ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ
အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်း
လုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက်
လိမ်လည်မှု များ ပြုလုပ်နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း
အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက
ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
''ကိုးတောင်ကျားတွေက
အခုအချိန် အထိ ရှိနေကြတုန်း ပဲ။ စက်တင်ဘာ ၂၅ရက်ကပဲ မလေးရှားက
ပြန်လာတဲ့သင်္ဘော သားတစ်ဦးကို ငွေကျပ် ၆၀၀၀၀ လောက်လိမ်သွားတယ်။ ငွေကို
လက်လှည့်ပညာတွေနဲ့ အဖွဲ့ လိုက်လိမ်ယူကြတယ်''ဟု မဟာ ဗန္ဓုလပန်းခြံလမ်းတွင်
တရားရုံး ဝန်ဆောင်မှုလုပ်ငန်းများ လုပ် ကိုင်သူ ကိုဝင်းထွန်းက ပြောသည်။
ကိုးတောင်ကျားဟု
ခေါ်ရ ခြင်းမှာ ယင်းတို့သည် ငွေကျပ်တစ် သိန်းလျှင် ကျပ် ၉၀၀၀၀ သာပါ အောင်
ပြုလုပ် လှည့်စားသော ကြောင့် ခေါ် ရခြင်းဖြစ်ကြောင်း၊
အစိုးရရုံးပိတ်ရက်များနှင့် ငွေ လွှဲ ကောင်တာပိတ်ရက်များ တွင် မဟာ
ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် လှုပ်ရှားပြီး အဖွဲ့အင်အားမှာ လူ ၂၀
ခန့်ရှိကြောင်း သိရသည်။
''သူတို့တွေက အဖွဲ့လိုက် လှုပ်ရှားကြတယ်။
ဒါပေမဲ့ ရဲက လိုက်ဖမ်းမယ့်နေ့ ကျ ရင် ဘယ်က နေ သတင်းရလဲတော့ မသိဘူး။ တစ်ဦးမှ
ပေါ်မလာဘူး။ ကျွန် တော် ထင်တာကတော့ လုံခြုံရေး အားနည်းမှုရယ်၊ အဂတိလိုက်
စားမှုတွေကြောင့် ဒီလိုတွေဖြစ်နေ တုန်းလို့ထင်တာပဲ''ဟု ကိုဝင်းထွန်း က
ပြောသည်။
ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက
''ကျွန်တော်တို့ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေ ချထားပါတယ်။ လာရောက်
တိုင်ကြားတာမျိုး တော့ အခုတလောမရှိပါဘူး'' ဟု ဖြေသည်။
ရန်ကုန်သို့
လာရောက်အ လုပ်လုပ်ကိုင်နေသူတစ်ဦးက ''အဲဒီ နားရောက်တာနဲ့ အစ်ကိုငွေလဲ
မလားဆိုပြီး မေးကြတယ်။ ကျွန် တော့် သူငယ်ချင်းတစ်ဦးလဲ ခံရ ဖူးတယ်။ သူတို့က
ငွေလာလဲတဲ့ သူဆိုရင် ဝိုင်းထားပြီး အာရုံနောက် အောင် လုပ်ပြီးလိမ်ကြတာ။
လိမ် လို့မရရင် ဖြဲ ချင်ကြတယ်။ သူတို့ တွေကို နေ့တိုင်း တွေ့နေရတုန်း
ပါ''ဟု ပြောသည်။
မဟာဗန္ဓုလပန်းခြံလမ်း သို့ နေ့စဉ်သွားရောက်သည့် အ
ထက်တန်းရှေ့နေ ကိုသန့်စင်က ''ဒီလူတွေကို နေ့တိုင်းတွေ့နေ တာပဲလေ။
လုံခြုံရေးတွေလဲ တွေ့နေတာပဲလေ။ ဘာလို့ ဖမ်း ဆီး အရေးယူမှု မလုပ်တာလဲဆို
တာကတော့ စဉ်းစားစရာပါပဲ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူမှုမလုပ်ရင်တော့
ကြာ လာရင် မဟာဗန္ဓုလပန်းခြံရဲ့ ပုံ ရိပ်တစ်ခုလို ဖြစ်လာတော့မှာ သေ ချာတယ်''
ဟု ပြောသည်။
0 comments:
Post a Comment