Thursday, November 14, 2013

ကြံ့ခိုင်ရေးအမတ် အောက်လွှတ်တော်၌ ရုတ်တရက်ကွယ်လွန်



(နေပြည်တော်) ရန်ကုန်မြို့ ပန်းပဲတန်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီဝင် အောက်လွှတ်တော်အမတ် ဦးအောင်ဆန်းသည် အောက်လွှတ်တော်တွင် အားကစားနှင့် ပတ်သက်သည့် မေးခွန်းတစ်ခု မေးမြန်းအပြီး လွှတ်တော်ခေတ္တနားချိန်၌ ရုတ်တရက်မူးလဲသဖြင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

"ဝိုင်းဝန်းပြုစုသည့်ကြးက အသက်မကယ်နိုင်ဘဲ သေဆုံး"ဟု သီပေါမြို့နယ် အောက်လွှတ်တော်အမတ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ဦးအောင်ဆန်းသည် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် သြဂုတ်လက ဖြစ်ပွားခဲ့သော အပြုအမူများ ဆီးဂိမ်းကာလတွင် မဖြစ်ပွားစေရန် လုံခြုံရေးဆောင်ရွက်မှု အခြေအနေကို မေးမြန်းအပြီး လွှတ်တော်ခေတ္တနားရန် ကြေငြာချိန် မွန်းလွဲ ၁နာရီခွဲခန့်က သတိလစ်မေ့မျောသွားခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်

0 comments:

Post a Comment

 
Twitter Bird Gadget