Saturday, August 31, 2013

ယာဉ်ထိန်းရဲများကို ခရီးသည်တင် ယာဉ်မောင်း စကေဘာဖြင့်ထိုး

ယာဉ်ထိန်းရဲများကို ခရီးသည်တင် ယာဉ်မောင်း စကေဘာဖြင့်ထိုး



တာမွေမြို့နယ် လေးထောင့်ကန် လမ်းပေါ်ရှိ ILBC ကျောင်းဆင်းချိန်တွင် ယာဉ်ကြော ရှင်းနေသော ယာဉ်ထိန်းရဲများကို မ.ထ.သ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း တစ်ဦးက စကေဘာဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း တာမွေမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု (၂၇) မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။

တာမွေ ယာဉ်ထိန်းတပ်စု (၂၇) မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် သုံးဦးက သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မှ တာမွေသို့ ပြေးဆွဲသည့် မ.ထ.သ (၁၈၇) ယာဉ်လိုင်း ခရီးသည်တင် ဘီအမ်ယာဉ်ကို မှတ်တိုင် မဟုတ်ဘဲ တံခါးဖွင့် မောင်းလာ သဖြင့် ချလန် ဖြတ်လိုက် ကြောင်း၊ ယာဉ်မောင်းက မကျေနပ်၍ ညနေ ၃နာရီ မိနစ်၃၀ ခန့်တွင် အဆိုပါ ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးခြင်း ဖြစ်ကြောင်း၊ ယာဉ်ထိန်း တပ်ကြပ် အုန်းကျော်တွင် ညာလက်သန်း ပြတ်ရှ ဒဏ်ရာနှင့် တပ်သား လွင်မျိုးအောင်တွင် ခါးဘယ်ဘက် ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“ဒီလူ ကွမ်းယာကို လာဝယ်ပြီး ယာဉ်ထိန်းရဲဘက် ထွက်သွားတာ တွေ့ တယ်။ အသံတွေ ကြားတော့ လှမ်းကြည့်လိုက်တာ ရဲတွေကို စကေဘာနဲ့ လိုက်ထိုးနေတာ” ဟု ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန် လမ်းထောင့် တွင် မျက်မြင် တွေ့ရှိသူ ကွမ်းယာသည် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောဆိုသည်။

ယာဉ်ထိန်းရဲများကို စကေဘာဖြင့် ထိုးသူ (၁၈၇) ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးခင်မောင်ဌေးကို တာမွေ မြို့မ ရဲစခန်းက (ပ) ၃၇၉/၁၃၊ ပြစ်မှု ပုဒ်မ ၂၉၄/ ၃၃၃/၅၀၆ တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် စုံစမ်းလျက် ရှိကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget