ဒါယိကာမကြီး
ဒေါ်စုရေ ... ဒါယိကာမကြီးက ဒီတိုင်းပြည်က လူကြီးပိုင်းဆိုတော့လည်း
ဒီတိုင်းပြည်ရဲ့ ပြည်သူ့အသံကိုတော့ အထူးနားထောင်ပါ ... အခု တိုင်းပြည်မှာ
ဒါယိကာမကြီးနဲ့ စပ်လို့ ပွက်လောညံနေပါတယ်။ တစ်ခါခါမှာ တော့ ပုထုဇဥင်္ဆိုတာ
မာနကြီးတတ်လွန်းပါတယ်။ တစ်ချို့က မှားနေလျက်နဲ့ အမှားကို ဆုပ်ကိုင်ပြီး
မာနတွေကြီးနေတယ်။ တစ်ခါခါမှာတော့ မှန်ပါရဲ့... ဒါပေမယ့်
လူအများလက်ခံလောက်အောင် ... ချပြဖို့ ရှင်းပြဖို့ တာဝန်ကို ဥပေက္ခာပြုထားပြီးတော့ ... ငါမှန်တာပဲ ဘယ်သူ့ဂရုစိုက်ရမှာလဲလို့ဆိုတဲ့
မာန်ကြီးကို ဆုပ်ကိုင်ထားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ... မာနဆိုမှတော့
အကုသိုလ်ပါပဲ။ မကောင်းကျိုးကို ပေးမှာပါပဲ။ အထူသဖြင့်တော့ အခု
ဖြစ်နေတာတွေအပေါ်ဒါယိကာမကြီး တစ်ခုခု ရှင်းလင်းသင့်တယ်လို့ထင်ပါတယ်....။
(( ကိုယ့်အတွက်မဟုတ်တောင် တိုင်းပြည်အတွက် လူမျိုးအတွက် သာသနာအတွက်ပေါ့ ))
မွတ်ဆလင်နဲ့ ကိစ္စမှာ ဒါယိကာမကြီးပြောခဲ့တဲ့ တစ်ချို့ စကားတွေဟာ လူတွေရဲ့
ထိုးနက်စရာဖြစ်နေပါတယ်။ အဲ့ဒီကိစ္စတွေကို ဒီအတိုင်းပဲ ထားတော့မလား။
ဒါယိကာမကြီး ပြောပြောနေတဲ့ တရားမျှတမှုဆိုတဲ့ စကားတွေ အလုပ်တွေဟာ
မိမိတစ်ဦးအတွက်လက်ကိုင်ပြုထားသင့်တာမှန်ပေမယ့်
တစ်ခါခါ လူမျိုးများစွာ လူပေါင်းများစွာ ကြားမှာ စကားအားဖြင့် ချပြဖို့
ခက်ခဲတယ်လို့ ထင်ပါတယ်။ ပါကစ္စတန်ရဲ့ နောက်ခံသမိုင်း ... အာဖဂန်နစ္စတန်ရဲ့
နောက်ခံသမိုင်းကို မြန်မာရော ကမ္ဘာကပါ ကောင်းကောင်းကြီး သိနေတယ်
ဒါယိကာမကြီးရေ။ ဒီတော့လေ ... တစ်ထွာတစ်မိုက်ဥာဏ်နဲ့
ဆရာလိုက်လုပ်တယ်ပြောပြော မွတ်ဆလင်မြန်မာအရေးမှာ တရားမျှတမှုတွေ အော်တာထက်
... ကမ္ဘာမှ သူတို့နဲ့ပတ်သက်လို့ ဘယ်လိုကိုင်တွယ်နေသလဲ ဆိုတဲ့
လုပ်ထုံးလုပ်နည်းကိုတော့ ... အလေးထားဖို့ လိုတယ်လို့ ထင်ပါတယ်။ဒါယိကာမကြီး
ကျန်းမာပါစေ ...
0 comments:
Post a Comment