ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 28, 2014

Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum နဲ့တူတဲ့ ထူးဆန်းသဏ္ဍန်ရှိတဲ့ သတ္တ၀ါကို တရုတ်ပြည်တောင်ကုန်းတွေကြားမှာတွေ့ရှိ



တရုတ်ကမ္ဘာလှည့်ခရီးသည်တစ်ဦးက Lord of the Rings ဇာတ်ကားထဲက ဇာတ်ကောင် Gollum ရုပ်နဲ့တူတဲ့ သတ္တ၀ါတစ်ကောင်ဟာ ဘေဂျင်းမြို့ မြောက်ဘက် Huairou အရပ်ကကျောက်ဆောင်တွေကြားထဲ ခိုအောင်းနေတယ်လို့ဆိုပါတယ်။ အဲဒီ့အရာကို သက်သေပြဖို့အတွက်လည်း သူကဓာတ်ပုံတစ်ပုံကိုပြပါတယ်။
‘ကျွန်တော်အပေါ့သွားဖို့ သွားတဲ့အချိန်မှာ မကောင်းဆိုးဝါးတစ်ကောင်ကိုတွေ့တော့တာပဲ။ ကျွန်တော်သူ့ရဲ့ဓာတ်ပုံကိုလဲရိုက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြောက်လန့်နေတယ်’ လို့အဆိုပါတွေ့ရှိခဲ့သူဆိုပါတယ်။
အင်တာနက်မှာပြန့်နှံ့နေတဲ့ ဒီဓာတ်ပုံကို မြင်လိုက်ရတဲ့သူတစ်ဦးက မှတ်ချက်ပေးတဲ့နေရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။
‘ပြီးခဲ့တဲ့တစ်ပါတ်တုန်းက ကျွန်တော်/ကျွန်မနဲ့ သူငယ်ချင်းတွေ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားငယ်တစ်ကားရိုက်ကူးဖို့ တောင်ကြားတွေထဲကို သွားခဲ့ပါတယ်။ ကျွန်တော်/ကျွန်မ အပေါ့သွားနေတုန်းမှာ လူတစ်ယောက်ယောက်လာပြီး ကျွန်တော်/ကျွန်မ ကိုဓာတ်ပုံရိုက်သွားပြီး ထွက်ပြေးသွားတယ်’ ဆိုပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားကိစ္စရပ်တွေမှာ တရုတ်ဖက်က မြန်မာရပ်မည်ဟု ဦးသိန်းစိန်ပြော


သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်းအမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့တော်ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအကြား ဆက်ဆံရေးတိုးမြင့်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ တရုတ်အစိုးရထုတ် တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ် ထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားကိစ္စရပ်တွေမှာ တရုတ်ဖက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေ ဆက်ပြီးထားရှိမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိတွေ အပြန်အလှန် ချစ်ကြည်ရေးခရီးတွေ တိုးမြင့်စေလွှတ်ဖို့၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက အာဏာရ ကြံ့ခိုင်ရေးပါတီတို့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေ့အကြုံဖလှယ်တာတွေ လုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုနဲ့ နယ်စပ်မှုခင်းတွေ အတူတကွ တိုက်ဖျက်ဖို့ စတာတွေကို တရုတ်သမ္မတက အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

၁၉၅၄ ခုနှစ်က မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း ၃ နိုင်ငံအကြားနယ်မြေနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အပြန်အလှန်လေးစားရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Thursday, June 26, 2014

BS . Player Pro With Serial


ဒါလေးကတော့ အရမ်း ဖလန်းဖလန်းထနေတဲ့ player ဒီဇိုင်း ..လေးပါ။ Audio player, video player , TV, Radio , စတာတွေ အကုန်သုံးလို့ရပါတယ်။ player skin တွေကိုလည်း
စိတ်ကြိုက် ပြောင်းနိုင်ပါတယ်။ ကြိုက်မယ်ဆိုရင် ဒေါင်းထားလိုက်နော်။ full version လေးပါ။ serial key ပါတစ်ခါတည်းပါပါတယ်။ အားလုံးဘဲ အဆင်ပြေပါစေ။ r
မရှိသေးသော ဘောဘော်များအတွက် ယူထားလိုက်ပါ.

            ဒီမှာဒေါင်းနော်

ထိုင်းနိုင်ငံဘက်မှ ထွက်ပြေးလာသည့် လူသတ်တရားခံ ၃ ဦးအား တာချီလိတ်မှတဆင့် ထိုင်းဘက်သို့ BLO အဖွဲ့မှ လွှဲပြောင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူသတ်မှုကျူးလွန်ပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ၂၀၁၄ခုနှစ် မေလ(၂)ရက်နေ့ ညနေပိုင်းက တိမ်းရှောင်
ထွက်ပြေးရောက်ရှိလာသူ တရားခံ(၃)ဦး
အား ဇွန်လ(၂)ရက်နေ့က တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှ  ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၅)ရက် နံနက်(၈း၃၀)နာရီအချိန်က ထိုင်း - မြန်မာ နယ်ခြားဆက်ဆံရေးရုံး(Border Liaison Office - BLO )အဖွဲ့ဖြင့် တာချီလိ
တ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ BLO အဖွဲ့ဝင်များဖြစ်ကြသည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် တာဝန်ရှိသူများ ၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှု
ကြီးကြပ်ရေး ရဲမှူးကြီး စစ်စီလီဝုန်းကုန်စွန်း ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုံမ်ချိုင်းရွန့်ဆာခွမ်း ၊ မြန်မာ-ထိုင်း နယ်ခြားကော်မတီတို့မှ တာဝန်ရှိသူများ ၊ နှစ်နိုင်ငံ သတင်းမီဒီယာများ တက်ရောက်ကြပြီး ရှေးဦးစွာ နှစ်နိုင်ငံတာဝန်ရှိသူများသည် ချစ်ကြည်ရေးတံတား အမှတ်(၁)ရှိ အစည်းအဝေးခန်းမတွင် လွှဲပြောင်း လက်ခံ စာချွန်လွှာအား လက်မှတ်ရေးထိုးကြပြီးနောက် တရားခံ (၃)ဦးအား အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် လွှဲပြောင်း-လက်ခံရယူကြသည်။

အဆိုပါတရားခံ(၃)ဦးဖြစ်ကြသည့် ပါဝှေ့ယုဒရား (ခ) နိုင်ပရစ်ယုထရား (အသက် ၂၆ နှစ်)
မွန်ထင် (ခ) နိုင်းမွန်းထျဲန်းစုံထိချိုင်းဝရာနွန်း ( အသက် ၂၈ နှစ်) မနွန်းစပါး (ခ) နန်းဆောင်နွတ်
စပါးစင်ထရု (အသက် ၂၀နှစ်)တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူသတ်မှုကျူးလွန်လာပြီး တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု နာဂျဲကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခို လှုံနေခဲ့ကြရာ ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ ကူညီစုံစမ်းပေးပါရန် မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသူများသည် ၎င်းတို့ပုန်းခိုနေထိုင်ရာ အနီးတ၀ိုက်အား ဇွန်လ(၂) ရက် နံနက်(၁၀း၃၀)နာရီ အချိန်တွင် ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး တာချီလိတ်မြို့မရဲစခန်း၌ နေ့လည် (၂း၃၀)နာရီအချိန်တွင် ထိန်းသိမ်းထားခဲ့ကြသည်။

ယင်းနောက် တာချီလိတ်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၂၀၅၃/၂၀၁၄ဖြင့် တရားစွဲဆိုခဲ့ကာ ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်နှစ်သိန်း ပေးဆောင်စေရန်နှင့် ဒဏ်ငွေမဆောင်က ထောင်ဒဏ် ၆ လ ကျခံစေရန် ဇွန်လ(၂၃)ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံများမှ ဒဏ်ငွေပေးဆောင်ခဲ့ပြီးနောက် အဆိုပါတရားခံ(၃)ဦးအား BLO အစီအစဉ်အရ ထိုင်းနိုင်ငံ တာဝန်ရှိသူများထံသို့ ယနေ့တွင် လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ တရားခံ(၃)ဦးအား လက်ခံနေထိုင်ခွင့်ပြုသူ အိမ်ရှင် ဖြစ်သူ ဦးအောင်ကျော်အား တရားဥပဒေအရ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၆)လ ချမှတ်လိုက်ကြောင်းလည်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း၊ မောင်ယဉ်ကျေး
တာချီလိတ် သတင်းဌာန




ကြိုးတိုက် ဋီကာ (၉)

 အင်းစိန်ထောင်, မောင်သော်က, ကိုမင်းဇေယျ, ထောင်လုံခြုံရေး, ဆန္ဒပြ,
အဲဒီတုန်းက ကြိုးတိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကြိုးသမား စုစုပေါင်းအကျဉ်းသား ၁၃၀ လောက်ရှိတယ်။ ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြကြတာဖြစ်လို့ ဆူပူအော်ဟစ်မှုတွေကို ရှောင်ကြဉ်ကြဖို့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေက သတိပေး ကြ တယ်။
“ငါတို့ အစာငတ်ခံ ဆန္ဒပြရင် သူတို့ကရေပါ ဖြတ်လာမယ်၊ သူတို့ဖြတ်တာကို ငါတော့ လက်မခံဘူး၊ ဒီတော့ ငါ့ရေအိုး ငါရိုက်ခွဲ မယ်” ဆိုပြီး အရိုး ကျီးပေါင်းတက် ရောဂါ ခံစားနေရပြီး လမ်းလျှောက်ရ ခက်ခဲနေတဲ့ ဗိုလ်မှူးဟောင်း၊ စာရေးဆရာ မောင်သော်က (ဦးသော်က) က အများကြားအောင် ပြောဆိုပြီး သူ့အခန်းရှေ့က သောက်ရေအိုးကို ရိုက်ခွဲလိုက်တယ်။
ဦးသော်ကဟာ ဆန္ဒပြပွဲအပြီး မကြာမီ ကြိုးတိုက် အခန်းနံပါတ် ၂၇ မှာ လဲကျ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင် တွေက သူ့ကို ရန်ကုန်ဆေးရုံကြီးကို ထုတ်သွားပြီးမှ ဆေးရုံကြီးမှာပဲ ဆေးကုသခံယူရင်း သေဆုံးသွားတာ ဖြစ်တယ်လို့ သတင်း လွှင့်ခဲ့ပါတယ်။
ကြိုးတိုက်တွင်းရှိ အကျဉ်းသား အများစုကလည်း ကိုယ့်အခန်းရှေ့က သောက်ရေအိုးတွေကို ဦးသော်ကလိုပဲ ရိုက်ခွဲလိုက်ကြတယ်။ ကြွေးကြော်သံတွေကိုလည်း ကျနော်တို့ အခန်းက ပလတ်စတစ်ပေါ်မှာရေးပြီး အခန်းတခန်းချင်းစီကို ထောင်ဝင်စာပါလာတဲ့ သံပရာ သီး လုံးတွေမှာ ပတ်ချည်ပြီး အခန်းစေ့ကို ပစ်ပေါက်မျှဝေပေးခဲ့တယ်။
ဒီတော့ ကြိုးတိုက်ထဲက ကြွေးကြော်သံတွေက တသံတည်း၊ တပြိုင်တည်း အစီအရီ ပေါ်ထွက်လာနေတယ်။ တိုက်ဝန်းထဲမှာရှိတဲ့ အခြားတိုက် ၄ တိုက်က နိုင်ငံရေး အကျဉ်းသားတွေလည်း ကြိုးတိုက်ကအသံတွေ အတိုင်းသား ကြားနေမှာပါပဲ။ ဒါပေမယ့် သူတို့တွေဟာ ကြိုးတိုက်တွင်းက အခြေအနေမှန်ကို သိပုံတော့ မရခဲ့ပါဘူး။
အဲဒီအချိန်မှာပဲ ကြိုးတိုက်ရဲ့ နောက်ဘက်တွေ မှာနံပါတ်တုတ်တွေ၊ လေးခွတွေ၊ ဂန်းပိုက် (မီးသတ် ပိုက်တို) စတာတွေ ကိုင် ထား တဲ့ ထောင် ဝန်ထမ်းတွေနဲ့ စစ်ခွေးတွေ (ထောင်လုံခြုံရေးအတွက် ညဘက်ကင်းလှည့်တဲ့အခါ အသုံးပြုဖို့ လေ့ကျင့်ထားတဲ့ခွေး) ရဲ့ အင်အားပြ ခြိမ်းခြောက်သံတွေ ကြားနေခဲ့ရပါပြီ။
ကြိုးတိုက် ဆန္ဒပြမှုကို ဖြိုခွဲမယ့် လက္ခဏာတွေ မြင်တွေ့ရချိန်မှာပဲ တချို့ ကြိုးသမားတွေကလည်း သည်းမခံနိုင်တော့ဘဲ ထမင်းစား တဲ့ ပုံစံပန်းကန်တွေ နဲ့ တံခါးသံတိုင်တွေကိုခေါက်ပြီး “အာဏာရှင်ကို တောခြောက် မောင်းထုတ်ကြ”လို့ အော်ဟစ် ကုန်ကြတယ်။
မူလစီစဉ်ထားခဲ့တဲ့ ငြိမ်းချမ်း တိတ်ဆိတ်စွာ အစာငတ်ခံ ဆန္ဒပြခြင်းအစား အော်ဟစ်ပြီး အစာငတ်ခံ ဆန္ဒပြတဲ့ အခြေအနေ တခု ဆီသို့ တွန်းပို့ခြင်းခံလိုက်ကြရတယ်။ တိုက်ဝန်းအတွင်းမှာရှိတဲ့ တခြားတိုက်တွေကလည်း ထောက်ခံသံတွေနဲ့ ပူးပေါင်းခဲ့ကြတယ်။
တနေကုန်တောင်းဆိုသံ၊ နိုင်ငံရေးတရားဟောသံတွေကို ကြိုးတိုက်နောက်ဘက်မှာအရေးပေါ် တပ်ဆင်ထားကြတဲ့ ဆက်သွယ်ရေး စက်တွေကတဆင့် တနေရာကိုသူတို့ သတင်းပို့နေတာတွေလည်း တိုက်ခန်းပြတင်းပေါက်ငယ်ပေါ် တက်ကြည့်တဲ့အခါ မြင်ကြရ တယ်။
အဲဒီလို တိုက်ဝန်းအတွင်းက အော်ဟစ် တောင်းဆိုသံတွေကို ဖုံးလွှမ်းသွားစေရေး၊ ဟန်ပြင်နေတဲ့ ရိုက်နှက်ညှဉ်းပန်း သံတွေ ထောင်ပြင်ပက မကြားစေရေးအတွက် ဟင်္သာတထွန်းရင်ရဲ့ “စာဥ”သီချင်းကို အင်းစိန်ထောင် ပင်မဘူးကြီး(ပင်မတံခါးပေါ်က ကင်းစခန်း) နဲ့ တခြားဘူးတွေ (ထောင်အုတ်ရိုးပေါ်ရှိလက်နက်ကိုင် အစောင့်တွေရဲ့ကင်းတဲများ) ပေါ်က အသံချဲ့စက်တွေနဲ့ ကျယ်ကျယ် လောင် လောင် ဖွင့်ပါတော့တယ်။

အင်းစိန်ထောင် အထူးထောင်ပိုင် ဦးဘိုကြည်၊ ဒုညွှန်ချုပ် ဦးအုန်းဟန် အပါအဝင် စစ်ထောက်လှမ်းရေးတချို့က လမ်းလျှောက် စကား ပြောစက်တွေ ကိုင်ပြီး ကြိုးတိုက်ထဲက အခန်းတခုချင်းစီကို ချဉ်းကပ်လာတယ်။ စစ်ဝတ်စုံဝတ်ထားတဲ့ အရာရှိ ၂ ဦးနဲ့ အရပ် ဝတ် စစ်ထောက်လှမ်းရေးတွေလည်း ပါတယ်။
“မင်းတို့ တောင်းဆိုချင်တာ ပြောလေကွာ”လို့ သူတို့က ပြောပြီး စကားပြောစက်တွေကို အခန်းတံခါးနားကို ထိုးပေးတယ်။
ခါးကြားမှာ သေနတ်ချိတ်ထားတဲ့ အကျဉ်းဦးစီး ဒုညွှန်ချုပ် ဦးအုန်းဟန်ကတော့ အမှတ် (၁) တိုက်ရှိ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းဇေယျာ အခန်းရှေ့ရပ်ပြီး ဘောင်းဘီဇစ်ကိုဆွဲချွတ်ကာ “မင်းတို့လိုချင်တဲ့ ဒီမိုကရေစီတော့ မရဘူး၊ ဒါပဲရမယ်” လို့ ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။ တခြား ကြိုးတိုက် အခန်း တချို့ရဲ့ရှေ့မှာလည်း အလားတူ ပြုမူခဲ့ပါသေးတယ်။
အဲဒီနောက် သိပ်မကြာခင်မှာပဲ အင်းစိန်ထောင် က ဝန်ထမ်းဦးရေ ၁၅၀ လောက်နဲ့အတူ (အကစ) ရုံးချုပ်နဲ့ အင်းစိန် အကျဉ်းဦးစီး သင်တန်းကျောင်းမှာ သင်တန်းလာတက်နေသူ ဝန်ထမ်းစုစုပေါင်း ၃၀ဝ ကျော်လောက်က ကြိုးတိုက်ထဲကို လူတရပ်ကျော်ရှိတဲ့ သစ်သား တုတ်တွေ၊ လေးခွတွေ၊ လက်ထိပ်တွေနဲ့ ခေါင်းစွပ်တွေ ယူလာပြီး ဝင်လာကြတယ်။
အဲဒီကစပြီး အခန်းတခန်းချင်းစီကိုဖွင့်၊ ကြိုးတိုက်ထဲက နိုင်ငံရေး အကျဉ်းသားတွေ၊ ကြိုးသမားတွေကို ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ပြီး အခန်းထဲ က ဆွဲထုတ် သွားကြတယ်။
မှတ်မှတ်ရရ ကြိုးတိုက်ထဲက ပထမဆုံး ခေါ်ထုတ်ခံရသူတွေထဲ တဦးအပါအဝင်ဖြစ်တဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ဆိုရင် “မင်းလားကွ ဒေါက်တာ တင်မျိုးဝင်း”၊ “စုနိုင်မှ ချမ်းသာမည်”ဆိုတဲ့ ထောင် ဝန်ထမ်းတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ ထောင်ပိုင်လေး ဦးပြုံးချို ကစပြီး ရင်ဘတ်ကို လက်သီးနဲ့ စထိုးလိုက်တယ်။
တခြား ထောင်ဝန်ထမ်းတွေကလည်း အကုန်ဝိုင်းပြီး ဆွမ်းကြီးလောင်းလိုက်တာ ဒေါက်တာ တင်မျိုးဝင်း ခင်မျာ “အွန့်” ဆိုတဲ့ အသံပဲ ထွက်လာပြီး ကြိုးတိုက်အလယ်က လမ်းပေါ် တရွတ်တိုက် ပါသွားတော့တာပါပဲ။
အဲဒီအချိန်က ထောင်ပိုင်လေး ဦးပြုံးချိုဟာ ဒေါက်တာ တင်မျိုးဝင်း အခန်းထဲက ယင်ကောင်နားရင် အုပ်ဖို့ ကြိုးသမားတချို့က ဝါးနဲ့လုပ်ပေးထားတဲ့ အုပ်ဆောင်းမှာ “စုနိုင်မှ ချမ်းသာမည်” လို့ ရေးထားတာကို သိမ်းသွားခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ကြိုးတိုက် တတိုက်လုံးနဲ့ပါ အချေအတင်ဖြစ်ပြီးနောက်ဆုံး အဲဒီအုပ်ဆောင်း ပြန်ပေးခဲ့ရလို့ ဒေါက်တာ တင်မျိုးဝင်းကို အခဲမကြေ ဖြစ်နေ သူပါ။ နောက်ပိုင်းမှာ ထောင်ပိုင်လေး ဦးပြုံးချိုဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
ကျနော့်ကိုလည်း အခန်းထဲကထုတ်၊ ခေါင်းစွပ် စွပ်၊ လက်ထိပ် နောက်ပြန်ခတ်ပြီး မိုင်ဝက်နီးပါးလောက်ရှိတဲ့ မြေလမ်းအတိုင်း ထောင် ဘူးဝ နားက အချုပ်ရုံးရှိရာကို အတင်းဆွဲခေါ်သွားကြတယ်။ တလမ်းလုံးလည်း ထောင်ဝန်ထမ်းတွေက ထိုးကြိတ်၊ ရိုက်နှက် ကြပါတယ်။ ပြီးတော့ အချုပ်ရုံးနားက ကွက်လပ်တခုမှာ ခဏဝမ်းလျားမှောက်ထားပြီး ခြေချင်းခတ်လိုက်တယ်။
ကျနော့်လိုပဲ အခန်းတွေထဲက ဆွဲထုတ်၊ ထိုး ကြိတ်၊ ရိုက်နှက်လာခဲ့သူတွေလည်း အဲဒီမှာရှိနေ သံတွေကြား ရတယ်။ ခေါင်းစွပ်တွေကို ဖြုတ်မပေးတော့ အပြင်မြင်ကွင်းကို မမြင်ရဘူး။
အချုပ်ရုံးရှေ့ကနေ ခြေချင်းခတ်ပြီး မိန်းဂျေးလ် အဝိုင်းနား ပြန်ခေါ်လာပြီး မိန်းဂျေးလ် ပတ်လည် မြေနီဂဝံခဲ လမ်းပေါ် ဝမ်းလျား မှောက်ခိုင်းပြီး ထောင်ဝန်ထမ်းတွေက သစ်သားတုတ်တွေ၊ ဂန်းပိုက် လို့ခေါ်တဲ့ မီးသတ်ပိုက်တွေ၊ ရော်ဘာတုတ်တွေနဲ့ ရိုက်၊ စစ်ဖိနပ် တွေနဲ့ ကန်ကျောက်၊ တန်းစီ ဝမ်းလျားမှောက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျောပြင်တွေပေါ် ထောင်ဝန်ထမ်းတွေက တက်ခုန်ရင်း ရိုက်နှက်၊ ခေါင်းစွပ်စွပ်ထားတဲ့ ဦးခေါင်းကို ဖိနပ်နဲ့ နင်းခြေပြီး ရက်စက်မှုအပေါင်းနဲ့ သရဖူဆောင်း ခဲ့ကြတယ်။
“ကြောက်ပြီလားကွ”လို့အော်ပြီး ရိုက်နှက်ချက် တွေကြားမှာ မကြောက်ဘူးလို့ ပြန်အော်သံတွေ ထွက်ပေါ်ခဲ့တယ်။
ကျနော့်ဘေး ရှိနေသူတွေထဲမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်ဇေယျ ဆိုရင် “မကြောက်ဘူးကွ”လို့ အော် သံ နက်ကြီးကို အကြိမ်ကြိမ် အော်ဟစ်လို့ သူ့ဆီကို ဝန်ထမ်းတွေ စုပြုံသွားပြီး ရိုက်ကြတာ ကြားနေရတယ်။
ဒီလို ရိုက်နှက်သံတွေကို“စာဥ”သီချင်းသံနဲ့ ဖုံးလွှမ်းထားတယ်။ ဒါကြောင့် “စာဥ”သီချင်းသံ ကြားတိုင်း အလိုလိုနေရင်း မကြားချင် စိတ် နဲ့ အတူ အတိတ်အနာဟောင်းတွေ အသစ်ဖြစ်တဲ့ ခံစားမှု ဖြစ်ပေါ်လာတတ်တယ်။
ရိုက်နှက်မှုတွေက များလွန်းတော့ နောက်ပိုင်းနာကျင်မှုမဖြစ်တော့ဘဲ ထုံသွားသလိုခံစားခဲ့ရတယ်။ အဲဒီလို ရိုက်နှက် နှိပ်စက်နေချိန် မှာ ယောကျာ်းမာနနဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ထောင်ဝန်ထမ်းတွေက လုပ်ကြတယ်။
ဒါကတော့ ကျနော်တို့ရဲ့ အမည်နာမရှေ့မှာ“မ”တပ်ခေါ်ပြီး“ရှင်”လို့ ထူးခိုင်းတယ်။ “မ —- –”လို့ ထောင်ဝန်ထမ်းက ခေါ်ရင်“ရှိ”လို့
ဖြေရမယ့်အစား အမျိုးသမီးတွေ ဖြေသလို “ရှင်” လို့ ရိုက်နှက် နှိပ်စက်ရင်း ထူးခိုင်းတာပါပဲ။

နိုင်ငံရေး အကျဉ်းသားတွေကလည်း မာနကိုချိုးနှိမ်လိုတဲ့ ထောင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို အန်တုပြီး “ရှိ” လို့ပဲ ပြန်ထူးကြတယ်။ ဒါကြောင့် ရိုက်နှက်မှုတွေက အဆက်မပြတ်တော့ဘူး။ တချို့ဆို အသံတောင် မထွက်တော့။
အဲဒီလို အကျဉ်းထောင်သမိုင်းမှာ အကြီးမားဆုံး ထောင်တွင်းဖိနှိပ်မှုကြီးနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဝိုင်းရိုက်နှက်နေစဉ်မှာ အဲဒီ အချိန်က အင်းစိန်ထောင် ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးကြည်က အကျဉ်းသားတွေရဲ့ ရင်ဘတ်ကိုနားကြပ်နဲ့စမ်းပြီး “မသေနိုင် သေးဘူး၊ ရိုက်လို့ရသေးတယ်”လို့တောင် ပြောပါတယ်။
ဆရာဝန်တဦး ဖြစ်ပေမယ့် အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ခွင့်၊ ဆေးပညာနဲ့ လူသားတွေကို ဒုက္ခပေးခဲ့တဲ့ ဒေါက်တာ စိုးကြည်ကို နောက်ပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနက သူကောင်းပြုတဲ့ ဆုတံဆိပ်ကိုတောင် ချီးမြှင့်ခဲ့ပါသေးတယ်။
ဒဏ်ရာတွေဗရပွနဲ့ ကျနော့်လည်း အဆက်မပြတ် ဝိုင်းရိုက်နေတဲ့ ဒဏ်တွေကို ဆက်လက်ခံနိုင်စွမ်း မရှိတော့ဘူး။ ဒီတော့ ရိုက်နှက် ညှဉ်းပန်းမှုတွေ ရပ်တန့်သွားဖို့အတွက် ဇောချွေးပြန်အောင် စဉ်းစားပြီးနောက်ဆုံး အဖြေတခု ထွက်လာတယ်။
“မ —-”လို့ ထောင်ဝန်ထမ်းက ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ရင်း ခေါ်လိုက်တဲ့အခါ ကျနော် က “ရှိ” နဲ့ “ရှင်” အကြား “ရှိန့်” လို့ ထူးလိုက်တယ်။ အဲဒီမှာ ကျောပြင်နဲ့ ဦးခေါင်းအပါအဝင် တကိုယ်လုံးအပေါ် အဆက်မပြတ် ရိုက်ချက်တွေ ရပ်တန့် သွားတယ်။   ။

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား

ထိုင်း, Cobra Gold , စစ်ရေး လေ့ကျင့်မှု , အမေရိကန် , မြန်မာ , သြစတြေးလျ
ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် အတွင်း Cobra Gold စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပလေ့ရှိသောအမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက်(Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန်ဘက်က စဉ်းစားနေကြောင်း သိရသည်။
အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အခြား နောက်တနိုင်ငံတွင် ကျင်းပရန် စဉ်းစား နေ သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Scot Marciel က ကွန်ဂရက် လွှတ်တော်သို့ အင်္ဂါနေ့က ပြော ဆိုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ Cobra Gold စစ်ဆင်ရေးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်ဆိုပါက ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အမေရိကန်က ထောက်ခံ သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း၊ ယခုကိစ္စသည် စစ်အာဏာရှင်များ၏ သဘာဝကို ကမ္ဘာသို့ မီးမောင်း ထိုးပြခြင်းဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ အာရှဒေသဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ စတိဗ် ရှာဗော့ ကလည်း ပြောဆို သည်။
မစ္စတာ ရှာဗော့က သမ္မတ အိုဘားမား အစိုးရအား လာမည့်နှစ် Cobra Gold ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို သြစတြေးလျ နိုင်ငံ ဒါဝင် မြို့တွင် ပြောင်းရွှေ့ကျင်းပရန် တိုက်တွန်းထားပြီး ထိုနေရာသည် အမေရိကန်၏ မဟာဗျူဟာ အာရှ ဆုံမှတ် အစိတ်အပိုင်းလည်း ဖြစ်၍ အမေရိကန် မရိမ်းတပ်သား ၂၅ဝဝ ကျော်လည်း ရှိထားပြီးသား နေရာဖြစ်သည်ဟုလည်း ဆိုသည်။
ထိုသို့ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် ထိုင်းနိုင်ငံအစား အခြား နိုင်ငံတခုခုတွင် ကျင်းပမည်ဟု ဆုံးဖြတ် ခဲ့မည်ဆိုပါက ပြဿနာတခုအဖြစ် ထိုင်းနိုင်ငံက ရှုမြင်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ဆုံးရှုံးမှုများစွာ ရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး စစ်ကောင်စီ(NPCO) ဒုတိယ အကြီးအကဲ Prajin Juntong က ပြောဆိုသည်ဟု ဘန်ကောက်ပို့စ် သတင်း တပုဒ်တွင် ဖော်ပြထားသည်။
ထိုင်း စစ်အစိုးရ ဒုတိယ အကြီးအကဲ Prajin Juntong က Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံ အကျိုး တခုတည်းအတွက် မဟုတ်ကြောင်း၊ ၂ နိုင်ငံ နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့မှုကို အရှည်သဖြင့်ကြည့်၍ ပြောင်းရွှေ့ကျင်းပမည်ဟု မဆုံးဖြတ်ခင် အမေရိကန် အနေဖြင့် အသေအချာ စဉ်းစားသင့်ကြောင်းလည်း ပြောဆိုသည်။
ထိုင်း လေတပ်အနေဖြင့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နှင့်လည်း Cobra Gold မဟုတ်သည့် ပုံမှန်ပူးတွဲ လေ့ကျင့်မှု ကို ပြုလုပ်လေ့ ရှိကြောင်းလည်း သူက ထပ်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ် က အာဏာသိမ်းလိုက်ရာ အမေရိကန် က စစ်အာဏာသိမ်းမှုကို ကန့်ကွက် ၍ အမြန်ဆုံး ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရန် တိုက်တွန်းထားပြီး စစ်ရေး ဆိုင်ရာ အထောက်အပံ့များကိုလည်း ဆိုင်းငံ့ ကြောင်း အင်္ဂါနေ့က ကြေညာလိုက်သည်။
ထို့အပြင် အမေရိကန်က ထိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ အထောက်အပံ့ပေးမှု နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ဝ သန်း ကျော် ပုံမှန်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ယခုနှစ်အတွက် လက်ကျန် ဒေါ်လာ ၅ သန်းနီးပါးကိုလည်း ရပ်ဆိုင်း ခဲ့သည်။
ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံ စစ်ရေး အနီးကပ်ဆက်ဆံရေး ရှိသည့်အားလျော်စွာ Cobra Gold ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို  ၁၉၈၂ နှစ်ကတည်းက ထိုင်းနိုင်ငံတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယခုအခါ နိုင်ငံစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု Cobra Gold တွင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင် ကိုရီးယား၊ ဂျပန်နိုင်ငံ တို့လည်း ပါဝင်လာပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၀ က လေ့လာသူအဖြစ် တက်ရောက်လျက် ရှိသည်။
Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ထိုင်းနိုင်ငံတွင် ဧပြီနှင့် မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် Cobra Gold စစ်ဆင်ရေးတွင် လေ့လာသူအဖြစ် ၂၀၁၃ ခုနှစ်မှ စတင် ပါဝင်ခွင့် ရရှိခဲ့သည်။

ကျိန်စာကို အစိုးရကြောက်မယ်လို့ လယ်သိမ်းခံရသူတို့ယူဆ

မြန်မာ့တပ်မတော်က သဲကုန်းမြို့နယ်အတွင်း သိမ်းထားတဲ့ လယ်တွေ ပြန်မပေးတဲ့အတွက် ဒေသခံတချို့က ကျိန်စာတိုက်ကြတယ်၊
အခုတော့ တပ်မတော်က ကျိန်စာသင့်နေပြီလို့ လယ်သိမ်းခံရသူတဦးက ပြောပါတယ်။

 
အင်္ဂါနေ့ ကျိန်စာတိုက်မှု (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)

မတ်၊ ဧပြီ၊ မေလတွေမှာ ကျိန်စာတိုက်တာ  မေလကုန်ပိုင်း သဲကုန်းမြို့နယ်ထဲက အစိုးရတပ် လက်နက်တိုက်ပေါက်ပါတယ်။ အဲဒီ ပေါက်ကွဲမှုအကြောင်း  ... အင်းမမြို့ရှိ ခြေလျင် တပ်ရင်း လက်နက်ခဲယမ်းများ မီးလောင် ပေါက်ကွဲမှုဖြစ်ပွား http://burma.irrawaddy.org/news/2014/05/30/59689.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။ ဧရာဝတီမြန်မာပိုင်းမှာပါ။

 ကျိန်စာတိုက်ခြင်းက  အဲသလို သက်ရောက်မှုတွေရှိကြောင်း လယ်သိမ်းခံတောင်သူ တဦးဖြစ်တဲ့ ဦးဝမ်းဇော်က ဧရာဝတီကိုပြောပါတယ်။

http://blog.irrawaddy.org/2014/04/blog-post_24.html

ဒါကြောင့်        ပြည်ခရိုင် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သိမ်းခံတောင်သူများ လေးကြိမ်မြောက် ကျိန်စာတိုက်ပွဲကို အင်္ဂါနေ့ညနေပိုင်း အောင်ကုန်းရွာလယ်ဇရပ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

“ထိရောက်တယ်ပဲ ပြောရမယ် ထင်တယ်။ ပြီးခဲ့တဲ့ လက  ကျနော်တို့ဆီက မတရား သိမ်းထားတဲ့ တပ်မ (၆၆) လက်အောက်ခံ ခလရ (၈ဝ) လက်နက်တိုက် ပေါက်ကွဲမှုဖြစ်တယ်။
ကျနော်တို့နေလာတဲ့ သက်တမ်းတလျှောက် တခါမှ မဖြစ်ဖူးတာဖြစ်တယ်။ လူအသေအပျောက်တော့ မရှိဘူး”

အစိုးရခေါင်းဆောင်တွေက ဗေဒင်၊ ယတြာတွေကို ယုံကြည်မှုအပြည့်ရှိတယ်လို့  ဦးဝမ်းဇော်က ဆက်ရှင်းပြပါတယ်။

“အစိုးရ တာဝန်ရှိသူတွေက ဒါမျိုး သိပ်ကြောက်တာ၊ ကျနော်တို့လယ် ပြန်ရဖို့ ကျနော်တို့လည်း ဒါပဲ တတ်နိုင်တယ်။ မရမချင်း ကျိန်စာတိုက်နေမှာပဲ”

နည်းနာအပြောင်းအလဲတော့ ရှိမယ်လို့ သူက ဆိုပါတယ်။

“နောက်တပတ်ထဲတော့ ကျိန်စာတိုက်တာ ခဏနားပြီး ထွန်တုံးနဲ့ ပြန်တိုက်အုံးမယ်”

အင်္ဂါနေ့ အစီအစဉ်မှာတော့   အရင်က ကျိန်စာတိုက်ရာမှာ ဦးဆောင်ပြီး တိုင်ပေးတဲ့ လူတွေ မရှိတော့တဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေက ဦးဆောင်ပြီး ရှေ့က တိုင်ပေးရပါတယ်။

အရင်တိုင်ပေးတဲ့သူတွေကိုတော့ အစိုးရက ထောင်ထဲ ပို့ထားလိုက်ပါပြီ။
သူတို့ကတော့ လယ်သိမ်းခံတောင်သူ ဒေါ်ညို၊ ကိုပေါက်စနဲ့ ကိုမောင်ဝင်းတို့ပါပဲ။

  ပုဒ်မ ၅ဝ၅ (ခ) နဲ့ ပြီးခဲ့တဲ့ လလယ်ပိုင်းကတည်းက ထိန်းသိမ်းခံနေရသူတွေပါ။

        ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေကတော့ ကျိန်စာတိုက်တာထက် ထွန်တုံးတိုက်တဲ့ အစီအစဉ်က ပိုမိုထိရောက်မယ်လို့ ယူဆထားကြောင်း၊
သို့သော်လည်း တောင်သူတွေရဲ့ ဆန္ဒကိုသာ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊
ဒါကြောင့် အင်္ဂါနေ့ ကျိန်စာတိုက်ပွဲမှာလည်း ကျောင်းသား၊ ကျောင်းသူ အယောက်(၂ဝ) လောက်က ပါဝင်ကူညီပေးခဲ့ကြောင်း အဲဒီအဖွဲ့က ကိုဖြိုးဓနက ဧရာဝတီကိုပြောပါတယ်။

        “ ကျနော်တို့ကတော့ တောင်သူတွေရဲ့ ဆန္ဒကိုအဓိကဦးစားပေးတယ်။ သူတို့က ဒီလမ်းကြောင်းအတိုင်း လုပ်တာ ထိရောက်တယ်လို့ ထင်လို့ ဝိုင်းဝန်းကူညီပေးတယ်။
အရင်က ကျိန်စာတိုင်ပေးတဲ့ လူတွေကို ၅ဝ၅(ခ)နဲ့ စွဲပြီး ထောင်ချထားတယ်။ ဒီနေ့ကျနော်တိုင်ပေးတယ်၊ ကျနော့်ကိုလည်း စွဲလို့ရတယ်၊ ကျောင်းသားတယောက်ထိရင် ကျောင်းသားတရာ တက်လာလိမ့်မယ်”

တောင်သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်တာကို မကျေနပ်တဲ့အတွက် သူကိုယ်တိုင် ကျိန်စာကို တိုင်ပေးခဲ့တာပါ လို့ ကိုဖြိုးဓနက  ရှင်းပြပါတယ်။

သိမ်းဆည်းခံရတဲ့ လယ်မြေတွေကို ၁၉၉၉ ခုနှစ် ဧပြီလ (၇) ရက်နေ့က ပြည်ခရိုင်ဦးစီးမှူးကိုယ်တိုင် ဦးဆောင် သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အောင်ကုန်း၊ သင်တော၊ ကစွန်းအင်း၊ ရင်းတိုက်တန်း၊ နှောကုန်း၊ ဆောက်ခြုံကြီးကျေးရွာတွေတဝိုက် လယ် ၁၁၅၉.၅၅ ဧကကို သိမ်းခဲ့ရတဲ့ အကြောင်းရင်းက ရေနက်ကွင်း ဖေါ်ထုတ်ဖို့ပါ တဲ့။

အဲဒါတွေကို အမှတ်(၃) လယ်ယာလက်ကား သမဝါယမအသင်း လီမီတက်က ၂ဝဝ၁ နှစ်ကစတင်လွှဲပြောင်းရယူကာ ငါးမွေးမြူရေးလုပ်ငန်း  လုပ်ကိုင်နေတာပါ။

 လယ်ဧက (၈ဝဝ) ခန့်ကိုလည်း အင်းမအခြေစိုက် တပ်မ (၆၆)က သိမ်းယူခဲ့တာပါ။

သဲကုန်းတရားရုံးမှာ ဗကသတွေ အင်အားပြမယ်
http://blog.irrawaddy.org/2014/05/blog-post_6671.html

http://burma.irrawaddy.org/news/2014/02/14/54973.html

အောင်ကုန်းကျေးရွာက လယ်သိမ်းခံ တောင်သူတွေနဲ့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားတွေဟာ သဲကုန်းမြို့ပေါ်မှာ သပိတ်စခန်း ဖွင့်ခဲ့ပါတယ်။

 သူတို့ရဲ့သပိတ်စခန်းကို အကြမ်းဖက် ဖျက်သိမ်းခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရလ (၁၄) ရက်နေ့ကစတင်ပြီး ဒီကနေ့အထိ အောင်ကုန်းရွာမှာ သပိတ်စခန်းအသစ် ဖွင့်ခဲ့ခြင်းပါ။

လယ်ယာမြေများပြန်မရချင်း အဲဒီ သပိတ်စခန်းမှာ ကျောင်းသားတွေ ရှိနေမှာဖြစ်ကြောင်း သိရပါတယ်ခင်ဗျာ။

ကောင်းမြတ်မင်း

http://burma.irrawaddy.org/news/2014/05/30/59689.html
http://blog.irrawaddy.org/2014/03/blog-post_438.html


 

Wednesday, June 25, 2014

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်အကျိုးစီးပွား အသက်နှင့်လဲ၍ကာကွယ်စောင့်ရှောက်မည်ဟုဆို

 
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုတင်
သွင်းခံထားရသည့် ဗိုလ်ချုပ်မောင်မောင်
အုန်းက ရခိုင်တိုင်းရင်းသား များ၏ အကျိုးစီး
ပွားကိုအသက်နှင့်လဲပြီး ကာကွယ် စောင့်ရှောက်
သွားမည်ဟု ယနေ့ ရခိုင်ပြည်နယ် အစိုးရ


အဖွဲ့ရုံး ပြည်နယ်လွှတ်တော်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင်ပြောကြားလိုက်သည်။

" ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော့ ရခိုင်တိုင်းရင်းသား မိဘပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒကို ကျွန်တော်အနေနဲ့ စိတ်ထဲမှာအမြဲ ရှေ့တန်းမှာထားပြီး ပြီးစီးအောင်ဆောင်ရွက်ပါမယ်။"ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားလိုက်သည်။


လစ်လပ်နေသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် အစားထိုးခန့်အပ်ရန် ဗိုလ်ချုပ်မောင်မောင်အုန်းအား နိုင်ငံတော်သမ္မတအဆိုတင်သွင်းလိုက်ပြီးနောက်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒသဘော ထားများကို ရယူရန် အရေးပေါ် လွှတ်တော်အစည်းအဝေးကို ဇွန်လ(၂၅)ရက်နေ့တွင် ကျင်းပလိုက်ခြင်း ဖြစ်သည်။

" ရခိုင်တိုင်းရင်းသားများနဲ့ တိုင်ပင်ပြီးတော့ ရခိုင်ပြည်နယ်ကြီးကို အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကတိပြုလိုပါတယ်။ နိုင်ငံတော်ကလည်း လုပ်ပိုင်ခွင့်အာဏာပေးထားပြီ ဆိုတော့၂၀၁၅  အလွန်ကျရင်တော့  ရခိုင်ပြည်နယ်ကြီးဟာ အဆင့်တစ်ဆင့်မှာ တိုးတက်ပြီးမှ လာမယ့် ပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်ကကောင်းမွန်တဲ့ ရလာဒ်တွေကို ဆုပ်ကိုင်ပြီးတော့မှ ဒီထက် တိုးတက် အောင် ဆောင်ရွက်သွားနိုင်အောင် ကျနော်သက်တမ်းကာလလေးမှာတော့ အတတ်နိုင်ဆုံးလုပ်ဆောင်ပါ့မယ် လို့ ပြောလိုပါတယ်။”  ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

နိုင်ငံတော်က သမ္မတရုံးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကို ဇွန်လ(၁၉)ရက်နေ့တွင် ၄င်း၏ သဘောဆန္ဒအလျောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်ပြီးနောက် ပြည်နယ်တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးခန့်ထားရန် သမ္မတက အဆိုတင်သွင်း လိုက်ခြင်းဖြစ်သည်။

 “အမှန်ကတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရင်တော့ ပိုကောင်းမယ်။ ပုဂ္ဂိုလ်ရေး အရတော့ ကျွန်တော်တို့ကိုယ့်ရဲ့ရခိုင်လူမျိုးတစ်ယောက်ကိုတော့ ဖြစ်စေချင်တယ်။ ဒါဟာ ကျွန်တော်တို့ ခံစားချက်။ သို့သော် ဥပဒေအရပြဌာန်းပြီးသားကို ပြောင်းလဲအောင်ကျွန်တော်တို့ ကြိုးစားစရာမရှိတော့ ဦးမောင်မောင်အုန်းကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ဆိုတာကိုတော့ ကန့်ကွက်စရာ မရှိဘူး။ ဒါက ဥပဒေအရ လုပ်တာ။"ဟု ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား နှစ်ပါတီ ပေါင်းစည်း ထားသည့် ရခိုင်အမျိုးသားပါတီက ဇွန်လ ၂၃ ရက်နေ့တွင် အချက်သုံးချက်ပါဝင်သည့် သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ရာ အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်သည်ရခိုင်တိုင်းရင်းသားဖြစ်ရန်၊ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရန်တို့ ပါဝင်သည်ကို တွေ့ရသည်။

"ရခိုင်ပါတီအများဆုံးနိုင်ပေမယ့် ရခိုင်ဝန်ကြီးချုပ် ဖြစ်ခွင့်မရတဲ့ အကြောင်းတရားတွေပါ။ အမှန်က ဒီဥပဒေမျိုးကို နောင်လာမယ့်အချိန်မှာ ပြောင်းလဲနိုင်အောင် နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေ အတိုက်ခံလုပ်တဲ့ပုဂ္ဂိုလ်တွေ လုပ်သင့်တယ်။" ဟု ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်ကသုံးသပ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဗိုလ်ချုပ် မောင်မောင်အုန်းကို ဇွန်လ(၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဆို တင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်မည်ဆိုပါက  ဇွန်လ (၂၇) ရက်နေ့  ညနေ (၄း၀၀)နာရီ တွင် အဆိုတင်သွင်းရမည်ဖြစ်သည်။

ကန့်ကွက်သူမရှိပါက ဇွန်လ ၃၀ ရက်နေ့တွင် ထပ်မံကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ်ရာထူး ခန့်အပ်မည်ဖြစ်သည်။


Facebook official apk


 







June 21, 2014 နေ့ကမှ update ထွက်တဲ့ Facebook official apk ပါ..
official မဟုတ်တာတွေကတော့ နေ့တိုင်းနီးပါ update ထွက်နေတာပါပဲ..
ဒါပေမယ့် အနည်းအများ error ရှိတတ်တာမို့
official version ကိုပဲ စိတ်ချလက်ချ သုံးကြဖို့ အကြံပြုပါတယ်..
update မလုပ်ရသေးတဲ့ သူငယ်ချင်းတွေ အောက်က လင့် မှာ ဒေါင်းယူနိုင်ပါတယ်..

ဒီမှာနော်

MAGIX Video Sound Cleaning Lab 2014 v20.0.0.14

MAGIX Video Sound Cleaning Lab 2014 v20.0.0.14
0432bc5885808a3567fdca59d413f5b2
ဗီဒီဖိုင်များမှ မလိုချင်သောအသံများ၊ဆူညံလုံးထွေးနေသောအသံများကို Remove လုပ်ခြင်း၊Effects Sounds များ၊ထိတ်လန့်အံ့သြဖွယ်ရာ New World Sounds များကို ဗီဒီယိုမှာ Addလုပ်ခြင်းနဲ့ ဗီဒီယိုဖိုင်များရဲ့အသံကို ကြည်လင်အောင် ပြုပြင်နိုင်တဲ့ ဆော့ဝဲလေးတခုဖြစ်ပါတယ်။
All video enthusiasts are familiar with this problem: The footage is in the can, but as you’re watchingback you notice that the sound is full of annoying noise. Even the best-looking scenes are disappointing if they’re full of wind noise, camera noise, electrical humming or other sound problems. MAGIX Video Sound Cleaning Lab 2014 features precision tools and a wide range of effects for restoring the audio tracks in your videos. Take advantage of professional audio technology to expertly optimize your video sound!
Sometimes video editing has to be done quickly. Save time and easily transfer projects from other MAGIX programs such as Movie Edit Pro to Video Sound Cleaning Lab 2014 for further editing. And you can of course import and optimize any other standard video formats. Crystal clear sound. With more than 150 presets, handy Cleaning and Mastering Agents and new completely automatic music and speech optimization you can achieve amazing sound quality with just a few clicks. Ideal for restoring original sound, voice recordings, adding sound effects and much more. Limitless freedom: Export the finished video or the audio track in any format you want or directly into your video editing software to complete your masterpiece with an amazing soundtrack. All standard audio and video formats are fully supported – make all of your video projects the absolute best they can be
What’s new in this version: Version 2014: Intuitive right from the start; A big help for big tasks; Precisely remove disruptive noise; Designed for your senses; Now fully automated: The Video Sound Optimizer; Perfect sound for your videos; Practical: Overview tracks & Preview monitor; Easily export & use in other projects. – Direct contact with experts

ထိုင်း ရောက် မြန်မာအလုပ်သမားတွေနဲ့ မိုဘိုင်းဖုန်း၊ လူမှု ကွန်ရက်သုံးစွဲမှု

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့ကာလမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် အလုပ်သမား တွေကို ဖမ်းဆီးနေရပ်ပြန်ပို့နေတာကတော့ နေ့စဉ်လိုလို ပါ။ အနယ်နယ် အရပ်ရပ်က တရား မဝင်အလုပ်သမား တွေ ရှိရာ နေရာတွေမှာ ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေနဲ့ အဖမ်းအဆီးတွေကလည်း ဆက်တိုက်ဆိုသလို ရှိနေတာပါဘဲ။  



ဒါတွေကို မြန်မာအလုပ်သမားတွေကတော့ မြန်မာချင်း စည်းလုံးညီညွတ်စွာနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး  အင်တာနက် အွန်လိုင်း ဖေ့စ်ဘုတ် Line ( လိုင်း ) စတဲ့ လူမှုကွန်ရက်တွေ ကနေ တယောက်ကို တယောက် သတင်းပေးကာ  ရှောင်ရှားနေ နိုင်ကြတယ်လို့ သိရပါတယ်။ ဒါတွေက ဒီအချိန်မှာ သူတို့အတွက် မရှိမဖြစ် အသုံးဝင်လာတာ ဖြစ်ပါတယ်။ 

“ ဒီအချိန်မှာ ကျတော်တို့ မစည်းရုံးရင် ဘယ်ဖြစ်မလဲ။ ဘယ်မှာ ဘာရှိတယ်။ ဘယ်နေရာ မှာ ရဲဝင်တယ်။ အဲလိုမျိုး တယောက်နဲ့ တယောက် သိနေရမယ်လေ။ ဒီနေ့ မလာကြနဲ့ ရဲဝင်နေတယ်။ သိတဲ့တယောက် က ပြောလာရင် ကျတော်တို့ မသွားတော့ဘူး။ အဲလိုမှ မလုပ်ဘူး၊ မပြောကြဘူး ဆိုရင် သွားပြီပေါ့။ အားလုံး
ထောင်ထဲ ရောက်ကုန်မှာ" ဆိုပြီး မြန်မာအလုပ်သမားခေါင်းဆောင် တဦးက ဧရာဝတီကို ရှင်းပြပါတယ်။ 

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများစုမှာ လက်ကိုင်ဖုန်း၊ အိတ်ဆောင် လက်တော့ ကွန်ပြူတာတွေ နဲ့ အသားကြနေပြီသား ဖြစ်ကြပါတယ်။ 



အခုလို အဖမ်းအဆီးများတဲ့ ကာလမှာ အဓိက နေ့စဉ်ကြုံတွေ့နေတဲ့ ပြဿနာကတော့ သွားရေး လာရေး ပဲ ဖြစ်ပါတယ်။ တရားဝင် အလုပ်သမား လက်မှတ် ရှိသည်ဖြစ်စေ အလုပ်လုပ်ရမယ့် နေရာက သတ်မှတ် ထားတဲ့ နေရာမှာသာ လုပ်ကိုင်ခွင့် ရှိတာပါ။ 



အဲလိုမျိုး အလုပ်တွေကလည်း များသောအားဖြင့် အိမ်ဖော်အလုပ်နဲ့ ခြံအလုပ်တွေပဲ ဖြစ်ပါတယ်။ အဲဒီ မှာ နေ၊ အဲဒီမှာ စား ဆိုတဲ့သဘောပေါ့။ 

ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဝင်ငွေပိုရတဲ့ အပြင်က ဆောက်လုပ်ရေး လုပ်ငန်းအပြင် တခြား နေ့စားအလုပ်မျိုးတွေ လုပ်ကြ တာပါ။ ဒီလို လုပ်ကြတဲ့အခါလည်း သူတို့ရဲ့ လုံခြုံရေးကို အင်တာနက်၊ လူမှု ကွန်ရက်တွေနဲ့ သတင်းမေးပြီး မှ  သွားသင့် မသွား သင့်ကို ဆုံးဖြတ်ကြတယ်။ 



ထိုင်း ရောက် မြန်မာအလုပ်သမားတွေကတော့ အင်တာနက် လူမှုကွန်ရက်တွေ၊ မိုဘိုင်းဖုန်းတွေနဲ့ လက်ကိုင် ကွန်ပျူတာတွေကို အကျိုး ရှိရှိ သုံးရင်း မလိုလားအပ်တဲ့ ဖမ်းဆီးခံရမယ့် ဘဝတွေ ကို 
ကျော်လွှားနေနိုင်တာကတော့ လက်တွေ့ပါ။

Tuesday, June 24, 2014

အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု သက်တမ်း ၁ နှစ်တိုးပြီး ၂ လအတွင်း ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံလာ


စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု, အမေရိကန်, နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု, CMP လုပ်ငန်းမြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ် အရေးယူမှု တနှစ် ထပ်တိုးပြီး ၂ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI) များ လျော့ကျသွားခြင်း မရှိဘဲ အမေရိကန်က ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံမှု ပြုလာကြောင်း သိရသည်။
“ဆန်ရှင် တိုးပြီးတဲ့ နောက်မှာ အမှန်အတိုင်း ပြောရရင် FDI တက်လာပါတယ်။ ဘာကြောင့်လည်း ဆိုရင် ဆန်ရှင် လုပ်ပြီး ၂ လ အတွင်းမှာပဲ US က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၉၀ ၀င်လာပါတယ်။ US ဆန်ရှင်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျသွားတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး”ဟု မြန်မာနိုင်ငံ ရင်းနှီိးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု အဖြစ် စီးပွားရေးဆိုင်ရာ ရင်နှီးမြှုပ်နှံမှုတွင် စစ် လက်နက် ပစ္စည်း ရောင်းချရေး အပါအ၀င် တွင်းထွက်ရတနာများ တင်ပို့သည့် ကန့်သတ် ပိတ်ပင်မှုကို ၂၀၁၄ မေလက စတင်၍ တနှစ် ထပ်မံ သက်တမ်းတိုးခဲ့သည်။
အမေရိကန် ကုန်အမှတ်တံဆိပ် ဖြစ်သည့် Colgate သည် ဆန်ရှင် ထပ်မံတိုးပြီးချိန်တွင် ဒေါ်လာသန်း ၉၀ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက် လာခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက်ရုံးမှ တဆင့် ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များမှာ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု စီးဝင်ရာတွင် အာဆီယံ နိုင်ငံများတွင် မှတ်ပုံတင်ထားပြီးမှ ပြည်တွင်းသို့ တဆင့် ၀င်ရောက်မှု ပိုမိုများပြားကြောင်းနှင့် စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှ တဆင့် ၀င်ရောက်မှုများကြောင်း သိရသည်။
ဦးအောင်နိုင်ဦးက“လက်တလောတော့ စကာင်္ပူ အများဆုံး ၀င်တယ်။ ဒါပေမယ့် စင်္ကာပူက သူ့ဆီက ရင်းနှီးမြှုပ်နှံမှုတော့ မဟုတ် ဘူး။ တချို့နိုင်ငံတွေက ရင်းနှီးမြှုပ်နှံတဲ့ အခါ စင်္ကာပူကို အရင် မှတ်ပုံတင်တယ်။ ပြီးမှ ဒီထဲကို ၀င်တာပေါ့။ ကိုရီးယား များတယ်။ ဟောင်ကောင် များတယ်”ဟု ပြောဆိုသည်။
ယခုဘဏ္ဍာနှစ် လက်ရှိ အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ ပြီးခဲ့သည့် မေလကုန် အထိ ဒေါ်လာသန်း ၃၀၀ ရှိနေပြီး ယခု ဇွန် လ ကုန်ချိန်၌ ဒေါ်လာ သန်း ၇၀၀ နီးပါး ရှိလာမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍနှစ်ခုတွင်အပြိုင် ရင်းနှီမြှုပ်နှံ ကြခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“စက်မှု ကဏ္ဍကတော့ အများဆုံး ၀င်တာပဲ။ ဒါပေမယ့် မှန်းလို့ မရသေးတာက ဆက်သွယ်ရေး နည်းပညာ ကဏ္ဍကလည်း ကပ်ပါနေတယ်။ ဒီတော့ နှစ်ဝက်ကျော်လောက်မှ မှန်းလို့ ရမယ်။ ဘယ်သူက သာသွားမလဲ ဆိုတာပေါ့။ အခုချိန်ထိတော့ အပြိုင်ဖြစ်နေကြ တယ်”ဟုလည်း ဦးအောင်နိုင်ဦးက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လက်ရှိအချိန်၌ CMP လက်ခစားစနစ် လုပ်ငန်းများ အများဆုံး ၀င်ရောက်ပြီး အထည်ချုပ်၊ ဖိနပ်နှင့်အခြား လက်ခစားစနစ် လုပ်ငန်းများ အများအပြား ၀င်ရောက်လျက်ရှိသည်ဟု သိရသည်။
ယင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက လက်ခစားနစ် လုပ်ငန်းများ ၀င်ရောက်လာမှုနှင့်အတူ ပြည်တွင်း၌ လုပ်ကိုင်နေကြသော ကျွမ်းကျင် ၀န်ထမ်းများ၏ ရွှေ့ပြောင်းမှု ဖြစ်စဉ်များ ပိုမိုလာသဖြင့် မူလလုပ်ငန်းခွင်တွင် အခက်အခဲ တချို့ ရှိလာသည်ဟု အထည်ချူပ် လုပ်ငန်းရှင် တချို့က ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ယင်းကဲ့သို့ လူသား အရင်းအမြစ် ရွှေ့ပြောင်း ဖြစ်စဉ်များ အတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လာရောက် လုပ်ကိုင်သည့် ပြည်ပ လုပ်ငန်းများကို စောင့်ကြည့် ထိန်းကွပ်မှုများ ပြုရန် လိုကြောင်းနှင့် လာရောက် လုပ်ကိုင်သည့် စက်ရုံအလုပ်ရုံများ အနေဖြင့် လုပ်သားများကို ၎င်းတို့ကိုယ်တိုင် နည်းပညာ ကျွမ်းကျင်မှု ရောက်ရှိအောင် ပျိုးထောင်ရန် လိုအပ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှုမှာ ယခု အစိုးရသစ် လက်ထက်အတွင်း၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၆၀၀ ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၁၄၁၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်းပေါင်း ၄၁၀၇ သန်း ၀င်ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီိးမြှုပ်နှံမှု ကော်မရှင်၏ မှတ်တမ်းများ အရ သိရသည်။
ယခုဘဏ္ဍာနှစ် အတွက် ရင်းနှီးမြှုပ်နှံမှုတွင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ရွှေဖြူနှင့် လုပ်သော မာစီဒီး



ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။
Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု ၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။
ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်

သင်ချောင်းရိုက်ခံနေရပြီလား ??



အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏
ဝတ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက် သို့ တင်နေကြတာ
ကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။

အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် တာစီးဖို့ မလွယ်ကူပေမဲ့ အတက်
နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ရှိနေပါတယ်။

(၁) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို
ရေမချိုးခင် လုံခြုံမူ့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။

(၂) ဟိုတယ် ( သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊
စက္ကူလိပ်များ၊ မီးလုံးများ ၊ ပန်းအိုးများ ၊ တခါးလော့ချတံများ၊ ပိုစတာများ ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှုီူ့ဝှက်ထားတက် ကြသည်။

(၃) တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင်
တောင်မှ အပေါက်ဖေါက် ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ
မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင် တောင်
အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီးမှသာ
ရေချိုးကြ တာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။

မကြာသေးမှီ ကဖြစ်ခဲ့ တဲ့အမူအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း
ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေ ကြပါတယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့သိရတယ်။

တစ်နေ့မှာ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။
အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေ နေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်း ဖြစ်တယ်လို့ သိရတယ်။
ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲဆိုတာ ကတော့ ကာယကံ
ရှင်ကိုယ်တိုင် သာသိနေမယ်လို့ ယူဆရတယ်။

မိန်းကလေးတွေ ရေချိုးတာမှာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို
ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

မိန်းကလေးတယောက် အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မှာ ဆိုတာတော့ သေချာနေပြီဖြစ်တယ်။
ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့
မိန်းကလေးတွေခင်မျာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့
အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်လို့
လဲ ကြားသိခဲ့ရတယ်။

အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို
ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောင်္ကျား၊ မောင်နှမသားချင်း
စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ
သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ယနေ့ခေတ်မှာ
မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။

ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့
ယဉ်ကျေးမူတွေ ကိုဥပခါပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိုးအတွက် များ
စွာ ထိခိုက်စေတယ် ဆိုတာ အထင်အရှားတွေ့ရှိရမှဖြစ်တယ်။

ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ ၊ ပြစ်ဒဏ်များပေးဖို့လိုအပ်
သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အ၀န်း ကလိုလားမူ တိုးတက်လာပြီဆို
တာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲ
လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်။

စမောလင်းနှင့် အိုဘားမားတို့၏ ပုံကို မှားယွင်းရိုက်နှိပ်မိခဲ့သည့် ကမ္ဘာ့ဖလား အမှတ်တရ မတ်ခွက်များ



ကမ္ဘာ့ဖလား အမှတ်တရပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီတစ်ခုက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကို အင်္ဂလန်အသင်း လူစာရင်း၌ မှားယွင်း ထည့်သွင်းမိခဲ့ကြောင်း သိရှိရသည်။
သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် ဗြိတိန် ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှ ကစားသမား တစ်ဦးချင်းစီ၏ ရုပ်ပုံများကို ပုံနှိပ်ထားသည့် မတ်ခွက်များကို ရောင်းချခဲ့သည်။ သို့သော်လည်း နောက်ခံလူ ခရစ်စမောလင်း၏ ဓာတ်ပုံနေရာတွင် အိုဘားမား၏ ဓာတ်ပုံကို ပုံနှိပ်ခဲ့မိခြင်း ဖြစ်သည်။
Sunday Express သတင်းစာက အဆိုပါ ရယ်ရွှင်ဖွယ် လွဲချော်မှုကို စတင်ဖော်ပြခဲ့ပြီး ယခုအခါ ဒေါဆက်တွင် အခြေစိုက်သည့် ယင်းကုမ္ပဏီသည် အိုဘားမားပုံနှင့် စမောလင်းအမည် တွဲဖက်ထားသည့် မတ်ခွက်များကို ဈေးကွက်အတွင်းမှ လိုက်လံသိမ်းဆည်းနေကြောင်းလည်း သိရှိရသည်။
Sunday Express က အမေရိကန်သမ္မတ အိုဘားမားသည် အင်္ဂလန်အသင်းနှင့် မန်ချက်စတာယူနိုက်တက်တို့တွင် ခံစစ်မှူးနေရာမှ မကစားဖူးကြောင်းလည်း အရွှန်းဖောက် ရေးသားခဲ့သေးသည်။ ကြီးကြီးကျယ်ကျယ် လွဲချော်မှုကို သတိပြုမိပြီးနောက် မတ်ခွက်များကို လက္ကားဖြန့်ဖြူး ရောင်းချပေးနေသည့် Wholesale Clearance UK ကုမ္ပဏီကလည်း အရောင်းရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
အဆိုပါ မှားယွင်းမှုသည် ကုမ္ပဏီမှ အငယ်တန်း ဝန်ထမ်းတစ်ဦး၏ ဓာတ်ပုံအသုံးပြုမှု အလွဲအချော်မှ စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအရ အဆုံးအရှုံး ကြီးမားသွားခဲ့ကြောင်းလည်း သိရှိရသည်။

ခရီးသည်တင်ယာဉ်မောင်းများ အင်တာနက်မသုံးရန် သတိပေးမည်

အမြန်လမ်းတွင် ယာဉ် မောင်းနေစဉ် အင်တာနက်မသုံး ကြရန် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် မီဒီယာများ၌ ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ယာဉ်မောင်းစဉ် မိုဘိုင်းဖုန်း အသုံးပြုသဖြင့် ရွှေမန္တလာလေ အိတ်ကားအသင်းမှ ယာဉ်မောင်း ကို ထုတ်ပယ်လိုက်ပြီးနောက် အ ထက်ပါအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အမြန်လမ်း နေပြည်တော်ဂိတ်မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။

‘‘ကားမောင်းနေတုန်း သူတို့ က အင်တာနက် သုံး၊ မသုံး မသိရဘူး။ ဒါ အန္တရာယ်သိပ်များတယ်။ အခုအချိန်က မိုးတွင်းကြီး ဆိုတော့ ပိုသတိထားရမှာပေါ့။ အမြန်လမ်းမှာ တချို့နေရာတွေကရေတွေတင်နေတော့ သတိဝီရိယရှိဖို့လိုတယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မှ မန္တလေးသို့ ဇွန်လ ၁၄ ရက်က ထွက်ခွာလာသည့် ရွှေမန္တလာ လေအိတ်အား မောင်း လာသည့် ယာဉ်မောင်းသည် ကားမောင်းနေစဉ် မိုဘိုင်းဖုန်းအသုံးပြုသဖြင့် အသင်း၏ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ ယာဉ်မောင်းအဖြစ်မှ ရာ သက်ပန်ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
 ယာဉ်မောင်းအဖြစ်မှ အ လုပ်ထုတ်ပယ်ခံရသူသည် အဆို ပါနေ့က ယာဉ်မောင်းနေစဉ် ဖုန်း သုံးနေသည်ကို ခရီးသည်အမျိုး သမီးတစ်ဦးကတွေ့ပြီး ဖေ့စ် ဘွတ်ခ်ပေါ်တင်လိုက်သောကြောင့် ယာဉ်လိုင်းမှ တာဝန်ရှိသူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်နှစ်ခုပါတဲ့ မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူ

 http://burma.irrawaddy.org/wp-content/uploads/2014/06/photo11.jpg
မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဒီကနေ့ ခွဲစိတ်ကုသမှု ခံယူ နေတယ်လို့ သိရပါတယ်။
ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်တွေကိုတော့ Maharaj Nakorn Chiang Mai Hospital ဆေးရုံကြီးကပဲ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကလေးငယ် ဆေးကုသနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) အဖွဲ့က ပြောပါတယ်။
“ဒီမနက်မှာ စပြီး ခွဲစိတ်မှုလုပ်ပါတယ်။ အဖြေကတော့ မသိရသေးပါဘူး။ သူ့ရဲ့ခန္ဓာကိုယ် အကြီးရဲ့ ညာဘက် ရင်အုံ ကနေပြီး တော့ နောက်ထပ် ခန္ဓာကိုယ်အသေးလေးပွားထွက်နေတာပေါ့။ သူ့မှာလည်း ခန္ဓာကိုယ် အကြီးလို လက်နှစ်ဖက်၊ ခြေထောက် နှစ်ဖက်ပါတယ်။ ဆီးသွားလို့လည်းရတယ်” လို့ SWAN အဖွဲ့တာဝန်ခံ နန်းဆိုင်မွန်း က ဧရာဝတီကို ပြောပါ တယ်။
ခွဲစိတ်ကုသမှုခံယူနေတဲ့ မြန်မာကလေးက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှဖြစ်ပြီး မိဘတွေက ဆေးကုသ ပေး လိုတဲ့ အတွက် SWAN အမျိုးသမီးအဖွဲ့ ကိုဆက်သွယ်ပြီး အကူ အညီတောင်းခဲ့တာလို့ဆိုပါတယ်။ SWAN အဖွဲ့က လည်း ချင်းမိုင် မြို့ကဆေးရုံကြီး တွေကို ဆက်သွယ်ခဲ့ရာမှာ Maharaj Nakorn Chiang Mai Hospital နဲ့သဘောတူညီမှု တွေရရှိ ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“သူ့ကျောက်ကပ်က သုံးခုပါနေတာပေါ့နော်၊ ကိုယ်ခန္ဓာအကြီးမှာ ကျောက်ကပ် နှစ်လုံးပါတယ်။ ကိုယ်ခန္ဓာအသေးမှာ ကျောက်ကပ် တလုံးပဲ ပါတယ်။ နောက်ပြီးတော့ နှလုံးကလည်း ညာဘက်မှာရောက်နေတယ်။ ခန္ဓာကိုယ် အသေးလေးက ခဏခဏ ဆီးသွားတယ်။ ကလေးရဲ့ကျန်းမာရေးကတော့ သာမန်ကလေးတွေလို စားနိုင်သောက်နိုင်တယ်” လို့ နန်းဆိုင်မွန်း ကပြောပါတယ်။
ကလေးရဲ့ ခန္ဓာကိုယ်ပွားကို အသက်အရွယ်ကြီးရင့်မှ ဖြတ်တောက်မယ်ဆိုရင် ခွဲစိတ်ဖို့အတွက် အန္တရာယ်များသလို စားတဲ့ အဟာရတွေကလည်း ခန္ဓာကိုယ်နှစ်ခုကို မျှထုတ်ပေးနေရတဲ့ အတွက် ကလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် တယ် လို့ ဆရာဝန်တွေက မှတ်ချက်ပြုကြောင်း၊ ခွဲစိတ်မှုပြီးရင်တော့ Maharaj Nakorn ဆေးရုံကြီးမှ ဆရာဝန်တွေက သတင်းစာ ရှင်းလင်းပွဲတခုပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
ဆေးကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်ကို ခွဲစိတ်နိုင်ဖို့ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး ရှမ်းပြည်နယ်၊ လူအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ရှမ်း ဒုက္ခသည် တွေရဲ့ ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ၂၀၀၂ ခုနှစ်ထဲမှာ “မုဒိန်း ကျင့်ခွင့် လိုင်စင်” လို့ အမည်ရတဲ့ အစီရင်ခံစာတဆောင်ထုတ်ပြန်ခဲ့ပြီး၊ အဲဒိအစီရင်ခံစာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေကို ပိုပြီး သတိထားမိလာအောင် SWAN အဖွဲ့က ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။

Sunday, June 22, 2014

ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်ပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျပြီး သေဆုံးသွားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား အခင်းဖြစ်ပွားရာနေရာ၌ တွေ့ရစဉ်

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ် ကွက်တွင် ဇွန် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မိုးသည်းထန်းစွာ ရွာနေချိန် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ပြီး  လူနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကာ  လူနှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှည်းတန်းဈေးအနီး ထန်းတပင်လမ်း နှင့် ပေ ၅ဝ လမ်းထောင့်ရှိ ဓာတ်တိုင်မှ ပြတ်ကျသွားသော လျှပ်စစ်ဓာတ်ကြိုးမှာ ၄ဝဝ ကေဘီအမျိုးအစား ဟောင်းနွမ်းနေသော ဓာတ်ကြိုးအဟောင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

 အဆိုပါ ဓာတ်ကြိုးပျက်ကျမှုကြောင့် အသက် ၂၃ နှစ်ရွယ် အမျိုးသမီးတစ်ဦးနှင့်  အသက် ၄၉ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတို့ ဓာတ်လိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယင်းဓာတ်တိုင်အနီး ကုန်ဈေးရောင်းချနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

“အခင်းဖြစ်ပွားမှုကြောင့် လူနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ နှစ်ဦးကို အနောက်ပိုင်း ခရိုင်ဆေးရုံ မှ ကုသမှုခံယူနေတယ်”ဟု ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောကြားသည်။

ဖိနပ်ဆိုင်မှ အမျိုးသားတွင် ဝဲဘက်ပါး ပွန်းစုတ်ဒဏ်ရာရှိပြီး သတိလစ်မေ့မြောနေကြောင်း၊  အမျိုးသမီး မှာ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ဝဲပေါင်နှင့် ဒူးခေါင်းအောက် ပွန်းစုတ်ဒဏ်ရာ၊ ဝဲလက်မောင်းရင်း ပွန်းစုတ်ဒဏ်ရာတို့ရရှိခဲ့ပြီး အတွင်းလူနာစိုးရိမ်ရအဖြစ် ကုသလျက်ရှိကြောင်း သိရသည်။

“လေတိုက်လို့ ဓာတ်ကြိုးတွေလှုပ်ခါပြီး ဓာတ်ကြိုးတွေ ကြိုးချင်းပူးပြီး ပြတ်ကျသွားတာပါ။ ပြတ်ကျသွားတဲ့ ဓာတ်ကြိုးကို လဲလှယ်ပြီးသွားပါပြီ။ အောက်ကို တိုက်ရိုက်ပြတ်မကျနိုင်တဲ့ ပိုက်တွေခံပြီး ပြန်လည်သွယ် တန်းပေးထားပါတယ်။

လျှပ်စစ်ဓာတ်အားကိုလည်း ပြန်လည်လွှတ်ပေးထားပါတယ်”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အနောက်ပိုင်းခရိုင်အဖွဲ့မှ ခရိုင်မှူးဦးခိုင်ဇော်ငြိမ်းက ဇွန် ၂၁ ရက် ညပိုင်းက ပြောကြားခဲ့သည်။

“ဓာတ်ကြိုးတွေ ပြတ်ကျတဲ့အချိန်မှာ မိုးတွေက သည်းနေတယ်။ ဒီနားမှာ ဈေးရောင်းနေသူတွေ ရှိတယ်။ အဲဒီနားက ကုန်စိမ်းရောင်းနေတဲ့အမျိုးသမီးက ဓာတ်လိုက်ပြီး အဲဒီနေရာမှာ သေသွားတယ်။ ပြီးတော့ ဒီနားမှာရှိတဲ့ ဖိနပ်ဆိုင်ကို ဖိနပ်လာပို့တဲ့ကားက အမျိုးသားတစ်ယောက်လည်း ဓာတ်လိုက်ပြီး သေတယ်။ ဖိနပ်ဆိုင်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလည်း ဓာတ်လိုက်သွားတယ်” ဟု ကမာရွတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဓာတ်ကြိုးပြတ်ကျမှုဖြစ်ပွားခဲ့သည့် ပေ ၅ဝ လမ်းတွင် နေထိုင်သူတစ်ဦးက “အခုတစ်ကြိမ် ဓာတ်ကြိုးပြတ် တာနဲ့ဆို ငါးကြိမ်လောက်ရှိပြီ။ အရင်တုန်းကတော့ ကိုယ့်ဘာသာပြင်ကြတယ်။ အခုတစ်ကြိမ်ပြတ်ကျတဲ့ အခါမှာတော့ လူပါသေတယ်။ ဒီလမ်းထဲမှာ နေတဲ့သူတွေနဲ့ ဖြတ်သန်းသွားလာ တဲ့ ပြည်သူတွေအတွက် အရမ်းကို စိုးရိမ်းစရာကောင်းပါတယ်။ ဖြစ်မှလာပြင်ကြတာ ထက် ဟောင်းနေ တဲ့ဓာတ်ကြိုးတွေကို အရင်ကတည်းက လာလဲထားရမှာ။ ဓာတ်အားတွေမမှန်၊ မီးလာတာ မမှန်နဲ့ အခုလိုမိုးရွာနေတဲ့အ ချိန် ပြတ်ကျတော့ အပြစ်မရှိတဲ့ ပြည်သူတွေပဲကြားထဲကသေရတယ်”ဟုဆိုသည်

အီရတ် ဆွန်နီသူပုန်တွေ မြို့တွေထပ်မံသိမ်း

အီရတ်နိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မှာ၊ ဆွန်နီ သူပုန်တွေရဲ့ နယ်မြေ သိမ်းယူ ထိန်းချူပ် နိုင်မှုတွေ ပိုမို ရှိလာပါတယ်။ မဟာဗျူဟာ အရ အရေးပါတဲ့၊ ဆီးရီးယား နယ်ခြားကူး နေရာကို သိမ်းယူ နိုင်ခဲ့သလို၊ ယူဖရေးတီးစ် ချိုင့်ဝှမ်း တလျှောက်ကနေ၊ မြို့တော် ဘဂ္ဂဒက် ရှိရာဆီ ပိုမို နီးကပ်အောင် တက်လာ နိုင်ပါတယ်။
နယ်ခြားကူး နေရာကို၊ ရရှိသွားတဲ့ အတွက်၊ ဆီရီးယားမှာ ရှိတဲ့ တခြား အိုင်းဇစ် သူပုန် တပ်သားတွေဆီ ရောက်အောင်၊ ထောက်ပံ့ရေး လမ်းကြောင်း ပွင့်သွားတယ် ဆိုပြီး၊ အီရတ်မှာ ရှိနေတဲ့၊ ဘီဘီစီ သတင်းထောက် က၊ ပြောပါတယ်။

အယ်လ်-အဲန်ဘာ ဒေသက၊ နောက်ထပ် မြို့ တချို့ကိုလည်း၊ သူပုန်တွေ ထပ်မံ သိမ်းပိုက် လိုက်နိုင်ပါတယ်။ ဒေသခံ ဆွန်နီ လူမျိုးစု ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး၊ သွေးမြေမကျ သိမ်းယူနိုင်ခဲ့ကြတာ ဆိုပြီး၊ သူပုန်တွေဘက်က ပြောပါတယ်။

သိမ်းယူနေတဲ့ နေရာတွေအရ၊ သူပုန်တွေဟာ၊ မြို့တော် ဘဂ္ဂဒက်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နိုင်ဖို့၊ ရည်ရွယ် လှုပ်ရှားနေကြတာ ဖြစ်တယ် ဆိုပြီး၊ သုံးသပ် နေကြပါတယ်။

ဒီအချိန်မှာပဲ၊ ဘဂ္ဂဒက် မြို့တော်ပေါ် မှာ၊ ရှီအာ လက်နက်ကိုင် အုပ်စုတွေကလည်း၊ အင်အားပြ ချီတက်ပွဲ လုပ်လာခဲ့တဲ့ အတွက်၊ အီရတ်နိုင်ငံမှာ ရှိတဲ့ ဂိုဏ်းကနစွဲ ကွဲလွဲမှုတွေ ပိုမို တိုးမြင့်လာတဲ့ အပေါ်၊ စိုးရိမ်မှုတွေလည်း ပိုမို ရှိလာရပါတယ်။



အီရတ် အိုင်းဇစ် သူပုန်တွေ

ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။


-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-

-နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-

-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-

-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-

-ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့-

-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-

-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-

-တစ်ပတ်(၇ ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။ profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်) ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့ မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက် ရာပြန်ပြင်နိုင်ပါပြီ-

-အကောင့်န်သစ် စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန် တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက် လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-

-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။

Aurora 3D Animation Maker 14.06.19 With Keygen



ဒီကောင်လေးကတော့ title,banner designer or 3D animation software ဆော့စ်ဝဲတစ်ခုပါ။ animation ဒီဇိုင်းတွေနဲ့ စာသားတွေအလှပဆုံးဖန်တီးနိုင်သလို video တွေမှာ Logo တွေထည့် သွင်းတဲ့ဒီဇိုင်းဆန်းဆန်းလေးတွေလည်းဖန်တီးနိုင်ပါတယ်။text, shapes, buttons, logos စသည်တို့
ကိုကြိုက်ရာခေါ်ယူအသုံးပြုနိုင်သည့်အပြင် animation effects အဖြစ် fireworks, smoke, snow, flame, space စသည်တို့လည်းအသုံးပြုနိုင်ပါတယ်။Full ဖြစ်စေဖို့အတွက် Keygen ကိုထည့်သွင်းပေးထားပါတယ်
အင်စတောမလုပ်ခင် မိမိမှာရှိနေတဲ့ Antivirus ကိုခဏပိတ်ထားပါ။Keygen အင်စတောလုပ်နည်းကိုဖိုင်ထဲ
မှာပုံတွေနဲ့ပြထားပါတယ်။
When we do title,banner designer or video editing, it will think the text needs a cool animation to highlight the description of our content. Or do we need to show a logo in the video, then, a simple-to-use 3D animation software is your best assistant. KeyFrame Animation, Software key frame animation mode. Simple and flexible. Does not require complex design, anyone person can make a good 3D animation.

Features:
1. Key Frame Animation
Way of key frame animation software, simple and flexible. Does not require complex animation, everyone can create a cool title animation. Use one timeline to produce all the animation.
A key frame contains all the objects in the scene animation attributes. Key frame is automatically set, just need to find the location of the timeline, and then all the objects can be freely adjusted to the desired state, key frame automatically generated, easy to create animation.
Flexible to use, simply by adjusting the length of the animation, adjust the animation speed.

2. Animation Special Effects
Contains all the features of Text & Logo Maker, and all text, shapes, buttons, logos can be animated. Freedom and flexibility.
Software provides a variety of animation effects, greatly enriched the beauty of animation degree.
Variety of particle effects: include: fireworks, smoke, snow, flame, space and so on.
Movement of various animation effects include: Linear, Quad, Cubic, Quint and so on.

3. The Animation Export and Share
We can output video formats, including animation (avi, flv, mpg), Flash (swf), Gif animation, or image sequences (png, tga, bmp).
In this way, we either used in video editing, web production can greatly enhance our efficiency, improve our results.
Fully compatible with other design software, allowing you to perfectly integrate into your Among the work to bring you the production of efficient and beautiful experience.
(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Use the given keygen to activate
(4): Enjoy and Support Developers, Buy It, They Deserved It!



     ဒီမှာဒေါင်းနော်
     ဒီမှာလဲ ဒေါင်းလို့ရတယ်

မွေးနေ့မှာ လူမြင်ကွင်း ထပ်ထွက်လာတဲ့ မစ္စယင်လတ်

အသက် ၄၇ နှစ် ပြည့် မွေးနေ့ ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ်ရှင်နာဝပ် ကတော့ သားဖြစ်သူနဲ့ အတူ ဘန်ကောက်မြို့က ၀ပ်ဘန့်သောင်လန် ဘုန်းတော်ကြီး ကျောင်းမှာ ကံနိမ့်နေတာတွေ အဆုံးသတ် သွားစေဖို့ ကုသိုလ် ကောင်းမှုတွေ လုပ်ရင်း မွေးနေ့ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။  ဒါဟာ ထိုင်း နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒုတိယမြောက် လူမြင်ကွင်းကို ထွက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ 



ထိုင်းနိုင်ငံ နိုင်ငံရေးမှာ ဘယ်လို ရှိမယ်ဆိုတာ မြန်မာနိုင်ငံက အီးတီအပါအဝင် ထိုင်း နိုင်ငံက နာမည် အကြားမမြင်သမား တဦးကလည်း သက်ဆင်နဲ့ ညီမဖြစ်သူ မစ္စ ယင်လတ်တို့ ကံနိမ့်နေတဲ့အတွက် ယတြာတွေ ခြေဖို့ ဟောပြော မိန့်ကြားမှုတွေ လုပ်ခဲ့ပါတယ်။

 ထိုင်း လူမှုကွန်ရက်ဖေ့စ်ဘုတ်တွေမှာတော့ အခြေခံ လူတန်းစားတွေအပါအဝင် လူများစုက ချစ်ခင်တဲ့ မစ္စယင်လတ်ဟာ ဝန်ကြီးချုပ် မဟုတ်တော့ပေမယ့်လည်း Celebrity တဦးဖြစ်လာနေတာကတော့ အသေအချာပါဘဲ။ 

သူနဲ့ တွဲပြီး အရွယ်ပေါင်းစုံက ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်အပါအဝင် လူမှုကွန်ရက်တွေမှာ လူတွေက တင်ပြီး ဖြန့်နေကြပါတယ်။ 




ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့

 ပုပ္ပားတောင်မြောက်ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေးခန်းအနီး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော် တွေ့ရှိ၍ မိတ္ထီလာ မိုင်းရှင်းလင်းရေးတပ်က လာရောက်ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၀ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားမြို့၊ စိတ္ထိန်းကျေးရွာရှိ ဆေးခန်း၌ ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးများတွေ့ရှိ၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မ (၇၈) တပ်ရင်းသို့ အကြောင်းကြားပြီး မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်ကို ခေါ်ဆောင်၍ တူးဖော်ရာ ဗုံးသီး ၂၅၇ လုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘‘ဆေးခန်းက အလုပ်သမား ၀န်ထမ်းနေဖို့ အဆောက်အအုံဆောက်ဖို့ မြေကျင်းတူးတာကနေ စတွေ့တာလို့ ပြောတယ်။ မိတ္ထီလာက မိုင်းရှင်းလင်းရေးတပ်ကို ခေါ်ပြီး အကုန်လုံးတူးတာ ၂၅၇ လုံး တွေ့တာပဲ။ အဲဒါကို အကုန်လုံး သူတို့ဖျက်ဆီးပစ်ဖို့ဆိုပြီး သယ်သွားတယ်’’ဟု စိတ္ထိန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဗုံးသီးများတွေ့ရှိခြင်းနှင့် ပတ်သက်ပြီး ပုပ္ပားမြို့ နယ် ရဲစခန်းမှူးထံ ဆက်သွယ်မေးမြန်းရာ လုံခြုံရေးအတွက် ဖြစ်သောကြောင့် ဖြေကြားပိုင်ခွင့်မရှိကြောင်းပြောသည်။
‘‘စစ်တပ်က ဗိုလ်တွေ ပြောသွားတာတော့ ဒီနေရာက ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ စခန်းချသွားတဲ့နေရာလို့ပြောတယ်။ ဒီ ဗုံးတွေကို သူတို့မြှုပ်သွားတာလို့ ပြောတယ်။ အဲဒီနေ့တုန်းကတော့ တစ်နေကုန် တူးဖော်နေရတာပဲ။ ညနေရောက်မှ ပြီးသွားတယ်။ နောက်ထပ် မရှိတော့ဘူးလို့ ပြောသွားတာပဲ’’ဟု ထိုနေရာသို့ သွားရောက်ကြည့်ရှုသော ပုပ္ပားမြို့ ဒေသခံ ကိုဝင်းကိုကပြောသည်။
အဆိုပါဗုံးများသည် ဗုံးအသစ်များမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဟောင်းများဖြစ်ကြောင်း သတင်းရရှိသည်။

Saturday, June 21, 2014

ဘင်္ဂါလီနှင့် မွတ်ဆလင် အန္တရာယ် စိုးရိမ်ရသည့် ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ်ခန့်အပ်




ဘင်္ဂလီနှင့် မွတ်ဆလင်၏ ဝါးမြိုမည့် အန္ဒရာယ်နှင့် ကြုံတွေ့နေရသော ခိုင်ပြည်နယ် တွင် ဝန်ကြီးချုပ်သစ်တာဝန်အား တပ်မတော်သား တစ်ဦးကို ခန့်အပ်တော့မည် ဖြစ်ကြောင်း သတင်းထွက်ပေါ်နေချိန်တွင် ယခင်နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ် အစားထိုး ခန့်အပ်လိုက်သည်။

ဇွန်လ ၂၀ရက် ရက်စွဲဖြင့် ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းတွင် ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ကြည်း ၃၃၁၃၄ ဗိုလ်မှူး ဥာဏ်လင်းမောင် နေရာတွင် အစားထိုး ခန့်အပ်လိုက်ကြောင်း ဖေါ်ပြထားသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင် နှုတ်ထွက်ပြီးနောက် ယာယီဝန်ကြီးချုပ်ဟု သတင်းများထွက်ပေါ်နေသလို သူ့အား ဝန်ကြီးချုပ် အဖြစ်ခန်အပ်သွားမည်ဟုလည်း ထင်ကြေးပေးမူများလည်း ပေါ်ပေါက်နေသည်။

ယင်းပြင် သူ့အား ရခိုင်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မည်ဟု ဖေ့စ်ဘုတ် လူမူကွန်ယက် စာမျက်နာများတွင်လည်း ဖေါ်ပြ နေကြသည်။ ယခုကဲ့သို့ တပ်မတော်မှ ဗိုလ်ချုပ် တစ်ဦးအား ရခိုင်ပြည်နယ် လွှတ်တော်တွင် အစားထိုး ခန့်အပ်ခြင်းသည် လစ်လပ်နေသော ရခိုင်ဝန်ကြီးချုပ်နေရာတွင် ခန့်အပ်ရန်အတွက် စီစဉ်မူ ဖြစ်နိုင်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က မှတ်ချပြုပြောဆိုသည်။

“သေချာသလောက်တော့ ဝန်ကြီးချုပ်နေရာကို အစားထိုးဖို့အတွက် ခန့်အပ်လိုက်တယ်လို့ ပြောလို့ ရပါတယ်” ဟု သူကပြောသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းမှာ တပ်မတော်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်နေသကဲ့သို့ ရခိုင်ပြည်နယ်တွင်လည်း နယ်စပ်ရေးရာများကို ကိုင်တွယ်ဖြေရှင်းနေသူဖြစ်သဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဆိုပါက ရခိုင်ပြည်သူများ၏ ဘဝ လုံခြုံရေးနှင့် ဘင်္ဂါလီနှင့် မွတ်ဆလင်တို့ ဝါးမြိုမှုကို ထိန်းသိမ်းနိုင်လိမ့်မည် ဟု ဝေဖန်မှုများလည်း ရှိနေသည်။ 


“ သိပ်ကောင်းတာပေါ့ဗျာ.. ဘင်္ဂါလီ က ရခိုင်ကိုလည်း ကြောက်တာမဟုတ်ဘူး၊ ရဲကိုကြောက်တာမှမဟုတ်တာ စစ်တပ်တောင် မိုးပေါ်ထောင်ပစ်ရင်မကြောက်ဘူး။ ဒါကြောင့် ဗိုလ်ချုပ်မောင်မောင်အုန်းဖြစ်လာမယ်ဆိုရင် ဝမ်းသာစရာပေါ့.. ” ဟု ဗိုလ်ချုပ် မောင်မောင်အုန်း ဝန်ကြီးချုပ် ဖြစ်လာမည့်အပေါ် သူ့အမြင်ကို ဦးသာအေးကျော်က သုံးသပ်ပြောဆိုသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ဒုဝန်ကြီး အနေဖြင့် ရှိနေစဉ် ရခိုင်ပြည်နယ် အတွက် ဖွဲ့စည်းထားသော ပြည်ထောင်စု အဆင့် Emergency Coordination Center (ECC) ဒု ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများစွာကို တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၆) ဦးတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး များမကြာမှီက ပြောင်းရွှေ့ ခန့်အပ်ရာ ယင်းအထဲတွင် ဗိုလ်ချုပ် မောင်မောင်အုန်းလည်း ပါဝင်သည်။

 
Twitter Bird Gadget