Saturday, August 31, 2013

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

ထူးထူးခြားခြား ဝက်မကြီးမှ ဝက်၊ ဆင်၊ မျောက်ပုံတူ ဝက်မွေးဖွား

 ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာ အုပ်စု ရွာတော်တောင်ရွာ အမှတ်(၁၈၃)နေ ဦးဝင်းညွန့် နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီခွဲက ၎င်းအိမ်၌ မွေးမြူထားသော တစ်နှစ်သား အရွယ် ဝက်မတစ်ကောင်မှ ဝက်ပေါက် ကလေး သုံးကောင် မွေးဖွား ခဲ့သည်။

ထိုသို့ ဝက်ပေါက်ကလေး သုံးကောင် မွေးဖွားရာတွင် ဝက်မကလေး တစ်ကောင်မှာ သမားရိုးကျ မွေးဖွားခြင်း မဟုတ်ဘဲ ထူးထူးခြားခြား ဝက်၊ ဆင်၊ မျောက်ပုံတူ မွေးလာသည်ကို တွေ့ရသည်။

ဝက်မကလေး၏ ထူးခြားချက်မှာ မျက်နှာသည် ဝက်နှင့် မတူဘဲ မျောက်မျက်နှာနှင့် တူနေပြီး  မျက်နှာတွင် နှာခေါင်း ပါရှိခြင်း မရှိဘဲ အသက်ရှူရာတွင် ပါးစပ်ဖြင့်သာ အသက်ရှူနေသည်ကို တွေ့ရသည်။ ထို့အပြင် ပို၍ ထူးခြားသည်မှာ မျက်နှာတွင် မျက်လုံးတစ်လုံးတည်းသာ ပါရှိပြီး  မျက်နှာရှိ နဖူးတည့်တည့်တွင် ဆင်များကဲ့သို့ နှာမောင်းပါရှိ သည် ကိုလည်း  တွေ့ရသည်။  ယခုအခါ အဆိုပါ ဝက်မကလေးမှာ ကျန်းမာစွာဖြင့် အသက်ရှင်လျက် ရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget