Tuesday, October 1, 2013

မစ္စတာကင်တားနား ထွက်တော်မူနန်းက ခွာတာကို သဘောကျတယ်ဟု ဦးသိန်းညွန့်ဆို

စက်တင်ဘာ (၂၄) ရက်က ကျင်းပခဲ့သောကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင် ရာကိုယ်စားလှယ် ကင်တားနား ကို ရာထူးသက်တမ်း ထပ်မံခန့် အပ်ခြင်း မပြုတော့ဘဲ အစားထိုး တစ်ဦးခန့်အပ်သွားမည်ဟု ကြား သိရသည်။ မစ္စတာကင်တားနားရာထူး သက်တမ်းထပ်မံခန့်အပ်ခြင်းမခံရ တော့သည့်အပေါ် အမျိုးသားဒီမို ကရေစီပါတီသစ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်း ညွန့်က ““ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်မင်းကြီးအဖြစ် ခန့်အပ်တာ (၆) ကြိမ်ရှိပြီ။ သက် တမ်းအားဖြင့် ပြည့်သွားပြီဖြစ် တယ်။ ကွဲပြားနေတဲ့ ဗမာ့လူ့အဖွဲ့ အစည်းနဲ့ ပတ်သက်ပြီးတော့ သူ့ ကိုဘက်လိုက်တယ်ဆိုတဲ့ဟာကို ရခိုင်ဒေသမှာ ကန့်ကွက်ခြင်းနဲ့ တုန့်ပြန်ကြတာပဲ။ မိတ်္ထီလာမှာ လည်း လူထုကဆန္ဒဖော်ထုတ်ကြ တာကိုပြန်ကြားရေးဌာနရဲ့တာဝန် ရှိသူတွေ ထုတ်ပြန်ချက်အရဆိုရင် လည်း ခရီးစဉ်အစီအစဉ်အတိုင်း တိတိကျကျမဆောင်ရွက်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေဖြစ်ပေါ် ခဲ့တယ်လို့ သိရတယ်။ ကုလသမဂ္ဂ mandate မှာပါတဲ့အတိုင်းဆောင် ရွက်တယ်လို့ မယူဆဘူး။ ဒါကို ဘာဖြစ်လို့ကျွန်တော်ပြောသလဲ ဆိုရင် ၁၉၈၂ ခုနှစ်မှာပါတဲ့မြန်မာ နိုင်ငံသားဥပဒေကို ပြင်ဖို့ပြော လာခြင်းဟာ အချုပ်အခြာနိုင်ငံ ပိုင်တစ်ခုကို ၀င်ရောက်စွတ်ဖက် လိုက်တာဖြစ်တယ်။ ဒါကြောင့် မစ္စတာကင်တားနား အခုလိုဘာ အကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ သူ့ရဲ့ထွက်တော် မူနန်းကခွာတာကို သဘောကျပါ တယ်”” ဟု ပြောသည်။ မစ္စတာကင်တားနားသည် သြဂုတ်လအတွင်းက မြန်မာနိုင်ငံ သို့ ဆယ်ရက်ကြာလာရောက်ခဲ့ စဉ်က မိတ်္ထီလာမြို့သို့သွားရောက် ရာတွင်ဒေသခံများကလမ်းကြောင်း ပိတ်ဆို့ကာ လိုက်ပါစီးနင်းလာ သောကားကု ၀ိုင်းဝန်းထုနက်ခဲ့ ကြောင်း သြဂုတ် (၂၁) ရက်တွင် ရန်ကုန်လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့ပြီး အစိုးရဘက်မှ သတင်းထုတ်ပြန်ရာတွင်မူ ကား ကိုလူထုက ထုနှက်ခြင်း မဟုတ် ဘဲ အခြေအနေအရ မော်တော် ယာဉ်အမြန်ဆုံးထွက်ခွာရန်တာဝန် ရှိသူအချို့က အချက်ပေးခဲ့ခြင်း သာဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

0 comments:

Post a Comment

 
Twitter Bird Gadget