ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 30, 2014

၂ဝ၁၄ ရန်ကုန်မီးမပျက်ဖို့ ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ အာမခံလိုက်ပြီ


၂ဝ၁၄ နွေရာသီတင်မက နှစ်ကုန်အထိ လျှပ်စစ်မီး ၂၄နာရီ အပြည့်အဝရဖို့ စီမံကိန်းတွေရှိတာကြောင့် ရန်ကုန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးက မီးမပျက်တော့ဘူးလို့ အာမခံလိုက်ပါတယ်။ တကယ်ပဲ ရန်ကုန်မှာ မီးမပျက်ခဲ့ဘူးလား။

စက်မှုဇုန်တွေ၊ ရေခဲစက်နဲ့ အအေးခန်းစက်ရုံတွေအပါအဝင် ဘာသာရေး အဆောက်အဦးနဲ့ ဆေးရုံတွေကိုပါ ဒီနှစ် မီးအပြည့်အဝပေးနိုင်မယ်လို့ ဧပြီလ ၂၉ရက်နေ့က စက်ရုံပိုင်ရှင်တွေနဲ့ လျှပ်စစ်ဖြန့်ဖြူးရေးဌာနတို့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းတွေဖြစ်တဲ့ အအေးခန်းစက်ရုံတွေ လျှပ်စစ်မီးအပြည့်အဝရဖို့ အဓိကကျနေတာကြောင့် ဒီလို အပြည့်အဝရဖို့ အာမခံခဲ့ပြီး ယူနစ်အလိုက် လျှပ်စစ်ဓာတ်အားခကို ၁ဝရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ၂ဝ၁၅မှာတော့ ဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေက နှစ်ရှည်စီမံကိန်းအဖြစ်ရှိနေပြီး ပြည်ပကနေ ဓာတုဓာတ်ငွေ့တစ်မျိုးကိုဝယ်ပြီး မြန်မာပြည်မှာ သဘာဝဓာတ်ငွေ့အဖြစ် ထုတ်ယူဖို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ တစ်ယူနစ် ကျပ် ၇ဝနဲ့ ပြန်ဝယ်နေရပြီး မြဝတီမြို့ကိုလည်း ဖြန့်ဖြူးပေးနေရတာကြောင့် ရခိုင်ပြည်နယ်အပါအဝင် ကျန်ဒေသတွေကို လျှပ်စစ်မီးအပြည့်ပေးဖို့ တိုးချဲ့ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ လာမယ့် မေလဆန်းမှာတော့ အင်းစိန်ရွာမမှာရှိတဲ့ ထိုင်းနိုင်ငံက လှူဒါန်းထားတဲ့ ၁၂ဝ မဂါဝပ် တာဘိုင်ကနေ ရန်ကုန်ကို လျှပ်စစ်မီး ဖြန့်ဖြူးတော့မယ်လို့လည်း ဆိုပါတယ်။

အမြန်လမ်းမကြီးတွင် အမြန်နှုန်းတိုင်း ကိရိယာများ တပ်ဆင်


ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယဉ်အန္တရာယ် လျော့နည်းရေးကို ရည်ရွယ်ပြီး အမြန်နှုန်းတိုင်း ကိရိယာများကို တပ်ဆင်နေတာဆိုရင်ဖြင့် ယနေ့ဆိုရင် အမြန်လမ်းမကြီးရဲ့ ရန်ကုန် - နေပြည်တော်
အခြမ်းမှာ ၁၀ ခု တပ်ဆင်လို့ ပြီးသွားပြီ ဖြစ်ပါတယ်။ နေပြည်တော် - မန္တလေး အခြမ်းမှာတော့ နောက်ထပ် ၁၀ ခုကို ယနေ့ ဆက်လက်တပ်ဆင်သွားဖို့ ရှိတယ်လို့ Ygn News ကို ကိုညီညီအေးက facebook မှ သတင်းပေးပို့လာပါတယ်။
ဆက်လက်ပြီး ကိုညီညီအေးမှ ယခင်ကလည်း ယခုကဲ့သို့ ၈ခု တပ်ဆင်ဖူးကြောင်း၊ ၎င်းတို့အနက်မှ နှစ်ခုခန့်က ဘတ္တရီများ ခိုးယူခံရဖူးကြောင်း အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

အရင်​တုန်းက ၈​နေရာ အစမ်းတပ်​ဖူး​သေးတယ်
၂​နေရာ​လောက်​က ဘက်​ထရီ ဖြုတ်​ခိုးခံရတယ်

၎င်း ကိရိယာများ အလုပ်လုပ်ပုံကိုလည်း Ygn News မှ ဆက်လက်၍ မေးမြန်းခဲ့ပါတယ်။ ၎င်း အမြန်နှုန်းတိုင်း ကိရိယာများမှာ ၎င်းတို့ကို တပ်ဆင်ထားသည့်နေရာသို့ ကားမရောက်မီ မီတာ ၁၀၀ ခန့်ကပင် မိုက်ခရိုဝေ့ဗ် (micro wave) ထုတ်လွှတ်ပြီး အမြန်နှုန်းကို တိုင်းတာနိုင်ကြောင်း၊ ကား၏ အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ကျော်ပါက အမြန်နှုန်း ဒိုင်ခွက်တွင် အနီရောင်ဖြင့် ပြသမည်ဖြစ်ပြီး ၁၀၀ အောက်ဆိုပါက အစိမ်းရောင်ဖြင့် ပြသမည်ဟု သိရပါသည်။

တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်ကျော်လွန်သေား ကားများကို အရေးယူရန် ရှိ/မရှိ မေးမြန်ခဲ့ရာ

ရှိပါတယ်​ ၁၀၀​ကျော်​​မောင်းသွားရင်​ နီးစပ်​ရာ toll gate က ​စောင့်​ဖမ်းပါတယ်
လော​လောဆယ်​ ​တော့ အမြဲတန်းမဟုတ်​​သေးဘူး​ပေါ့
ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။
အမြန်နှုန်းများကို ၃ လအထိ နေ့စွဲနှင့် အချိန်အလိုက် မှတ်သားထားပေးနိုင်မှာ ဖြစ်ပြီးတော့ မှတ်သားထားတဲ့ အမြန်နှုန်းစာရင်းကို computer မှတစ်ဆင့် ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။





ပျောက်ဆုံးလေယာဉ် ရှာဖွေသည့် နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး မလေးရှား ငှားရမ်း



မလေးရှားလေယာဉ် ပျောက်ဆုံးရခြင်း၏ အကြောင်းရင်းကို ရှာဖွေ ထောက်လှမ်းရန် တာဝန်ပေးထားသော နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ကို ဦးဆောင်မည့်သူတစ်ဦးအဖြစ် လေကြောင်းညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူ ကွတ်ဆူချွန်ကို မလေးရှားက ငှားရမ်းလိုက်ကြောင်း မလေးရှား အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

ယင်းနိုင်ငံတကာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ဝင်များအဖြစ် အမေရိကန် အမျိုးသားပို့ဆောင်ရေး လုံခြုံမှုအဖွဲ့၊ ဗြိတိန်လေကြောင်း မတော်တဆဖြစ်မှု စုံစမ်းရေးအဖွဲ့ခွဲ၊ တရုတ်လေကြောင်း မတော်တဆ ဖြစ်မှု စုံစမ်းထောက်လှမ်းရေးဌာန၊ ပြင်သစ်ကုန်းလမ်းပို့ဆောင်ရေး မတော်တဆဖြစ်မှု စုံစမ်းထောက်လှမ်း ရေးဗျူရို၊ သြစတြေးလျပို့ဆောင်ရေး လုံခြုံမှုဗျူရို၊ လေယာဉ်ထုတ်လုပ်သော ဘိုးရင်းကုမ္ပဏီနှင့် ဗြိတိသျှ ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော အင်ဗာဆက်တို့မှ ပုဂ္ဂိုလ်များအပြင် စင်ကာပူနှင့် အင်ဒိုနီးရှား နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သည်။

ယင်းနိုင်ငံတကာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ နောင်အခါ အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရေးအတွက် မလေးရှားလေယာဉ် ပျောက်ဆုံးရ ခြင်း၏ အကြောင်းရင်းကို စုံစမ်းခြင်း၊ သုံးသပ်ချင့်တွက်ခြင်းနှင့် ဆုံးဖြတ်ချက်များ ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း မလေးရှား ခေတ္တပို့ဆောင်ရေး ဝန်ကြီး ဟီရှန်မုဒ္ဒင်ဟူစိန်က ပြောကြားသည်။

ထို့ပြင် ဟီရှန်မုဒ္ဒင်ဟူစိန်က ယင်းနိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး အဖွဲ့သည် ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်သောအပြစ်များကို ဝေပုံချရန် မရည်ရွယ်ကြောင်း ထပ်လောင်းပြောကြားသည်။ မတ် ၈ ရက်က ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်ကို နိုင်ငံ တကာရှာဖွေရေးအဖွဲ့က အင်တိုက်အားတိုက်ရှာဖွေမှု ပြုကြသည့်တိုင် ပျာက်ဆုံးလေယာဉ်နှင့်ပတ်သက်သည့် အပျက်အစီးအပိုင်းအစများ ယနေ့ထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးပေ။ ထို့အတူ ပျောက်ဆုံးလေယာဉ်သည် ဗီယက်နမ်လေပိုင်နက်အတွင်း ရောက်ရှိသွား စဉ် ဘာကြောင့် ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ရေဒါဖန်သားပြင်မှ ပျောက်ဆုံးသွားသည်ဟူသော အချက်ကို ယနေ့တိုင် အဖြေမရှာနိုင်ကြသေးပေ။

မလေးရှားအာဏာပိုင်များအနေဖြင့် ပင်လယ်ကြမ်းပြင် ရှာဖွေရေးတွင် အသုံးပြုသော ပစ္စည်းများ ဖြန့်ကြက်မှု၊ ရှာဖွေရေးကုန်ကျစရိတ်နှင့် နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို သက်ဆိုင်ရာမိသားစုဝင်များ အား အကောင်းဆုံး နည်းလမ်းဖြင့် အသိပေး အကြောင်းကြားမှုများကို ပျောက်ဆုံးလေယာဉ် ရှာဖွေရေးတွင် ပါဝင်သော အခြားနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။

အိုဘားမားရဲ့ မြန်မာနိုင်ငံအပေါ် မွတ်ဆလင်များနှင့်ပတ်သက်၍ ဝေဖန်မှု အထောက်အထားခိုင်လုံဖို့လိုဟု မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့ ဆို




ြ မြန်မာနိုင်ငံတွင် မွတ်စလင် များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုသည့် အမေရိကန် သမ္မတ အိုဘားမား၏ ပြောဆိုမှု များနှင့် ပတ်သက်၍ ပြဿနာ များ၏ ဇစ်မြစ်ကိုမသိရှိ မလေ့လာ ဘဲ ပြောဆိုခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူအချို့က ဆိုသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မွတ်စလင် များအပေါ် မြန်မာအစိုးရက ဖိအားပေးဆက်ဆံနေခြင်းမှာ လားရာမကောင်းသော အောင် မြင်မှုမရှိသော ပြုပြင်ပြောင်းလဲမှု ကိုဖြစ်စေနိုင်သည်ဟု ဧပြီလ ၂၇ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြောဆိုခဲ့မှုအပေါ် မြန်မာ နိုင်ငံရေးသမားများက ယခုကဲ့သို့ ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

““တစ်ခုခုကိုဝေဖန်တယ်။ သုံးသပ်တယ်။ ဆုံးဖြတ်တယ်ဆို တာက ပြဿနာရဲ့အရင်းမြစ်ကို သိဖို့လိုသလို အဲဒီပြဿနာရဲ့ နောက်ဆုံးအဖြေကိုသိဖို့လိုတယ်။ ဘယ်သူနစ်နာတယ်ဆိုတာ သိဖို့ လိုတယ်။ တကယ်နစ်နာတာက ကိုယ်တို့မြန်မာတွေနစ်နာတယ်””ဟုအမျိုးသားလွှတ်တော်ကိုယ် စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည် က ပြောသည်။

““မြန်မာနိုင်ငံမှာ မွတ်စလင် ဘာသာဝင်တွေကို ခွဲခြားဆက်ဆံ တယ်ဆိုတာက ကျွန်တော်မြင် သလောက်ကတော့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအရရော၊ လူမှုပတ်ဝန်း ကျင် ယဉ်ကျေးမှုအရရောမတွေ့ မိဘူး။မွတ်စလင်တွေကို မြန်မာ နိုင်ငံသားတွေက မြန်မာအစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီ တွေက ဖိနှိပ်ဆက်ဆံတယ်။ ခွဲခြား ဆက်ဆံတယ်ဆိုတာကိုပြောတာက အထောက်အထားခိုင်ခိုင်လုံလုံရှိဖို့ လိုပါတယ်””ဟု အမျိုးသားဒီမိုက ရေစီအင်အားစုပါတီဥက်္ကဋ္ဌ ဦးခင် မောင်ဆွေက ဆိုသည်။

သို့သော်မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် လူ့အခွင့် အရေးအရ တန်းတူအခွင့်အရေး ရရှိရမည်ဖြစ်သော်လည်း တိုင်း ရင်းသားအခွင့်အရေးတိုင်းရင်းသား များ၏ ရပိုင်ခွင့်နှင့်တန်းတူအခွင့် အရေးရလိုမှုများအတွက် အခွင့် အရေးပေးရန်မလိုကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ်္မတရုံးမှအဆင့်မြင့် အရာရှိတစ်ဦးက အမေရိကန် သမ္မတအနေဖြင့် ယခုကဲ့သို့ပြော ဆိုခဲ့ခြင်းမှာ အမေရိကန်နှင့် မွတ် စလင်ကမ်္ဘာဆက်သွယ်မှုအတွက် လှပသည့်အသုံးအနှုန်းတစ်ခုဟု ယူဆမိကြောင်း၊ မှားယွင်းသည့် သတင်းအချက်အလက်များကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်ဟု ပြည်တွင်းသတင်းစာ တစ်စောင်သို့ ပြောကြားထား သည်။

ဘန်ကောက်လေကြောင်းလိုင်း ကြော်ငြာမှာ ကိုယ်တိုင်စကားပြော သရုပ်ဆောင်ခဲ့ ရတာကြောင့် အားရကျေနပ်ပါတယ်လို့ ဆိုတဲ့ မိုးစက်ဝိုင်




အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတစ်ခု တစ်ခုဖြစ်တဲ့ ဘန်ကောက် လေကြောင်းလိုင်းကနေ မြန်မာပြည်မှာ ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်ခဲ့တဲ့အပြင် Bangkok Airway ရဲ့တီဗီကြော်ငြာ အစီအစဉ်ကို လည်း မိုးစက်ဝိုင်နဲ့ ရိုက်ကူးခဲ့ပြီး ဒီကြော်ငြာကို ပြည်တွင်းရုပ်သံတွေမှာ တော့ မေလမှာ စတင်ပြသသွားမှာပါ။ ဒီဘန်ကောက်လေကြောင်း နဲ့ပတ်သက်ပြီး Brand Ambassador အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ မိုးစက်ဝိုင်က ကြော်ငြာရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်ပြီး ခုလို ပြောကြားခဲ့ပါတယ်။ ‘မိုးစက်ရဲ့ ဘက်က အဆင်ပြေပြေနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ နောက်ပြီး မိုးစက်ရိုက်တော့မယ်ဆိုတာနဲ့ အကုန်လုံး ready ဖြစ်နေကျတာဆိုတော့ ကိုယ့်ရဲ့အချိန်တွေ မကုန်သလို ကိုယ့်ရဲ့ energyလည်း မကုန်ဘူးပေါ့။ ပြီးတော့ မိုးစက်အနေနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့တဲ့အခါမှာ စကားပြောပြီးတော့  မရိုက်ဖူးသေး ဘူး။ ဒီ ဘန်ကောက်လေကြောင်း လိုင်းကြော်ငြာမှာတော့ ပထမဆုံးအနေနဲ့ Bangkok Airway ရဲ့အကြောင်းကို ပြောပြတဲ့ပုံစံအဖြစ် ကိုယ်တိုင်စကားပြောပြီး သရုပ်ဆောင် ခဲ့ပါတယ်။ ဒီကြော်ငြာလေးကို ပြန်ကြည့်တဲ့အခါမှာလည်း ကျေနပ်အားရမှု ရှိပါတယ်။ ဘန်ကောက်လေကြောင်းလိုင်းရဲ့ Brand Ambassador အဖြစ် လက်ခံခဲ့တာကလည်း ဘန်ကောက်လေကြောင်းလိုင်းဟာ မိုးစက် ကိုယ်တိုင်ယုံကြည်တဲ့ လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့အပြင် လေကြောင်းလိုင်းရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကြောင့် Brand Ambassador အဖြစ်လက်ခံခဲ့တာပါ’လို့ သူမက ဆိုသွားပါတယ်။

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့်အစီအစဉ်ကို Skype စတင်နေ



ြ မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။



အဆိုပါအစီအစဉ်အရ  Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊  ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။



Skype Unlimited တွင်  Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းခေါ်နိုင်ပါတယ်။ Unlimited One Country ကတော့ နိုင်ငံအားလုံးထဲကမှ မိမိဖုန်းခေါ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံတည်းအတွက်ကိုသာ ခေါ်နိုင်တာမျိုးပါ” ဟု APS Technology မှ ပြောသည်။



Skype Unlimited ဖြင့် ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂူအန်၊ ပူအတိုရီကို (Puerto Rico) စသည့် နိုင်ငံ ၈ နိုင်ငံကို မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ကြိုးဖုန်းသာခေါ်ဆိုနိုင်ဦးမည် ဖြစ်သည်။ ထို့ ပြင် Unlimited ဝန်ဆောင်မှုမရသော နိုင်ငံများသို့ ဖုန်းခေါ်ဆိုလိုပါက နိုင်ငံအလိုက်ကို မိနစ်ဖြင့် ဝယ်ယူအသုံးပြုခေါ်ဆိုနိုင်မည်ဖြစ်ပြီး ၎င်းမိနစ်ဖြင့် အသုံးပြုခြင်းသည် Credit နှင့် ခေါ်ဆိုခြင်းထက် ထက်ဝက်နီးပါးသက်သာကြောင်း သိရသည်။



Skype Unlimited World အကောင့်တစ်လစာကို ၁၂,၅၀၀ ကျပ်နှင့် Unlimited One Country အကောင့် တစ်လ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်ကို Credit (သို့မဟုတ်) မိနစ်ဖြင့်လည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နိုင်ငံချင်းစီအလိုက် ဈေးနှုန်းများနှင့် Skype အကောင့်အသစ်ဖွင့်ခြင်း၊ ဆော့ဖ်ဝဲသွင်းခြင်း၊ ဆော့ဖ်ဝဲ Update ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း- ၀၉-၅၀၉၁၈၂၀ နှင့် ၀၉-၂၅၀၀၈၀၃၂၄ တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။

တောင်ကိုရီးယား သင်္ဘောမှောက်မှု သမ္မတ၀န်ချတောင်းပန်


ေ  တောင်ကိုရီးယားနိုင်ငံမှာ လူ ၃၀၀ ကျော် ပျောက်ဆုံးသေကြေခဲ့ရတဲ့ ကူးတို့ သင်္ဘောနစ်မြုပ်မှုအပေါ် အစိုးရအနေနဲ့ လုံလုံလောက်လောက် တုံ့ပြန်မှု မပေးနိုင်ခဲ့တာအတွက်လို့ပြောပြီး တောင်ကိုရီးယား သမ္မတ Park Geun-hye က တောင်းပန်သွားပါတယ်။

ဧပြီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို မတားဆီးပေးနိုင်ခဲ့တာအတွက် လည်း တောင်းပန်ပါတယ်လို့ Ms. Park က သူ့ဝန်ကြီးအဖွဲ့ကို ဒီကနေ့ပဲ ပြောသွားပါတယ်။

"ဒီဖြစ်ရပ်ဆိုးကြီး မဖြစ်တောင် မတားဆီးနိုင်ခဲ့တာအတွက်ရော အစပိုင်း ကယ်ဆယ်ရေးကို လုံလုံလောက်လောက် မလုပ်ပေးနိုင်ခဲ့တာရောကြောင့် ကျမ တောင်းပန်သင့်ပါတယ်။ ဒါပေမဲ့ ဒီလိုတောင်းပန်လိုက်လို့ရော နာကျင်ခံစားရသူတွေရဲ့ ဝေဒနာတွေ လျော့သွားပါ့မလား။ ဒီဖြစ်ရပ်ဆိုးကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရတာအတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်ချင်ပါတယ်လို့ သမ္မတ Park ပြောသွားတာပါ။"

အထက်တန်းကျောင်းသား အများစုလိုက်ပါလာတဲ့ နစ်သွားတဲ့ Sewol ကူးတို့ သင်္ဘောထဲနေ အလောင်း ၁၉၃ လောင်းကို ရေငုတ်သမားတွေ ဆယ်ယူရရှိခဲ့ပါပြီ။ နောက်ထပ် လူပေါင်း ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့လည်း သေပြီလို့ ယူဆရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေခဲ့တာအတွက် ထိခိုက်ရသူတွေရဲ့ မိသားစုဝင်တွေ စိတ်ဆိုးနေကြပြီး သင်္ဘောထဲမှာ ပိတ်မိနေကြသူတွေကို ကယ်ဆယ်နိုင်ဖို့ ပိုပြီး လုပ်ပေးနိုင်ခဲ့သင့်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် Chung Hong-won ကတော့ ရာထူးက နှုတ်ထွက်စာတင်ထားပြီး အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတဲ့အထိတော့ သူ့ရာထူးမှာ ဆက်ရှိနေပေးမှာပါ။ သမ္မတကတော့ အခု ပထမဆုံးအကြိမ် တောင်းပန် သွားတာပါ။

သင်္ဘောပေါ်က ဝန်ထမ်းအများစုကလည်း ခရီးသည်တွေကို သေချာ ထွက်ခွာခိုင်းတာတွေ လုပ်မပြီးခင် သူတို့အရင် သင်္ဘောပေါ်က ဆင်းပြေးကြတာအတွက်လည်း ဒေါသထွက်နေကြပါတယ်။ သင်္ဘောဝန်ထမ်းတချို့လည်း ဖမ်းခံနေရပါတယ်။

Firefox မှ လုံးဝကွဲပြားသွားသော UI ဒီဇိုင်းအသစ် ပြောင်းလဲလိုက်




Firefox မှ ပြုပြင်ပြောင်းလဲမှုပေါင်း၁၃၀၀ ကျော် ပြုလုပ်လိုက်သော ဒီဇိုင်းပုံစံကို သုံးစွဲနိုင်ပါပြီ။

http://www.mozilla.org/en-US/firefox/new/

မှာ download လုပ်၍ upgrade လုပ်နိုင်ပါတယ်။ Firefox Sync Service ဖြင့် ကိုယ့် ရဲ့ browsing history များ၊ မှတ်သားထားသော passwords များ၊ bookmarks များ၊ ဖွင့်ထားသော tabs များကို ကိုယ့်ရဲ့ PC နှင့် မိုဘိုင်း device များ ကြား synce လုပ်ပေးသွားမှာဖြစ်ပါတယ်။ ယင်းအတွက် Firexfox Account ဖွင့်ပြီး လွယ်လင့်တကူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Menu bar ကို ထိပ်ပိုင်း ညာဖက်သို့ပြောင်းရွှေ့လိုက်ကာ တစ်နေရာတည်းမှ လွယ်လင့်တကူ ထိန်းချုပ်သုံးစွဲနိုင်ရန်ဖန်တီးပေးထားပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ bookmarks လုပ်နိုင်ရန်လည်း လုပ်ဆောင်ပေးထားပါတယ်။ Menu မှာ Customize tool ပါဝင်လာပြီး features များ၊ service များ နှင့် add-on များကို မိမိတို့ စိတ်တိုင်းကျ ထည့်သွင်းနိုင်၊ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

Tuesday, April 29, 2014

အိုဘားမား၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံ (မူရင်း)

 “အခုဆိုရင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး ဖိနှိပ်ခဲ့တဲ့အစိုးရကနေ အသွင်ကူးပြောင်းနေပြီ ဖြစ် ပါတယ်။ မြန်မာနိုင်ငံဟာ အရာအားလုံးကို ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကို ပို၍ပို၍ ဒီမိုကရက်တစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။” 

သမတ အိုဘားမား မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ခန်းမတွင် အာဆီယံ လူငယ်ခေါင်းဆောင်များကို မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ – Reuters)

“ဒါပေမယ့်လည်း ဒီမိုကရေစီဖော်ဆောင်ရေးရဲ့ အန္တရာယ်ဟာ အခုအခါမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မတူညီတဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ကိုးကွယ်မှုတွေအတွင်းမှာပဲ ရှိနေပါတယ်။ တရားမျှတမှု၊ တရား ဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ဒါတွေကို စုစည်းတည်ဆောက်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ဘာသာရေး အမှတ်သရုပ်တွေကို နိုင်ငံရေးသွတ်သွင်းမယ်၊ ဒါမှမဟုတ် လူမျိုးရေးအမှတ်သရုပ်တွေ ကို နိုင်ငံရေးသွတ် သွင်းကြမယ် ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော် တို့ စမြင်နေရပါပြီ။” 

 “ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး။ ဒီ မလေးရှားနိုင်ငံဟာဆိုရင် မူဆလင် လူများစု နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူဆလင် မဟုတ်တဲ့သူတွေ ခွဲခြားခံနေရတာတွေ၊ မူဆလင်မဟုတ်သူတွေကို ရန်ပြုခြင်း ခံခဲ့ရတာတွေ ရှိနေပါတယ်။”

 “ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမိုင်းနဲ့ချီတဲ့ လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်တွင်းစစ်ပွဲကြီး ဆင်နွှဲခဲ့ရပါတယ်။ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ရပါတယ်။အာဖရိကန်နွယ်ဖွားသမ္မတတစ်ယောက် အဖြစ် ခင်ဗျားတို့ရှေ့မှာ ရပ်လာနိုင်တဲ့ ယနေ့ အထိ မျိုးဆက် အဆက်ဆက် တိုက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအလုပ်က မပြီးသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာကိုပဲ ခွဲခြားဆက်ဆံမှုတွေ၊ မမျှတမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ ရှိနေတုန်းပါပဲ။ ဒါတွေကို ကျွန်တော်တို့ တိုက်ဖျက်နေရတုန်းပါပဲ။” 

အထက်ပါ ပြောကြားချက်မှာ အမေရိကန်သမ္မတအိုဘားမား၏ မလေးရှားရောက်ရှိစဉ် Town Hall Meeting ၌ အာဆီယံလူငယ်များနှင့်တွေ့ဆုံရာတွင် အမေးအဖြေကဏ္ဍ၌ ရှင်းလင်းပြောကြားချက် ဖြစ်သည်

ပြောကြားချက်တစ်ခုလုံးကို လေ့လာကြည့်လျှင် ပဋိပက္ခများကို ခြုံငုံ၍ နှိုင်းယှဉ်သုံးသပ် ပြောကြား သွားခြင်း ဖြစ်ကြောင်း တွေ့ရှိရသလို မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများ လက်မခံသော လူမျိုး အမည်ကို ထည့်သွင်းပြောကြားသွားခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။ 

အလားတူ အမေရိကန်သမိုင်း၌ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသော ပြည်တွင်းစစ်၊ အသားအရောင် ခွဲခြားရေးပဋိပက္ခ စသည်တို့ကို မျိုးဆက်နှင့်ချီ၍ ဆောင်ရွက်ခဲ့ရပုံကိုလည်း ထည့်သွင်းပြောကြားသွား ခဲ့ကြောင်း တွေ့ရှိရသည်။ 

[အမေရိကန်သမိုင်းတွင် အသားအရောင် ခွဲခြားမှု မည်မျှ ပြင်းထန်ခဲ့သနည်း ဆိုလျှင် လူမည်းများကို ပစ်မှတ်ထား၍ လူသတ်၊ ဗုံးခွဲ၊ အကြမ်းဖက်တိုက်ခိုက်ခဲ့သော ကေသုံးလုံးဂိုဏ်း၊ ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိပြီးနောက် အသက် ပေးခဲ့ရသော မာတင်လူသာကင်း၊ လူမည်းများမဲပေးခွင့်၊ အမျိုးသမီးများ မဲပေးခွင့် စသည်အားဖြင့် နှစ်ပေါင်းများစွာ ပြင်းထန်လှသော ခွဲခြားဆက်ဆံမှုများ ရှိခဲ့သည်။] 

ဘင်္ဂလီပြဿ နာနှင့် ပြည်တွင်းနေဘာသာခြားများ ကိစ္စကိုလည်း အရောရောအထွေးထွေး ရှုမြင်ထားပုံ ရကြောင်းလည်း တွေ့ရှိရသည်။ 

ထိုသို့ ရောထွးရှုမြင်စေရန်လည်း မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများ၏ အားက ကောင်း လှကြောင်း 
တွေ့ရှိနိုင်သည်။ 

အိုင်ယာလန်တစ်နိုင်ငံတည်းတွင်ပင်လျှင် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိသော အခြမ်းမှာ ဖွံ့ဖြိုးတိုးတက်ပြီး ပဋိပက္ခ ဖြစ်ပွားသည့်ဘက်ခြမ်းမှာ နောက်ကျကျန်ရစ်ခဲ့ကြောင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆက်အစပ်ကို ရှင်းလင်း ပြောကြားသွားသည်။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြုံတွေ့လာရသော စိန်ခေါ်မှုများကို ယထာဘူတကျကျ ရှင်းလင်း ပြောကြားသွားခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ 

သို့သော် လက်ရှိ မီဒီယာအချို့က လိုသည့်အပိုင်းကိုသာ ဆွဲယူကောက်နှုတ်၍ ရေးသားဖော်ပြနေခြင်းသည် မီဒီယာအတတ်ဟု ဆိုနိုင်ပါကြောင်း မူရင်းပြောကြားချက် အပြည့်အစုံအား သိရှိနိုင်ပါရန် ဖော်ပြ လိုက်ရ ပါသည်။ 

Remarks by President Obama at Young Southeast Asian Leaders Initiative Town Hall 

[University of Malaya, Kuala Lumpur, Malaysia] 

MS. WOO: Thank you, Mr. President. We now have a question from the social media, which we’ve been collecting over the week. 

PRESIDENT OBAMA: Okay. 

Q The question comes from our friend from Burma, from Myanmar. And he asks: To Mr. President, what would be your own key words or encouragement for each of us leaders of our next generation while we are cooperating with numerous diversities such as different races, languages, beliefs and cultures not only in Myanmar, but also across ASEAN? Thank you. 

PRESIDENT OBAMA: Well, it’s a great question. If you look at the biggest source of conflict and war and hardship around the world, one of the most if not the most important reasons is people treating those who are not like them differently. So in Myanmar right now, they’re going through a transition after decades of repressive government, they’re trying to open things up and make the country more democratic. And that’s a very courageous process that they’re going through. 

But the danger, now that they’re democratizing is that there are different ethnic groups and different religions inside of Myanmar, and if people start organizing politically around their religious identity or around their ethnic identity as opposed to organizing around principles of justice and rule of law and democracy, then you can actually start seeing conflicts inside those countries that could move Myanmar in a very bad direction -- particularly, if you’ve got a Muslim minority inside of Myanmar right now that the broader population has historically looked down upon and whose rights are not fully being protected. 

Now, that’s not unique to Myanmar. Here in Malaysia, this is a majority Muslim country. But then, there are times where those who are non-Muslims find themselves perhaps being disadvantaged or experiencing hostility. In the United States, obviously historically the biggest conflicts arose around race. And we had to fight a civil war and we had to have a civil rights movement over the course of generations until I could stand before you as a President of African descent. (Applause.) 

But of course, the job is not done. There is still discrimination and prejudice and ethnic conflict inside the United States that we have to be vigilant against. 

So my point is all of us have within us biases and prejudices of people who are not like us or were not raised in the same faith or come from a different ethnic background. But the world is shrinking. It’s getting smaller. You could think that way when we were all living separately in villages and tribes, and we didn’t have contact with each other. We now have the Internet and smart phones, and our cultures are all colliding. The world has gotten smaller and no country is going to succeed if part of its population is put on the sidelines because they’re discriminated against. 

Malaysia won’t succeed if non-Muslims don’t have opportunity. (Applause.) 

Myanmar won’t succeed if the Muslim population is oppressed. No society is going to succeed if half your population -- meaning women -- aren’t getting the same education and employment opportunities as men. 

(Applause.) 

So I think the key point for all of you, especially as young people, is you should embrace your culture. You should be proud of who you are and your background. And you should appreciate the differences in language and food. And how you worship God is going to be different, and those are things that you should be proud of. But it shouldn’t be a tool to look down on somebody else. It shouldn’t be a reason to discriminate. 

And you have to make sure that you are speaking out against that in your daily life, and as you emerge as leaders you should be on the side of politics that brings people together rather than drives them apart. (Applause.) 

That is the most important thing for this generation. And part of the way to do that is to be able to stand in other people’s shoes, see through their eyes. Almost every religion has within it the basic principle that I, as a Christian, understand from the teachings of Jesus. Do unto others as you would have them do unto you. Treat people the way you want to be treated. And if you’re not doing that and if society is not respecting that basic principle, then we’re going backwards instead of going forward. 

And this is true all around the world. And sometimes, it’s among groups that those of us on the outside, we look -- they look exactly the same. In Northern Ireland, there has been a raging conflict -- although they have finally come to arrive at peace -- because half or a portion of the population is Catholic, a portion is Protestant. From the outside, you look -- why are they arguing? They’re both Irish. They speak the same language. It seems as if they’d have nothing to argue about. But that’s been a part of Ireland that has been held back and is poor and less developed than the part of Ireland that didn’t have that conflict. 

In Africa, you go to countries -- my father’s country of Kenya, where oftentimes you’ve seen tribal conflicts from the outside you’d think, what are they arguing about? This is a country that has huge potential. They should be growing, but instead they spend all their time arguing and organizing politically only around tribe and around ethnicity. And then, when one gets on top, they’re suspicious and they’re worried that the other might take advantage of them. And when power shifts, then it’s payback. And we see that in society after society. The most important thing young people can do is break out of that mindset. 

When I was in Korea, I had a chance to -- or in Tokyo rather -- I had a chance to see an exhibit with an astronaut, a Japanese astronaut who was at the International Space Station and it was looking at the entire globe and they’re tracking now changing weather patterns in part because it gives us the ability to respond to disasters quicker. And when you see astronauts from Japan or from the United States or from Russia or others working together, and they’re looking down at this planet from a distance you realize we’re all on this little rock in the middle of space and the differences that seem so important to us from a distance dissolve into nothing. 

And so, we have to have that same perspective -- respecting everybody, treating everybody equally under the law. That has to be a principle that all of you uphold. Great question. (Applause.) Let me call on the -- I’m going to go boy, girl, boy, girl so that everybody gets a fair chance. Let’s see, hold on. This gentleman right here, right there with the glasses. (Applause.) There you go. 

 [Source : http://www.whitehouse.gov/the-press-office/2014/04/27/remarks-president-obama-young-southeast-asian-leaders-initiative-town-ha]

နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေတွင် မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ - ရိုက်တာ

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနယ်စပ်က ရွမ်ဖုန်ကျွန်းနဲ့ ဖျင်ယုံကျွန်းနားမှာ မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

အခုလို လက်တွေ့ ပစ်ခတ်ခြင်းနဲ့ လေ့ကျင့်မှုတွေ မပြုလုပ်ခင် တောင်ကိုရီးယားကို အသိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ကင်မင်ဆွတ် (Kim Min-Seok) က တောင်ကိုရီးယားတပ်တွေကိုလည်း အဆင့်သင့် ပြင်ထားပြီး တောင်ကိုရီးယား ငါးဖမ်းစက်လှေတွေကိုလည်း အဲ့ဒီနေရာက ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားအမြောက်ကျည်တွေ တောင်ကိုရီးယားနယ်နိမိတ်ထဲကို ကျရောက်လာရင်တော့ အပြင်းအထန် တုံ့ပြန်မယ်လို့ တောင်ကိုရီးယားပြောခွင့်ရက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ကလည်း မြောက်ကိုရီးယားနိုင်ငံက အခုလိုပဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး အမြောက်ကျည် ၁၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်း အမြောက်ကျည် ၁၀၀ ကျော် တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ရွမ်ဖုန်ကျွန်းပေါ် မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း နယ်စပ်ကျွန်းတွေမှာ တောင်ကိုရီးယားတပ်တွေကို အင်အားတိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံး OpenPower ဆာဗာများကို IBM မိတ်ဆက်


IBM သည်နောက်ဆုံးပေါ် x86 အခြေခံစနစ်များထက် အဆ ၅၀ ပိုမိုမြန်ဆန်သည့် အချက်အလက်များ သိမ်းထားပေးနိုင်သော POWER8 ပရိုဆက်ဆာအခြေခံဆာဗာ အသစ်များကို ထုတ်ဖော်ပြသခဲ့ သည်။ အဆိုပါဆာဗာများကို Intel နှင့် Advanced Micro Devices ကဲ့သို့ကုမ္ပဏီများမှ ချစ်ပ်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

IBM ၏ Power system အသစ်များသည် OpenPOWER အဖွဲ့၏ ပထမဆုံးခြေလှမ်းမှ ပေါ်ထွက်လာသည့် ကနဦးထုတ်ကုန်များ ဖြစ်လာကြောင်းသိရသည်။ Open-
POWER အဖွဲ့ကို Intel နှင့် ARM တို့နှင့်ကောင်းစွာ ယှဉ်ပြိုင်နိုင်ရန်ထောက်ပံ့ ပေးသောစနစ်များအတွက် IBM ၏နာမည်ကျော် Power
microprocessor တည်ဆောက်မှု အဆင့်မြှင့်တင်ရန် Google, Nvidia နှင့်အခြားကုမ္ပဏီများဖြင့် ဖွဲ့စည်းခဲ့သည်။

IBM OpenPOWER သည် POWER အခြေခံဆာဗာအသစ်များတွင် POWER 8 ပရိုဆက်ဆာ နည်းပညာအသေးစိတ်ကို ဖော်ပြထားခြင်း၊ ပူးပေါင်းလုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ခြင်းနှင့် ပရိုဆက်ဆာကို ပြိုင်ဘက်များနှင့်အတူတူ အဆင့်မြှင့်တင်ခြင်း၊ အဆင့်မြှင့်မှုအသစ်အတွက် အထောက်အပံ့ပေးခြင်းများ ပါဝင်ကြောင်း IBM ကုမ္ပဏီကပြောကြားခဲ့သည်။

အီဂျစ်တွင် လူ ၆၈၃ ဦးကို သေဒဏ်ချမှတ်မှု နိုင်ငံတကာ ဝေဖန်ရှုတ်ချ

မူဆလင်ညီအကိုများအဖွဲ့ ခေါင်းဆောင် (ဓာတ်ပုံ - ရိုက်တာ)

အီဂျစ်နိုင်ငံ တရားရုံးတရုံးက မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့ ခေါင်းဆောင် မိုဟာမက် ဘဂျီးယားနဲ့ အဖွဲ့ဝင် ၆၈၃ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အတွက် မြို့တော် ကိုင်ရိုမှာရော၊ နိုင်ငံတကာကပါ ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အီဂျစ်တောင်ပိုင်း မစ်ညာခရိုင်က အယ်လ်အဒ်ဝါမြို့မှာ ရဲတဦးကို သတ်မှုနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်မှုနဲ့ စွပ်စွဲခဲ့ပြီး မိနစ်ပိုင်းပဲ ကြာတဲ့ တရားစီရင်မှုအတွင်း ခုလို သေဒဏ်ချခဲ့တာ ဖြစ်ပါတယ်။
တရားစီရင်ချိန်မှာ စွပ်စွဲခံတွေကို ရုံးမထုတ်ခဲ့သလို သူတို့ရဲ့ ရှေ့နေတွေကလည်း ခုခံလျှောက်လဲတာတွေ မလုပ်ခဲ့ကြပါဘူး။

အီဂျစ်ထိပ်တန်း အစ္စလာမ်မစ်အာဏာပိုင်အဖွဲ့ သဂရန်း မက်ဖ်တီကတော့ စီရင်ချက်ကို ပြန်လှန်သုံးသပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဇွန်လမှာ ချမှတ်မှာဖြစ်ပါတယ်။

မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား




ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

ATM ကတ်က ဘတ် သန်း ၅၀ ကျော် ခိုးထုတ်သူတွေ ဖမ်းမိ

ATM လို့ ခေါ်တဲ့ ငွေထုတ်စက်ကနေ ကွန်ပျူတာ နည်းပညာတွေသုံးပြီး ထိုင်းနိုင်ငံ တဝှမ်း ဘတ်ငွေ သန်းပေါင်း ၅၀ ကျော်ကို ခိုးထုတ်ယူခဲ့တဲ့ မလေးရှားနိုင်ငံသား ၅ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီး ထားတဲ့အကြောင်း တနင်္လာနေ့က ရဲတာဝန်ရှိသူတွေက ထုတ်ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ - ဘန်ကောက်ပို့စ်

ဖမ်းဆီးရမိတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာ ခရိုင် ဟတ်ယိုင်ဒေသမှာ ရဲက စုံစမ်းစစ်ဆေး မှု တွေကို ရက်သတ္တပတ်နဲ့ချီပြီး လုပ်နေခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ဖော်ပြပါတယ်။ 

အခုလို ဖမ်းဆီးရမိမှုဟာ ရာဇဝတ်မှု နှိမ်နင်းရေး ရဲဌာန၊ Siam Commercial Bank (SCB) ဘဏ်ရဲ့ ဘဏ္ဍာငွေ ကြေး ရာဇဝတ်မှုကာကွယ်ရေး အဖွဲ့၊ ပြင်သစ်သံရုံး အရာရှိတဦးတို့ ပါဝင်တဲ့ ပူးပေါင်း ဆောင် ရွက် မှုကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။ 

ရဲအရာရှိကြီးတဦးက တနင်္ဂနွေနေ့က ပြောတာမှာတော့ ဟတ်ယိုင်ဒေသမှာ ရှိတဲ့ Odeon Shopping Center ကုန်တိုက်အတွင်းက (SCB) ဘဏ်ရဲ့ ATM ငွေထုတ်စက်ကနေ ပထမဆုံး သံသယရှိသူ ၃ ဦးကို အားလုံးက ဝိုင်းဝန်းစောင့်ကြည့်နေစဉ်မှာ ဘတ်ငွေ ၅ သိန်းကို ထုတ်ယူခဲ့တာပါတဲ့။ 


ဒါနဲ့ ရဲပူးပေါင်း အဖွဲ့တွေက သူတို့ တည်းခိုတဲ့ ဟိုတယ် အပြင်ဘက်မှာပဲ သူတို့ကို တားဆီးလိုက်ပြီး ရှာဖွေ လိုက် တော့ ခရက်ဒစ်ကတ်အတု ၇၃၂ ခုနဲ့ အတူ ခိုးယူထားတဲ့ ငွေတွေ Debit ကတ်တွေ၊ စကင်မာ ( Skimmer ) တခုနဲ့ ကွန်ပျူတာ တလုံးကို သိမ်းဆီးရမိတယ်လို့ သိရပါတယ်။ 

ပြင်သစ်သံရုံးက အရာရှိတဦးပါဝင်ရတဲ့အကြောင်းကတော့ အထူးသဖြင့် ငွေထုတ်ခိုးယူခံရ သူ အများ စု ဟာ ပြင်သစ်နိုင်ငံသားတွေဖြစ်တာကြောင့်လို့ သိရပါတယ်။

အိုဘားမားနှင့် တွေ့ဆုံခဲ့တဲ့ မြန်မာလူငယ်တွေ ဘာတွေပြောကြသလဲ



ရန်ကုန်၊ မဇ္ဈိမ။ ။ အမေရိကန်သမ္မတ အိုဘားမားသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Town Hall Meeting၌ ဧပြီ ၂၇ ရက်၊ ဒေသစံတော်ချိန် ညနေ ၄ နာရီမှစပြီး အာဆီယံ လူငယ်များနှင့် နှစ်နာရီခန့် တွေ့ဆုံခဲ့ရာတွင် မြန်မာလူငယ် ၁၀ဦးလည်း ပါဝင်သည်။


တွေ့ဆုံပွဲတွင် သမ္မတအိုဘားမားက အွန်လိုင်းတွင် ကြိုတင်မေးမြန်းခွင့်ပြုထားသည့် မေးခွန်းများထဲမှ ၂ ခုနှင့် တက်ရောက်လာသူ များထဲမှ လူငယ် ၆ ဦးကို ရွေးချယ်၍ သဘောထားပြန်ကြားခဲ့သည်။

ယင်းတွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည့် ကိုစောထက်ခန့်၏ အွန်လိုင်းမှ မေးခွန်း တစ်ခုလည်းပါဝင်ခဲ့သည်။

တွေ့ဆုံပွဲသို့ အာဆီယံ ၁၀ နိုင်ငံမှ ရွေးချယ်ထားသည့် လူငယ် ၁၀၃ ဦးခန့် အပါအ၀င် မလေးရှားကျောင်းသားလူငယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခွင့်ရခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ
ရောက် မြန်မာလူငယ် ၁၀ ဦးထဲမှ အချို့နှင့် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ပြီး ယင်းတို့၏ သဘောထားမှတ်ချက်အချို့နှင့် မြန်မာ လူငယ်တစ်ဦး၏ မေးခွန်းအပေါ် သမ္မတ အိုဘားမား ပြန်လည် ဖြေကြားခဲ့သည်ထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ကိုသက်ဆွေဝင်း (ဒါရိုက်တာ၊ လူငယ်နှင့် လူမှု သဟဇာတဖြစ်ရေးစင်တာ)

“အမေရိကန်သမ္မတနဲ့ တွေ့ဆုံခွင့်ကို အာဆီယံလူငယ်တွေ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး။ အဖိုးတန်အခွင့်အရေး ဆုံးရှုံးခဲ့ရ တယ်။ မေးခွင့်ရတဲ့သူတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းအများစုပဲ မေးခဲ့ကြတယ်။ အာဆီယံဒေသတွင်းက သန်းပေါင်းများစွာ
သော ပြည်သူတွေကို ကိုယ်စားပြုတဲ့ မေးခွန်းမျိုး မပါဘူး၊ နောက်ဆုံးမေးတဲ့ ထိုင်းက လူငယ်က ခင်ဗျားနောင်တရဖူးလားလို့မေး
တော့၊ အိုဘားမားက ခင်ဗျားကို မေးခွင့်ပြုခဲ့တာကို နောင်တ အရဆုံးပဲလို့စပြောတယ်၊ ပြီးမှ နောက်တာပါ ဆိုပြီးပြောတယ်”

ကိုမင်းကိုကို (နတ်မောက်စင်တာ)

အိုဘားမားပြောသွားတဲ့ မိန့်ခွန်းတွေမှာရော နောက်ပြီးတော့ သူပြောသွားတဲ့ အဖြေတွေထဲမှာရော အားလုံးမှာ ကျွန်တော်တို့
မြန်မာနိုင်ငံကို အရမ်းကို ဦးစားပေးပြီးတော့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးထဲမှာ ပါဝင်တယ်
ပေါ့။ မြန်မာနိုင်ငံမှာ အခုလောလောဆယ် ပြုပြင်ပြောင်းလဲမှုတွေကလည်း တိုးတက်မှုတွေရှိတယ်။ အဲတော့ မြန်မာနိုင်ငံကို အတုယူရမယ်ဆိုတာမျိုးလည်း ထည့်ပြောသွားပါတယ်။ နောက် အာဆီယံနိုင်ငံမှာရှိတဲ့ လူငယ်တွေအနေနဲ့လည်း ကျွန်တော်တို့
မြန်မာနိုင်ငံပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားမှုလည်း ရှိလာတယ်။ နောက်ပြီး အိုးဘားမားအနေနဲ့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်
ပေါ်မှာ ထပ်ခါတလဲလဲ နှစ်ခါ၊သုံးခါ ချီးမွမ်းပြောသွားတာတွေလည်းရှိပါတယ်။

မသက်မွန်မြတ်သိမ်း

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးသွားခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်။ ကိုယ်တိုင်တွေ့ပြီး မေးခွန်းတွေ မေးခွင့်ရမယ်ဆိုတဲ့အတွက် စိတ်လဲလှုပ်ရှားမိတယ်။ တကယ် မေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ကိုယ်တိုင် မပါဝင်ပေမယ့် မြန်မာနိုင်ငံက မေးခွန်းတစ်ခု အရွေးခံရလို့ ပျော်ပါတယ်။
ကိုစောထက်ခန့်၏ မေးခွန်း

မြန်မာနိုင်ငံမှာသာမက အာဆီယံတလွှားမှာ ရှိနေတဲ့ မတူကွဲပြားတဲ့ ယှဉ်ပြိုင်မှုတွေ၊ ဘာသာစကားတွေ၊ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေချိန်မှာ နောင်လာမယ့်မျိုးဆက်တွေရဲ့ ခေါင်းဆောင်တွေ အတွက် သမ္မတ အိုဘားမားရဲ့ အားပေးစကားက ဘာဖြစ်မလဲ။

သမ္မတ အိုဘားမား ပြန်လည်ဖြေကြားချက်ထဲမှအချို့-

“ဆင်းရဲဒုက္ခတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့ အကြီးမားဆုံး ရင်းမြစ်တစ်ခုက ကိုယ်နဲ့ မတူတဲ့ လူတွေကို ကွဲပြားခြားနားစွာ ဆက်ဆံနေမှုပဲ”

“မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်”

“လူမျိုးရေးအမှတ်သရုပ်တွေကို နိုင်ငံရေးထဲ သွတ်သွင်းကြမယ်ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော်တို့ စမြင်နေရပြီ။ ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး”

“နေ့စဉ်ဘ၀တွေနဲ့ ဆန့်ကျင်ပြီးတော့ ရဲရဲဝံ့ဝံ့ပြောဆိုရတာတွေ ရှိရမယ်၊ တစ်ပြိုင်နက်တည်းမှာလည်း ခေါင်းဆောင်တစ်ယောက် အနေနဲ့ ထွက်ပေါ်လာပြီဆိုရင်တော့ အဲဒီကွဲပြားခြားနာတဲ့သူတွေကို တစ်စုတစည်း တည်းဖြစ်အောင် ဆောင်ရွက်နိုင်တဲ့

နိုင်ငံရေးမျိုး ဖြစ်သင့်တယ်။ ဒါဟာ လက်ရှိမျိုးဆက်အတွက် အရေးကြီးဆုံးအရာပဲ”

“ကျွန်တော်တို့ဟာ တရားဥပဒေရှေ့မှောက်မှာ လူတိုင်းကို ညီတူညီမျှဆက်ဆံခြင်း၊ လူတိုင်းကို လေးစားခြင်းဆိုတဲ့ တူညီတဲ့ အမြင်ရှိကိုရှိရမယ်။ ဒါဟာ ခင်ဗျားတို့အားလုံး ဆုပ်ကိုင်ထားတဲ့ ခံယူချက်တစ်ခု ဖြစ်ရမယ်”

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေး တာဝန်ယူနေသော  မြန်မာနိုင်ငံ အထူး ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ Photo - EPA

ရန်ကုန်၊ ဧပြီ ၂၈- ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့က လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည် ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။


မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့်    ပြည်ပ မှဝင်ရောက် လာသည့်   နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြား သားတွေ့ရင် လေဆိပ် ကတာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့်   ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။

Monday, April 28, 2014

တရားထိုင်ခြင်းဖြင့်စိတ်ဖိစီးမှုကုထုံးကိုကုသနိုင်ကြောင်းအမေရိကပညာရုင်တွေကအသိမှတ်ပြုလိုက်ပါပြီ

မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် တွေက လူ့ ဘ၀ရဲ့ လက်တွေ့ ဘ၀ ထဲမှာ ဘယ်လို အထောက်အကူ ပြု ဖြေရှင်းပေး သလဲဆိုတာ အားလုံး ဒီဗီဒီယိုဖိုင်လေကြည့်လိုက် သိသွားပါလိမ့်မယ် ။အနောက် နိုင်ငံ တော်တော်များများ ဟာ အခုဆို မိမိရဲ့ စိတ်ဖိစီးမှု တွေ့ ကို လျော့ ချ ဖြေရှင် နိုင်စေဖို့ နည်းလမ်း ရှာရာမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်တဲ့ စိတ်ကို မိမိရဲ့ ၀င်သက် ထွက်သက် တိုင်းမှာ အသိနဲ့ ကပ်ပြီး မှတ်ယူနေခြင်း ( တရားထိုင်ခြင်း) ဟာ စိတ်ဖိစီးမှု တွေကို ပြေပျောက်စေပြီး ကြည်လင်သန့် ရှင်းတဲ့ စိတ် အဆင်အဖြစ် ပျောင်းလဲ လာပါတယ်လို့  ဆေးပညာရှင်များက လဲ အသိအမှတ်ပြု လက်ခံလိုက်ပြီး အခုဆို နာမည်ကြီး အနုပညာ လောက က လူတွေတောင် လည်းကောင်း ကျင့်စဉ်ကို လိုက်နာကျင့်သုံး ရင် စိတ်ဖိစိးမှု တွေကို လျော့ ချ နေပါပြီလို့ သိရပါတယ် ။

ကလေးငယ်ငယ်လေး ကို ဆေးလိပ်တိုက်နေတဲ့ ကလေးအဖေရဲ့ ဗီဒီယို လူကြည့်များ၍ ဝေဖန်မှုများစွာခံနေရ (ရုပ်/သံ)


ရုရှားနိုင်ငံက ဖခင်တစ်ဦးဟာ ကလေး ငယ်ကို ဆေးလိပ် တိုက်ခဲ့တာမို့ ဝေဖန်ခံနေရ တယ်လို့ သိရပါတယ်။ ဗီဒီယို ၀က်ဘက်ဆိုက် တစ်ခုဖြစ် တဲ့ Liveleak မှာ ဖခင်ဖြစ်သူက ကလေးငယ်ကို ဆေးလိပ်မီးညှိပေးခြင်း၊ ကလေးငယ်နဲ့ အပြန်အလှန် ဆေးလိပ်သောက်ခဲ့ခြင်း စတာတွေ ပါဝင်တဲ့ ဗီဒီယို ဖိုင်တစ်ခုကို လွှင့်တင် ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ထဲမှာ ကလေးငယ်ဟာ အလွန် ငယ်ရွယ်ပြီး ဖခင်ဖြစ်သူနဲ့ ဆေးလိပ်ကို အတူ သောက်သုံးခဲ့ပါတယ်။ ဖခင်ဖြစ် သူနဲ့ ကလေးငယ်တို့ဟာ အင်္ကျီဝတ် ဆင်ထားခြင်းမရှိဘဲ အပေါ်ပိုင်းဗလာကျင်းနဲ့ ဆေးလိပ်သောက်သုံးခဲ့တာဖြစ်ပါတယ်။

ကလေးငယ် ဟာ ဆေးလိပ်သောက်ချိန် မှာ ရယ်မောနေပြီး ဖခင်ဖြစ်သူက ဆေးလိပ် ကို ပြန်ယူလိုက်တဲ့အချိန်မှာ ငိုကြွေးနေခဲ့ပါ တယ်။ ဒီလို ဆေးလိပ်သောက်သုံးမှုကို အမျိုးသမီးတစ်ဦး က ရယ်မောနေတဲ့ အသံကြားခဲ့ ရကြောင်း သိရပါတယ်။ ဗီဒီယိုဖိုင်ကြည့်လိုက် ရသူတွေကတော့ ရယ်မော နေတဲ့ အမျိုးသမီး ဟာ ကလေးငယ်ရဲ့ မိခင်ဖြစ်နိုင်တယ်လို့ မှတ် ချက်ပြုခဲ့ပါတယ်။ ဗီဒီယိုဖိုင် ရဲ့အောက်မှာ ဝေဖန်မှတ်ချက်မျိုးစုံပေးခဲ့ကြပြီး လူတစ်ဦးက ဒါဟာ ကလေးသူငယ်အပေါ် ရိုင်းပျစော် ကားမှုတွေသာ ဖြစ်ပါတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ပြင်းပြင်း ထန်ထန် အရေးယူ သင့်ပါတယ် လို့ ရေးသားခဲ့ပါတယ်။







ဆူးပုပ်ရွက်၏ ကျန်းမာရေး စွမ်းပကားများ


ဆူးပုပ်ရွက်ဟာလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။

ချောင်းဆိုးရောဂါများကို ပျောက်ကင်းစေတဲ့ အပြင် မီးယပ်ရောဂါ အတွက်လည်းကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် အစာမကြေ ရောဂါများ အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ လေရောဂါများ အတွက်လည်း ကောင်းမွန်စေပါတယ်။

အသားမာတက်ခြင်းနှင့် သွားဖုံ သွေးထွက်ခြင်းတွေ အတွက် မှီဝဲပေးသင့်သော
အစာအစာ တစ်မျိုးဖြစ်လို့ ရေးသားလိုက်ရပါတယ်။

ညအိပ်ရာ ဝင်ခါနီး မျက်နှာကျန်းမာရေး ဂရုစိုက်နည်း




မျက်နှာ အရည်အပြား လှပ ကျန်းမာစေဖို့ အတွက် ညအိပ်ရာ ဝင်ခါနီး ဂရုစိုက် ရမယ့် နည်းလမ်း ကတော့ သန့်ရှင်းအောင် ဆေးကြော ပြီးတော့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်း ဖြစ် ပါတယ်။

ယင်း သို့ ဘာမှ မလိမ်းပဲ အိပ်စက်ခြင်းက အဆီပြန်ခြင်းကို ခွင့်ပြုထားပေး ပြီး မျက်နှာက ပျက်ဆီး သွားတဲ့ ဆဲလ်တွေကို အလိုအလျော်က ပြန်လည် ပြုပြင်ပေး ပါတယ်။ အရည်အပြား ကျန်းမာရေး ကောင်းမွန်စေတဲ့ အစိမ်းရောင် အသီးအရွက် များများ စားသုံး သူများက၊ ကျန်းမာရေး ကောင်းမွန်သူများက ယင်းဆဲလ် ပိုမို အားကောင်းပြီး ညအိပ်ချိန်မှာ ပြန်လည် ပြုပြင်ပေးမှု မြန်ဆန် ပါတယ်။ ဒါကြောင့်မို့ အနာအဆာ များ၊ ဝက်ခြံများ၊ အဖု များကို သူ့အလိုအလျောက် ကုသ ပေးပြီး အရည်အပြားက သဘာဝ ဆေး ထုတ် ပါတယ်။

ဒါကြောင့်မို့ အိပ်ရာ ဝင်တဲ့ အချိန် သနပ်ခါး လိမ်းခြယ်ခြင်း၊ အခြား အဆီ နဲ့ ခရင်တို့ လိမ်းခြင်းတို့က ဓာတ်မတည့်ရင် အရည်အပြား ကျန်းမာရေးကို ပိုလို့ တောင် ထိခိုက်စေနိုင် ပါသေးတယ်။ အရည်အပြားက အဆီပြန်မှုကို ပိတ်ဆို့ ထားခြင်းကြောင့် ပိုလို့တောင် ပျက်ဆီး စေပါ သေးတယ်။ အိပ်ရာ ဝင်ခါနီးမှာ အရည်အပြား သန့်ရှင်းအောင် ဆေးကြောဖို့ တော့ လိုပါတယ်။ ဒီအတွက် မိမိ အသုံးပြုနေကျ ဘယ်လို မျက်နှာသစ်ဆေးနဲ့ မဆို ဆေးကြော သန့်ရှင်း နိုင်ပါတယ်။ ပြီးရင်တော့ အိပ်နိုင် ပါပြီ။

မနက် အိပ်ရာ ထချိန်မှာ မနေ့ကထက် လှပ နေမှာ ဖြစ်ပါတယ်။ ယင်းဟာ အရည်အပြား အလှအပ ဆိုင်ရာ ဆရာဝန်များ ညွန်ကြား ပြသ ထားတဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

အမေရိကန်အပေါ် အနိုင်ယူနိုင်ရေး ပြင်ဆင်ထားရန် မြောက်ကိုရီးယား တပ်မတော်ကို ကင်ဂျုံအန်ညွှန်ကြား





အမေရိကန် ပြည်ထောင်စုကို ရင်ဆိုင် တိုက်ခိုက်ရပါက အနိုင်ရယူနိုင်ရေး ပြင်ဆင် စီစဉ်ထားရန် မြောက်ကိုရီးယား တပ်မတော်ကို ခေါင်းဆောင် ကင်ဂျုံအန်က ညွှန်ကြားလိုက်ကြောင်း Reuters သတင်းတွင်  ဖော်ပြထားသည်။

ကင်ဂျုံအန်သည် မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင် အစည်းအဝေးကို ဦးဆောင်နေပြီး ကိုရီးယား ပြည်သူ့ တပ်မတော် ဖွံ့ဖြိုး တိုးတက်ရေး အရေးကြီး တာဝန်များနှင့် လုပ်ဆောင်ရန် နည်းလမ်းများကို ချမှတ်ပေးနေကြောင်း ကိုရီးယား နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရင်ဆိုင်တိုက်ပွဲတွင် အောင်ပွဲများ တစ်ပွဲပြီးတစ်ပွဲ ရရှိလိုပြီး ပါတီ တပ်မတော် အစဉ်အလာနှင့် ဂုဏ်ယူဖွယ် သမိုင်းကြောင်းကိုလည်း ဆက်လက် ထိန်းသိမ်းလိုပါက တပ်မတော်၊ နိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ချက်များ တိုးမြှင့်ရန် လိုအပ်ကြောင်း ကင်က ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၏ စစ်ရေးအင်အားကို သတိထားရန် အမေရိကန်သမ္မတ အိုဘားမားက မြောက်ကိုရီးယား နိုင်ငံကို သတိပေးလိုက်ပြီးနောက် ယခုကဲ့သို့သော ပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အခြားသော နိုင်ငံများအပေါ် ကိစ္စရပ်များ ဖိအားပေးနိုင်ရေး စစ်အင်အား အသုံးပြုမည် မဟုတ်သော်လည်း မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို တိုက်ခိုက်လာပါ စစ်အင်အား အသုံးပြု ကာကွယ်သွားမည်ဟု ဆိုးလ်မြို့တော်သို့ ရောက်ရှိနေသော သမ္မတအိုဘားမားက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့သည်။

၁၉၅၀-၅၃ ခုနစ်တွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲများ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့်သာ ရပ်ဆိုင်းထားသဖြင့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံမှာ စစ်ဖြစ်နေဆဲ အခြေအနေတွင်သာ ရှိသေးသည်။

ဆင်းရဲမွဲတေနေသော ကွန်မြူနစ် မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံကို မကြာခဏ ခြိမ်းခြောက် ပြောကြားလေ့ ရှိပြီး နျူကလီးယား စမ်းသပ်မှု အသစ်များ ထပ်မံလုပ်ဆောင်မည်ဟုလည်း ထုတ်ဖော် ပြောကြားထားသည်။

မြောက်ကိုရီးယား နိုင်ငံသည် ယခင်လည်း နျူကလီးယား စမ်းသပ်မှု သုံးကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂအဖွဲ့က အရေးယူ ပိတ်ဆို့ထားသည်။

မကြာသေးမီက ထွက်ပေါ်လာသည့် ဂြိုဟ်တု ဓာတ်ပုံများအရ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်မှုသစ်များ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သုံးသပ်ခဲ့သော်လည်း စမ်းသပ်မှုများ ချက်ချင်း လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

ထို့အပြင် တစ်နိုင်ငံတည်း အထီးကျန်နေခြင်း သို့မဟုတ် ကျန်ကမ္ဘာ့ နိုင်ငံများနှင့် ပူးပေါင်းခြင်းစသည့် လမ်းကြောင်း နှစ်ရပ်ထဲမှ တစ်ခုကို မြောက်ကိုရီးယားနိုင်ငံ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။   

အမေရိကန်ရေတပ် စစ်စခန်းကို ဗုံးခွဲတိုက်ခိုက်ဖို့ MH370 ရည်ရွယ်ခဲ့လေသလား





ေ  ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH370 လေယာဉ်ဟာ ပြန်ပေးဆွဲခံရပါ တယ်။ နောက် အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်း မှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်ဌာနချုပ်ကို ဗုံး အဖြစ် ပြန်လည်တိုက်ခိုက်ဖို့ ပြန်လည်ပျံသန်း လာခဲ့ပါ တယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ ကွင်းဆင်းပြီး ဗုံးတွေတပ် ဆင်သယ်ဆောင်လာတဲ့ MH370 လေယာဉ်ဟာ ပစ် မှတ်ဆီရောက်အောင် မချဉ်းကပ်နိုင်ခဲ့ပါဘူး။

ဒါဟာ အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ ပေါလ်ဟူဘဲလ်ရဲ့ နိဂုံးချုပ် သတင်းစကား ဖြစ်ခဲ့ပါတယ်။ သူက Globe နဲ့ အင်တာဗျူးမှာ ခရီးသည်၂၂၇ဦးနှင့် လေယာဉ်ဝန်ထမ်းတွေ လိုက်ပါလာတဲ့ MH370 ပျောက် ဆုံးရခြင်းရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ရှင်းပြပါတယ်။ ဒီယာဂိုဂါစီယာမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရေ တပ်က ¤င်းတို့ရဲ့ လေကြောင်း အော်ပရေးရှင်း အတွက် အရေးပါလှပုံကို ရှင်းပြပါတယ်။ လူ့အခွင့်အရေးအဖွဲ့ အစည်းတွေက ဒီယာဂိုဂါစီယာကို အကြမ်းဖက် သံ သယရှိသူများကို အကျဉ်းချစစ်ဆေးနေရာအဖြစ် သတ် မှတ်ကြကြောင်းကိုလည်း ထည့်သွင်းပြောကြားပါတယ်။

နောက် ဗြိတိန်နဲ့ အမေရိကန်တပ်မတော် သားနဲ့ ကန်ထရိုက်တာများနေထိုင်ရာ အိမ်ခြေ၃ဝဝဝ ခန့်ရှိခြင်းကလည်း ၉/၁၁ဝေါထရိတ်စင်တာနှင့် ပင် တဂွန်တို့ကို တိုက်ခိုက်တာနဲ့ညီမျှတဲ့ ပစ်မှတ်တစ်ခုဖြစ် တယ်လို့ တွက်ချက်ပြပါတယ်။ ဇာတ်လမ်းကို ပိုပြီးပီပြင် စေတာကတော့ လေယာဉ်မှူး ဇာဟာရီအာမက်ရှာ ဟာရဲ့အိမ်က ပျံသန်းမှုလေ့ကျင့်ရေးကိရိယာပဲဖြစ်ပါ တယ်။ အဆိုများအရ လေယာဉ်မှူးဇာဟာရီရဲ့ ဆင်မြူ လေတာထဲမှာ ဒီယာဂိုဂါစီယာသို့ ပျံသန်းရေးအစီအစဉ် ပါရှိတယ်လို့ သိရပါတယ်။ သူဟာ အကြိမ်များစွာပျံ သန်းရေးအစီအစဉ်ကိုလေ့ကျင့်ခဲ့ပြီး ဒီယာဂိုဂါစီယာ ကျွန်းငယ်လေးဆီ ဗုံးများတင်ဆောင်လာတဲ့ MH370 နဲ့ ဆင်းသက်ဖောက်ခွဲဖို့ ကြံစည်ခဲ့ဖွယ်ရှိတယ်လို့ စုံစမ်း စစ်ဆေးသူများက ဆိုပါတယ်။

ဟူဘဲလ်က လေယာဉ်ပြန်ပေးဆွဲမှုမှာ အတွင်း လူတစ်ဦး ဒါမှမဟုတ် အခြားလေယာဉ်ဝန်ထမ်းများ လည်း ပါဝင်နိုင်ပြီး လေယာဉ်မှူးဇာဟာရီပူးပေါင်းပါ ဝင်မှုရှိနိုင်သလို မပါဝင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက် မတ်လ ၈ရက် နံနက်၁၂နာရီ ၄၁ မိနစ်မှ ကွာလာလမ်ပူကထွက်ခွာခဲ့တဲ့ လေယာဉ်ဟာ ပါ ကစ္စတန်ကို ပျံသန်းခဲ့တယ်လို့ယူဆပါတယ်။ အကြောင်း က ယခုဇာတ်လမ်းအတွက် ပါကစ္စတန်က ဗဟိုချက်မ နေရာဖြစ်တာကြောင့်လို့ ဟူဘဲလ်က ဆိုပါတယ်။

ဟူဘဲလ်က အိန္ဒိယသမုဒ္ဒရာရှိ ဒီယာဂိုဂါစီယာအခြေစိုက်စစ်စခန်းကို တိုက်ခိုက်ဖို့အတွက် တာ လီဘန်နဲ့ အယ်လ်ခိုင်ဒါတို့အတွက်လည်း အဓိကပစ်မှတ် တစ်ခုဖြစ်တဲ့အကြောင်း ဆက်စပ်ရှင်းပြပါတယ်။

စုံစမ်းစစ်ဆေးသူများကလည်း မလေးရှား နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့ ဆွေ မျိုးသားချင်းတစ်ဦးကို မလေးရှားတရားရုံးက လိင်မှု ကိစ္စနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အတွက် နာကြည်းနေခြင်း ကြောင့် အကြမ်းဖက်သမားများ အလွယ်တကူစည်းရုံး သိမ်းသွင်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လေယာဉ် မှူး ဇာဟာရီရဲ့မိန်းမနဲ့ကလေးတွေက စုံစမ်းစစ်ဆေးသူ များကို ပြောပြရာမှာတော့ ပျံသန်းမှုခရီးစဉ်မစတင်မီ သူဟာ မလေးရှားနိုင်ငံခေါင်းဆောင်များကို အလွန် ဒေါသထွက်နေပြီး ဒီမိုကရေစီဆိတ်သုဉ်းပြီလို့ ရေးသား ထားတဲ့ တီရှပ်ကိုလည်း ဝတ်ဆင်ခဲ့တယ်လို့သိရပါတယ်။ နောက် ဇာဟာရီဟာ မိန်းမနဲ့ကလေးတွေကို အဆက် အဆံမရှိဘဲ သီတင်းပတ်ပေါင်းများစွာ ဆင်မြူလေတာ အခန်းထဲမှာသာ လော့ခ်ချနေခဲ့တယ်လို့ ဆိုပါတယ်။

ဇာဟာရီရဲ့မိသားစုက သူဟာ စိတ်ဓာတ်ကျ နေခဲ့တယ်လို့လည်း ပြောပြပါတယ်။ ဟူဘဲလ်က လေ ယာဉ်ပျောက်ဆုံးခြင်းအဖြစ်အပျက်မှာ တုံ့ပြန်အကြောင်း ကြားမှုမရရှိခြင်းက ဆဲလ်ဖုန်းတာဝါတိုင်များ အနီးအနား မရှိခြင်းအတွက်ဖြစ်ပြီး လေယာဉ်မှူးများက လေယာဉ် မောင်းနှင်ခန်းကို လော့ခ်ချထားပုံရတယ်လို့ဆိုပါတယ်။ နောက် ဇာဟာရီဟာ လေယာဉ်ကို အမြင့်ပေ ၄၅ဝဝဝ အထိ ပြန်တက်ပြီး ခရီးသည်တွေကို အောက်ဆီဂျင် ပြတ်လပ်ကာ အသက်သေဆုံးကြဖို့ ကြံစည်ခဲ့ဖွယ်ရှိ တယ်လို့ ယူဆပါတယ်။ ပါကစ္စတန်မှာ ကွင်းဆင်းခဲ့ပြီး နောက် အလောင်းများကိုပြန်ချခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း များ ပြန်လည်တပ်ဆင်တင်ဆောင်ကာ ဆီဖြည့်ပြီး ပြန် လည်ထွက်ခွာပျံသန်းခဲ့ပုံရတယ်လို့ စုံစမ်းစစ်ဆေးသူ များက ဆိုပါတယ်။ ဟူလ်ဘဲက ကြံစည်မှုအစီအစဉ် ဟာ လွဲချော်မှုရှိခဲ့ပြီး ကုန်တင်ခန်းထဲက လစ်သီယံဘက် ထရီခြောက်များနဲ့ ဓာတုဗုံးများပေါင်းစပ်ကာ ပေါက် ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဘာကြောင့် MH370 ပျောက်ဆုံးပြီး နောက် အကြမ်းဖက်တိုက်ခိုက်မှုမ လုပ်နိုင်ခဲ့တဲ့အကြောင်း အရင်းဖြစ်ပြီး အလားတူ ထပ်မံကြံစည်ဖို့ ကြိုးစားလာ နိုင်ဖွယ်ရှိတယ်လို့ ဟူဘဲလ်က ဆိုပါတယ်။

ခွေးတောက်ရွက်၏ ကျန်းမာရေး အကျိုးပြုပုံ




ခွေးကောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေ ပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ဟာ ပြည်တည်နာများ အနာဆွေးများသွေးစုနာများ အနားစိမ်းကို ပျောက်ကင်းစေနိုင်ပါ တယ်။ အရွက်ကို မီးကင်၍အုံပေးပါ။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ
အတွက် ကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ
အပြုတ်တို့ လုပ်ပြီးလစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။

ဒါ့အပြင် ကြက်သားဖြစ် ရောစပ်ကာ ချက်စားမယ် ဆိုရင် ဝမ်းတွင်း
အစိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာ ပါရှိလို့မြန်မာ့
ေ ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း
အပ်ပါတယ်။

Sunday, April 27, 2014

ဘလော့မှာ အလှဆင်ချင်သူများ ဒီကိုသွား


Blogspot Tutorial











                                      ဒီမှာဒေါင်းနော်


                                     ဒီမှာ  နာရီတွေ

Saturday, April 26, 2014

သင်မသိသေးတဲ့ မြန်မာ့ဂုဏ်ဆောင်ပြီး ကမ္ဘာကလေးစားရတဲ့ ဦးသန့်အကြောင်း



ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။

ငယ်စဉ်ဘဝ (Biography)

ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နဲ့ မိခင်ဒေါ်နန်းသောင်တို့က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့မှာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာမွေးဖွားခဲ့သည်။ ပန်းတနော်ဇာတိဖြစ်တဲ့အတွက် နောင်အခါမှာ ဦးသန့်ကို “ပန်းတနော်ဦးသန့်” လို့ခေါ်ခဲ့ကြသည်။ ဦးသန့်မိဘတွေသည်မြေပိုင်ရှင်၊ ဆန်ကုန်သည်တွေဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့မှာ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာလည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။ ဖခင်ကွယ်လွန်စဉ်တုန်းက ဦးသန့်သည် အသက်၁၄နှစ်သား သာရှိသေးသည်။ အမွေဆက်ခံမှု အရှုပ်အရှင်းတွေကြောင့် မိခင်ဒေါ်နန်းသောင်နဲ့ ကလေး၎ယောက်မှာ စီးပွားရေး အကြပ်အတည်း ပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။
ဦးသန့်သည် ငယ်စဉ်က ပန်းတနော်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို ဆက်၍သင်ယူခဲ့သည်။ ယင်းနောက် ပန်းတနော် အမျိုးသားကျောင်းမှာ ကျောင်းဆရာ စလုပ်ခဲ့ပြီး၊ အသက်၂၅နှစ်မှာ အဲ့ဒီကျောင်းရဲ့ ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မအူပင်မြို့မှာ နေထိုင်ပြီး ပညာအုပ်ဖြစ်တဲ့ (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နဲ့ ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့ “ဂန္တလောက” မဂ္ဂဇင်းရဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ၄ ကြိမ်တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်သည်။
ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားသည့် စာမူဖြစ်ပြီး အသက် ၁၅နှစ်အရွယ်မှာ ပုံနှိပ်ဖော်ပြခံခဲ့ရသည်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စတဲ့ စာအုပ်တွေကို ရေးသားခဲ့သလို နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်တွေ အပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးတွေကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင်ခွဲတွေနှင့် ရေးသားခဲ့သည်။ စာပေဝေဖန်ရေး နိုင်ငံရေးဝေဖန်ချက်တွေကို ရေးသားသည့် အခါ သူ့ရဲ့ အယူအဆတွေကို ပွင့်ပွင့် လင်းလင်း ရေးသားခဲ့သလို သူ့ရဲ့အတွေးအခေါ် အယူ အဆ တွေကလည်း ခေတ်မီတာကို တွေ့မြင်ရသည်။

ပြည်သူ့ဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံမှာ ဦးနုဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ ဦးသန့်ကိုရန်ကုန်ကိုခေါ်ပြီး ၁၉၄၈ခုနှစ်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ အဲ့ဒီနောက် ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာနအတွင်းဝန် ဖြစ်လာခဲ့သည်။
၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ၀န်ကြိးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းတွေ ရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံပေးခြင်း- စသည့်ကိစ္စများကို ဆောင်ရွက်ပေးယင်း ဦးနု၏ ယုံကြည်မှုကို ရခဲ့သည်။ နိုင်ငံတကာ conference အများအပြားကိုတက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပတဲ့ “ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့တဲ့ ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံမှာ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

အမြဲတမ်း ဖြောင့်ဖြောင့်မှန်မှန်လုပ်တတ်ပြီး မှန်တယ်ထင်ရင် အလျှော့မပေးတတ်တဲ့ ဦးသန့်နဲ့ တိုင်းပြည်ခေါင်းဆောင် ဦးနုတို့ မသင့်မမြတ်ဖြစ်လာတာကနေစပြီး ၁၉၅၇ခုနှစ်မှာ ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြီး New York ကိုစေလွှတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ဦးသန့်သည် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသည်။ ၁၉၆၀ ခုနှစ်မှာ မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟ ပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နဲ့ ဗိုလ်ရာထူးကို ပေးအပ်ခဲ့သည်။



ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံတွေထဲမှာ ပထမဦးဆုံး ရရှိခဲ့တဲ့သူဖြစ်သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ရဲ့ မကုန်ဆုံးသေးတဲ့ သက်တမ်းကို ဖြည့်ဆည်းဖို့ အထွေထွေ ညီလာခံမှာ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ ယာယီ-အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။ သူ့၏ ပထမသက်တမ်းအတွင်းမှာ ဦးသန့်ဟာ ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါဝင်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင်ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့သည်။ ယင်းအတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။



၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ လုံခြုံရေးကောင်စီရဲ့ တညီတညွတ်တည်း ထောက်ခံမှုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် သူ အငြိမ်စားယူမယ့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ ဒုတိယသက်တမ်းအတွင်းမှာ ဦးသန့်သည် အလုပ်တွေအများကြီးလုပ်ခဲ့သည်။ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းကို အာရှနဲ့ အာဖရိက နိုင်ငံတော်တော်များများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ်မှာ ယီမင်အရေးနဲ့ ၁၉၆၈ ခုနှစ်မှာ ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်မှာ အာရပ်- အစ္စရေးခြောက်ရက်စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) နဲ့ ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ စတာတွေကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲမှာတုန်းက သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ “တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆိုဗီယက်တို့က ဒုံးကျည်စခန်းတွေကို ရုပ်သိမ်းသွားပြီး အမေရိကန်တွေက ကျူးဘားကို ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့သည်။


ဒီအရေးအခင်း အားလုံးမှာ ငြိမ်းချမ်းရေးကို ထိပါးစေနိုင်သည့် အပြင် စစ်ဖြစ်ကြမယ့် အရိပ် လက္ခဏာတွေဖြစ်ပြီး၊ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ အောက်စဖို့ဒ် တက္ကသိုလ်က ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားသည့် Who’s Who in the 20th Century စာအုပ်မှာ ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်တယ်လို့ အတ္ထုပ္ပတ္တိ အကျဉ်းရဲ့ အစမှာ ဆိုထားသည်။


ဦးသန့်သည် UFO ယာဉ်ပျံတွေကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားလေ့လာခဲ့သသည်။ ၁၉၆၇ ခုနှစ်မှာ အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာ James E. McDonald ကို UFO နဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ စကားပြောနိုင်ဖို့ စီစဉ်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ ဦးသန့်က သူဟာ ဘယ်အကြောင်းပြချက်နဲ့မှ တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။ လုံခြုံရေးကောင်စီကလည်း ဦးသန့်နေရာမှာ ဆက်ခံမယ့်သူကို သီတင်းပတ်ပေါင်းများစွာ အပူတပြင်း လိုက်ရှာခဲ့သည်။ နောက်ဆုံး ကွတ်ရ်ထ် ဝါးလ်ဒ်ဟိုင်းမ် (Kurt Waldheim) ကို ရွေးချယ်လိုက်သည်။ ဦးသန့်က သူ့နောက်ဆုံး တာဝန်သက်တမ်းမကုန်ဆုံးမီ ၁၀ရက်အလိုမှာပဲ Kurt ကို တာဝန်ဝတ္တရားတွေအားလုံး လွှဲပြောင်းပေးခဲ့သည်။ ဦးသန့်အငြိမ်းစားယူသွားတာနဲ့ ပတ်သက်ပြီး New York Times သတင်းစာရဲ့ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ အယ်ဒီတာ့အာဘော်မှာလည်း The Liberation of U Thant ဆိုတဲ့ခေါင်းစဉ်နဲ့ တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ဦးသန့်သည် Palisade နဲ့ Douglas Avenues လမ်းကြား၊ ၂၃၂ လမ်းအနီးမှာရှိတဲ့ ၄.၇၅ ဧကလောက်ကျယ်တဲ့ Riverdale, Bronx ခြံမှာ နေထိုင်ခဲ့သည်။

နောက်ဆုံးနေ့ရက်နှင့် မိသားစု


၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဦးသန့်သည် အဆုတ်ကင်ဆာ ရောဂါနှင့် New York မှာပဲ ကွယ်လွန်ခဲ့သည်။ ဦးသန့်၏ ဆန္ဒအရ သူ့ရဲ့ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူ နောက်ဆုံးဂါရဝ ပြုနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ပြသထားခဲ့သည်။ ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက်ရှိ နေရာတွင် မြှုပ်နှံပေးလိုက်သည်။

ဦးသန့်သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုးအမှု့ထမ်းစဉ် သေဆုံးကြောင်း အချို့ မှတ်တမ်းများ ဖော်ပြသည်)၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျားဖြစ်တဲ့ ဦးသန်းမြင့်ဟာ သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနမှာ ဝါရင့် ဝန်ထမ်းတစ်းဦးဖြစ်သည်။ The River of Lost Footsteps စာအုပ်ကိုလည်း ဦးသန်းမြင့်က ရေးသား ထုတ်ဝေခဲ့သည်။

ဝင်မကြည့်စေချင်တဲ့ဝက်ဆိုဒ်တွေကအစ Enable/Disable လုပ်ပြီးပိတ်ထားလို့ရတဲ့ဆော့စ်ဝဲ


ဒီဆော့စ်ဝဲလေးကတော့ညီအစ်ကိုမောင်နှမနဲ့ သားသမီးတွေအတူတူကွန်ပြူတာကိုအသုံးပြုတာပဲဖြစ်ဖြစ် ၊
မိမိအိမ်မှာရှိတဲ့သားသမီးတွေကိုညစ်ညမ်းတဲ့ဝက်ဆိုဒ်(Porn)တွေကိုသွားရောက်လည်ပတ်လို့မရအောင်
ပြီးတော့အခြားဝင်မကြည့်စေချင်တဲ့ဝက်ဆိုဒ်တွေကအစ Enable/Disable လုပ်ပြီးပိတ်ထားလို့ရတဲ့ဆော့စ်ဝဲ
လေးပါ။ဒါ့အပြင် မိမိကွန်ပြူတာထဲမှာရှိတဲ့ Folder/Image/Movie တွေကအစအခြားသူကြည့်မရအောင်
Enable/Disable လုပ်ထားလို့ရပါတယ်။နောက်ထပ်လုပ်နိုင်ခွင့်တွေအများကြီးရှိပါတယ်။Full ဖြစ်စေဖို့
အတွက်ဒေါင်းလော့စ်ဖိုင်ထဲမှာ Patch ဖိုင်လေးကိုထည့်ထားပါတယ်။

လိုရင်    ဒီမှာဒေါင်းနော်

့မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
ြ မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေးလုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံး အကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး နဲ့ လူဦးရေ ဆိုင်ရာ ဝန်ကြီး ဦးခင်ရီ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ပွင့်လင်းပြောင်းလဲလာမှုကို ထင်ဟပ်တာဖြစ်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဖော်ကိုင်ဖက်များအုပ်စု အနေနဲ့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲဖြစ်ထွန်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် အခြေအနေနဲ့ ပါတ်သက်ပြီး အကြမ်းဖက်မှုလှုံ့ဆော်သူ အမုန်း တရားဟောပြော သူတွေကို အစိုးရက ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်လို့ ဖော်ပြ ထားပါတယ်။ နိုင်ငံသားဖြစ်မှုကိစ္စကိုလည်း ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသမှာ နိုင်ငံတကာက ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့  ဖိအားပေးမှုကိုလည်း အဖွဲ့ဝင်တွေက ကြိုဆိုကြပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကိုလည်း ဆွေးနွေးကြပြီး အသွင်ကူးပြောင်းရေးကို ကူညီသွားဖို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။

ကန်တော်ကြီးရေကြည်လင်ရန်အမေရိကန်နည်း ပညာရှင်များဖြင့်ဆောင်ရွက်မည်


ကန်တော်ကြီးပတ်ဝန်းကျင် နှင့် ကန်တော်ကြီးရေကြည်လင် လာစေရေးအတွက် အမေရိကန် နိုင်ငံမှနည်းပညာရှင်များဖြင့်ဆောင် ရွက်သွားရန်ရှိကြောင်းသိရသည်။

အဆိုပါကဲ့သို့ဖြစ်လာစေရန် အတွက်ကန်တော်ကြီးမှရေကို နမူနာဓါတ်ခွဲရန်အမေရိကန်နိုင်ငံ သို့ပို့ထားပြီး စမ်းသပ်တိုင်းတာမှု ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့စတင် ကာလုပ်ဆောင်နေလျက်ရှိကြောင်း အမေရိကန်မှပညာရှင်များနှင့်ပူး ပေါင်းလုပ်ဆောင်သည့်Myan mar Mega Tran ကုမ္ပဏီမှတာဝန် ရှိသူကိုဇော်ကပြောသည်။

““ဧပြီလ ၁ ရက်နေ့ကစပြီး တော့လုပ်နေပြီ၊ ရေကလည်းတော် တော်လေးကိုကြည်နေပါပြီ။ ၉၉ ရာခိုင်နှုန်းအထိရေကိုကြည် သွားအောင်လုပ်ဖို့ရှိပါတယ်””ဟုကိုဇော်ကဆို သည်။

အမေရိကန်မှပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုသည် ၃လ ခန့်ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီသောနည်းပညာများဖြင့် သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

““ရေကြည်ဖို့အတွက်ရေထဲကို လူတွေမကြားနိုင်တဲ့လှိုင်းအသံနဲ့ ထည့်ပြီးလုပ်သွားပါမယ်။ ရေကြည် ဖို့အတွက်လူနဲ့ငါးတွေကိုအန်္တရာယ် မဖြစ်စေတဲ့ဆေးဝါးများကိုသာသုံး သွားမှာပါ””ဟုကိုဇော်ကထပ်လောင်း ပြောဆိုသည်။

ယခင်က ကန်တော်ကြီးပတ် ၀န်းကျင်နှင့် ကန်တော်ကြီးရေကြည် လင်လာစေရေးအတွကJICA ၏ အကူအညီဖြင့်ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ အမေရိကန်ပညာရှင်များ ကပြန်လည်ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

ကောင်းကင်က အင်တာနက်ကြီး ကျလာတော့မည်


ကမ္ဘာ့ ဝေးလံ ခေါင်သီ ဒေသ များဆီ က ပြည်သူ များ အင်တာနက် ကမ္ဘာကြီး ဆီ အရောက် လှမ်းဖို့ အတိုဆုံးလမ်းကား ကောင်းကင် ခရီးလမ်း ဖြစ်သည်။ အမေရိကန် နိုင်ငံ က နည်းပညာ အင် အားကြီး ကုမ္ပဏီ ကြီး များသည် ထို အတိုဆုံး လမ်းကို အသုံးပြု ရန် စိုင်းပြင်း နေပြီ။

နည်း ပညာ အရောက်အပေါက်နည်းသော ကမ္ဘာ့  ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် ဟူ သော အဆက်အသွယ် ရောက်ရှိရေး အတွက် ကောင်းကင်ခရီး က အရောက်သွားကြ ဖို့ နည်း ပညာ လုပ်ငန်းကြီးများ ပြင်ဆင်နေကြပြီ။ ဝေးလံခေါင်သီ ဒေသများဆီ အင်တာနက် အရောက်ပို့နိုင်ရေး ပြိုင်ပွဲတွင် ပြိုင်ဘက်များ ထက် တစ်လှမ်းကျောသည့်အနေဖြင့် ဂူဂဲ သည် ယခုအပတ် အတွင်းမှာပင် Titan Aerospace ကုမ္ပဏီ ကို ၀ယ်ယူ လိုက် ပြီဖြစ် သည်။ ထိုကုမ္ပဏီသည် နေစွမ်းအင်ဖြင့် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ယာဉ် ပျံငယ် များ စမ်းသပ် ထုတ်လုပ်လျက်ရှိသည်။ ထိုယာဉ် ပျံငယ်များကို ဝေးလံခေါင်သီသော ဒေသ များ၏ ကောင်းကင်ယံများတွင် ပျံ သန်းစေ ကာ ယာဉ်ပျံငယ်များမှတစ်ဆင့် အင်တာနက် စနစ်ကို ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို နည်းဖြင့် ဝေး လံ ခေါင်သီ ဒေသနေများ အင် တာနက်ကမ္ဘာကြီးထဲ အတိုဆုံးလမ်းဖြင့် ရောက်လာ အောင် ဆောင်ကြဉ်း မည် ဖြစ် သည်။

တစ်ခုခုကို သေသေချာချာပြောရ လောက်အောင် အချိန် အားဖြင့်တော့ အရမ်းကို စောပါသေးတယ်။ လေထုထဲမှာပဲ လှည့်ပတ်ပျံသန်းနေမယ့် မောင်းသူမဲ့ ယာဉ်ပျံ တွေဟာ ဂြိုဟ်တု အငယ်စားလေးတွေလို တာဝန် ထမ်းဆောင်ကြပါလိမ့်မယ်။ ဝေးလံ ခေါင်သီ ဒေသများဆီက လူ သန်းပေါင်း များစွာ အတွက် အင်တာနက် ဖြန့် ကျက် ပေးပါလိမ့် မယ်။ အင်တာနက် လိုအပ်ချက် ဖြည့်ဆည်းရုံ သာမက သဘာဝ ဘေး ကယ်ဆယ်ရေး လုပ် ငန်း တွေအတွက်လည်း သတင်းအချက် အလက် ထောက်ပံ့ပေးနိုင်မယ်၊ တောပြုန်း ခြင်းလိုမျိုး ပတ်ဝန်းကျင် ထိခိုက်မှုတွေကို လည်း စောင့်ကြည့် နိုင်မှာ ဖြစ်ပါတယ် ဟု ဂူဂဲ ပြောရေး ဆိုခွင့်ရှိ သူက ထုတ်ပြန်ပြော ကြား သည်။

Titan ကုမ္ပဏီက စမ်းသပ်နေသော မောင်းသူမဲ့ ယာဉ်ပျံငယ် များသည် မြေပြင် အထက်ပေ (၆၅၀၀၀) နေရာတွင် နေစွမ်းအင် ဖြင့် ငါးနှစ် တိတိ ပျံသန်း နေနိုင် စွမ်းရှိသည်။ ကမ္ဘာ့ အပြင်ဘက် လွှတ်တင်ထားသော ဂြိုဟ် တုငယ်များ နည်းတူလည်း အလုပ်လုပ် နိုင်သည်။ ဂြိုဟ်တု များ လွှတ်တင် ရသည့် ကုန်ကျ စရိတ် ထက် လည်း များစွာသက်သာသည်။ ကောင်းကင်ယံမှတစ်ဆင့် အင်တာနက် ပေးခြင်း လုပ်ငန်း ကို ဂူဂဲအပြင် ဆိုရှယ် မီဒီယာ အင်အားကြီး ဖေ့စ်ဘွတ်ခ် လည်း စမ်းသပ်နေ သလို အခြား နည်းပညာ အင်အားကြီး လုပ် ငန်းကြီး အများအပြားလည်း ယှဉ်ပြိုင်စမ်း သပ်လျက်ရှိသည်။ကမ္ဘာ ပတ်လမ်းကြောင်း ထဲ လွှတ်တင် ထားသော ဂြိုဟ်တု များ မှ အင်တာနက်စနစ် ဖြန့်ကျက်ပေးခြင်း၊ ကမ္ဘာ့  အမြင့်ပိုင်း လေထုထဲ လွှတ်တင် ထားသော မိုးပျံပူဖောင်း များ ဖြင့် လည်းကောင်း၊ အခြား သော ယာဉ်ပျံအမျိုးမျိုးဖြင့်လည်းကောင်း စမ်းသပ်နေကြသည်။

ဂူဂဲသည် Project Loon စီမံကိန်းကို စတင်စမ်းသပ်နေပြီဖြစ်သည်။ ဝေးလံခေါင်သီ သော ဒေသများ ၏ ကောင်းကင်ယံတွင် မိုးပျံပူဖောင်းများ လွှတ်တင် ထားကာ ထိုပူ ဖောင်းများတွင် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားပြီး အင်တာနက် ထုတ်လွှတ် ပေးမည့် စီမံကိန်းဖြစ်သည်။ ထို စီမံကိန်း လက်တွေ့ အကောင် အ ထည် ပေါ်လာပါက ကမ္ဘာ တစ်ဝန်း အင်တာနက်နှင့် မထိ တွေ့ဖူး သေးသော နေရာများစွာသည် အင်တာနက် ကွန်ရက်ထဲ ရောက်လာတော့မည်။ ဂူဂဲ၏ အင်တာနက် ပူဖောင်း ကို နယူးဇီလန် နိုင်ငံတွင် လက်တွေ့ စမ်းသပ် လျက် ရှိသည်။ ဂူဂဲ၏ အင် တာနက် မိုးပျံပူဖောင်း သည် (၂၂) ရက် အတွင်း ကမ္ဘာကို တစ်ပတ် လှည့်ပတ် နိုင် စွမ်း ရှိသည်။ မိုးပျံ ပူဖောင်းသည် လေထုထဲတွင် ရက် (၁၀၀) ထိ နေနိုင် အောင် စီစဉ်ထားသည်။ ပူဖောင်း၏ တည်နေရာကို ကွန်ပျူတာစနစ် ဖြင့် ထိန်းချုပ်ထားမည်ဖြစ်သည်။

ဂူဂဲ၏ ပြိုင်ဖက်ကြီးကား ဖေ့စ်ဘွတ်ခ် ဖြစ်သည်။ ပြီးခဲ့သည် လက ဖေ့စ်ဘွတ်ခ်သည် ၎င်း တို့ အကောင် အ ထည် ဖော်လျက်ရှိသော ဆက်သွယ်ရေး ဓာတ်ခွဲခန်းကြီး ကို အများ ပြည်သူ သို့ အသိပေး ပြသခဲ့သည်။ ကမ္ဘာ တစ်ဝန်း အင်တာနက် မရှိသေးသည့် နေရာ များကို မောင်းသူမဲ့ ယာဉ်ပျံ များ၊ ဂြိုဟ်တုများ၊ နေစွမ်း အင် သုံး လေယာဉ်ပျံ များ စသည့် အ မျိုးမျိုးသော နည်းလမ်းများဖြင့် အင်တာနက် ၀န်ဆောင်မှု ပေးနိုင်ရန် စမ်းသပ် နေ မှုများကို တစ်စိတ်တစ်ဒေသ လှစ်ဟပြသွားသည်။ ကောင်းကင်မှ အင်တာနက် ဖြန့်ကျက် ပေး ရာတွင် မိုးပျံ ပူဖောင်းများ သုံးခြင်း ထက် မောင်းသူမဲ့ ယာဉ်ပျံ များ သုံးခြင်း ကို ပိုသဘော ကျကြောင်း ဖေ့စ်ဘွတ်ခ် တည် ထောင် သူ မာ့ခ် ဇက်ကာဘက်ဂ်ျကလည်း ပြောကြား လိုက်သည်။ မောင်းသူမဲ့ ယာဉ်ပျံများသည် မိုးပျံ ပူဖောင်း များ ထက် အကြမ်းပတမ်း ခံနိုင်သလို၊ တည်နေရာ ထိန်းချုပ် ရန်လည်း ပို လွယ်ကူကြောင်း ဇက်ကာဘက်ဂ်ျက သုံး သပ်သည်။ ဂြိုဟ်တု လွှတ်တင်ခြင်း ထက် လည်း ကုန်ကျ စရိတ်များစွာ သက်သာ သဖြင့် ပိုသဘောကျမိ ကြောင်း ဖြည့်စွက်ပြောသည်။ ဖေ့စ်ဘွတ်ခ် သည် နိုင်ငံတကာ နည်းပညာ လုပ်ငန်းကြီး များ ဖြစ်သော ဆမ် ဆောင်း၊ နိုကီယာ၊ အဲရစ်ဆင်၊ ကွာကွမ်း စသည် တို့နှင့် ပူးပေါင်းပြီး Internet.org အဖွဲ့ကို ထူထောင် ထား သည်။ ကမ္ဘာ့  ဖွံ့ဖြိုးမှု နောက်ကျ ဒေသ များကို အင်တာနက် ချိတ်ဆက် ပေးနိုင်ရန် ထိုအဖွဲ့က နည်းလမ်းရှာ ကြိုး ပမ်းသွားမည် ဖြစ်သည်။ နည်းပညာ လုပ်ငန်းကြီးများ၏ ကြိုးပမ်းချက်များအပေါ် သံသယ၀င်မှုများ လည်း ရှိနေသည်။

အကြောင်းအရာကတော့ စိတ်ဝင်စား စရာ အရမ်းကောင်းပါတယ်။ နည်းပညာက ခုမှ အသစ်ဆိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်””ဟု Endpoint Technologies နည်း ပညာလုပ်ငန်းမှ ရော်ဂျာကေးဆိုသူ ကပြော သည်။ ဂူဂဲသည် Titan ကုမ္ပဏီကို ၀ယ်ယူ လိုက်ခြင်း မှာ ဖေ့စ်ဘွတ်ခ်၏ လက်ဦး မှုကို ကာကွယ်ရန် အလို့ငှာ ၀ယ်ယူ လိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ Titan ကို ၀ယ်ယူလိုက် ခြင်းမှ ထူးခြားသော ရလဒ်များ ထွက် လာရန် သိပ်မမျှော်လင့်နိုင်ကြောင်းဖြင့် ကေးက သုံး သပ်ပြောကြားသည်။

J. Gold Associates နည်းပညာ လုပ်ငန်းစု မှ ဂျက် ဂိုးလ်ဒ် ဆိုသူ က ပို၍ပင် သံသယ၀င်လျက် ရှိနေ သည်။ ကောင်းကင်ကနေ အင်တာနက် ဖြန့် ကျက်ပေး ဖို့ကိစ္စကို လူတွေ စမ်းသပ် နေကြ တာ ကြာပါပြီ။ ခုထိ ချေချေမြစ်မြစ် လုပ်ပြ နိုင်တာမျိုး မရှိသေးပါဘူး၊ ဂူဂဲအပြင် အခြား နည်းပညာ လုပ်ငန်းတွေအနေနဲ့ ဝေးလံခေါင် သီ ဒေသ များဆီ ကောင်းကင်ယံ ကနေ အင် တာနက် ဖြန့်ကျက် ပေးဖို့ေ မာင်းသူမဲ့ ယာဉ်ပျံ ထောင်ချီပြီး အ သုံး ပြု ရ မှာဖြစ်တဲ့အတွက် ကုန်ကျစရိတ် ကာမိမယ်လို့ မထင်ပါဘူး ဟု မစ္စတာ ဂိုးလ်ဒ်က သုံးသပ် ပြောကြား သည်။ ဂူဂဲအနေနဲ့ စမ်းသပ်မှုတွေ ဆက်လုပ် သွားမှာကတော့ သေချာ ပါတယ်။ သူတို့ မှာ လုပ်နိုင်တဲ့ ငွေကြေး လည်း ရှိတယ်။ စွမ်းအင် ရင်းမြစ်တွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသ တွေက ပြည်သူတွေ အတွက် အင်တာနက် ဖြန့်ကျက် ပေးဖို့ရာမှာ ဒီ နည်း လမ်း တစ်ခုတည်း သာ ရှိတယ်လို့တော့ ကျွန်တော် မထင် ပါဘူး။ ပိုထိရောက်မယ့် နည်းလမ်းတွေ ထွက်ပေါ်လာဦးမယ်လို့ ယုံကြည်ပါတယ်”” ဟု မစ္စတာ ကေးက သုံး သပ်သည်။ ဂူဂဲသည် အင်တာနက် ဖြန့်ကျက်ရေး တွင် ဝေဟင် စစ်ပွဲ သာမက မြေပြင် စစ်ပွဲကို လည်း ဆင်နွှဲနေ သူဖြစ်သည်။ ကယ်လီဖိုးနီး ယားအခြေစိုက် အင်တာနက် အင်အားကြီး ဂူဂဲသည် Google Fiber စီမံကိန်းကို ဆောင် ရွက်လျက်ရှိပြီး မြန်နှုန်းမြင့် အင်တာနက် စနစ်ကို အမေရိကန်မြို့ကြီး အများအပြား တွင် စမ်းသပ်လျက် ရှိသည်။

ဂူဂဲ၏ အင်တာနက်စီမံကိန်းနှင့် နီးစပ် သူများ၏ ပြောကြားချက် များ အရလည်း ဂူဂဲ စီမံကိန်းများသည် စိတ်ကူးပေါက်လို့ စမ်းသပ် နေခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ သုံးဖို့ စမ်း သပ်နေခြင်းဖြစ်ကြောင်း သိရသည်။ Loon မိုးပျံပူဖောင်းစနစ်၊ Titan မောင်းသူမဲ့ ယာဉ်ပျံ စနစ်များမှ စုဆောင်းရရှိသော သတင်း အချက် အလက် များ ကို အင်တာနက် ဖြန့်ကျက်ပေး ရန်သာမက အခြားသော ဂူဂဲဝန် ဆောင်မှုများ ဖြစ်သည့် Google Maps ကဲ့ သို့ စနစ်မျိုးကို ပိုအားကောင်း တိကျလာအောင် အားဖြည့်နိုင် မည့် ကောင်းကျိုး များလည်း ရနိုင်သည်ဟု သုံးသပ်မှုများ ရှိသည်။

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ




ကွန်ပြူတာသုံးပြီး အလုပ်လုပ်ရသူပါ။ မျက်မှန်လည်း တတ်ပါတယ်။ ဒါပေမယ့် မျက်လုံးက ပိုအားနဲနဲ လာတယ် ထင်တယ် ခင်ဗျ။ အဲဒါ ဆေးအများကြီး မသုံးပဲ အစားအသောက်နဲရော ကုလို့ ရနိုင်ပါသလား ခင်ဗျာ။

တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6. မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7. မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8. မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

Computer Glasses ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ် လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ စပါယ်ရှယ် လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ Computer glasses ခေါ်ပါတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာ ရှိပြီး၊ ကွန်ပြူတာ-မျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ခေါ်တယ်။ “ငှက်ခြေ” ပေါ့။ ကွန်ပြူတာနဲ့ လုပ်ရတာ ကြာလို့ ဖြစ်နေပြီးများ ပြင်လို့ရပါတယ်။ Nicole Kidman လဲ အဲလို လုပ်ထားတာပါ။

 
Twitter Bird Gadget