ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, February 28, 2014

CCleaner Business Edition v4.11.4619 Full Serial Key (Up Date)


ကွန်ပြူတာ System နဲ့ Internet Browser တွေကို သန့်ရှင်းပေးနိုင်တဲ့ Cleaner တွေထဲမှာတော့ CCleaner က နာမည်ကြီး Cleaner တစ်ခုပါဘဲ။ အခုလည်း Business Edition အနေနဲ့ Version အသစ်ထွက်လာလို့တင်ပေး လိုက်တာပါ။ PC System , Registry , အစရှိတဲ့အထဲက မလိုအပ်တာတွေကို ရှင်းလင်းပေးပြီး Error တွေကို Fix လုပ်ပေးတဲ့အတွက် မိမိရဲ့ PC ကလည်းအသုံးပြုရတာ အရင်ထက်ပေါ့ပါးစေမှာဖြစ်ပါတယ်ဗျာ။ သူ့မှာ လည်း Uninstall Tool ပါတဲ့အတွက် မလိုအပ်တဲ့ Software တွေကို Uninstall လုပ်ပေးနိုင်ပါတယ်ဗျာ။ Window တက်နေတုန်းမှာ Run မထားစေချင်တဲ့ Program တွေကိုပိတ်ထားနိုင်တဲ့အတွက် Window အတက်လည်း ပိုပြီးမြန်လာစေမှာဖြစ်ပါတယ်ဗျာ။ လိုင်စင်အတွက်လည်း Serial Key ကိုထည့်ပေးထားပါတယ်ဗျာ။ DLL File ကိုလည်း ထည့်ပေးထားပါတယ်ဗျာ။ "C:\Program Files\CCleaner" ထဲကို DLL File ကို Copy to Paste လုပ်ပေးလိုက်ရင် Full Version အဖြစ်အသုံပြုနိုင်ပါပြီဗျာ။ အသေးစိတ်ကိုလည်းအောက်မှာရေးပေးထားပါ တယ်ဗျာ။

 
 
 
 
 
 
 

ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ


ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။

လောင်စာဆီသိုလှောင်မှုများအား စစ်ဆေးအရေးယူခြင်းနှင့်ပတ်သက်ပြီး ကြို့သုံးပင်ရပ်ကွက်နေ ဆီသိုလှောင်ရောင်းချသူ ဦးနံပွီးက ”ကျွန်တော်အခု ဆီပီပါ ၈ လုံး ပါသွား တယ်။ နွေပေါက်တော့ ၁ ပီပါလောက်ထားပါလို့ သူတို့က ပြောတယ်။ အခုတင်ပဲဖမ်းရင်း ပြောသွားတာပါ။ အရင်က ခရက၊ မယက အစည်းအဝေးတွေ မှာ နွေ ပေါက် တဲ့အခါများများမသိုလှောင် နဲ့ ဝေးဝေးတွေမှာ ထားပါလို့ပြောထားတာတော့ ရှိပါတယ်”လို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ်ရဲဌာနသို့သွားရောက် မေးမြန်း ရာတွင်မြို့နယ်ရဲစခန်း တာဝန်ရှိသူ ရဲဝန်ထမ်းတစ်ဦးက ”ဒီအမှုတွေက ရဲအရေးပိုင်အမှုတွေ မ ဟုတ်ပါဘူး။ တရားရုံးကပဲ စစ်ဆေးမှာပါ။ အချက်အလက်ကလေးတွေတော့ ရှိပါတယ်”ဟု ပေါ်ပြူလာနယူးစ် သို့ ဖြေကြားခဲ့သည်။ ဆီသိုလှောင်မှု ပမာဏတစ်ပီပါ ထက်ကျော်သော သိုလှောင်မှုများကို လိုက်လံစစ်ဆေးအရေးယူပြီး တစ်ပီပါထက်ပိုသောဆီ များအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး အရေး ယူမှုအနေဖြင့် သတ် မှတ်ချက်ထက် ကျော်လွန်သောဆီသိုလှောင်သူ များ ရောင်းချသူများ အား ဒဏ်ကြေးငွေ ကျပ် ၅ဝဝ အား ချမှတ်ခဲ့ကြောင်း သိရသည်။

ယခင်က ၎င်းတို့ဆီဆိုင်များအတွက်သီးသန့်နေရာသတ်မှတ်ပေး သည့် နေ ရာတွင် ရောင်းခဲ့ကြောင်း ယခုဆီအရောင်း ဇုန်သတ်မှတ်ပေးရန် လည်းလိုအပ်ကြောင်း ယခု အစိုးရအနေဖြင့် သတ်မှတ်ပေးထားခြင်းမရှိသေး ပဲ စစ်ဆေးအရေးယူမှု လုပ်ခြင်းထက် သတ်မှတ်နေရာတွေ စီစဉ်ပေးပြီးမှ လုပ်တာက ပိုကောင်းမယ်ထင်ကြောင်း ဆီ သိုလှောင်မှုတွင် အရေးယူခံခဲ့ရ သူ ဆီဆိုင်ရှင်တစ်ဦးက ပြောပြချက်အရ သိရသည်။

ဆက်လက်ပြီး ၎င်းက ”တကယ်တော့ ဒီလိုဆီသိုလှောင်တာတွေကို ဖမ်းဆီးစစ်ဆေးတာဟာ တရားမမျှတဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က မြို့ပြင်ဘက်ကျတဲ့နေ ရာမှာ ရောင်းတာ။ ရပ်ကွက်သစ် သတ်မှတ်တာတောင် တစ်နှစ်လောက်ပဲ ရှိသေးတယ်။ မြို့ထဲမှာ တကယ်ကို အန္တရာယ်ရှိပြီး လူဦးရေ ထူထပ်တဲ့နေရာတွေမှာ ပီပါနဲ့ချ ပြီး ရောင်းနေ တာတွေ ရှိတယ်။သူတို့ကျတော့ အရေးယူခံရတဲ့အထဲမှာ မပါဘူး” ဟုလည်း ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ လောင်စာဆီသိုလှောင်မှုတွင် မြို့ နယ်ရဲ တပ်ဖွဲ့မှတ်တမ်းအရ ဆီသို လှောင်သူလေးဦး အရေးယူခံရကြောင်း သိရပြီး လောင်စာဆီ အက်ဥပဒေပုဒ်မ ၂၃ ဖြင့် အရေးယူခံခဲ့ရကြောင်း လည်း သိရသည်။

ချစ်သူမောင်

Popular Myanmar News Journal

မြင်းမူ မြို့နယ်တွင် ရဲတပ်ဖွဲ့နှင့် ဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

မန္တလေး၊ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၇၀ ဦးခန့်သည် ယင်းကျေးရွာသို့ လာရောက်ကာ ရွေးချယ်ပွဲကို ကြီးကြပ်ပေးကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

လက်ရှိတွင် ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြယ်ခဲ့ကြောင်း ယင်းဒေသခံ ဦးသိန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေသို့ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်သူ အများစု၏ ဆန္ဒဖြင့် ဦးကျော်ဆွေသည် ဆယ်အိမ်စုမဲ ၄၇ မဲဖြင့် အနိုင်ရ ရွေးချယ် ခံခဲ့ရသော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများက ယနေ့တိုင် အတည်ပြု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းကာလက ရွေးကောက်ခံရသူ ဦးကျော်ဆွေက The Voice သို့ ပြောကြားသည်။

ရပ်မိရပ်ဖ ငါးဦးဖြင့် ကြီးကြပ် ရွေးချယ်ရမည် ဖြစ်သော်လည်း သုံးဦးကသာ လုပ်ငန်း ကြီးကြပ် ဆောင်ရွက်ခဲ့သဖြင့် မြို့နယ်က မိမိ အနိုင်ရရှိသည်ကို အတည်ပြု မပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အများပြည်သူ ဆန္ဒနဲ့ ဦးကျော်ဆွေကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့ဆန္ဒ အတိုင်းသာ ဖြစ်သင့်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ အလိုရှိပါတယ်” ဟု ယင်းကာလက ကြီးကြပ် ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကျေးရွာသူ၊ ကျေးရွာသား အများစုက လက်မခံခြင်းနှင့် ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။

အဆိုပါ ပဒတ္ထိုင်း စံပြကျေမန္တလေး၊ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နှင့် ၁၄ မိုင်ခန့် ဝေးသော ပဒတ္ထိုင်း စံပြ ကျေးရွာတွင် မူလက ရွေးချယ်ထားသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အတည်ပြုနိုင်ခြင်း မရှိသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရွေးချယ်ပွဲ ထပ်မံ ပြုလုပ်ရာ ကျေးရွာ ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာ အုပ်ချုပ်ရေးမှူး လာရောက် ရွေးချယ်ပေးမှုကို ကန့်ကွက်ကြကြောင်း၊ ယင်းကန့်ကွက်မှုကို ရဲတပ်ဖွဲ့ဝင်များက ဟန့်တားရန် လုပ်ဆောင်ရာမှ ကျေးရွာ ဒေသခံများနှင့် ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ယင်းသို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိကြောင်း အဆိုပါရုံး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြန်လည် ဖြေကြားသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ်ရန် ခရိုင်မြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၇၀ ဦးခန့်သည် ယင်းကျေးရွာသို့ လာရောက်ကာ ရွေးချယ်ပွဲကို ကြီးကြပ်ပေးကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

လက်ရှိတွင် ဆယ်အိမ်စုမှူး ကိုယ်စားလှယ်များသာ ရွေးကောက် တင်မြှောက်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြယ်ခဲ့ကြောင်း ယင်းဒေသခံ ဦးသိန်းဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေသို့ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်သူ အများစု၏ ဆန္ဒဖြင့် ဦးကျော်ဆွေသည် ဆယ်အိမ်စုမဲ ၄၇ မဲဖြင့် အနိုင်ရ ရွေးချယ် ခံခဲ့ရသော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများက ယနေ့တိုင် အတည်ပြု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ယင်းကာလက ရွေးကောက်ခံရသူ ဦးကျော်ဆွေက The Voice သို့ ပြောကြားသည်။

ရပ်မိရပ်ဖ ငါးဦးဖြင့် ကြီးကြပ် ရွေးချယ်ရမည် ဖြစ်သော်လည်း သုံးဦးကသာ လုပ်ငန်း ကြီးကြပ် ဆောင်ရွက်ခဲ့သဖြင့် မြို့နယ်က မိမိ အနိုင်ရရှိသည်ကို အတည်ပြု မပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“အများပြည်သူ ဆန္ဒနဲ့ ဦးကျော်ဆွေကို ရွေးချယ်ခဲ့တာပါ။ ပြည်သူ့ဆန္ဒ အတိုင်းသာ ဖြစ်သင့်ပါတယ်။ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမှူးကိုပဲ အလိုရှိပါတယ်” ဟု ယင်းကာလက ကြီးကြပ် ရွေးချယ်ရေး အဖွဲ့တွင် ပါဝင်ခဲ့သူ ဦးသိန်းဝင်းက ဖြည့်စွက် ပြောကြားသည်။

ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ကျေးရွာသူ၊ ကျေးရွာသား အများစုက လက်မခံခြင်းနှင့် ကန့်ကွက်မှုများကြောင့် အောင်မြင်မှု မရှိခဲ့ပေ။

အဆိုပါ ပဒတ္ထိုင်း စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသည် ယခုအကြိမ်နှင့် ဆိုပါက ၁၀ ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ တစ်ကျောင်းရှိသည်။


းရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲသည် ယခုအကြိမ်နှင့် ဆိုပါက ၁၀ ကြိမ် ရှိပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ခန့်၊ မူလတန်းကျောင်း နှစ်ကျောင်းနှင့် အလယ်တန်း ကျောင်းခွဲ တစ်ကျောင်းရှိသည်။


အစိုးရရဲ့ ပိတ်ပင်မှုကို MSF ထိတ်လန့် အံ့သြ

ရခိုင်ပြည်နယ်ထဲက MSF ဆေးခန်းတခု (ဓာတ်ပုံ MSF Myanmar)
နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာပြည်ထဲက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့် ရပ်နားထားဖို့ အစိုးရက ညွှန်ကြား ခဲ့တာနဲ့ ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ် မိတယ်လို့ ပြောလိုက် ပါတယ်။

သူတို့ လုပ်ငန်းတွေ ရပ်လိုက်ဖို့ ရခိုင်ပြည်နယ်အစိုးရက ဗုဒ္ဓဟူးနေ့က အကြောင်းကြားခဲ့ပါတယ်။

MSF ရဲ့ ရခိုင်ပြည်နယ်ထဲမှာ ပေးနေတဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတယ်၊ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွတ်က ဘီဘီစီကို ပြောပါတယ်။

မကြာခင်သေးခင် လပိုင်းတွေကစလို့ စစ်တွေနဲ့ တချို့မြို့တွေမှာ ဒေသခံတွေက MSF နဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေ ရခိုင်ပြည်နယ်ထဲက ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်လာခဲ့ပါတယ်။

ဘာသာလူမျိုး မခွဲပဲ ကုပေးနေတယ်လို့ ဆိုပါတယ်(ဓာတ်ပုံ MSF Myanmar)
MSF ကတော့ သူတို့ ပေးနေတဲ့ အကူအညီ တွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်တွေ အတိုင်းပဲ လူမျိုး၊ ဘာသာ၊ ကျားမ ခွဲခြားမှု မရှိပဲ ပေးနေတာ ဖြစ်ပြီး ရခိုင်ပြည်နယ် ထဲမှာ ဆိုရင် ဌက်ဖျားရောဂါ ခံစား နေရသူပေါင်း တစ်သန်းကျော်ကို ဆေးဝါး ကုသပေးခဲ့ပြီးပြီ လို့ဆိုပါတယ်။

အစိုးရရဲ့ အမိန့်ကြောင့် သူတို့ လုပ်ငန်းတွေ ရပ်ထား လိုက်ရတဲ့ အတွက် MSF ဆေးခန်းတွေက ဆေးဝါးရယူနေသူတွေ၊ ဆေးကုသမှု ခံယူနေသူတွေ သောင်းချီပြီး ကျန်းမာရေး စောင့်ရှောက်မှု မရတော့မှာ ကိုလည်း စိုးရိမ် ပါတယ်လို့ MSF ရဲ့ ထုတ်ပြန် ကြေငြာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အခုလောလောဆယ်တော့ သူတို့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုဖို့ MSF က အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

အခုလို နိုင်ငံတကာ အဲန်ဂျီအို တခုကို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဖိအားပေးချင်တဲ့ လုပ်ရပ် အဖြစ် ဝေဖန်ခံရနိုင်ကြောင်း ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ သုတေသီ ဦးအောင်သူငြိမ်းက ပြောပါတယ်။ တဖက်မှာလည်း အဲန်ဂျီအိုတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ တာဝန်ခံမှုနဲ့ အလုပ်လုပ်ကိုင် သင့်ပါတယ်လို့ သူက ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်


MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေအားလုံးကို မြန်မာအစိုးရက တဖက်သတ်ဆုံးဖြတ်ချက်နဲ့ ရုတ်တရက် ရပ်ဆိုင်းလိုက်ဖို့ အကြောင်းကြားတဲ့အပေါ်မှာ အရမ်းအံ့အားသင့်မိကြောင်းနဲ့ အခုလို သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့အတွက် လက်ရှိ ကြည့်ရှု စောင့်ရှောက်နေတဲ့ ထောင်နဲ့ချီတဲ့ လူနာတွေရဲ့ ကံကြမ္မာကို စိုးရိမ်မိကြောင်း MSF – Hollands က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူး လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါးကုသမှုတွေ ခံယူလို့မရတော့ဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် MSF က လက်ရှိ ဆေးကုသမှုပေးနေတဲ့ HIV/AIDS ဝေဒနာသည် ၃ သောင်းနဲ့ တီဘီရောဂါဝေဒနာသည် ၃ ထောင်ကျော်ကို အကြီးအကျယ် ထိခိုက်နစ်နာစေမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ရှိနေကြပြီး လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဒုက္ခသည်တွေကို အခြေခံ ကျန်းမာရေး ကုသမှုတွေ ပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း MSF ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

MSF အဖွဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ဘက်မလိုက်ပဲ လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကတော့ ရခိုင်ပြည်နယ်အတွင်းက MSF ရဲ့ လုပ်ငန်းတွေကိုသာ မြန်မာအစိုးရက ရပ်ဆိုင်းတာ ဖြစ်တဲ့ အကြောင်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံတွင်း ဒေသအလိုက် MSF လုပ်ငန်းများ Photo Credit to http://www.msf.org

ဒုချီးရားတန်း စုံစမ်းရေး အစီရင်ခံစာ သမ္မတကိုပို့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာမှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက် သောကြာနေ့က သမ္မတထံ တင်သွင်းလိုက် ပါတယ်။

ရဲတပ်ကြပ်ကြီး တစ်ယောက် ပျောက်ဆုံးနေပြီး ရွာသားတွေလည်း အသတ်ခံရတာ နေအိမ် မီးရှို့ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်က လွတ်လွတ် လပ်လပ် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရွာသူရွာသား ၁ဝဝ ကျော်လောက်နဲ့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တဲ့ အပြင် အဖမ်းခံ ထားရသူ ၁၆ ယောက် ကိုလည်း ထောင်ထဲမှာ တွေ့ခဲ့တယ်၊ အဲဒီထဲက အသက်ကြီးသူ၊ နာမကျန်း ဖြစ်သူ ၅ ယောက်လောက် ကိုလည်း ပြန်လွှတ် ပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

စွပ်စွဲချက်တွေ အမျိုးမျိုး ရှိနေပေမဲ့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေတော့ မတွေ့ခဲ့ ဘူးလို့ ပြောပါတယ်။

အခင်း စတင် ဖြစ်ခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက်နေ့ ညက ပျောက်ဆုံး သွားခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ အထောက်အထား တချို့တွေ့ခဲ့ရ ပေမဲ့ အလောင်း မတွေ့တဲ့အတွက် သေဆုံးပြီးလို့ ကောက်ချက် မချနိုင်ဘဲ ပျောက်ဆုံး သူအဖြစ်သာ သတ်မှတ်ထား ပါတယ်။

အဲဒီညမှာပဲ ပစ်ခတ်မှု တွေကြောင့် သေဆုံး တယ်ဆိုပြီး ဒုချီးရားတန်း ရွာသားတွေ ပြောကြတဲ့ အရေအတွက်ကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

ဇန္နဝါရီ ၂၈ ရက်နေ့ ညက ရွာမီးလောင်မှုဟာ တပြိုင်တည်း ကွက်ကြား လောင်တဲ့အတွက် မီးရှို့မှုလို့ သုံးသပ်နိုင် ပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာကိုတော့ သုံးသပ်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း စုံစမ်းရေး အဖွဲ့ဝင်တစ်ယောက် ပြောပါတယ်။

အစိုးရဘက်က ပြောသလို ကောက်ရိုး အထုံးတွေ နဲ့ ရှို့တယ်ဆိုတဲ့ အထောက် အထားတော့ မတွေ့ရဘူး၊ အိမ်အမိုးတွေက သက်ကယ်လို အမိုးမျိုး ဖြစ်လို့ မီးလောင် လွယ်တယ်လို့လည်း ဘီဘီစီက မေးမြန်းခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တွေက ပြောပါတယ်။

အစီရင်ခံစာထဲမှာ မေးမြန်းချက်တွေ၊ တွေ့ရှိချက် တွေကို အစုံအလင် ဖေါ်ပြထားတယ်လို့ ကော်မရှင်အဖွဲ့ဝင် တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ပြီးခဲ့တဲ့နှစ်က သံတွဲမှာ ဖြစ်ခဲ့တဲ့ မီးရှို့မှုတွေကြောင့် ပျက်စီးမှု မြင်ကွင်း

၈ပူးတွေကတော့ ပြည်သူကိုမြေဇာပင် စစ်တလင်းဖြစ်အောင်လုပ်ဖို့ပြောလိုက်ပြီ......



ခင်းဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် 
သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့မှာလား....

ခင်ဗျားတို့ကြောင့် ၈၈ မှာတိုင်းပြည်လည်း အလူးအလဲခံလိုက်ရပြီ....
ခင်ဗျားတို့ဘာသာ ပန်းချီဆွဲလိုက် စာရေးလိုက် ပြည်ပအလှူရှင်တွေဆီက ဖန်ထောင်စားလို့ဘာမှမပြောဘူး.....

ဂျော့စိုးရော့စ်ဆီက ဒေါ်လာတွေနဲ့တသက်စားမကုန်တာလည်း ဘာမှမပြောဘူး...
စာပေဟောပြောပွဲတစ်ပွဲသိန်းနဲ့ချီမရရင် မလိုက်တာလည်း ဘာမှမပြောလိုဘူး....


ပွင့်လင်း၈၈ အမည်ခံပြီး စာအုပ်ထုတ်လို့စာအုပ်ရောင်းရငွေကို အခွန်မဆောင်တာလည်းဘာမှမပြောလိုဘူး....
ပြည်ပအလှူရှင်တွေဆီက အလှူငွေတစ်ဝက်ကို ဘုမ်း တစ်ဝက်ကိုလှူပြီး အလှူလက်ဖတ်နဲ့ မျက်နာလုပ် အစိုးရသောက်တင်းတုတ်တာလည်း ဘာမှမပြောလိုဘူး.....

အေး....
ဒါပေမဲ့ ၈၈ကလို လူထုအုံကြွမှုဖြစ်အောင်ဖန်တီးပြီး....
တိုင်းပြည်ဖျက်မဲ့ ခင်ဗျားတို့ရဲ့ ပြည်ဖျက်planတွေကို အပြင်းအထန်ကန့်ကွက်တယ်.....

ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလဟာ.....
ဒီflowအတိုင်းဆက်သွားရင် ၂၀၁၆ မတ်လအလွန် မြန်မာ့နိုင်ငံရေးဟာ အလားအလာအကောင်းဆုံးပဲ....
ကာချုပ်က ထိုင်းနဲ့စလုံးမှာ ဘယ်တော့မှနောက်ပြန်မဆုတ်ပါဘူးလို့တရားဝင်ပြောခဲ့သလို....
ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများရဲ့ သုံးသပ်ချက်အရ Back Fireဆိုတာဖြစ်မလာနိုင်ဘူး....

ဒါပေမဲ့ ခင်ဗျားတို့၈၈ပူးတွေရဲ့ အခုလိုပေါက်လွတ်ပဲစား ပြောကြားချက်ကြောင့် မတော်တဆ လူထုအုံကြွမှုဖြစ်ခဲ့ရင်.....
Constotution အရ တပ်က၂နှစ်အာဏာသိမ်းလိမ့်မယ်.......
အာဏာသိမ်းပြီး တပ်ကပဲဦးဆောင်ရွေးကောက်ပွဲလုပ်ပေး အကုန်တစ်ကပြန်စနေရလိမ့်မယ်.....

တခြားမကြည့်နဲ့ အိမ်နီးချင်းထိုင်းကိုကြည့်ပါ...
လူထုအုံကြွမှုတွေဖြစ် လူတွေသေ ဒဏ်ရာရ အကုန်ပျက်ဆီး
စီးပွားရေးတွေပျက်
ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေနောင့်နှေး...
နောက်ဆုံး တပ်က အာဏာသိမ်းသွားနိုင်တယ်.....

ဒီလိုဆိုရင်
ဒီမိုကရေစီပန်းတိုင်ဟာ လိုသလောက်ခရီးမပေါက်ပဲနေမယ်........

နောက်တစ်ချက်က 
ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလမှာ လူထုဟာ
အစစအရာရာ မြင်သာထင်သာမှုတွေရှိနေတာကြောင့်.....

ခင်ဗျားတို့ပြောတိုင်းလိုက်လုပ်မယ် ထင်ကျသလား....
Constitution ပြင်ဖို့ လမ်းစတွေဒီလောက်ဖွင့်ပေးထားတာဟာ လက်ရှိအစိုးရက ရှဉ်းလည်းလျှောက်သာ ပျားလည်းဆွဲသာဖြစ်အောင် ဖန်တီးပေးထားတာ...
ဒါကို လူထုတိုက်ပွဲ လမ်းပေါ်ထွက် ဘာညာလုပ်ရအောင်....

မြန်မာနိုင်ငံက ဆီရီးယားလည်း မဟုတ်ဘူး
လစ်ဗျားလည်းမဟုတ်ဘူး....
တခြားနိုင်ငံတွေထက် ဒီမိုကရေစီကူးပြောင်းမှုမှာ ညင်သာလွန်းလို့ မြန်မာ့နွေဦးလို့တောင် သတ်မှတ်ထားတာ.....

တစ်ခုပြောချင်တာက
ယနေ့ခေတ်ဟာ ဗိုလ်ချုပ်တို့လက်ထက်ကလို
" ရ ရ မရရ ချ " တဲ့ခေတ်မဟုတ်ဘူး.....

၁၉၈၈ကလို " ရရင် ရ မရရင်ချ "တဲ့ခေတ်မဟုတ်ဘူး.....

ယနေ့ခေတ်ဟာ " ရလည်းမချ မရလည်းမချ " တဲ့ခေတ်ဖြစ်တယ်.....

ပြုပြင်ပြောင်းလည်းမှုတွေလုပ်ဖို့အစစအရာရာလမ်းကြောင်းတွေ ဖွင့်ပေးထားတယ်.....
Constitutionကို ပြင်ဖို့ လွတ်တော်မှာ လမ်းစဖွင့်ပေးထားတယ်.......

ဒေါ်စုသမ္မတဖြစ်မှ ဒီမိုကရေစီရမှာမဟုတ်ဘူး...
ဒီမိုကရေစီလမ်းကြောင်းဟာ သူ့flowနဲ့သူသွားလိမ့်မယ်.....
သမ္မတဖြစ်မှလည်း အာဏာချုပ်ကိုင်နိုင်တာမဟုတ်ဘူး
ဒေါ်စုသမ္မတဖြစ်မှ နိုင်ငံဟာ နတ်ရေကန်ထဲပစ်ချလိုက်သလို တိုးတက်လာမှာမဟုတ်ဘူး.....
နိုင်ငံတိုးတက်ဖို့ အစစအရာရာ တဖြည်းဖြည်း Reformလုပ်ယူရမှာ.......
------------------------------------

၈ပူးတွေကိုပြောချင်တာက
ခင်ဗျားတို့စကားကြောင့်နိုင်ငံ ၈၈ ကလို အုံကြွမှုတွေဖြစ်ပြီး....
အစစအရာရာ စုတ်ပျက်သက်သွားရင် 
သမိုင်းတကွေ့ပြန်လှည့်လာရင်....

ခင်ဗျားတို့တစ်ဖွဲ့လုံး 
သမိုင်းတရားခံဖြစ်သွားလိမ့်မယ်.....

သမိုင်းတရားခံဖြစ်သွားလိမ့်မယ်။ 

Wednesday, February 26, 2014

၉၆၉ နှင့် သံဃာများကို တိုက်ခိုက်လျက်ရှိသည့် အစီအစဉ်များမှာ နိုင်ငံရေး ပါတီကြီးတစ်ခုက စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်နေ



ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ နိုင်ငံရေးပါတီကြီးတစ်ခု၏ အစည်းအဝေးအတွင်း ပြောကြားချက် ဟု ယူဆရသော အသံဖိုင်တစ်ခု ပြန့်နှံ့လာခဲ့ရာ ဗုဒ္ဓဘာသာရဟန်းတော်များ၊ အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်ထိုးနှက်သည့် အစီအစဉ်များ ပါဝင်နေကြောင်း သိရှိရသည်။

ယင်းအသံဖိုင်တွင် ဥက္ကဌကြီးကို တိုင်တည်၍ ရှင်းလင်းတင်ပြနေမှုများတွင် လွန်စွာမှပင် အန္တရာယ်ကြီးမားလှသော အစီအစဉ်များ ပါဝင်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စရပ်များပါ ပါဝင်နေသဖြင့် NLD ပါတီ အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာခြင်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း လေ့လာသူများက ယူဆလျက်ရှိသည်။

အချိန်အားဖြင့် ၂ မိနစ်ခန့်သာ ကြာမြင့်သော ယင်းအသံဖိုင်တွင် " ၉၆၉ နဲ့ မြို့ဝင် မြို့ထွက်တွေ ရဲ့လှုပ်ရှားမှုတွေ တိုင်းကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ သူတို့ လုပ်နေတဲ့ အဖွဲ့တွေတိုင်းမှာ ကျွန်တော်တို့ပါတီဝင်တွေဖြစ်သွားအောင်၊ ကျွန်တော်တို့ ပါတီဝင် အင်အားစုတွေကို ကျွန်တော်တို့ တာဝန် ပေးထားပါတယ်" ဟူ၍ ပါရှိရာ ၉၆၉ လှုပ်ရှားမှုများအတွင်း စိမ့်ဝင်ထိုးဖောက်၍ လွှမ်းမိုးမည့် နိုင်ငံရေးပါတီတစ်ခု၏ လျှို့ဝှက်ဆောင်ရွက်ချက်များ ဖြစ်နေကြောင်း သိရှိရသည်။


၎င်းအပြင် အမျိုး ဘာသာ သာသနာရေးကို ဦးဆောင်လှုပ်ရှားလျက် ရှိသည့် ဆရာတော် ဦးဝီရသူနှင့် ပတ်သက်၍လည်း "ဦးဝီရသူ တို့အဖွဲ့ကို ၊ ဖေ့ဘုတ်နဲ့ အွန်လိုင်းပေါ်မှာ ဖိနှိပ် ထားနိုင်ဖို့ အတွက်ကတော့ ၊ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်နေတာလေးတွေက တော်တော်လေးတွေ ခရီးပေါက်နေပါပြီ" ဟု ထည့်သွင်းတင်ပြသွားကြောင်း သိရှိရသည်။ ယင်းတင်ပြချက်အရ လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးဝီရသူနှင့် အမျိုးသားရေး အင်အားစုများကို တိုက်ခိုက်နေမှုများမှာ စနစ်တကျ စီစဉ်ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီကြီးတစ်ခု၏ လုပ်ဆောင်ချက် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ တွေ့ရှိရသည်။

အလားတူ ယခုနောက်ဆုံး NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း "ပုဒ်မ ၄၃၆ ကို ပြင်နိုင်ဖို့ ကတော့ မြို့တိုင်းမှာ ရှိတဲ့ ကျွန်တော်တို့ ပါတီဝင်တွေက နေပြီးတော့ ကျွန်တော်တို့ လူထု ကို စည်းရုံးလှုံ့ဆော်မှုကို ဒီ aရးတာ ဖြန့်တာလေးတွေ လုပ်ဖို့ အတွက်လည်း ကျွန်တော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်" ဟု ထည့်သွင်းတင်ပြသွားခဲ့သည်။ 

အမျိုးသားရေးအင်အားစုများ၏ ဆောင်ရွက်ချက်များကိုလည်း သံဃာတုများ ဟူ၍ သတ်မှတ်ခေါ်တွင်ကာ တင်ပြသွားပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဟု မှတ်တမ်းဝင်ခဲ့သော လှုပ်ရှားမှုကို သံဃာတုများဖြင့် ယင်းပါတီက လုပ်ဆောင်ခဲ့သည့်အချက်အလက်များ ပါဝင်နေသည်။ အသံဖိုင်တွင် "ဦးဝီရသူတို့ အဖွဲ့က ၉၆၉ ကို သူတို့ အင်အားကြီး လာအောင်(၂၀၀၇) သံဃာ့ အရေးအခင်းတုန်းက ကျွန်တော်တို့လုပ်ခဲ့တဲ့ ပုံစံ အတိုင်းပဲ သူတို့ ဘုန်းကြီး အတုတွေကို သုံးပြီး သူတို့ လုပ်ဆောင်နေကြပါတယ်" ဟူ၍ ပါရှိလာခြင်း ဖြစ်သည်။ 

လက်ရှိပြန့်နှံ့လျက် ရှိသော အသံဖိုင်ပါ ပြောကြားချက်များအရ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဦးတည်၍ လူထုစည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်နေသော နိုင်ငံရေးပါတီဖြစ်ခြင်း၊ ၉၆၉ နှင့် ဦးဝီရသူတို့ကို ဖိနှိပ်လိုသော ဆောင်ရွက်ချက်များ ပါရှိခြင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာအတုများ သုံး၍ ဆောင်ရွက်ခဲ့သည့် ပါတီဖြစ်ခြင်း စသည့် အကြောင်းခြင်းရာများအရ NLD ပါတီဟု အများစုက ယူဆလျက် ရှိကြောင်း သိရှိရသည်။

ယင်းအသံဖိုင်နှင့်ပတ်သက်၍ "ဒီအသံဖိုင်ကို နားထောင်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတော်ကြီးကို စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ ကြောက်စရာလည်း ကောင်းပါတယ်။ နိုင်ငံရေးပါတီတွေဟာ အာဏာရဖို့ အမျိုးမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အမျိုး ဘာသာ သာသနာကို ချနင်းပြီး လုပ်တာမျိုးကတော့ ဘယ်ပါတီပဲ ဖြစ်ဖြစ် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စ လို့ပဲ ယူဆပါတယ်။ သမိုင်းကြောင်းမှာ ဘာသာရေးကို အမှုန့်ချေပစ်လိုတဲ့ ကွန်မြူနစ်ပါတီ ဆိုတာ ရှိခဲ့ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေကတော့ ဒါတွေ မသိနိုင်ပေမယ့်လည်း ကြောက်စရာကောင်းပါတယ်။ အခု အသံဖိုင်မှာ ပါတဲ့ ပါတီဟာ ၉၆၉ ကို တိုက်ခိုက် အကြမ်းဖက် ခေါင်းစဉ် အောက် ကို သွင်းပြီး ရည်ရွယ်ချက် ရှိရှိ အပုပ်ချခဲ့တဲ့၊ သာသသနာတော် သိက္ခာကို ရစရာမရှိအောင် လုပ်ဆောင်ခဲ့တဲ့ ယုတ်မာရက်စက်အကြံအစည်တွေ လုပ်နေတယ် ဆိုတဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်မှန်ကို ဖော်ပြလိုက်တာပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ပြန်စဉ်းစားဖို့ လိုလာပြီ။ ဦးဝီရသူကို တိုင်းမ်လိုမဂ္ဂဇင်းကြီး အဖုံးမှာ ပါလာအောင်၊ ဗုဒ္ဓဘာသာကို နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဘယ်သူတွေ လုပ်ခဲ့ သလဲ ဆိုတာလည်း အထင်အရှား ပေါ်ထွက်လာခဲ့ပြီ လို့ ပြောနိုင်ပါတယ်။ အာဏာ ရရှိဖို့ ဘာသာ သာသနာနဲ့ သံဃာတော်တွေကို ဒီလို လုပ်သင့်သလား။ ရတနာသုံးပါးကို ဘာဖြစ်လို့ ဒီလောက်အထိ ရက်ရက် စက်စက် ယုတ်ယုတ်မာမာ လုပ်ခဲ့ကြသလဲ။ လုပ်နေကြသလဲ။ ဒါဟာ သာမန် အစီအစဉ် မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးဟာ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ စနစ်တကျ အကွက်ချ ယုတ်မာ ရက်စက်မှုကို ရင်ဆိုင်နေရပြီ ဆိုတာ အားလုံး နားလည်သဘောပေါက်ကြဖို့ ကောင်းပြီ။ မယုံကြည်နိုင်စရာ သိပ်ကောင်းတဲ့ ယုတ်မာမှုတွေပါ" ဟု အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ တက်ကြွလှုပ်ရှားသူ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုသည်။ 

၎င်းအပြင် လူမှုကွန်ရက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ရတနာသုံးပါးကို တိုက်ခိုက် ဖိနှိပ်သည့် ၀ါဒဖြန့်ချိမှုများကို ပါတီကြီးတစ်ခုက စီစဉ်ဆောင်ရွက် နေခြင်းသည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါတီကြီးတစ်ခုမှ သံဃာတုများဖြင့် စည်းရုံးလှုံ့ဆော်ပြီး ပြည်သူလူထုနှင့် သံဃာတော်များကို နိုင်ငံရေးအရ အသုံးချခဲ့သည့် ဖြစ်ရပ်မှန်များမှာ အော့နှလုံးနာစရာ ဖြစ်နေကြောင်း ၄င်းက ပြောကြားသည်။ 

"ဘုန်းကြီးတို့အနေနဲ့ အမျိုး ဘာသာ သာသနာအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရာမှာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ အကျိုးအတွက်မှ လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ ဒီကနေ့ သံဃာတော်တွေက သဗ္ဗေသတ္တာ ကမ္မသကာ ဆိုပြီး သဘောထားလိုက်ရင် အနာဂတ်နိုင်ငံတော်ရဲ့ ရတနာသုံးပါးအတွက် စိုးရိမ်စရာ ကောင်းတယ် ဆိုတာကို သိမြင်လို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအသံဖိုင်မှာ ပါတဲ့ အချက်အလက်တွေအရ စဉ်းစားကြည့်မယ် ဆိုရင် ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဘာသာကို အကြမ်းဖက် ပုံရိပ်အဖြစ် ပုံဖော်ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ စနစ်တကျ ကြိုးကိုင်နေတဲ့ နိုင်ငံရေးပါတီကြီး တစ်ခု ရှိနေတယ် ဆိုတာ ထင်ရှားနေပြီ။ ဘုန်းကြီးတို့ သံဃာတွေ သိက္ခာကျအောင် အတုအယောင်တွေ ၀င်ပူးပြီး စနစ်တကျ လုပ်ဆောင်နေတာဟာ သာသနာအတွက် သိပ်ကို ကြောက် စရာကောင်းတဲ့ ဓမ္မန္တရာယ်ကြီး ဖြစ်နေတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်နေတဲ့ နိုင်ငံရေးပါတီ ဆိုတာ ဒီနိုင်ငံမှာ တစ်ပါတီတည်းပဲ ရှိတယ်။ အခြား စဉ်းစားစရာ မလိုပါဘူး။ ဘုန်းကြီးတို့ သံဃာနဲ့ ဒါယကာ ပိုပြီး စည်းလုံး ညီညွတ်မှ ဖြစ်တော့မယ်။ ဒီအကြံအစည်တွေကို အချိန်မီ သိလိုက်ရတာ ဘုန်းကြီးတို့ သာသနာတော်အတွက် သိပ်ကို ကံကောင်းပါတယ်။ ကံကြီးပေလို့ ဆိုပြီး မှတ်ယူရမှာပဲ။ ပစ္စုန်ပ္ပန်ရော အနာဂတ်အတွက်ပါ ကောင်းမျိုး ချမ်းသာ ပေးမှာ မဟုတ်တဲ့ ဒီလို လုပ်ရပ်မျိုးဟာ ဒီနေ့ခေတ်မှာ ရှိနိုင်မယ်တောင် မထင်ထားပါဘူး။ ဘုန်းကြီးအနေနဲ့ အရမ်းကို တုန်လှုပ်မိပါတယ်" ဟု အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင်ကို ကြောက်ရွံ့တုန်လှုပ်ရပါ တယ်။ လူ့အခွင့်အရေးတွေ နိုင်ငံတကာစံနှုန်းတွေ မျက်နှာဖုံးတပ်ပြီး ယုတ်မာလှတဲ့ အကြံအစည်တွေနဲ့ ကြိုတင်စီစဉ် တိုက်ခိုက်နေတဲ့ တိုက်ခိုက်မှု အောက်မှာ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ။ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ သာသနာတော်ကို စနစ်တကျ တိုက်ခိုက်နေတာ နိုင်ငံတကာက အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ကျွန်တော်တို့ ယုံကြည်လေးစားထောက်ခံတဲ့ ပါတီကြီး ဖြစ်နေတာကို ကျွန်တော် အံ့သြမိတာပါ။ ယုံကြည်မှုကို သစ္စာဖောက်ဖျက်ခံရတာ၊ ရတနာသုံးပါးကို ချိုးဖျက်ခံရတာ။ ဘာကြောင့် ကမ္ဘာက ဗုဒ္ဓဘာသာကို ပြစ်တင်ဝေဖန်လာကြတာလဲ၊ ဘာကြောင့် ဦးဝီရသူနဲ့ သံဃာတော်တွေကို ပြည်သူတွေက မကောင်းမြင်လာအောင် လုပ်နေကြတာလဲ၊ တရားခံက ကိုယ့်နိုင်ငံထဲက အသားထဲက လောက်တွေ။ ကိုယ့်ပါတီ အာဏာရဖို့ ဘာသာ သာသနာကို ဒီလို လုပ်စရာ လိုသလား။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီလိုလုပ်မှာတဲ့လား။ စဉ်းစားမိတိုင်း သိပ်ကြောက်ဖို့ ကောင်းတယ်။ သိပ်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ တစ်နိုင်ငံလုံး ရောက်ရှိနေပြီ၊ ကျွန်တော်တို့ ဒီအန္တရာယ်ကြီးကို နားလည်သဘောပေါက်ပြီး သံဃာနဲ့ ပြည်သူ ကျောချင်းကပ်ထားရမယ့် အချိန်အခါကို ရောက်ရှိနေပြီ လို့ပဲ ပြောချင်တယ်" ဟု မန္တလေးမြို့ မြန်မာအမျိုးသားကွန်ရက်မှ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ တစ်ခုတည်းကို ပြင်ဆင်နိုင်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ရပ်ကို မကြာသေးခင်ကပင် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

နှစ်မိနစ်ခန့်ရှိသော အစည်းအဝေးအသံဖိုင်ကိုhttps://soundcloud.com/uyinkyae/mp3 တွင် နားထောင်နိုင်ကြောင်း သိရှိရသည်။ 

 
Twitter Bird Gadget