ်ထောင်ကျပ်တန်အသေး ငွေစက္ကူအတု ၁၉၉၇ ရွက် ကို ဖမ်းမိရာမှတဆင့် ငွေတုလုပ်သူများထံမှ ငွေတုလုပ်သည့် ကာလာပရင်တာစက်နှင့်အတူ ငွေတုစုစုပေါင်း ကျပ်သိန်းငါးဆယ်ကျော် ဆက်လက်ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

အလားတူ အောက်တိုဘာ ၆ရက်ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းဂိတ် ၁အနီးတွင်  အမျိုးသားနှစ်ဦးက ငါးထောင်ကျပ်တန်ငွေစက္ကူအတုများ သုံးစွဲနေကြောင်း သတင်းရရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ပြီး အင်းစိန်စီအိုင်ဒီမှ ရဲအရာရှိများက တရားခံများကို လာရောက်ခေါ်ယူ၍ စစ်ဆေးခဲ့ရာ ကာလာပရင်တာဖြင့်ပင် ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးကပြောသည်။

ယခုနှစ်အတွင်း ငါးထောင် နှင့် တစ်သောင်းကျပ်တန်အတုများကိုလည်း နည်းစနစ်မျိုးစုံဖြင့်  ပြုလုပ်ကြ၍ ရောင်စုံမိတ္တူကူးစက်ဖြင့် ပြုလုပ်ပါက သိသာထင်ရှားစွာ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် စက်ကြီးများဖြင့် ထုတ်လုပ်ပါက ငွေစက္ကူအတုနှင့် အစစ် ခွဲခြားသည့်ဌာနမှ ကျွမ်းကျင်သူများကသာသိနိုင်ကြောင်း စီအိုင်ဒီမှ အငြိမ်းစားရဲမှူးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ အကူအညီ ပေးသူများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ရှိနေဟုဆို


လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတစ...်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၅ က ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ပြောကြားထားခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက် ထောက်ပံ့တဲ့ အခါတွေမှာလည်း လုံခြုံရေးအရ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် အခြားသော အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကြီးများ၏ အထောက်အပံ့ပေးရေး ဝန်ထမ်းများကို နှောင့်ယှက်မှုများ ကြုံတွေ့ရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ထောင်ပေါင်းများစွာသော ဒုက္ခသည်များအတွက် အစားအစာနှင့် အရေးပေါ် အထောက်အပံ့များကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက အချိန်မီ အထောက်အပံ့ ပေးနိုင်ရန် အတွက် အစိုးရ အရာရှိများက လုံခြုံရေး တိုးမြှင့်ပေးရန် လိုအပ်ကြောင်း Carl Sorensen က တိုက်တွန်း ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားသော အကူအညီပေးနေသည့် ဝန်ထမ်းများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ အန္တရာယ်ပြုသူများကို လျင်မြန် ပြတ်သားစွာ အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် နိုင်ငံတကာ အဖွဲ့အစည်း များကို ဒေသခံ တိုင်းရင်းသားများက နှောင့်ယှက်ခြင်း မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အကူအညီပေးရာတွင် နိုင်ငံတကာမှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို သေချာ နားလည်ရန် လိုအပ်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က တုံ့ပြန် ပြောကြားသည်။

လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း အခြေအနေ များကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ်ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၁ အထိ သွားရောက် လေ့လာခဲ့သည်။

မစ္စတာ Carl Sorensen ၏ ခရီးစဉ် အပြီးတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ရန် အတွက် အမေရိကန်ဒေါ်လာ သုံးသန်း ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကော်မရှင်က ကြေညာခဲ့သည်။

Tuesday, November 26, 2013

ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု




လက်ရှိမြန်မာ့တပ်မတော်မှာ တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် သာမက အနောက်နိုင်ငံများမှ အမျိုးသားခေါင်းဆောင်များရဲ့မျိုးဆက်များဟာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့အမျိုးသားခေါင်းဆောင် လည်းဖြစ်၊ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မျိုးဆက်တွေ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း လုံးဝမရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

မေမြို့ စစ်တက္ကသိုလ်မှာ အောင်ဆန်းခန်းမ၊ အောင်ဆန်းကြေးရုပ်တွေရှိပေမယ့် အောင်ဆန်းရဲ့ မျိုးဆက်တွေကတော့ အဲဒီခန်းမထဲကို ဝင်ခွင့်မရှိကြပါဘူး။ ကာချုပ်ကစပြီး ဗိုလ်ချုပ်အားလုံးက ရုံးခန်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို တပ်မတော်ရဲ့ ဖခင်တစ်ဦးအဖြစ် အခန်းထဲဝင်တိုင်း လက်တင်အလေးပြုနေပေမယ့် ဗိုလ်ချုပ် မျိုးဆက်တွေက မလုပ်နိုင်ကြပါဘူး။


နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်အင်အားတောင့်တင်းစေရန် တိုင်းပြည်က အင်အားတောင့် တင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်ချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေကတော့ တပ်မတော်အင်အားတောင့်တင်းရေးမှာလည်း အကျိုးမပြုနိုင်၊ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးမှာလည်းမပါဝင်နိုင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ကို ၎င်းရဲ့ မြေးအရင်း ၂ ဦး ဝင်ရောက်ခွင့်မရခြင်းမှာ နှမြောစရာဖြစ်ပါတယ်။  


ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ ဗိုလ်မင်းရောင်မှာ မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့တို့ကို ရရာ လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ အဖမ်းခံခဲ့ရချိန်မှာ ဗိုလ်မင်းရောင်ကို အင်္ဂလိပ်တို့ကျွန်အဖြစ် သစ္စာခံရန် ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်မင်းရောင်က “ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက် ခုချက်ချင်းပင် သတ်ပါ” လို့ ပြောဆိုခဲ့တာကြောင့် အင်္ဂလိပ်များက ဗိုလ်မင်းရောင်ကို  ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ ခေါင်းဖြတ် သတ်ပစ်လိုက်တာပါ။ ဒါ့အပြင် ဦးမင်းရောင်ရဲ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော် ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားပြီး လူအများကို ပြသခဲ့ပါသေးတယ်။ 


အဘိုးဗိုလ်မင်းရောင်ရဲ့ သွေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အဘိုး ဗိုလ်မင်းရောင်ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပေမယ့်  မြေးဖြစ်သူ အလက်စန္ဒားအဲရစ်နဲ့ ကင်မ်အဲရစ်တို့ကတော့ အဘိုး ဗိုလ်အောင်ဆန်း ရဲ့ အမွေကို မဆက်ခံနိုင်ကြပါဘူး။ အဘိုးအရင်းဖြစ်သူက တပ်မတော်ရဲ့ ဖခင်ဖြစ်ခဲ့သော်လည်း မြေးအရင်းများမှာ တပ်မတော်နားသို့ မကပ်သည့်အပြင် မြန်မာစကားလည်း မပြောတတ်၊ မြန်မာစာလည်းမဖတ်တတ်ဖြစ်တာကြောင့် နိုင်ငံ တည်ထောင်ရေးလုပ်ငန်းများတွင်လည်း မပါဝင်နိုင်ကြပါ။ 


နိုင်ငံခြားသားများက လက်ရှိတပ်မတော် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေ တပ်ထဲမှာဘယ်အဆင့်ထိ ဘယ်နှယောက်ဝင်ခဲ့ကြသလဲလို့မေးရင် ဖြေစရာမေးခွန်းမရှိပါ။ အခြားနိုင်ငံ တပ်မတော်များမှာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီးများ၏ မျိုးဆက် များတာဝန် ထမ်းဆောင်လျက်ရှိသော်လည်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းမရှိတော့တဲ့နောက် တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်လည်း တစ်ယောက်မှမရှိ သည်မှာ မြန်မာစစ်တပ်အတွက် ဂုဏ်ငယ်စရာဖြစ်ပါတယ်။ 


မောင်မျိုးချစ်

သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား


 အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။

ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့် တုံ့ပြန်ထားသည်။

“ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက် လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်း အရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်”ဟု ဦးတေဇ က ရေးသားထားသည်။

ဦးတေဇ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှန်ဖြစ်ပြီး ယင်းရေးသားချက်များမှာလည်း ဦးတေဇ၏ အာဘော်များ ဖြစ်ကြောင်း ထူးကုမ္ပဏီ အုပ်စုမှ ရုံးအဖွဲ့မှူး ဦးညီညီအောင်က ဧရာဝတီသို့ ပြောသည်။

“ဦးတေဇနှင့် စိန်စီသောညများ” ခေါင်းစဉ်ဖြင့် ဦးတေဇ အပါအ၀င် ခရိုနီများကို အတိအလင်း စစ်ကြေညာလိုက်ကြောင်း စာစုကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် သူရိယနေ၀န်း ဂျာနယ်တွင် ထောင်သူရဲ ဘအုပ် အမည်ဖြင့် သူရိယနေ၀န်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ထောင်သူရဲ ဘအုတ် ၏ စာစု၌“ခင်ဗျားတို့ ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစင်းနဲ့ ဘင်္ဂလားပင်လယ်အော်ထဲထိ မောင်း သွားပြီး အားလုံးခုန်ချပြီး အဆုံး စီရင်လိုက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မြစ်ထဲမှာဆို ပေါ်လာမယ့် Body က မြင်မကောင်းရှုမကောင်း ဖြစ်နေမှာ စိုးလို့ပါ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဆိုတော့ Body တွေ ပြန်ပေါ်မလာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ် အော်ထဲမှာက ငမန်းတွေ ရှိတယ်လေ”ဟု ပါရှိသည်။

ထိုသို့သော သူရိယနေ၀န်း ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း၊ မီဒီယာတခု အနေဖြင့် ရပ်တည်မည်ဆိုပါက မီဒီယာကျင့်ဝတ်နှင့် အညီ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားသင့်သည်ဟု အကြံပြုလိုကြောင်း သတင်းစာပညာ သင်တန်းများ ပို့ချနေသည့် ဦးကြည်မင်းက ပြောသည်။

“အကုန်လုံးကတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာ။ ဦးတေဇ ဘက်ကလည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွဲခွင့် ရှိတယ်။ သူရိယနေ၀န်း ဘက်ကလည်း ဦးတေဇက န၀တ(နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်မှာ ယူကရိန်း ကနေ ဟယ်ရီကော်ပတာတွေ ၀ယ်တဲ့ ကိစ္စတွေ ရှိတယ်။ ကော်မရှင်ခ ဒေါ်လာ သန်းချီ သွားတာ။ အဲဒီနောက်ပိုင်း သစ်တောတွေ အကုန်ခုတ်။ တခြားလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့တော့ အဲဒါကို တွယ်ရင် ပြဿနာတက်မှာ”ဟု ဦးကြည်မင်းက ဆိုသည်။

မြန်မာ ဂျာနယ်လစ်များ ကွန်ရက် အဖွဲ့(MJN) မှ ဦးမြင့်ကျော် ကလည်း အသေရေဖျက်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချက် အလက် အထောက်အထားမရှိဘဲ လူတယောက်ကို နစ်နာစေပါက အသရေဖျက်မှု မြောက်သောကြာင့် ဦးတေဇဘက်မှ အသေရေ ပျက်စေနိုင်သော အထောက်အထားများ ရရှိထားပါက တရားစွဲခွင့်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်မှာက လူတွေ မုန်းတဲ့ အာဏာရှင်၊ ခရိုနီတွေကို ပြောတယ်ဆိုရင်ပဲ အဲဒီလူက သူရဲကောင်းလို ဖြစ်နေတယ်။ ပြဿနာ က သူက ဘာသူရဲကောင်းမှ မဟုတ်ဘူး။ မကျေနပ်လို့ လမ်းပေါ်ထွက်ဆဲတဲ့ အဆင့်ပဲရှိတာ။ ဆဲတော့ အခု လူတွေထွက်ကြည့်နေ တယ်။ အခုထွက်ကြည့်နေတဲ့ ကာလလို့ပြောရမှာပေါ့။ ဆဲလိုက်တော့ တဖက်က တုံ့ပြန်မှုတခုခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ကတော့ အ၀ါရောင် စာနယ်ဇင်းလို့ပဲ မြင်တယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။

ကျင့်ဝတ်နှင့်မညီသော အရေးအသားများကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပုံရိပ်မှာ ထိခိုက်လျက်ရှိပြီး ဆင်ဆာမူဝါဒများနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုတို့ကြောင့် လွတ်လပ်သော မီဒီယာများ ရှားပါးသွား၍ ယခုအချိန်တွင် အမှန်တကယ်လွတ်လပ်သော သတင်း မီဒီယာများ ပေါ်ထွက်လာစေရန် အရေးကြီးကြောင်း ပဲ့တင်သံ ဂျာနယ် တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)ကလည်း ပြော သည်။

“အချက်အလက်နဲ့ဝေဖန်ထောက်ပြနိုင်ရင် ဂျာနယ်တစောင်၊ သတင်းထောက်တယောက် အကျိုးထက် တိုင်းပြည်အတွက်ပါ အကျိုး ရှိနိုင်တယ်။ ခရိုနီတွေရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ မသမာမှုတွေ အခွန်ရှောင်မှုတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ဖော်ထုတ် နိုင်တယ် ဆိုရင်တော့ ကောင်းပါတယ်။ သတင်းဖတ်တဲ့သူတွေမှာ Right to Know လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့်ရှိဖို့ လိုသလို သတင်း ပေးတဲ့ Source(သတင်း ရင်းမြစ်) နဲ့ သတင်းကို ဆန်းစစ်ခံရတဲ့ သူတို့ဘက်မှာလည်း ပြောရေးဆိုခွင့် ဆိုတာ ရှိရမယ်”ဟု မသီတာ(စမ်းချောင်း)က ဆိုသည်။

လက်ရှိအခြေအနေအရ သူရိယနေ၀န်း ဂျာနယ်ကို တရားစွဲဆိုရန် စီစဉ်နေပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အချက်အလက် များ စုဆောင်းလျက်ရှိကြောင်း ထူးကုမ္ပဏီ အုပ်စု ရုံးအဖွဲ့မှူး ဦးညီညီအောင် က ဧရာဝတီသို့ ပြောသည်။

“တရားစွဲနိုင်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်။ တိုင်ပင်နေတယ်။ သူရိယနေ၀န်းကိုပဲ တရားစွဲဖို့ လုပ်မှာပါ”ဟု ဦးညီညီ အောင် က ပြောပြသည်။

ဦးတေဇမှာ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းရှင်ဖြစ်သောကြောင့် စာစောင်များက စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမြင်အမျိုးမျိုးဖြင့် ရေးသားနေကြသည်မှာ ပြဿနာမရှိကြောင်း၊ သို့သော် သူရိယနေ၀န်းဂျာနယ်မှာ ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်မှုများသာမက အလွန် ဆိုး ၀ါး လာသောကြောင့် ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

“တော်ရုံတန်ရုံ ကိစ္စဆိုရင် တိုင်းရေးပြည်ရေး မီဒီယာ ကိစ္စတွေကို အကုန်လုံး နားလည်ပါတယ်။ ဘာမှမပြောပါဘူး ။ သူရိယ နေ ၀န်း ကတော့ လူပုဂ္ဂိုလ်အနေနဲ့ ခြိမ်းခြောက်တာတွေရော တခြားကိစ္စတွေရော တော်တော် ဆိုးဆိုးဝါးဝါး မို့လို့ပါ”ဟု ဦးညီညီအောင် က ပြောဆိုသည်။

သူရိယနေ၀န်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကမူ ဦးတေဇ၏ သူရိယနေ၀န်း အပေါ် တုံ့ပြန်လာမှုကို လုံးဝအံ့သြခြင်း မရှိဘဲ ကမ္ဘာ့သမိုင်းတွင် တရားလိုမှ တရားခံဖြစ်သွားသော ဖြစ်စဉ်များစွာရှိသောကြောင့် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ပြီး မည်သည့် အခြေအနေတွင်မှ နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ကြောင်း ပြောသည်။

“ကျနော်တို့လို လူထုဘက်ကရပ်တည်နေတဲ့ ဂျာနယ်တစောင်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ သဘောသဘာဝတွေကိုက အာဏာရှင် ကရော၊ အာဏာပိုင်ကရော၊ ခရိုနီတွေကရော အထူးသဖြင့် သူရိယအလင်းနဲ့ သူရိယနေ၀န်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့၊ ပါဝင်ရေးသား ခံရတဲ့ ခရိုနီဇာတ်ကောင် အကြီးကြီးတွေအနေနဲ့ ကျနော်တို့ကို တနေ့မဟုတ် တနေ့ ဒီလိုလုပ်လာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။ တခုပြောချင်တာက တရားစွဲမယ့်လူကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ် ဆိုတာမျိုးက ကမ္ဘာ့သမိုင်းမှာ ပြည့်နှက်နေတာပါပဲ”ဟု ဦးမိုးဟိန်းက ဆိုသည်။

ပြည်တွင်ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခရိုနီစနစ် အမြစ်ဖြုတ်ရေးဆိုသော အချက်များနှင့် ညီညွှတ်သော ဆောင်း ပါး၊ သတင်းများ အားလုံးကို ဆက်လက်ဖော်ထုတ်ပြီး ပြည်သူလူထု၏ တထောင် တန်သော ပိုက်ဆံကို တကျပ်နှင့် ယူထားသော ကိစ္စရပ်များကို ဆက်လက် ဖော်ပြပေးရမည်မှာ သူရိယအလင်း၏ တာဝန် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ၈၈ ကတည်းကစပြီး တခါမှ နောက်ပြန်မလှည့်ခဲ့ဘူး။ ကျနော်တို့ ၈၈ ကျောင်း သား ခေါင်းဆောင်တွေက ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ကိုပဲ ရအောင်ထိုးဖောက်တာ”ဟု ဦးမိုးဟိန်းက ဆိုသည်။

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်

 
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

ဆန္ဒပြသူထောင်ပေါင်းများစွာဟာ အင်္ဂါနေ့မှာ ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းထားပြီး တညလုံး ဆက်ပြီး ဆန္ဒပြမယ်လို့ ကြွေးကြော်နေကြပါတယ်။ ဘန်ကောက်က ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးတွေရဲ့ တချို့နေရာတွေကို ဆန္ဒပြသူတွေက တနင်္လာနေ့ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး တခြားအစိုးရ အဆောက်အဦး အတော်များများရဲ့ အပြင်ဘက်တွေမှာလည်း စခန်းချထားကြပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး  သူ့ရဲ့အစိုးရအဖွဲ့ကို ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ဆန္ဒပြသူတွေက စွပ်စွဲနေကြပါတယ်။

ဒီဆန္ဒပြမှုတွေကို အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဦးဆောင်နေတာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း အယုံအကြည်မရှိ အဆိုအတွက် ငြင်းခုံဆွေးနွေးမှုတွေ လုပ်နေတာပါ။ ဒါပေမဲ့ ဝန်ကြီးချုပ် ယင်းလတ်ကတော့ သူနှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ မစ္စစ် ယင်းလတ်ရဲ့ ဖွေထိုင်း (Pheu Thai) ပါတီဟာ လွှတ်တော်မှာ အမတ်နေရာ အများစုကို ရထားတာပါ။

ထိုင်းနိုင်ငံမှာ ၂၀၁၀ တုန်းကဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြမှုတွေနောက် အခု လမ်းမတွေပေါ်ထွက် ဆန္ဒပြမှုဟာ အကြီးမားဆုံးဖြစ်ပါတယ်။ အဲဒီတုန်းက ဆန္ဒပြသူတွေကို စစ်တပ်က ချေမှုန်းခဲ့တဲ့အတွက် လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ရတာမို့ အခု လူထုဆန္ဒပြပွဲတွေ ရပ်စဲစေဖို့အတွက် စစ်တပ်ကို မသုံးဘူးလို့ ဝန်ကြီးချုပ် ယင်းလတ် က ပြောပါတယ်။

အပစ်ရပ်ဖို့က ပထမလို့ တိုင်းရင်းသားတွေ သဘောတူ

 
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို အရင် လက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ သဘောတူလိုက်ပါတယ်။

ချင်းမိုင်မြို့မှာ ဒီကနေ့ကစပြီး ၃ ရက်ကြာ ဆွေးနွေးမှာဖြစ်တဲ့ လိုင်ဇာ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖေါ်ဆောင်ရေး ကော်မတီ အစည်းအဝေးက ခုလို သဘောတူလိုက်တာဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ခင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ် ရေးထိုးဖို့ အတွက် စာချုပ်မှာ ပါမယ့် အချက်တွေကို ဒီဆွေးနွေးပွဲမှာ ပြုစုမှာဖြစ်ပြီး ယခင်က လိုင်ဇာသဘောတူညီချက်မှာ လက်မှတ် မထိုးရသေးတဲ့ ကချင်နဲ့ ပလောင် အဖွဲ့တွေလည်း ခုတခါမှာ ပါဝင် လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

စစ်တပ်က ပေးထားတဲ့ စာချုပ်နဲ့ လိုင်ဇာမှာ တိုင်းရင်းသားတွေ ဆုံးဖြတ်ထားတဲ့ အချက်တွေ အားလုံး ပါဝင်နိုင်အောင် ညှိနှိုင်းနေတယ်လို့ ယူအဲန်အက်ဖ်စီ ညီညွှတ်သော တိုင်းရင်းသားများ ကောင်စီ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။ လိုင်ဇာ အစည်းအဝေး မတက်ရောက်ခဲ့တဲ့ ဝနဲ့ မိုင်းလား အဖွဲ့တွေ ပါဝင်လာနိုင်ရေး အတွက် ယူအဲန်အက်ဖ်စီက ကိုယ်စားလှယ် လွှတ်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

စစ်တပ်က ပေးထားတဲ့ စာချုပ်ထဲမှာ တိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ အချက်တွေကတော့ စစ်သားသစ် စုဆောင်းခွင့် မရှိ၊ လူအင်အားနဲ့ လက်နက်အင်အား စာရင်း ပေးရန် နဲ့ လူထုကြားမှာ ဆက်ကြေး မကောက်ရ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

တိုင်းရင်းသားဘက်က တောင်းဆိုတဲ့ ဖယ်ဒရယ်စစ်တပ် ဖွဲ့စည်းရေးကိုလဲ အစိုးရဘက်က လက်မခံနိုင်ဘူးလို့ သိရပြီး ဒါတွေဟာ နောင်ဆွေးနွေးပွဲတွေမှာ ဒီအချက်တွေကို အဓိကထား ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ

ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။

အာဖဂန်တွင် ကျောက်တုံးဖြင့်ပစ်ပေါက် သေဒဏ်ပေးမှု ပြန်ကျင့်သုံးဖွယ်ရှိ

အာဖဂန် နစ္စတန်တွင် လူမှုရေး ဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ပစ်ပေါက် သေဒဏ်ပေးသော အလေ့အထကို ပြန်လည် ကျင့်သုံးရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၂)နှစ်က အာဖဂန်ကို တာလီဘန်တို့ ကြီးစိုးစဉ်က ကျင့်သုံးခဲ့သော ဘာသာရေးနှင့် ဆက်နွယ်သည့် ပြစ်ဒဏ်ကို လူ့အခွင့်အရေး အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချထားသည်။ ယခုအခါ နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေတွင် ယင်းနည်းလမ်းဟောင်းကို တစ်ကျော့ပြန် အသုံးပြုရန် ဆွေးနွေးမှုများ ရှိနေပြီး ဥပဒေ မူကြမ်းကိုပင် ရေးဆွဲနေပြီဟု ဆိုသည်။ အကယ်၍ ယင်းမူကြမ်းကို အတည်ပြုချက် ပေးနိုင်ခဲ့ပါက အပြစ်ရှိသူများကို လူအများရှေ့တွင် ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ် သေဒဏ်ပေးမှုမျိုး ပြန်လည် ကျင့်သုံးလာမည် ဖြစ်သည်။

ယင်းစည်းမျဉ်းတွင် လူတစ်ဦး အပြစ်ရှိကြောင်း မျက်မြင်သက်သေ (၄)ဦးက ထွက်ဆိုလျှင် ပြစ်ဒဏ်ချမှတ်ရန် လုံလောက်သွားပြီဟု ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အသစ်ပြန်လည် ရေးသားနေသည့် အာဖဂန် ပြစ်မှုဆိုင်ရာ ဥပဒေများတွင် ယင်းစနစ် ပြန်လည် သက်ဝင်လာမည့် အရိပ်လက္ခဏာမျိုး မြင်နေရခြင်းအတွက် အလွန်တုန်လှုပ်မိကြောင်း ပြောကြားထားသည်။ အစ္စလာမ်မစ် ရှယ်ရီယာဥပဒေ ကော်မတီတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေသည့် ဥပဒေပညာရှင် ရိုဟူလာ ကွာရီဇာဒါကလည်း အကယ်၍ ဥပဒေ အတည်ဖြစ်လာပါက စွဲချက်တင်ခံရသူကို မျက်မြင်သက်သေ (၄)ဦး၏ ထွက်ဆိုချက် ခိုင်မာမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ "လူမှုရေး ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ဆိုင်ရာ ရေးဆွဲမှုတွေက မူကြမ်းအဆင့်မှာပဲ ရှိပါသေးတယ်။ ဒီဥပဒေအရ မျက်မြင်(၄)ယောက်ဆီက ထွက်ဆိုချက်ရရင် ကျောက်တုံးနဲ့ ပေါက်သတ်ပြီး ပြစ်ဒဏ်ပေးနိုင်ပါလိမ့်မယ်"ဟု ကွာရီဇာဒါက ဆိုသည်။

ဥပဒေအရ လူမှုရေး ဖောက်ပြန်မှု စွဲချက်တွင် အပြစ်ရှိကြောင်း ထင်ရှားပါက ပါဝင်ပတ်သက်သူ အမျိုးသား၊ အမျိုးသမီးများကို ကြိမ်ဒဏ်နှင့် ကျောက်တုံးနှင့် ပေါက်သတ်သည့် သေဒဏ်တို့အနက် တစ်ခုခုကို ပေးအပ်နိုင်ကြောင်း ဥပဒေမူကြမ်း အပိုဒ်(၂၁)တွင် ဖော်ပြထားသည်။ အပိုဒ်(၂၃)တွင်မူ ယင်းပြစ်ဒဏ် ချမှတ်မှုကို လူမြင်ကွင်းတွင် ပြုလုပ်ရမည်ဟု ရေးသားထားကြောင်းလည်း ဆိုသည်။ တာလီဘန်တို့သည် အာဖဂန်ကို အုပ်စိုးခဲ့သည့် (၁၉၉၆)မှ (၂၀၀၁)ခုနှစ်အတွင်း ယင်းဥပဒေကို ကျင့်သုံးခဲ့သည်။ ထိုစဉ်က အမျိုးသမီးများသည် မိမိတို့စိတ်သဘောအတိုင်း အပြင်ထွက် သွားလာခွင့် မရှိသလို ကျောင်းတက်ခွင့်လည်း မရခဲ့ဟု သိရှိရသည်။

 
Twitter Bird Gadget