ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 31, 2014

မောင်တောမှ နာမည်ကြီး ဘင်္ဂါလီ ဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

 မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေ ခံပစ္စည်းများနှင့်အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
 အဆိုပါဓားပြခေါင်းဆောင် အဒူလာကိန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပိုင်နက်အတွင်း ကုန် သည်များနှင့် ငါးဖမ်းသူများအား စီးနင်းကာ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် လူသတ်မှုနှင့် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ကလိုအပ်နေသူတစ်ဦးဖြစ်သည်။ မေလ ၂၃ ရက်က မောင်တောမြို့နယ် ဦးဒေါင်း ကျေးရွာအုပ်စု ဇုံမာကျေးရွာနေ ဘင်္ဂါလီလူမျိုးမာမောက်ရော်ဆိန်းဆိုသူထံ  ဓားပြခေါင်း ဆောင် အဒူလာကိန်းကဖုန်းဆက် ပြီး ငွေကျပ်နှစ်သိန်းပေးရန်နှင့် မပေးပါက မာမောက်ရော်ဆိန်း၏ မိသားစုကိုသတ်ပစ်မည်ဟု ခြိမ်း ခြောက်သည်ဟု ဆိုသည်။

သို့ရာတွင် ငွေမပေးနိုင်ဟု မာမောက်ရော်ဆိန်းက ပြန်လည် အကြောင်းပြန်သော်လည်း အဆို ပါဓားပြမှာ မေလ ၂၅ ရက်က နေအိမ်အထိလိုက်လာကာ ကျပ် နှစ်သိန်းကို မရမကတောင်းယူ ခဲ့သည်။ မာမောက်ရော်ဆိန်းက မောင်တောမြို့နယ် အလယ်သံကျော်ရဲစခန်းသို့ ယင်းကိစ္စကိုလာရောက်တိုင်ကြားသဖြင့်  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးအဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အဆိုပါဓားပြခေါင်းဆောင် ၏ နေအိမ်အတွင်းမှ ပြောင်းအရှည် လေးလက်မခန့်ရှည်လျားသော လက်လုပ်တစ်တောင့်ထိုးကျည် သေနတ်တစ်လက်၊ GFL7.65MM စာတန်းပါကျည်ဆန်တစ်ထောင့်၊ ပွိုင့်32PMC တံဆိပ်ပါကျည်ဆန် တစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး Gramee ဆင်းမ်ကတ်တစ် ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ‘‘အသေးစိတ်စစ်ဆေး နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်လိုက်တွေကိုလည်း ထပ်ဖမ်းနိုင်အောင် ဆက်လိုက်နေကြတယ်။ ဒီလူက အမှုပေါင်းစုံကို ကျူးလွန်ထားတာပါ’’ဟု အလယ်သံကျော်နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ပြောသည်။

သမ္မတဦးသိန်းစိန်၏ မေလကုန် ရေဒီယိုမိန့်ခွန်း


 မိဘပြည်သူများခင်ဗျား-
 ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့ အတိုင်း မေလအတွင်းမြန်မာနိုင်ငံရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့(၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၁ ရက်နေ့က နေပြည်တော်မှာ လက်ခံကျင်းပပေးခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်မှုစတဲ့ ဒေသတွင်း အရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှု များကနေတစ်ဆင့် အာဆီယံနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်ခြင်းနဲ့အတူ နိုင်ငံရေးအရ စည်းရုံးသော၊ စီးပွားရေး အရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်သိသော အာဆီယံ အသိုက်အ ဝန်းဖြစ်ပေါ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အချက်(၂၈)ချက်ပါဝင်တဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ် မတော်တဆမှု များကြောင့် ပြည်သူတချို့ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရခဲ့တာကို ကြားသိရတဲ့အတွက် ကျွန်တော့်အနေနဲ့ ထိခိုက်ခံစားရသူ မိသားစုဝင်များနဲ့ ထပ်ထူထပ်မျှ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်။ ယခုလိုမကြာခဏဖြစ်ပွားနေရတဲ့ အကြောင်းအရင်းများကို သိရှိနိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှု အဖြစ်ပွားဆုံးနေရာများနဲ့၊ ဖြစ်ပွားနိုင်ခြေအရှိဆုံး နေရာများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ရဲ့ တိုင်းတာချက်များ၊ အကြံပြုချက်များအရ လမ်းမကြီးရဲ့ ဦးစားပေး ပြုပြင်ရမယ့် ၆ ရာခိုင်နှုန်းကို အမြန်ဆုံးပြုပြင်ဖို့၊ လမ်းမကြီးရဲ့ ကြံ့ခိုင်မှုနဲ့ အသုံးပြုနိုင်မှုကို အမြန်ဆုံး မြှင့်တင်ဖို့၊ လမ်းပိုင်း ချွတ်ယွင်းမှု သာမကဘဲ ရာသီဥတုကြောင့်၊ ပေါ့လျော့စွာ မောင်းနှင်မှုကြောင့် ဖြစ်ပေါ်နိုင်ခြေရှိတဲ့ အလား အလာများကိုပါ ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးရေးလုပ်ငန်းများနဲ့ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားကြဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနဲ့ပတ်သက်ပြီး ဖြစ်ပေါ် တိုးတက်မှုများကိုလည်း တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ ဆွေးနွေး ခဲ့တဲ့ ခြောက်လ အတွင်း လွန်ခဲ့တဲ့ဧပြီလက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အားလုံး သဘောတူညီတဲ့ တစ်ခုတည်းသော သဘောတူညီချက် မူကြမ်းတစ်စောင် ရရှိခဲ့ပါတယ်။ မေလမှာ ထပ်မံပြု လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက မူကြမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို သဘောတူနိုင်ခဲ့ပြီး ဒုတိယ မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပါတယ်။ နိုင်ငံတကာစံနဲ့ ကြည့်မယ်ဆိုရင်အခြားနိုင်ငံများမှာ နှစ်နဲ့ချီပြီး ဆွေးနွေးရတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အလျင်အမြန် သဘောတူညီမှုတွေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဖွဲ့ပေါင်း များစွာနဲ့ တွေ့ဆုံဆွေးနွေးရသည့် တိုင်အောင် အဓိကကျတဲ့ သဘောတူညီမှုများ ရရှိအောင် အားလုံးအနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးမှာ အားကြိုး မာန်တက် ကြိုးပမ်း ဆောင်ရွက်နေကြသူများ အားလုံးကို အသိအမှတ်ပြု ပါကြောင်း ပြောကြား လိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် အဓိကကျတဲ့ ပြုပြင် ပြောင်းလဲမှု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမရရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေးစေမှာဖြစ်သလို ဒီမိုကရေစီ ရှင်သန်ဖို့ ကိုလည်း များစွာ နှောင့်နှေးစေမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးဟာ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အရေး တည်ဆောက်မှုများ အားကောင်းလာတာနဲ့အမျှ မှန်ကန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေပေါ်ပေါက်လာဖို့ အထောက်အကူဖြစ်ခဲ့ပြီး ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခများကို မှန်ကန်စွာ ဖြေရှင်းဖို့အတွက် အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမှန် တကယ်ရဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ရလာတာနဲ့ အမျှ ဒီမိုကရေစီ ပိုမိုအားကောင်းလာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ အားလုံးပါဝင်နိုင်တဲ့ All-Inclusive ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်အတွင်းမှာ ပြည်သူများ အနေနဲ့ မိမိတို့ ကျရာကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်း ပြောကြား လိုပါတယ်။

ခေတ်စနစ်မျိုးစုံက ရွေးချယ်ပုံဖော်ခဲ့တဲ့ နိုင်ငံရေးပုံစံများနဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်များကြောင့် မိမိတို့ အချင်းချင်းအကြား သံသယကြီးမားမှုကို အမြစ်တွယ်စေခဲ့တာဖြစ်ပါတယ်။ အကောင်းမြင်လွန်းခြင်း (သို့မဟုတ်) အဆိုးမြင်လွန်းခြင်းများဟာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို လက်တွေ့အရှိတရားများနဲ့ ကင်းကွာစေတဲ့ ရှုမြင်မှု အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ အခုလို သံသယကြီးမားမှုများ ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲရေးများ ပြုလုပ်တဲ့အခါမှာ အခက် အခဲများစွာ ရှိနိုင်ခြင်းကို မိမိတို့ အနေနဲ့ လက်ခံနိုင်ရမှာဖြစ်သော်လည်း ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခြင်းနဲ့ ရရှိပြီးဖြစ်တဲ့ အဆင့်ဆင့် တက်လှမ်းနိုင်မှုများမှ နောက်ကြောင်း ပြန်လှည့်ခြင်းကို ရှောင်ရှား နိုင်ခြင်းဆိုတဲ့ နိုင်ငံရေး အခြေအနေ တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အရှိတရားပဲ ဖြစ်ပါတယ်။

ဒီလိုအဆင့်ဆင့်တက်လှမ်းနိုင်ခြင်းမှာ ကျွန်တော်တို့နိုင်ငံသားတစ်ဦးချင်းစီ အနေနဲ့ သာမကဘဲ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအနေနဲ့ လုံလောက်တဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဇွဲလုံ့လဝီရိယစိုက်ထုတ်၍ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခုလို လုပ်ဆောင်နိုင်မှုရဲ့ အဓိကအကျဆုံး အချက်ကတော့ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ကြာမြင့်စွာတည်ရှိခဲ့တဲ့ မတူညီတဲ့ နိုင်ငံရေး အင်အားစုများ အကြား ထိပ်တိုက် ရင်ဆိုင်ပြီး အချင်းချင်းအပြန်အလှန် ဖယ်ထုတ်ခြင်းဆိုသည့် ဓလေ့ဟောင်းများကနေ ခွဲထွက်ပြီး မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အသက်သွင်း ကျင့်သုံးနိုင်ခဲ့ခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ယဉ်ကျေးမှုသစ်ကို ဆက်လက် ရှင်သန်နိုင်ဖို့ အတွက်အားလုံးအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လို့ ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေပြုလုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုကျွန်တော့်အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက် ရှိပါတယ်။

လွှတ်တော်များအနေနဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းပြီး အခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ဥပဒေနှင့်အညီ ပြင်ဆင်နိုင်ဖို့ ဆွေးနွေး သုံးသပ်လျက်ရှိ ပါတယ။် နိုင်ငံရေး အင်းအားစု တချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒများကို စုဆောင်းလျက် ရှိနေတာကိုလည်း တွေ့မြင် ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံရေး အင်အားစုများ အားလုံးအနေနဲ့ အချင်းချင်းချိတ်ဆက်ပြီး လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် လက်တွေ့ကျတဲ့ ကောင်းမွန်တဲ့ ရလဒ်များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘော တူညီချက်များပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏ အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံ ကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေ လိုသည့် နိုင်ငံရေး စေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေး နိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင် ထားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများက ရရှိလာမယ့် သဘောတူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပင် မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းအားထုတ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာမှန်ကန်မှုတို့က အဆုံးအဖြတ် ပေး သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ကင်းကွာနေလို့ ဒီမိုကရေစီ အလေ့အထများ ပြန်လည် ရှင်သန် လာဖို့နဲ့ ဒီမိုကရေစီစိတ်ဓာတ်များ ပြန်လည်မွေးမြူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုရင် ဒီမိုကရေစီ စိတ်ဓာတ် ရှိဖို့လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုရာမှာ ဒီမို ကရေစီရဲ့တန်ဖိုးများကို လေးစား လိုက်နာခြင်းပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးများမှာ အခွင့်အရေးနဲ့ တာဝန်ယူမှုကိုနားလည်တာ၊ တရား ဥပဒေစိုးမိုးရေးနဲ့ ဥပဒေကို လေးစားလိုက်နာတာတွေ အဓိက ပါဝင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြေရှင်းရေးတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့၊ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အဖြေရှာနိုင်ကြဖို့ လိုအပ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ ပြဿနာတွေကို အတူတကွ အဖြေရှာပြီး ရလာမယ့် အဖြေတွေကို စုပေါင်းအကောင်အထည်ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် အခုလို ပြုပြင်ပြောင်းလဲမှု ကာလမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပွင့်လင်း လွတ်လပ်လာမှု၊ ဖြစ်ထွန်းတိုးတက်မှုအ ဆင့်ဆင့်ကို အစဉ်အမြဲ ဖော်ဆောင်ကြိုးပမ်းကြိုဆို လျက်ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်များ အနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ချမှတ် ဆောင်ရွက်တဲ့နေရာမှာ ရရှိထားတဲ့ နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုများ ဆက်လက်ရှင်သန်စေဖို့ အစဉ်ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမားခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ

ဘင်္ဂလားဒေ့ရှ် သတင်းများမှ ဘင်္ဂလီတစ်ဦးလျှင် မြန်မာ ဆယ်ဦးနှုန်း အသက်သွေးကြွေးပေးဆပ်ရမည် ဟုကြေငြာ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များအားလုံး အမြင့်ဆုံးသောအခြေအနေအထိ အရေးပေါ်တပ်လှန့်ထားရှိပြီး ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ မြန်မာနိုင်ငံအား တရားဝင် စစ်ကြေငြာလိုက်ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် သေချာမှုရှိအောင် မေးမြန်းရာ 

- အောက်ပါအချက်အလက်များသည် အတည်အဖြစ်သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် တပ်များအားလုံးကို အရေးပေါ်အခြေအနေသို့ တပ်လှန့်ထားရှိပြီး မြန်မာပိုင် အုန်းကျွန်းအနီး (၃) ဖာလုံခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဖရီးဂိတ်များ နှင့် ဖျက်သင်္ဘောများ (၅) စီး လာရောက်တပ်စွဲထားသည်။ မြန်မာဖက်မှလည်း အုန်းကျွန်းအနီးတွင် ရေတပ်သင်္ဘော (၅)စီး ထိပ်ဆိုင်၍ တပ်ချထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကြေးတပ် အင်အား (၅၀၀၀)ခန့် နယ်စပ်တွင် ၀င်ရောက်နေရာယူထားပြီး မြန်မာဖက်မှ အင်အား (၉၀၀၀) ခန့် ၀င်ရောက်နေရာယူထားသည်။

ဘင်္ဂလီ ရေဒီယိုသတင်းများအားလုံးကို ဘာသာပြန်များဖြင့် နားထောင်နေပြီး၊ မြန်မာ့ရေတပ်မတော် အုပ်စုတစ်စု နယ်စပ်သို့ဦးတည်ထွက်ခွာလာနေကြောင်း၊ မိတ္ထီလာ လေတပ်စခန်းအားလည်း အမြင့်ဆုံးအခြေအနေသို့တပ်လှန့်ထားကြောင်း ကြားသိရပါသည်။

 
အခုနောက်ဆုံးသတင်းအရ မြန်မာဖွဲ့များသို့ BGB တပ်များက ဖုန်းဆက်လာကြောင်း ကျနော် တို့ BGB တပ်သားငါးယောက် ဒီကနေ့ ပျောက်ဆုံးနေကြောင်းသိရတယ် ဒါကြောင်း ကျနော်တို့ BGB တပ်သားများ လိုက်ရှာနေကြောင်း ဓါတ်မီးများဖြင့် ထိုးလျှက် အဲဒီ BGB တပ်ဟု ဟန်ဆောင်ပြီး မြန်မာနယ်စပ်ထဲသို့ ၀င်ခွင့်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒါကို မြန်မာတပ်ဖွဲ့ဝင်များ မယုံနိုင်စရာဟု သုံးသပ်ပါသည်။ 


RSO ကုလားဆိုးများ စိန်ခေါ်ထားကြောင်း ၈.၆.၂၀၁၄ ရက်နေ့ တွင် မင်းတို့ မြန်မာတပ်မတော်နှင့်ငါတို့ RSO ကုလားဆိုးများက တိုက်ပွဲခေါ်သံဟု စိန်ခေါ်ထားကြောင်းသိရသည် ဒါကြောင်း တပ်ရင် ၅၃၅ တပ်ရင် နှင့် ၅၆၅ တပ်ရင် နှစ်ရင် ကို ဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး ဇင်ဝင်းလတ် နှင့် ဒုဗိုလ်မှူးကြီး ကျော်စိန်ထွန်းတို့ ဒီကနေ့ ည ၄း၀၀ နာရီအချိန်တွင် ချီတက်သွားကြောင်း သတင်းရရှိပါသည်။

Friday, May 30, 2014

Epson Printer တွေရဲ့ Service Require ကို ဖြေရှင်းပေးတဲ့ SSC Service



 'ဒီကောင်လေးကတော့ ဓါတ်ပုံဆိုင်တွေ ၊ ကာလာပရင်တာသုံးတဲ့ လူတွေ (EPson)သုံ့းတဲ့လူတွေအတွက်ပါ...အဲဒီပရင်တာတွေ service ကျသွားတဲ့အခါ ဒီကောင်လေးကဖြေရှင်းပေးပါလိမ့်မယ် တချို့  resett ကျရင် ဆိုင်ကိုသွားတတ်ကြပါတယ် ဒီကောင်လေးသာဆောင်ထားလိုက်ပါ..... လုပ်နည်းကတော့ configuration tab မှာ ကိုယ့်ပရင်တာနာမည်ကိုရွေးပြီး အဲဒီကောင်လေးကိုပိတ်လိုက်ပါ... ပြီးရင် Task bar ညာဘက်ထောင့်က notification အေရိယာမှာရှိတဲ့ SSC ကိုRight Click နှိပ်လိုက်ပါ Protection counter ကကိုနှိပ်ပြီး။Reset protection counter ကိုကလစ်ပေးလိုက်ရင်အိုကေပါပြိ...ပရင်တာကို restart ချပေးလိုက်ပါ...လိုအပ်တဲ့ကောင်လေးကို အောက်မှာဒေါင်းပါ..အဆင်ြေ

ပပါစေ

                  ဒီမှာဒေါင်းနော်
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_97.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_97.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_97.html
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_97.html


 




 
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_97.html



 
 
 

မန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေ




ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။

တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။


  မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ဆိုသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များကြား အခြေအနေတင်းမာ

မောင်တောနယ်စပ်မှတ် တိုင်အနီးတွင် မေလ
၂၈ ရက်က မြန်မာစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး
ကျဆုံးသွားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင်မှာ
 RSO အဖွဲ့မှ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်
နယ်ခြားစောင့် တပ်(BGB) မှ ဟု ပြောဆိုနေသောကြောင့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကြား တင်းမာမှု များဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
မေလ ၂၈ ရက် နံနက်က မြန်မာပိုင်နက်နယ်စပ်မှတ်တိုင် အနီးသို့ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦးခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်လုံခြုံရေးစောင့်နေသည့် ခမရ(၃၅၂)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခိုးဝင်လာသော နှစ်ဦးအနက် တစ်ဦးကျဆုံးကာ သေနတ်တစ်လက်ကိုပါ မြန်မာစစ်တပ်က သိမ်းဆည်းနိုင်ခဲ့သည်။

‘‘သူတို့က အ၀ါရောင်ယူနီ ဖောင်းသာဝတ်ထားပြီး ဘာတံ ဆိပ်မှ တပ်မထားဘူး။ ဘာပဲဖြစ် ဖြစ် နယ်စပ်ခြံစည်းရိုးအနားကို ခိုးဝင်လာတဲ့အတွက် ပစ်တာပါ။ နယ်စပ်လုံခြုံရေးအရ လုပ်ခဲ့တာ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က သူတို့တပ်ဖွဲ့ဝင်ပါလို့ အ ကြောင်းကြားတဲ့အတွက် မကျေ လည်မှုတွေတော့ဖြစ်နေတယ်’’ ဟု နယ်ခြားစောင့် လုံခြုံရေးရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့်ရှိ ရဲ အရာရှိကပြောသည်။

မေလ ၂၉ ရက်တွင် မောင် တောနယ်စပ်၌ မြန်မာစစ်တပ်နှင့် RSO လက်နက်ကိုင်တပ်ဖွဲ့တိုက် ပွဲဆက်ဖြစ်ကာ RSO အဖွဲ့မှ သုံး ဦးကျဆုံးခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မောင်တောနယ်စပ်လုံခြုံရေးအဓိက တာဝန်ယူထားသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သီဟန်ကပြောသည်။

‘‘ဒီနေ့ဘာမှ ဆက်မဖြစ် ဘူး။ နယ်စပ်တစ်လျှောက်တော့ စစ်တပ်ရော ရဲပါ လုံခြုံရေးကို အ ချိန်ပြည့်စောင့်နေပါတယ်’’ဟု ဒု တိယရဲမှူးကြီး သီဟန်ကပြော သည်။
နှစ်နိုင်ငံနယ်ခြားစောင့်တပ်
ဖွဲ့ကြား မေလ ၂၁ ရက်က အလံတင်ဆွေးနွေးပွဲတွင် RSO တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့

ဝင်လေးဦး ကျဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးတောင်းဆိုစဉ် အခြေအနေတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် စစ်ရေးလေ့ကျင့်နေသည်ကို မေလ ၂၉ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ )

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာအစိုးရကို တောင်းဆို

  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်, နယ်ခြားစောင့်တပ်, မြန်မာ သံရုံး, နိုင်ငံခြားရေး ၀န်ကြီးဌာန, မြန်မာ သံအမတ်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအကြား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့မှ အရာရှိ တဦး ပျောက်ဆုံးနေမှုကို စစ်ဆေးဖြေရှင်းပေးရန် မြန်မာ အစိုးရထံ တောင်းဆိုလိုက် ကြောင်း သိရသည်။
BGB အဖွဲ့ဝင် ပျောက်ဆုံးနေမှုအား အမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်၍ တောင်းဆိုခဲ့ရာ မြန်မာ အစိုးရ တာဝန်ရှိသူများထံ တင်ပြ၍ အမြန်ဆုံး ပြန်လည် ဖြေကြားပေးမည်ဟု မြန်မာ သံအမတ်က ပြောဆိုကြောင်း Banglanews24 သတင်းဌာနက မေ ၂၉ ရက်စွဲဖြင့် ဖော်ပြ ထားသည်။
ထို့အတူ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ တစောင် ပေးပို့၍ ဖြေ ရှင်းချက်ပေးရန် တောင်းခံထားကြောင်းလည်း ရေးသားထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၂၈ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဟုတ်မဟုတ်ကို ၎င်းတို့ မသိကြောင်း၊ ဘင်္ဂလားဒေ့ရှ် BGB အရာရှိ ပျောက်ဆုံးနေခြင်းကိုလည်း ၎င်းတို့ အနေဖြင့် မသိသေးကြောင်း၊ မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ အရာရှိ တဦး က ဧရာဝတီ ကို ပြောသည်။
“မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုတွေအကြားမှာ အကြမ်းဖက်အဖွဲ့က လူတဦးသေတယ်၊ လက်နက် တချို့သိမ်းဆည်းရ မိ တယ်လို့ ကျနော်တို့ဆီ သတင်းပို့ထားပါတယ်၊ အသေးစိတ်တော့ မသိသေးပါဘူး”ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ၎င်းတို့၏ BGB အရာရှိအား မြန်မာတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ယူဆနေကြောင်း သိရ သည်။
ဘင်္ဂလားဒေ့ရှ်မှ ပျောက်ဆုံးနေသည့် BGB အရာရှိ မီဇာနူရ် ရာဟာမန် (Mizanur Rahman ) နှင့် အတူ အမ် ၂၂ ရိုင်ဖယ် တလက်၊ ကျည်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်း ဘင်္ဂါလီ သတင်းစာများအား ကိုးကား၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေ စိုက် နိရဉ္စရာ သတင်းဌာန၌လည်း ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ မေလဆန်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့မှ ရဲတပ် ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး၍ အလံ တင် ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ဘက်၌ ကျင်းပခဲ့သေးသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက်၍ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့ ကို တားဆီး နှိမ်နင်းပေး ရန် မြန်မာ အာဏာပိုင်များ က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ တောင်းဆိုရာ ၎င်းတို့ နိုင်ငံအတွင်း မည်သည့် လက်နက် ကိုင် တပ်ဖွဲ့မှ မရှိဟု တုံ့ပြန်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ က ပြောဆိုသည်။
မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အကြမ်းဖက် လှုပ်ရှားနေသည်မှာ RSO (Rohingya Solidarity Organization ) လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ တခုသာရှိကြောင်း ဧရာဝတီ ကို ပြောသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဘက်မှ တုံ့ပြန်မှုနှင့်ပတ်သက်၍လည်း မြန်မာ အာဏာပိုင်များက အားရ ကျေနပ်မှု မရှိဟု သိရ သည်။
မေလ ၂၈ ရက်နေ့ တိုက်ခိုက်မှုများအပြီး ယခုအခါ မြန်မာနယ်စပ် တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး ဘင်္ဂလာဒေ့ရှ် ဘက် တွင်လည်း လုံခြုံရေး တိုးမြှင့်ထား၍ အခြေအနေ တင်းမာမှု ရှိကြောင်း၊ မောင်တောမြို့ပေါ်၌ ပုံမှန် အတိုင်းရှိကြောင်း မောင် တော ဒေသခံ တချို့က ဧရာဝတီ ကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာ သံအမတ်ကြီး အား ဆင့်ခေါ်၍ အသိပေးခြင်း၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့် ကွက်စာ ပို့ခြင်းနှင့်ပတ်သက်၍ သမ္မတ ပြောခွင့်ရသူ ဦးရဲထွဋ်နှင့်အစိုးရ တာဝန်ရှိသူ တချို့ထံ ဧရာဝတီ က ဆက်သွယ်ခဲ့ သော် လည်း မရခဲ့ပေ။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေ

 
ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်
တလျှောက်တွင် RSO သောင်းကျန်းသူ
 လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်
ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေ
မှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ
(၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား
သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။

မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

မောင်တောမှ နာမည်ကြီးဘင်္ဂါလီဓားပြခေါင်းဆောင်ကို လက်နက်နှင့်အတူ ဖမ်းမိ

 
မောင်တောမြို့၌မေလ ၂၅ ရက်က ဘင်္ဂ
လားဒေ့ရှ် နယ်စပ်တွင် နာမည်ကြီးနေသော ဘင်္ဂါလီလူမျိုးဓားပြတစ်ဦးကို  သေနတ်နှင့် ကျည်ဆန်အပါအဝင်သက်သေခံပစ္စည်းများနှင့်
အတူအလယ်သံကျော် ကျေးရွာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။ အဆိုပါဓားပြခေါင်းဆောင် အဒူလာကိန်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပိုင်နက်အတွင်း ကုန် သည်များနှင့် ငါးဖမ်းသူများအား စီးနင်းကာ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် လူသတ်မှုနှင့် ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ရဲတပ်ဖွဲ့ကလိုအပ်နေသူတစ်ဦးဖြစ်သည်။
 မေလ ၂၃ ရက်က မောင်တောမြို့နယ် ဦးဒေါင်း ကျေးရွာအုပ်စု ဇုံမာကျေးရွာနေ ဘင်္ဂါလီလူမျိုးမာမောက်ရော်ဆိန်းဆိုသူထံ  ဓားပြခေါင်း ဆောင် အဒူလာကိန်းကဖုန်းဆက် ပြီး ငွေကျပ်နှစ်သိန်းပေးရန်နှင့် မပေးပါက မာမောက်ရော်ဆိန်း၏ မိသားစုကိုသတ်ပစ်မည်ဟု ခြိမ်း ခြောက်သည်ဟု ဆိုသည်။

သို့ရာတွင် ငွေမပေးနိုင်ဟု မာမောက်ရော်ဆိန်းက ပြန်လည် အကြောင်းပြန်သော်လည်း အဆို ပါဓားပြမှာ မေလ ၂၅ ရက်က နေအိမ်အထိလိုက်လာကာ ကျပ် နှစ်သိန်းကို မရမကတောင်းယူ ခဲ့သည်။

မာမောက်ရော်ဆိန်းက မောင်တောမြို့နယ် အလယ်သံကျော်ရဲစခန်းသို့ ယင်းကိစ္စကိုလာရောက်တိုင်ကြားသဖြင့်  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးအဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

အဆိုပါဓားပြခေါင်းဆောင် ၏ နေအိမ်အတွင်းမှ ပြောင်းအရှည် လေးလက်မခန့်ရှည်လျားသော လက်လုပ်တစ်တောင့်ထိုးကျည် သေနတ်တစ်လက်၊ GFL7.65MM စာတန်းပါကျည်ဆန်တစ်ထောင့်၊ ပွိုင့်32PMC တံဆိပ်ပါကျည်ဆန် တစ်တောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး Gramee ဆင်းမ်ကတ်တစ် ကတ်တို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ ‘‘အသေးစိတ်စစ်ဆေး နေပါတယ်။

ဒါ့အပြင် သူ့ရဲ့ နောက်လိုက်တွေကိုလည်း ထပ်ဖမ်းနိုင်အောင် ဆက်လိုက်နေကြတယ်။ ဒီလူက အမှုပေါင်းစုံကို ကျူးလွန်ထားတာပါ’’ဟု အလယ်သံကျော်နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ပြောသည်။

Wednesday, May 28, 2014

မောင်တောနယ်စပ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား

 ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲတခုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဌေးလွင်က DVB ကို အတည်ပြု ပြောပါတယ်။
မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ဒီနေ့မနက် ၉ နာရီလောက်က ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ RSO တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်စိတ်တစိတ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

“RSO လို့ပဲ ယူဆတာပေါ့နော်။ ယူနီဖောင်းနဲ့ တပ်ဖွဲ့ဝင် ၂ ယောက်က ခြံစည်းရိုးနား ကပ်လာတယ်။ ကပ်လာတော့ လှုပ်ရှားတပ်စိတ်တစိတ်နဲ့တွေ့တယ်။ တွေ့ပြီးမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်။ ကြာတော့ မကြာပါဘူး။ မိနစ်ပိုင်းအတွင်းပဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဟိုဘက် တယောက်သေတယ်လို့ သိရပါတယ်။”
ဒီတကြိမ်နဲ့ဆို မောင်တောနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ် ရှိသွားပြီလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကလည်း ဒီ မိုင်တိုင် ၅၂ အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒီ့မတိုင်မီ မေလ ၁၃ ရက်မှာ နယ်စပ်မိုင်တိုင် ၃၉ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RSO တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာ ရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်စပ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို မေလ ၂၂ ရက်က ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှစ်နိုင်ငံနယ်ခြား ကော်မတီချင်း အရင် ဆွေးနွေးမယ်။ မရရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိတော့ နှစ်နိုင်ငံနယ်ခြားကော်မတီ စည်းဝေးပွဲသတင်း ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။



မောင်တောတွင် ဓားပြဂိုဏ်း အဖွဲ့ဝင် တဦးထံမှ စစ်လက်နက် ပစ္စည်းတချို့ ဖမ်းမိ

ရခိုင်ပြည်နယ်, မောင်တော, ဓားပြ, စစ်လက်နက် ပစ္စည်း, ဘင်္ဂါလီ ကျေးရွာရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဓားပြဂိုဏ်း အဖွဲ့ဝင် တဦးထံမှ စစ်လက်နက် ပစ္စည်းတချို့ ဖမ်းဆီး ရမိကြောင်း သိရ သည်။
မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာ ဘင်္ဂါလီကျေးရွာမှ မာမောက်ရာဆိန်း ဆိုသူထံမှ တထောင့်ထိုး လက် လုပ် သေနတ် တလက်၊ GFL 7.65 MM အမျိုးအစားနှင့် .32 PMC တံဆိပ်ပါ ကျည်ဆန် တချို့ကို မေလ ၂၄ ရက်က ဖမ်းဆီး ရမိ ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ထို့အတူ မာမောက်ရာဆိန်းသည် ဓားပြခေါင်းဆောင် အဒူလာကိန်း က ရွာသားများထံမှ ငွေတောင်းခိုင်းသည်ဟု ဆိုကာ ကျပ်ငွေ ၅ သိန်း အဓမ္မ တောင်းခံကြောင်း၊ အကယ်၍ မပေးပါက မိသားစုလိုက် သတ်ပစ်မည်ဟု ရွာသားတချို့ကို ခြိမ်းခြောက် ကြောင်းလည်း သတင်းစာ က ရေးသားထားသည်။
ယခုအခါ မာမောက်ရာဆိန်းအား နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ဖမ်းဆီးထား ပြီး ဖြစ်ကြောင်း သိရသည်။
“ဖမ်းမိထားသူကိုတော့ ရဲစခန်း တာဝန်ရှိသူတွေက ဥပဒေအတိုင်း ဆောင်ရွက်နေကြပါတယ်၊ ဆက်စပ်သူတွေတော့ စုံစမ်း နေကြဆဲပါ၊ မောင်တောနဲ့နယ်စပ်ဒေ သတွေရဲ့ လက်ရှိ အခြေ အနေကတော့ အားလုံး အေးအေးဆေးဆေးပါပဲ၊ လုံခြုံရေး တွေ လည်း အပြည့်ချပေးထားပါတယ်” ဟု မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ဦးရွှေသန်း က ဧရာဝတီ ကို ပြောသည်။
မောင်တော ဒေသခံများကမူ လုံခြုံရေးများ တိုးမြှင့်ချထားပေးသည့်တိုင် တည်ငြိမ်မှု မရှိသေးကြောင်း၊ မိမိတို့ လုပ်ငန်းများကို လည်း ယုံကြည် စိတ်ချစွာ လုပ်ကိုင် စားသောက်မှု မပြုလုပ်နိုင်ကြသေးကြောင်း၊ အထူးသဖြင့် ဘင်္ဂါလီ ကျေး ရွာများ၌ ဓားပြ မှု၊ ခိုးမှုများ နေ့စဉ် ဖြစ်ပွား နေကြောင်း၊ ထိုသူခိုး၊ ဓားပြများသည် မောင်တောတွင် နေထိုင်သူများ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ၀င်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုကြသည်။
ယနေ့ထုတ် သတင်းစာများ၌ ရေးသားထားရာတွင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော်ရှိ မြန် မာ ရေပိုင်နက်အတွင်း ငါးဖမ်းနေသူများအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ၀င်ရောက်၍ ဓားပြတိုက်ခြင်း၊ ပြန်ပြေးဆွဲခြင်း၊ လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုဓားပြ အဖွဲ့ဝင်များကို ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်းလည်း အစိုးရ သတင်းစာများက ရေးသားထားသည်။
မောင်တော မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ကျေးရွာများတွင် လုံခြုံရေးများ ချပေးထားသော်လည်း ဘင်္ဂါလီ ကျေး ရွာ အများစုတွင် လုံခြုံရေးမရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီများ အလွယ်တကူ ၀င်ထွက်သွားလာ လှုပ်ရှား နေကြကြောင်း၊ ရုပ်ပိုင်းဆိုင်ရာများမှာလည်း ခွဲခြားရခက်၍ မောင်တော၌နေထိုင်သူ ဟုတ်မဟုတ်ကို တာဝန်ရှိသူများ အနေ ဖြင့် ခွဲခြား မသိနိုင်ဟု သိရသည်။
နယ်စပ်ဒေသ ကွပ်ကဲရေး အဖွဲ့ (န.စ.က ) တာဝန်ယူစဉ်က ပြစ်မှုကျူးလွန်၍ ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းသို့ ထွက်ပြေး သွားသူ အများအပြားရှိကြောင်း၊ ၎င်းတို့သည် ယခုအခါ ပြန်လည်ဝင်ရောက် လှုပ်ရှားမှုများရှိလာ၍ ဒေသတွင်းတည်ငြိမ်မှု ပျက်ပြား လာနေကြောင်းလည်း ဒေသခံများ က ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တချို့လည်း သေဆုံး ခဲ့သေးသည်။
ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသနှင့်မောင်တောမြို့နယ် အတွင်း ကျေးရွာများ၌ လုံခြုံရေး တိုးမြှင့် ပေးထားကြောင်း၊ လုံခြုံရေး အပြည့်အ၀ စိတ်မချရသေးသည့် နယ်စပ်ကျေးရွာ တချို့တွင် ပြည်သူ့စစ် သင်တန်းများပေး၍ လက်နက်များကို ပြီးခဲ့သည့် ရက်ပိုင်းတွင် တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တ ဦး က ပြောဆိုသည်။

မြန်မာပြည်မှာ ဒါမျိုးတွေ ရှိတယ်

 အောက်ဖော်ပြပါပုံနဲ့စာ ဖော်ပြအပြီးမှာ စာဖတ်သူတယောက်ဆီက တုန့်ပြန်ချက် ရောက်လာပါတယ်။

သူ့ရဲ့ တုန့်ပြန်ချက်ကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးလိုက်ပါတယ်။
........

မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 


 ဓာတ်ပုံ- မစုစုနွေး ဖေ့စ်ဘုတ်

"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။ 

အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။ 

(26 5 2014 ) နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးမှ ခိုင်းစေချက်အရ လူငှား(၆)ယောက်မှာ(၁၉၉၀)ခုနှစ်က ဦးကျော်သန်း ကော်ဖီစီမံကိန်းဆိုပြီး သိမ်းစည်းထားသော လယ်မြေများအား ဒေါ်မိမိလေးမှ မြေကွက်များရိုက် ရောင်းချနေပြီး ခြံစည်းရိုးခတ်ရန် ကျောက်တိုင်/သဲ/အုပ်/များလာချသဖြင့် သိမ်းစည်းခံ လယ်သမားများမှ သွားရောက်ကြည့်ရှုခဲ့တာကို ဒေါ်မိမိအေး ငှားထားသော လူငှားများမှ တစ်ယောက်ချင်းစီ ဖမ်း/ကြိုးနဲ့တုတ် /ရိုက်ခဲ့သဖြင့် လယ်သမား(၆)ယောက်မှာ ဒဏ်ရာ ရရှိခဲ့ကြပါသည် (၃)ယောက်မှာ စိုးရိမ် ရတဲ့ အခြေအနေဖြစ်နေပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။


စာဖတ်သူတယောက်ရဲ့ တုန့်ပြန်ချက်

ဖြစ်စဉ်အမှန်

၁။ စိုးမြင့်ကြီးသည် ထုံးဖိုရွာပတ်ဝန်းကျင်တွင်ခြံပိုင်ရှင်များအား အုပ်စုဖွဲ့ မိုက်ကြေးခွဲနေသူဖြစ်ပါသည်။

၂။ လက်ရှိတွင် အမှု(၅)မှုဖြင့် တရားရင်ဆိုင်နေရသူဖြစ်သည်။

၃။ ယခုဖြစ်စဉ်တွင် ခြံအတွင်းသို့ ပိုင်နက်ကျူးလွန်ပြီး ဓါးဖြင့် ၀င်ခုတ်သဖြင့် ခြံအလုပ်သမားများက ပြန်လည်ခုခံဖမ်းဆီးပြီး ဥပဒေကြောင်းအရ ဆက်လက်ဆောင် ရွက်ရန်ဖြစ်ပါသည်။ယခင်ကလည်း အကြိမ်ကြိမ်ရမ်းကာလူမိုက်ဆန်စွာ မိုက်ရူးရဲနေသူ ဖြစ်ပါသည်။

၎။ သူခိုးက လူပြန်ဟစ်ခြင်းဖြစ်ပါသည်။

၅။ ဖြစ်စဉ်အမှန်ကို မြေပြင်သို့ကိုယ်တိုင်ဆင်းပြီး လေ့လာစေချင်ပါသည်

ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရှာပြီး လူမှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေလုပ်နေတဲ့ ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ လန်းပန်းနယ်က ရဟန်းဝတ် ဂိုဏ်းတခုကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝတ်လဲစေကာ တရားစွဲဆိုသွားမယ်လို့ ချင်းမိုင်စီးတီးနယူးစ် အွန်လိုင်း သတင်းတပုဒ် မှာ  ဖော်ပြထားပါတယ်။ 

ဖမ်းဆီး လူဝတ်လဲခံထားရတဲ့ ချင်းမိုင်နဲ့ လန်းပန်းနယ်က ကလေး လိင်ကုန်ကူး ဂိုဏ်း၊ 
ဓာတ်ပုံ- ချင်းမိုင် စီးတီးနယူးစ်

ချင်းမိုင်နဲ့ လန်းပန်းနယ်က နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတချို့က ရဟန်းဝတ် ၅ ပါးကို ကလေး သူငယ် လိင်မတရား စော်ကားခံရမှု၊ တရားမ၀င်လူမှောင်ခို ကူးမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီတာလို့ သိရပါတယ်။ 

ယမန်နေ့က အသက် ၁၄ နှစ်အရွယ် လူငယ်လေးတဦးဟာ လိင်မတား ပြုကျင့်ခံရတာကြောင့် ထွက်ပြေး လွတ်မြောက် လာပြီး ရဲက အခုလို ရဟန်းဝတ် ဂိုဏ်းကို ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။ 

သတင်းအဆိုအရ အဆိုပါ ကလေးငယ်နဲ့ အတူ အခြား လူငယ်တော်တော်များများဟာ လိင်မတော် မတရားပြုကျင့်ခံရ ဖို့ ရဟန်းဝတ် တော်တော်များများကြားမှာ ရောင်းချခံခဲ့ရတာလို့လည်း ဆိုပါတယ်။ 

အဲဒီလူငယ်လေးတွေကို အိမ်တအိမ်မှာထားပြီး လိင်မှုပြုကျင့်ခံရဖို့ တကြိမ်ကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ ပေးရပြီး ကိစ္စပြီးတာနဲ့ ထ၀ချိုင်း ဆိုသူ ရဟန်းဝတ် တပါးက ပိုက်ဆံ လိုက်ကောက်ယူတယ် လို့ ဖော်ပြထား ပါတယ်။ 

ဒါကြောင့် ရဲက ရဟန်းဝတ် ထ၀ချိုင်းဆိုသူ ရဟန်းဝတ်ကို ဖမ်းဆီးပြီး စစ်ဆေးဖော်ထုတ်ချက်အရ လိင်ကိစ္စ လုပ်ကိုင်နေ တဲ့ ဂိုဏ်း နဲ့ပတ်သက်ပြီး နောက်ထပ် ရဟန်းဝတ် ၄ ပါးကိုလည်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲ့အရာရှိကြီး က ပြော ထားပါတယ်။ 

အဲဒီထဲက ဘုန်းကြီးတပါးကိုတော့ ညစ်ညမ်း ဗွီဒီယိုခွေတွေ၊ လိင်ဆိုင်ရာ ပစ္စည်း ကိရိယာတွေ၊ ပါတီပွဲတွေ မှာ သုံးတဲ့ ဒစ္စကို မီးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ရဲအရာရှိကြီး ဒမ်ရွန်ဆပ် ဂီထိရပွန်က အခု လို ကိစ္စကို သိလိုက်ရတဲ့အခါ တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောဆိုထားပါတယ်။

Adobe After Effects CS6 Full + Crack x32 & x64 (1.38 Gb)



 Designer and Editor ဆော့ဝဲတခုဖြစ်တဲ့ Adobe After Effects CS6 Full + Crack
x32 & x64 ကိုတင်ပေးလိုက်ပါတယ်။32-Bit နဲ့ 64-Bit ၂-ခုလုံးအတွက်အသုံးပြုနိုင်တဲ့
Version လေးဖြစ်ပါတယ်။
အင်စတော လုပ်နည်း...
-Setup ကိုအင်စတောလုပ်ပြီး Exit လုပ်ထားပါ။
-Patch Folder မှ 32-bit (or) 64-bit dll ဖိုင်ကို...
 C:\Program Files\Adobe\After Effectsp\ မှာ copy လုပ်ပါ။
-Update မလုပ်ပါနှင့်။

             RAR Password -www.linthit.com

Part 1           Part 2           Part 3 

မှတ်ချက်။    ။ အလင်းသစ်မှ ကူးယူ ဖြန့်ဝေပါသည်။

 

Tuesday, May 27, 2014

မောင်တောတွင် ခြိမ်းခြောက် ငွေတောင်းသည့် ဘင်္ဂါလီတစ်ဦးထံမှ လက်နက်ဖမ်းမိ


လက်နက်ကိုင် အကြမ်းဖက်တပ်ဖွဲ့များ မကြာခဏ 
ဝင်ရောက်လေ့ ရှိသည့် ရခိုင်ပြည်နယ်
 မောင်တောမြို့နယ်ရှိ ဦးဒေါင်းကျေးရွာအုပ်စု 
ဇုံမာဘင်္ဂါလီကျေးရွာ ဒေသခံများထံမှ ခြိမ်းခြောက်
ငွေတောင်းယူသည့် ဘင်္ဂါလီတစ်ဦးကို သေနတ်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဦးဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ပြောကြားသည်။

ဇုံမာကျေးရွာတွင် နေထိုင်သည့် ဘင်္ဂါလီများထံမှ ခြိမ်းခြောက် ငွေတောင်းယူရန် ကြိုးပမ်းသည့် အသက် ၃၀ နှစ် အရွယ်ရှိ ဘင်္ဂါလီအမျိုးသား မာမက်ယာဆိန်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ်ကို ထပ်မံစစ်ဆေး ရှာဖွေရာတွင် လက်လုပ် တစ်ချက်ပေါက် သေနတ်တစ်လက်နှင့် ကျည်နှစ်တောင့် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းဖမ်းဆီးမှုတွင် လိုက်ပါခဲ့သူ ၎င်းကဆိုသည်။


မာမက်ယာဆိန်းသည် ၎င်းကျေးရွာတွင် နေထိုင်သူ ဒိုရိုဇင်နှင့် ယာ့ယာ့ဆိုသူ နှစ်ဦးကို လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ကာ အဒူလာကိန်း အမည်ရ ဓားပြအဖွဲ့က ငွေငါးသိန်း တောင်းနေသည်ဟု ဆိုကာ ခြိမ်းခြောက်ခဲ့ကြောင်း၊ ငွေတောင်းခံရသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့ ပူးပေါင်း လှည့်ကွက်ဆင်၍ ဖမ်းဆီးခဲ့ရကြောင်း ဦးတင်မောင်က ပြန်လည်ရှင်းပြသည်။

“ငွေနှစ်သိန်း ထုတ်ပေးခိုင်းလိုက်တယ်။ ငွေပေးတဲ့ အချိန်မှာ ရဲတပ်ဖွဲ့ကို ခေါ်ပြီးတော့ ဖမ်းလိုက်တယ်” ဟု ၎င်းကဆိုသည်။

မာမက်ယာဆိန်း ဆိုသူကို လက်နက်ကိုင်ဆောင်မှု၊ ခြိမ်းခြောက် ငွေတောင်းယူမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖုန်းလိုင်းကတ် ကိုင်ဆောင်မှုတို့ဖြင့် မောင်တောမြို့နယ် တရားရုံးတွင် အမှုဖွင့်ထားကြောင်း ဒေသအာဏာပိုင်များထံမှ သိရှိရသည်

နောက်ဆုံးရသတင်း လူပေါင်း(၄၀ )သေဆုံးရပြီးဖြစ်သည်ဟု သိရသည့်အန္ဒိယနိုင်ငံ မြောက်ပိုင်းကရထားတိုက်မှုကြီး

ယနေ့အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွင်
ခရီးသည်တင်အမြန်ရထားတစင်းနှင့်ကုန်ရ
ထားတစင်းတို့တိုက်မိခဲ့ပြီးလူပေါင်း(၄၀)ခန့်သေ
ဆုံးခဲ့သည်ဟုဆိုသည်။ထိုရထားတိုက်
မှုကြောင့်အမြန်ရထားမှရထားတွဲခြောက်တွဲခန့်ပြေး
လမ်းပေါ်မှလဲကျခဲ့ရသည်ဟုသိရသသည်။

ဂိုရာကပူးခရီးသည်တင်အမြန်ရထားသည်အရှိန်ပြင်းပြင်းဖြင့်မောင်းနေရာမှထိုရထားတိုက်မှု
မှရှောင်ကွင်းနိုင်ရန်အတွက်ဘရိတ်ကိုပြင်ထန်စွာနင်းပြီးရပ်နားစေရန်ကြိုးစားခဲ့သေးသည်
ဟုဆိုသည်သို့သော်အမြန်ရထားမှာချက်ချင်မရပ်သွားနိုင်တော့ဘဲယူတာပါဒေ့ဘူတာရုံအ
နီးမှာဖြစ်ပွားခဲ့တယ်လို့ခရိုင်တာဝန်ရှိသူဘဟရေ့လားကဆိုပါတယ်။

ဖြစ်ပွားမှုဖြစ်ဖြစ်ခြင်းအမြန်ရထားတွဲ(၆
)တွဲလမ်းချော်သွားစေပြီးလဲကျမှုဖြစ်ပေါ်ခဲ့ရပါတယ်
ထိုအထဲမှမီးရထားတတွဲဟာတတွဲလုံးမီးထလောင်သွားခဲ့ပြီးတော့လူလေးဆယ်လောက်
သေဆုံးဆုံးဆုံးကုန်တယ်လို့လက်တောက်ရဲအရာရှိအမ်ရီဒရာကပြောပါတယ်။

ထိုရထားတိုက်မှုဟာမည်ကဲ့သို့ဖြစ်ပွားရသည်ကိုလောလောဆယ်မသိသေးပါကျွန်တော်
တို့ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိဖို့အတွက်မီးရထားရုံပိုင်ကိုလိုက်ရှာနေပါတယ်
ပြီးတော့ဒီအမြန်ရထားပေါ်မှာလူဘယ်နှစ်ယောက်တင်ဆောင်ပြီးမောင်းလာတာကိုလည်း
မသိသေးပါ။ရှာဖွေကယ်ဆေးရေးတွေတော့လုပ်ဆောင်နေပါပြီလို့တာဝန်ရှိသူတစ်
ယောက်ကပြောပါတယ်။

" ကျွန်တော်ထိုအချိန်ကလယ်ကွင်းထဲမှာအလုပ်လုပ်နေခဲ့ပါတယ် ပထမဦးစွာလေချွန်သံ
မျိုးကျွန်တော်နားထဲမှာကြားရပါတယ်ထို့နောက်အင်ဂျင်သံကိုကြားရပါတယ်...ခဏလေး
အကြာမှာ ၀ုန်းဆိုတဲ့ကြီးမားတဲ့ပေါက်ကွဲသံကြီးကိုကြောက်ရွံထိန့်လန့်ဖွယ်ကြားလိုက်ရပါတယ်
အခုထိတောင် ဒီအသံကြီးကျွန်တော်နားထဲမှာကြားနေတုန်းပဲ့ " ဟုထိုဘူတာရုံနားကရွာ
သားတယောက်ဖြစ်တဲ့ရမ်ချန်ဒါကပြောပါတယ်။

သားငယ်ဘာသာပြန်ဆိုသည်။







Monday, May 26, 2014

Driver Pack Solution DRP14 R410.iso (7.18 Gb)


ဝင်းဒိုးတင်လိုက်တိုင်း Drivers တွေမပြည့်စုံလို့ အခက်အခဲ ဖြစ်နေသူများအတွက် လိုအပ်နေတဲ့
Drivers တွေကို တခုချင်းစီ ခက်ရာခက်ဆစ် လိုက်ရှာစရာမလိုဘဲ ဆော့ဝဲတခုထဲနဲ့ All Windows
အတွက် All Drivers တွေကို Offline ဖြင့် အင်စတော လုပ်ယူနိုင်တဲ့ 12/03/2014 နေ့ထွက်
Driver Pack Solution DRP14 R410.iso ကို တင်ပေးလိုက်ပါတယ်။

ဖိုင်ဆိုဒ်က အရမ်းကြီးနေတဲ့ အတွက် RAR (၁၃)ဖိုင်ခွဲပြီး တင်ထားပေးပါတယ်။
ဒီ Version မှာ ဆော့ဝဲပေါင်း (၃ဝ) ကျော်လဲပါဝင်ပါတယ်။မလိုချင်တဲ့ဆော့ဝဲတွေကို ပြန်ထုတ်ပစ်လို့
ရပါတယ်။
RAR Password - www.linthit.com
အင်စတောလုပ်နည်း...
-ISO ဖိုင်ကို USB (8 Gb) or DVD-RW မှာ Bootable Image အဖြစ် Burn ပြီး Autorun ဖြင့်
  အင်စတော လုပ်နိုင်သလို....
 (သို့မဟုတ်)
-ISO ဖိုင်ကို WinRAR ဖြင့် Extarct လုပ်ပြီး DriverPackSolution.exe ကို Run as Administrator
 ဖြင့် Run ပြီး အင်စတောလုပ်နိုင်ပါတယ်။
-Offline Installer ဖြစ်လို့ အင်တာနက်မရှိလဲ အင်စတောလုပ်နိုင်ပါတယ်။
Windows All

Part 01(600 Mb)    Download
Part 02(600 Mb)    Download
Part 03(600 Mb)    Download
Part 04(600 Mb)    Download
Part 05(600 Mb)    Download
Part 06(600 Mb)    Download
Part 07(600 Mb)    Download
Part 08(600 Mb)    Download
Part 09(600 Mb)    Download
Part 10(600 Mb)    Download
Part 11(600 Mb)    Download
Part 12(600 Mb)    Download
Part 13(28.94 Mb)  Download

မှတ်ချက်  ။ ။  အလင်းသစ်မှ ကူးယူ ဖြန့်ဝေပါသည်။

Friday, May 23, 2014

ထိုင်းနိုင်ငံ အာဏာသိမ်းပွဲ(ရုပ်/သံ)

နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ မနေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီး ညမထွက်ရအမိန့်ကိုလည်း ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

တရုတ်-ကုလား အဓိကရုဏ်း လူပေါင်း (၄၀) ခန့် သေဆုံးပြီး လူတစ်ရာကျော်ခန့် ဒဏ်ရာရာ





ငြိမ်းချမ်းတယ်ဆိုတဲ့ လူနည်းစုမွတ်စလင်များကြောင့် လူဦးရေအများကြီးရှိတဲ့ တရုတ်ပြည်က ရှင်ဂျန်းဒေသမှာ ကားနှစ်စီးတွင် ဗုံးများတင်ဆောင်၍ ဖောက်ခွဲလိုက်သောကြောင့် လူပေါင်းများစွာ သေဆုံးခဲ့သည်။

ယနေ့ တရုတ်နိုင်ငံ ရှင်ဂျန်းဒေသရှိ မြို့တစ်မြို့၏ ဈေးအတွင်းသို့ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသော ကားနှစ်စီးကို ဈေးအတွင်းသို့ အတင်းအားဓမ္မ မောင်းနှင်၍ အကြမ်းဖတ် တိုက်ခိုက်ခံရသောကြောင့် လူပေါင်း (၄၀) သေဆုံးပြီး လူတစ်ရာကျော်ခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် တရုတ်လူမျိုးများက မွတ်စလင်လူမျိုးများကို စိတ်ဆိုးဒေါသထွက်နေကြပြီး လက်တုံ့ပြန်နိုင်ရန် ကြိုးစားနေကြကြောင်း သိရပါသည်။ တရုတ်အစိုးရ တာဝန်ရှိသူများကလည်း လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရန် ဒေသတစ်ခုလုံးကို လုံခြုံရေးများ ချထားလိုက်သည်ဟု သိရှိရပါသည်။

ဗလီထဲမှလက်နပ်ဖမ်းဆီးရမိအမူအား တရားခံကိုအာမခံဖြင့်ပြန်လွက်

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် မြို့နယ်
တရားသူကြီးမြင့်လွင်ကဗလီမှလက်နပ်ဖမ်းဆီး
ရမိမူကို ကိုင်တွယ်ဖြေရှင်းရာ ရာရာခေါ်
 ခင်မောင်ဌေးပါ ၆ဦးတို့အား သက်သေနှင့်
တကွ ဖမ်းဆီးရမိခဲ့ရာ
ပုဒ်မ ၅၀၅ ခ.ဂ နှင့် ၁၉ စ.ဂ ဟူ၍ အမှု့ကနှစ်မှု့ဆွဲကာ စစ်ဆေးလျှက်ရှိသည် ။
၎င်းပြစ်မူဆိုင်ရာ ဥပဒေပုဒ်မတွင် အာမခံပေးခွင့်မရှိဟု လေ့လာတွေ့ရှိရပါသည်။ယခုအခါ ကုလား များ ၄၅ ယောက်လာသောင်းကျန်း၍ အာမခံပေးဟုပြောဆိုနေပါသည်။

ယင်းနောက်တွေ့ရှိသော လက်နက်များမှာလည်း သားသတ်လက်နက်သာဖြစ်ကြောင်း တရားသူကြီး ဦးမြင့်လွင်ကိုယ်တိုင်ယနေ့ထွက်ဆိုခဲ့ပါသည် ။အမှုပွဲစား ပူလူးခေါ်နေဝင်းအွမ်ဆမာန်ခေါ် ဆန်းဝင်း နှင့် လက်သိပ်ထိုး လာဘ်ထိုးကာ အာမခံချက်ပေးခဲ့ကြောင်း သတင်းရ ရှိပြီး ရှေ့ပါတ်စာရေး နောင် ရဲစိုးတရားလို ရဲမှူး အုန်းလွင်ဒုရဲအုပ်နေဇာဦးနှင် အတူတကွ လာဘ်စားကာ အာမခံအတွက်ပေးလိုက်ကြောင်းသတင်းရရှိသည်။





Monday, May 19, 2014

ဝမ်ပေါင် တရုတ်အလုပ်သမားနှစ်ဦးကို ဒေသခံအချို့ ဖမ်းဆီး

 
မုံရွာမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသမှာ လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာ လယ်သမားတွေဘက်ကလည်း ဝမ်ပေါင်ကြေးနီလုပ်ငန်းက တရုတ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်။ ဒီအခြေအနေကြောင့် မနေ့က ညပိုင်းနဲ့ အခု ဒီကနေ့ မနက် စောစောပိုင်း အချိန်အထိ လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြားမှာ တင်းမာမှုတွေ ဖြစ်နေပါတယ်။ မနေ့က ည ၁၁ နာရီလောက်မှာစပြီးတော့ လုံခြုံရေးအာဏာပိုင်တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ရွာထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လက်ပန်းတောင်းတောင် ဒေသခံတွေကို အကူအညီပေးနေတဲ့ ကိုအောင်စိုးကို ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် သိမ်းဆည်းထားတဲ့ လယ်ယာ မြေတွေအပေါ်မှာ တိုင်တွေ စိုက်ထူဖို့ လက်ပန်းတောင်တောင်၊ ဆည်တဲရွာကို တရုတ်လူမျိုးတွေ ပါတဲ့ ကားတစ်စီး ရောက်လာခဲ့ပါတယ်။ အဲဒီကားမှာ လိုက်ပါလာတဲ့ တရုတ်ဝန်ထမ်း ၂ ဦးကို လယ်သမားတွေက ထွက်ခွာခွင့်မပေးတဲ့အတွက် နှစ်ဘက်ကြားမှာ အခြေအနေ တင်းမာလာခဲ့ပါတယ်။ ည ၈ နာရီခန့်ကစပြီး ရဲအင်အားအလုံးအရင်းနဲ့ လက်ပန်းတောင်းတောင်တဝိုက်မှာ နေရာယူထားပါတယ်။ ည ၁၁ နာရီအချိန်လောက်မှာတော့ ဇီးတော စမ်းမြဝတီကျောင်းတိုက်ဖက်ကို စတင်ပစ်ခတ်ခဲ့ကြောင်း စမ်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလောက က မိန့်ပါတယ်။
“ဇီးတောကျောင်းက အင်မတန် အင်အားနည်းတယ်။ ရွာလည်း သိပ်မရှိတော့ဘူး။ အဲဒီ အားနည်းချက်ကို အရင်ဝင်ဖြိုတဲ့သဘောပေါ့ဗျာ။ အကြိမ်ရေတော်တော်များတယ်၊ မမှတ်မိလောက်အောင်ကို ပစ်တယ်။ အခုတော့ ပြန်ဆုတ်သွားပြီ။ ဆုတ်တယ်၊ ဒါပေမယ့် ပြန်ပြီးတော့ တက်ဖို့ရန်အတွက် အခု ဇီးတော၊ ဆည်တဲရွာရဲ့အနောက်ဘက်မှာ ကား ၂ စီးက အနောက်ဘက်ကို ဦးတည်ပြီးတော့ စက်နှိုးထားတဲ့အနေအထားနဲ့ တွေ့နေရတယ်။ ကျောက်ဖြူတိုင်ကျေးရွာထဲမှာ ကားနဲ့တစ်စီးပြီးတစ်စီး ရဲတွေကို လာပြီးတော့ ချနေတယ်။ ဆက်လက်ပြီးတော့ ဝမ်ပေါင်ဘက်ကနေ ယူနီဖောင်းတွေ ဝတ်ပြီးတော့ ဒီဘက်ကိုလာဖို့ ပြင်ဆင်နေတယ်။ ဆည်တဲရွာအနောက်ဘက်ကိုလည်း ရဲတွေ အလုံးအရင်းနဲ့ ရောက်ရှိပြီးတော့ နေတယ်။”
ကျောက်ဖြူတိုင်၊ ဇီးတော၊ ဆည်တဲ စတဲ့ရွာတွေဟာ ရွားနားနီးချင်းတွေဖြစ်ပြီး ကျောက်ဖြူတိုင်ရွာဘက်ကနေ ရဲအင်အားတွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံ ကျေးရွာသူတစ်ဦးက ပြောပါတယ်။
“ပစ်ခတ်တာတွေ လုပ်နေပါတယ်ရှင့်။ သေနတ်ပစ်တာကတော့ အသံတွေကတော့ ဆူလို့ပဲ။ မျက်ရည်ယိုဗုံးနဲ့လည်း ပစ်လို့ရှင်။”
တားဆီးခံထားရတဲ့ တရုတ်ဝန်ထမ်းတွေနဲ့ ရွာသားတွေကြားမှာ တင်းမာမှုမရှိသလို တရုတ်ဝန်ထမ်းတွေကို ကောင်းမွန်စွာထားတယ်လို့ ရွာသားတွေဘက်က ပြောပါတယ်။ ညနေပိုင်းမှာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးတွေလည်း လာရောက် ညှိနှိုင်းကြတယ်လို့ ဆိုပါတယ်။ တရုတ်ဝန်ထမ်းတွေကို တားဆီးပြီး ညှိနှိုင်းမှုတွေ လုပ်ခဲ့ရကြောင်းကိုလည်း ဆရာတော် ဦးအာလောက က မိန့်ပါတယ်။
“အဓိကခေါ်ထားရတဲ့အကြောင်းရင်းက ဒီကနေ့ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလည်း လာတယ်။ ခရိုင်မှူးလည်း လာတယ်ပေါ့နော်။ အဓိက ကတော့ ဒီရွာသားတွေက သူတို့ဖြစ်စေချင်တာ ခြံဝန်းထဲမှာ သံဆူးကြိုးအခတ်ခံလိုက်ရတဲ့ ဧက ၂၅၀ ကျော်ကို ပြန်လည်ပြီးတော့ လုပ်စားချင်ကြတယ်။ အဲဒီအတွက် ဆွေးနွေးချင်တာ။ အဲဒါကို သူတို့ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ တကယ် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေ မလာဘဲနဲ့ အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်မှူးသာ လာခဲ့ပြီးတော့ အဖြေတစုံတရာ မပေးနိုင်ကြဘူး၊ အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်မှူးကတော့ မနက်ဖြန်ခါမှာ ဆွေးနွေးညှိနှိုင်းပါမယ်ဆိုပြီး ပြောသွားတယ်။ အဲဒါကြောင့်မို့ ဒီလူတွေကို ခဏ ခေါ်ထားတယ်ပေါ့နော်။”
ညနေပိုင်းမှာတော့ ရွာသားတွေက သူတို့ရွာတွေကို အကြမ်းမဖက်ဖို့ အာဏာပိုင်တွေကို ပြောထားပြီး တနင်္လာနေ့မှာ ဆက်လက်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဘက်ကလည်း သဘောတူခဲ့တယ်လို့ ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေချိန်မှာ အခြေအနေကို မေးမြန်းဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်သောင်းကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ ဇီးတောရွာကို အကြိမ်အတော်များများ ပစ်ခတ်နေတဲ့ တချိန်တည်းမှာပဲ ကျောက်ဖြူတိုင်ရွာမှာ ထားခဲ့တဲ့ အာဏာပိုင်တွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
“ဒီ ဇီးတော၊ ဆည်တဲဘက်က မဟုတ်ဘူးဗျ။ သူတို့ တည်းခိုတဲ့ ကျောက်ဖြူတိုင်ရွာဘက်ကဗျ။ ကျောက်ဖြူတိုင်လမ်းကြောင်းထဲမှာ ထားပစ်ခဲ့တဲ့ဟာကို ကားမှန်တွေ ဘာတွေ ရိုက်ခွဲတယ်လို့ ကြားတယ်။”
လက်ပန်းတောင်းတောင် ဒေသခံတွေက သူတို့လယ်ယာမြေတွေမှာ ပြန်လည် လုပ်ကိုင်စားသောက်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်သလို စိုက်ခင်းတွေ ခြံစည်းရိုးထပ်ခပ်တာကြောင့်လည်း အခြေအနေတင်းမာနေပြီး မျက်ရည်ယိုဗုံးတွေ အသုံးပြုပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသဟာ အစိုးရနဲ့ ဦးပိုင်ကုမ္ပဏီ လိမိတက် တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

ဝမ်ပေါင်ကုမဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံသား သူတို့ဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၂၃ နှစ်စီရှိကြတဲ့ Lu Yuanhao နဲ့ Miu Jie တို့ဖြစ်ကြတယ်လို့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူတို့ကို ဆည်တဲရွာမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အစပိုင်း ဖမ်းဆီးခံရတဲ့အထဲမှာတော့ တရုတ်နိုင်ငံသား ၂ ယောက်အပြင် မြန်မာနိုင်ငံသား ၀န်ထမ်း ကိုခင်အောင်မိုးဆိုသူလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကိုခင်အောင်မိုးကတော့ ပြန်လွတ်လာပြီလို့ သိရပါတယ်။ သူတို့ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးထားသူတွေဟာ သူတို့ရဲ့စီမံကိန်းကို ဆန့်ကျင်တဲ့ လူနည်းစု အစွန်းရောက် တက်ကြွလှုပ်ရှားသူတွေသာဖြစ်ပြီး ဒီလူတွေ ပြန်လွတ်လာဖို့ ကမ်းလှမ်းဆောင်ရွက်နေကြတဲ့ ကျေးရွာလူကြီးတွေနဲ့ ကျန်ကျေးရွာသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ၀မ်ပေါင်ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

မုံရွာမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသမှာ လယ်သမားအရေး လှုပ်ရှားသူတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာ လယ်သမားတွေဘက်ကလည်း ဝမ်ပေါင်ကြေးနီလုပ်ငန်းက တရုတ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားလိုက်ပါတယ်...

နောင်ချိုမြို့ နယ်တွင် ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်မှ မွှေးညှင်းတော်များ ထွက်ပေါ်


ကဆုန်လပြည့်ကျော် (၂) ရက်နေ့ ၊ မေလ
(၁၅) ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်း၊
 နောင်ချိုမြို့ နယ်၊ လောက်ဖန်းကျေးရွာ၊
 လောက်ဖန်းကျောင်းတိုက်ရှိ ကျောက်ဆင်း
တု ဗုဒ္ဓ ရုပ်ပွားတော်၏ နှုတ်ခမ်းတော်နေ
ရာ၌ မွှေးညှင်းတော် များ ထွက်ပေါ်လာသည်ကို ဖူးတွေ့ ခဲ့ရကြောင်း သိရသည်။

နောင်ချိုမြို့ အနီး၊ ကျောက်ကြမ်းကျေးရွာမှ လောင်ဖန်းဘိလပ်မြေစက်ရုံကို ကျော်လွန်ကာ လောက်ဖန်းကျေးရွာသို့  ရောက်ရှိနိုင်မည်ဖြစ်ပြီး လောက်ဖန်းကျေးရွာတွင် ပန်ဦးမြေဆုတောင်းပြည့်စေတီတော်နှင့် လောက်ဖန်း ဘုန်းကြီး ကျောင်းတိုက်တို့  သာသနာ့ဝတ္တကမြေ တစ်ခုတည်းတွင် တည်ရှိကြောင်း သိရသည်။

ပန်ဦးမြေဆုတောင်းပြည့်စေတီတော်တွင် ဂြိုလ်ပြေနံပြေ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပါယ်တော် မူရာ စနေထောင့်တွင် သီတင်းသုံးတော်မူသော ကျောက်ဆင်းတုတော်၏ နှုတ်ခမ်းတော် မှ မွေးညှင်းနုများ ထူးဆန်း စွာ ထွက်ပေါ်လာသည်ကို ကဆုန်လပြည့်ကျော် (၂) ရက်နေ့ တွင် လောက်ဖန်းကျောင်း ထိုင်ဆရာတော် နှင့် ဘုရား ဖူးအချို့ က စတင်ဖူးတွေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးညှင်းတော်တွေက အရင်းပိုင်းမှာ အနက်ရောင်၊ အဖျားပိုင်းမှာ အဖြူရောင်ပါ။ အခုဆိုရင် လက် ၃-သစ်လောက် ရှည်နေပါပြီ။ ဒီကျောက်ဆင်းတုတော်ကို အခုအခါ လောက်ဖန်းဘုန်းကြီးကျောင်းပေါ်မှာ ပင့်ဆောင် ပူဇော်ထား ပါတယ် ဟု လောက်ဖန်းကျောင်းတိုက်သို့  ကိုယ်တိုင်သွားရောက် ဖူးမျှော်ခဲ့သူ ဒေါ်အုံးဆန်း၊ အထက်တန်းပြ၊ အထက (၁) လားရှိုး က ပြောပြသည်။

ယခုအခါ ပန်ဦးမြေဆုတောင်းပြည့် စေတီတော်နှင့် လောက်ဖန်း ဘုန်းကြီးကျောင်းတို့  သည် မွေးညင်းတော် ဗုဒ္ဓမြတ်စွာဘုရား ကျောက် ဆင်းတုတော်ကို လာရောက်ဖူးမျှော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။့ 






ဆင်းရဲနွမ်းပါး ရခိုင် ဒေသများ အတွက် ဖွံ့ဖြိုးရေး အကူအညီ မရေရာသေး

 http://burma.irrawaddy.org/wp-content/uploads/2014/05/Un1.jpg
ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေကို ထောက်ပံ့ပေးနေကြတဲ့ ကုလသမဂ္ဂ(UN) လက်အောက် ခံ အဖွဲ့တွေနဲ့နိုင်ငံတကာ INGOs, NGO အဖွဲ့တွေ အနေဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေအတွက် မျှမျှတတ ဆောင်ရွက်ပေးဖို့ ကတိပေး၊ သဘောတူထားပေမယ့် လက်တွေ့မှာ ဘာမှဆောင်ရွက်မှု မရှိသေးဘူးလို့ စစ်တွေ ဒေသခံ တွေ က ပြောကြပါတယ်။
ရခိုင်ဒေသက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ဘင်္ဂါလီလူမျိုး တွေ နှစ်ဘက်စလုံးမှာ အကူအညီလိုအပ်နေကြပေမယ့် နိုင်ငံတကာ အဖွဲ့တွေက ဘင်္ဂါလီတွေကိုသာ ဘက်လိုက်ပေးတယ်ဆိုပြီး ဆန့်ကျင် ကန့်ကွက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့ နှစ်ဘက်စလုံးကို အကူအညီပေးဖို့ကို ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသခံ ရပ်မိရပ်ဘတွေနဲ့ တွေ့ဆုံးပြီး ဧပြီလအတွင်းက ကတိပေးခဲ့ကြ ပါတယ်။
“ဒေသခံ ဖြွံဖိုးရေးအတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုတာမျိုးတွေက ခဏခဏ ပြောနေကြတာပဲ၊ ဒါပေမယ့် လက်တွေ့ မှာက ဘာမှဖြစ်မလာတော့ ၀ါဒ ဖြန့်ရုံ သက်သက်ပဲ ဖြစ်နေတယ်၊ ဒေသတွင်းမှာ လုပ်ဆောင်နေတဲ့ ကိစ္စတွေကိုလည်း မြို့ခံလူထု က ဘာမှ မသိရပါဘူး၊ ရပ်မိရပ်ဘဆိုသူတွေကလည်း သူတို့ စိတ်ကြိုက်လူတွေကို ခေါ်ယူခန့်ထား သူတွေပါ” လို့ စစ်တွေ ဒေသခံနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောပါတယ်။
ဒါ့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ အကူအညီပေးရေး ကိစ္စတွေအတွက်လည်း အစိုးရ အာဏာပိုင်တွေအနေနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပူးပေါင်း ဆောင်ရွက်မှု လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတွေကို ကူညီပေးဖို့ စစ်တွေ ရပ်မိရပ်ဘတွေ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ပြည်ထောင်စု အဆင့် ၀န်ကြီးတချို့ပါဝင် ဖွဲ့စည်းထားတဲ့ အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ(ECC) အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာအဖွဲ့တချို့က တာဝန်ရှိသူတွေဟာ စစ်တွေမြို့နယ်အတွင်း က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးကျေးရွာ ၃ ခု ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က သွားရောက်လေ့လာခဲ့ပြီး ရွာခံတွေနဲ့ တွေ့ဆုံကာ ကူညီပေးမယ့် အရာတွေ ကို ပြောဆိုသွားကြပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ECC အဖွဲ့ကို ပြည်ထောင်စု အဆင့် နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက် နေတာဖြစ်ပြီး ဒုက္ခသည် စခန်းများထက် ဆင်းရဲကျပ်တည်းနေတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေအတွက် ဖွံ့ဖြိုးရေး စီမံကိန်းတွေ စတင် ရေး ဆွဲနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ် မောင်မောင်အုန်း က “ထောက်ပံ့တဲ့ နေရာမှာ မျှတစွာ ထောက်ပံ့ဖို့ လိုလာပြီ။ ပြီးတော့ ရခိုင်ပြည်နယ်မှာလည်း ဖွံ့ဖြိုးရေး စီမံကိန်းတွေပါ ထည့်တော့မှ မျှတတော့မယ်၊ ကယ်ဆယ်ရေး တခုတည်းဆိုရင် ဟိုဘက်ကိုပဲ ရောက်တော့မယ် ဆိုတော့ UN က ဖွံ့ဖြိုးရေး စီမံကိန်းတွေ စလုပ်ဖို့ ပြင်နေပြီ” လို့ ဧရာဝတီကိုပြောပါတယ်။
လတ်တလောမှာတော့ ဖွံ့ဖြိုးမှု အနည်းဆုံး ကျေးရွာများအဖြစ် မြို့ခံတာဝန်ရှိသူတွေဘက်က တင်ပြလာတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးက ကုန်းရေပေါ်ရွာ၊ လွန်မထက်ရွာနဲ့ သုံးဆောင်ရွာ တို့ကို UN လက်အောက်ရှိ INGO အဖွဲ့တွေနဲ့ နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့က ပူးပေါင်းပြီး ရေ၊ မီး၊ လမ်း၊ တံတားနဲ့ ရေတွင်း၊ ရေန်ကန်တွေ ရရှိရေးကို ၃ လအတွင်း တပြိုင် တည်းလုပ်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။
“အဲဒီ ၃ ရွာထဲက တရွာဖြစ်တဲ့ ကုန်းရေပေါ်ဆိုတဲ့ ရွာကို UN အဖွဲ့တွေနဲ့ သွားတယ်။ အဲဒီမှာတင် UN နဲ့ INGO တွေ မျက်ရည်ကျ သွားတယ်။ တိုင်းရင်းသားတွေရဲ့ တကယ့် အခြေအနေမှန်ကို သူတို့ နားလည်သွားတယ်” လို့ ဗိုလ်ချုပ်မောင်မောင်အုန်း က ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ကျေးရွာတွေကို ဖွံ့ဖြိုးရေး အကူအညီတွေပေးဖို့ စီမံကိန်းတွေရေးဆွဲနေပြီလို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောဆိုနေပေမယ့် ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားပေးတဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် နဲ့ ရန်ကုန်အခြေစိုက် UN ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း တို့ပြောတာကတော့ လေ့လာတဲ့ အဆင့်မှာပဲရှိသေးတယ်လို့ ဆိုပါတယ်။
ဦးအေးဝင်းက “အဲဒီ့ (ရခိုင်) ရွာတွေကိုကနဦးသွားပြီးတော့ လေ့လာဆဲ၊ အဲဒီကလူတွေနဲ့ စကားပြောတဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ ဘာမှ မလုပ်ရသေးပါဘူး၊ နည်းနည်းအချိန်ယူရဦးမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ဇွန်နှင့် အောက်တိုဘာလထဲမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ လူမျိုးတွေအကြား ပဋိပက္ခတွေ ဖြစ် ပွားခဲ့ပြီး လူပေါင်း ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ နှစ်ဘက်လုံးမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရာတာ၊ ဒုက္ခရောက် နေကြ ရတာတွေ တူကြပေမယ့် နိုင်ငံတကာ NGO ရုံးတွေက ဘင်္ဂါလီလူမျိုးတွေဘက်ကို ဘက်လိုက်ကူညီပေးတယ်ဆိုပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေက ကန့်ကွက် ဆန့်ကျခဲ့ကြပါတယ်။
မတ်လ ၂၆ ရက်နှင့် ၂၇ ရက်ကလည်း စစ်တွေမြို့မှာ လူအုပ်စုအဖွဲ့တွေက NGO ရုံးတွေထွက်သွားဖို့ ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြပါသေးတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ရဲ့ ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်နဲ့ NGO ရုံးတချို့ကိုလည်း ဖျက် ဆီး ခဲ့ကြပါတယ်။ အဲဒီလူအုပ်စုကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့ရာမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ရပါတယ်။

Saturday, May 17, 2014

အမေရိကန် အရေးယူ သက်တမ်း တိုးမှု မြန်မာ တုန့်ပြန်

 

အမေရိကန်အစိုးရက မြန်မာအပေါ်စီးပွားရေးဒဏ်ခတ်ထားမှုသက်တမ်း
တနှစ်တိုး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး မှာ နောက်ကြောင်းပြန် လှည့် သွားတာမျိုး ဖြစ်နေတယ် လို့ မြန်မာ အစိုး
ရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။
တဖက်မှာလည်း မြန်မာ အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေဟာ မရေရာ မသေချာဖြစ်နေသေး တာကြောင့် အမေရိကန်ဘက်က ဖိအားပေး တာဖြစ်တယ်လို့လည်း မြန်မာတချို့က သုံးသပ်ပါတယ်။ မနေ့က အမေရိကန် သမ္မတ အိုဘားမားကနေ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ တွဲပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ ပိတ်ပင်တားမြစ်တဲ့ အမိန့် နောက်ထပ် သက်တမ်းတိုးလိုက်တာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ဒီလိုစီးပွားရေးပိတ်ဆို့ မှု  သက်တမ်းတနှစ်တိုးလိုက်တဲ့ အကြောင်းရင်းထဲမှာ ရခိုင်ပြည်နယ် အရေးကိစ္စဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်နေတာ၊ နောက် မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်လက်ပါဝင်နေတာ စတဲ့ အချက်တွေ အဓိကဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာဖေါ်ပြထားပါတယ်။ နောက်ပြီး အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့ပြောဆိုချက်ထဲမှာလည်း  မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ နောက်ကြောင်းပြန် လှည့်သွားမယ်ဆိုရင် အရေးယူနိုင်အောင် အခုလို သက်တမ်းတိုးလိုက် တာဖြစ်တယ်လို့လည်း ပြော သွားတာပါ။

ဒါပေမယ်လို့ မြန်မာအစိုးရဘက် ကတော့ ဒါဟာ ကျိုးကြောင်းစီလျော်မှုမရှိပဲ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးကို နောက်ကြောင်းပြန်လှည့် သွားတာမျိုး ဖြစ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အမည်မဖေါ်လိုတဲ့ အကြီးတန်း အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။

" မြန်မာနိုင်ငံကို Engagement လုပ်တဲ့ အမေရိကန်ပေါ်လစီက အာရှနဲ့ ပြန်လည်ပေါင်းစည်းရေးပေါ့။ အထူးသဖြင့် အရှေ့တောင်အာရှ အာဆီယံနဲ့ ပြန်လည် ပေါင်းစည်းရေးဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒမှာ ဒါက နောက်ပြန်ဆုတ်သွားတဲ့ သဘောလို့ ကျနော်တို့က စဉ်းစားစရာဖြစ် တယ်ပေါ့နော်။ ဒီ Sanction ချမှတ်လိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံ ကို နောက်ကြောင်းပြန်လှန်သွားမှာ စိုးရိမ်တယ် ဆိုသော်လည်းပဲ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးမူဝါဒ ချမှတ်ထားတဲ့ အပေါ်မှာ နောက်ကြောင်းပြန် လှည့်သွားတာလား ဆိုတာ ကျနော်တို့ အနေနဲ့ စဉ်းစားစရာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကတော့ နောက်ကြောင်းပြန် မလှည့်ဘူးပေါ့နော်။"

လက်ရှိမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၃ ခုနှစ်ကိန်းဂဏန်းတွေအရ ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့လည်း သူကဆိုပါတယ်။   ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ဒီမိုကရေစီနည်း အတိုင်း ပြုပြင်ပြောင်းလဲရေးတွေဆောင်ရွက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေချိန်မှာ
ရခိုင်အရေး ကိစ္စဟာ မမျှော်လင့်ပဲကြုံတွေခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတခုဖြစ်တယ်လို့လည်း အကြီးတန်းအရာရှိက ဆိုပါတယ်။

" ဒီရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီးတော့ အားလုံးကောင်းပါပြီဆိုတဲ့ အနေအထားကို ရောက်ဖို့က ကျနော်တို့က ရှုပ်ထွေးနက်နဲတဲ့ နောက်ကွယ်က အကြောင်းတရားတွေကြောင့် ချက်ခြင်း လက်ငင်းဖြစ်လာဖို့ဆိုတာ အများကြီး အခက်အခဲရှိတယ်။ ဒါအတွက်လည်း ကျနော်တို့က နိုင်ငံတကာရော၊ မိတ်ဖက်နိုင်ငံတွေရော အားလုံးရဲ့ အကြံဉာဏ်တွေ၊ အကူအညီထောက်ပံ့မှုတွေ နဲ့ ပြေလည်အောင် ကျနော်တို့ ဆောင်ရွက်နေတယ်။ ကြိုးစားနေတယ်။ ကြိုးစားနေတဲ့ဟာက အမေရိကန်အစိုးရရဲ့ အခု ပြစ်ချက်တစ်ခု ဆိုပြီးတော့ ပြောတဲ့ အတွက် ဒါကတော့ မကောင်းစရာ အကြောင်းတရား တခုလို့ပြောရမှာပါ။"

အသွင်ကူးပြောင်းရေး ကာလကိုဖြတ်သန်းနေရချိန်မှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ပြဝေဖန်နေပေမယ့် ဒီအတွက် အချိန်အတိုင်းအတာ ယူရမယ်ဆိုတာကို သက်ဆိုင် ရာခေါင်းဆောင်တွေကပြောထားပြီးသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ မြန်မာစစ်တပ် ရဲ့ ဆောင်ရွက်ချက်တွေကို ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းအထိ အမေရိကန်ဘက်က စောင့်ကြည့်ဖို့ရည်ရွယ်ထားတာကြောင့် အခုလို စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို ထပ်တိုးလိုက်တာဖြစ်တယ်လို့မြင်ပါတယ်။

" ကျနော်မြင်တာကတော့ စီးပွားရေးလုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီးတော့ အရပ်ဖက်တွေ ပုံသဏ္ဍာန်တွေ ပေါ်မှာ အမေရိကန်အစိုးရက အလျှော့ပေးခဲ့ တာတွေ၊ တော်တော်များများရှိတယ်။ အရင်က အရေးယူ ပိတ်ဆို့ထား တာတွေ တော်တော်များများ ရှိတာတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒီအကြမ်းဖက် တိုက်ဖျက်မှု၊ ဥပဒေနဲ့ ငွေကြေးခဝါချမှု ဥပဒေတွေ ကို မြန်မာနိုင်ငံမှာ မှန်မှန်ကန်ကန်ပြဋ္ဌာန်းနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ သတင်းတွေအထိ ကျနော်တို့ ကြားသိရပါတယ်။

ဒါကြောင့်မို့ အမေရိကန်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ တဖြေးဖြေး အလျှော့ပေးလာတယ်။ တဖြေးဖြေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုဆောင်ရွက်နိုင်အောင် အပြု သဘောဆန်တဲ့ ဆောင်ရွက်မှုတွေရှိမယ်လို့ ကျနော်မြင်ပါတယ်။ အဲ့ ဒါပေမဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပိုင်းအပေါ်မှာတော့ အမေရိကန်ဟာ ၂၀၁၅ အလွန် ဒီမိုကရေစီခေတ် ကို စောင့်ကြည့် သွားလိမ့်မယ်လို့ ကျနော် ဒီလိုယူဆမိပါတယ်။ "

အခုလို သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှု ဟာ ၁၉၉၇ခုနှစ်ကတည်းက မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ သမ္မတ အမိန့်အာဏာနဲ့ တားမြစ်ခဲ့တာဖြစ်ပြီး  ၂၀၁၃ခုနှစ်မှာတော့ ပြင်ဆင်ချက်နဲ့အတူ သက်တမ်းထပ်ပြီးတော့ တိုးခဲ့တာဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာ စာအုပ်စင်အပေါ် အမွှေတိုင်ပူဇော်ထားရာမှ မီးလောင်မှုဖြစ်ပွား

 

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗညားဒလလမ်းမကြီး မင်္ဂလာအိမ်ရာစီမံကိန်း တိုက်အမှတ် B-1 အခန်း ၁၀၄ တွင် ၁၇-၀၅-၂၀၁၄ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
မီးလောင်မှုအား စစ်ဆေးရာ ကိုရမ်ကျမ်းစာ စာအုပ်စင်ပေါ်တွင် အမွှေးတိုင်ပူဇော်ထားရာမှ အမွှေးတိုင်မီးပြုတ်ကျ၍ စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ခုတင် ၂ လုံး၊ ၃၂ လက်မ LCD TV ၁ လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ လေအေးစက် ၁ လုံးနှင့် အခန်းအရှေ့ဘက်ခြမ်း မီးလောင်သွားပြီး တန်ဖိုးငွေကျပ် ၄၅၀ ၀၀၀ ဖိုးခန့် ဆုံးရှုံးပြီး အိမ်ငှားဖြစ်သည့် အစ္စလာမ်ဘာသာဝင် ဒေါ်တင်တင်ဝင်း အသက် ၄၄ နှစ်အား တာမွေမြို့နယ် ရဲစခန်းမှ (ပ) ၂၅၉ /၂၀၁၄ ပုဒ်မ-၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ခဲ့ရကြောင်း သိရသည်။

လာအိုလေယာဉ်ပျက်ကျမှု ကာကွယ်ရေး ဝန်ကြီးအပါအဝင် ၂၂ ဦး သေဆုံး

အခမ်းအနား တခု တက်ရောက်ဖို့ လာအို ကာကွယ်ရေး ဝန်ကြီး ပါဝင်တဲ့ လာအို လေတပ်လေယာဉ်တစီး ဒီကနေ့ စနေနေ့ မနက်ပိုင်းက ပျက်ကျသွားခဲ့လို့ ကာကွယ်ရေး ဝန်ကြီးအပါအဝင် အနည်းဆုံး လူ ၂၂ ဦး  သေဆုံးသွားပါတယ်။ 

 လာအို ကာကွယ်ရေး ဝန်ကြီး၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

သေဆုံးသွားသူတွေထဲမှာ လာအို ပြည့်သူ့ တော်လှန်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်တွေလည်း ပါဝင်ပြီး ဒီမနက် လေယာဉ် ပျက်ကျမှုမှာ ၃ ဦးသာ အသက်ရှင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ပါတယ်။ 

လာအိုနိုင်ငံ ဒု ဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ် လာအို ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် လည်ြး ဖစ်သူ Douangchay Phichit ဟာ ပြည်သူ့ လုံခြုံရေး ဝန်ကြီး၊ ဗီယန်ကျန်း မြို့တော်ဝန် စတဲ့ သူတွေ နဲ့ အတူ နိုင်ငံရဲ့ အရှေ့မြောက် ပိုင်း ခရိုင်တခုနားမှာ ဒီမနက် ၆ နာရီ ကျော်လောက်က ပျက်ကျ သွား လို့ သေဆုံးသွားကြတဲ့ အကြောင်း ဘန်ကောက် ပို့စ် မှာ ဖော်ပြထားပါတယ်။ 

တာဝန် ရှိသူတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်သူတွေကို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပြီး ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စမ်းစစ်ဆေးဆဲ လို့ ပြောပါတယ်။

 
Twitter Bird Gadget