Monday, November 18, 2013

မြန်မာ- အိန္ဒိယနယ်စပ် ပန်ဆောင်တော်ကြားလမ်း နယ်စပ်ကုန်သွယ်ရေးစခန်း မကြာမီ ဖွင့်လှစ်မည်


 (ပုံ) ပန်ဆောင်တော် ဖြတ်ဝင်လာမည့် မြန်မာ- အိန္ဒိယ
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ဒေသကြီး နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အရူနာချာ ပရာဒေ့ရှ် ပြည်နယ် နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တောင်ကြားလမ်း (Pangsau Pass) နယ်စပ် ကုန်သွယ်ရေးစခန်းကို မကြာမီ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး နန်ဆီးပါးက ပြောဆိုသည်။

ကုန်သွယ်ရေး လမ်းကြောင်းသစ် ပြန်လည်ပေါ်ထွန်းလာခြင်း အားဖြင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ ကုန်သွယ်မှု ပိုမိုဖြစ်ထွန်း လာမည်ဖြစ်၍ အာဆီယံ- အိန္ဒိယ နိုင်ငံများ အကြား ဆက်သွယ်ရေးကို ထူထောင်မည့် ထူခြားသော ခြေလှမ်း တခုလည်း ဖြစ်ကြောင်း ၄င်းက ပြောသည်ပာု အိန္ဒိယ Itanagar သတင်းဌာနက
ရေးသားထားသည်။

အဆိုပါ လမ်းကြောင်းသစ်များ ဖွင့်လှစ်နိုင်ရန် အတွက် အိန္ဒိယဘက်က နယ်စပ်မှ တနိုင်းမြို့အထိ ကားလမ်းကျဉ်း တိုးချဲ့ရေး နှင့်ပြုပြင်ဖောက်လုပ်ရေး လုပ်ငန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ တရုတ်နယ်စပ် ၀မ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို လည်း တရုတ်ဖက်မှာ တာဝန်ယူ ပြုပြင်ဖောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

မြန်မာ- အိန္ဒိယ နယ်စပ်တစ်လျှောက်ဖြစ်သော ပန်ဆောင်တော် ဖြတ်ဝင်လာမည့် မိုင်ပေါင်း ၁၀၇၉ မိုင်ရှည်တဲ့ လမ်းမကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သော လီဒိုလမ်းမကြီး (Stilwell Road) ဖြစ်ပြီး အိန္ဒိယနိုင်ငံ အရူနာချာ ပရာဒေ့ရှ်(Arunachal Pradesh) ပြည်နယ် လီဒိုမြို့၌ စတင်ပြီး
မြန်မာနိုင်ငံကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် အဆုံးသတ်သည့် သမိုင်းဝင်လမ်းမကြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လီဒိုလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာအစိုးရကလည်း သဘောတူလိုက်သည်ပာု အိန္ဒိယအခြေစိုက် သတင်းဌာန ပြောကြားချက်အရ သိရသည်။

ယခု ပန်ဆောင်ပတ်ဒေသမှာ ကုန်သွယ် ရေးလမ်းကြောင်းသစ် ဖွင့်လှစ်ရန် စီစဉ်ရခြင်းသည် မြန်မာ- အိန္ဒိယ အစိုးရတို့ ဆွေးနွေးခဲ့သည့် နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဈေး ကိုးခုဖွင့်လှစ်ရန် အစီအစဉ်၏
ပထမခြေလှမ်းဖြစ်ကြောင်း သိရသည်။

၂၀၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် အိန္ဒိယနှင့် မြန်မာတို့က ရည်မှန်း ထားကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အာဆီယံ- အိန္ဒိယ ကုန်သွယ်မှု ပမာဏကို   အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရောက်ရှိရန် အိန္ဒိယနိုင်ငံက ရည်မှန်းထားကြောင်း နှစ်နိုင်ငံ ဆွေးနွေးချက်အရ သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget