Saturday, November 23, 2013

အသက် ၇နှစ်အရွယ် မြန်မာ ကလေးတစ်ဦးကို မက်သာဖက်တမင်း ဆေးပြား တစ်သောင်းခန့်နှင့် အတူ တွေ့ရှိ

ဘန်ကောက် နိုဝင်ဘာ ၂၃

ထိုင်းနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားဂိတ်တစ်ခုတွင် ငိုကြွေးနေသော အသက်၇နှစ်အရွယ် မြန်မာလူမျိုး ကလေးတစ်ဦး၏ ကျောပိုးအိတ်ထဲတွင် မက်သာဖက်တမင်းစိတ်ကြွဆေးပြားတစ်သောင်းခန့် တွေ့ရှိခဲ့သည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ အဆိုပါကလေးကို မြန်မာနယ်စပ်အနီးKanchanaburi ခရိုင် Thong Pha Phum အရပ်တွင် ရဲတပ်ဖွဲ့က ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရဲအရာရှိတွေက ကလေးဆီသွားပြီး ဘာဖြစ်လဲ မေးတယ် ဒါပေမဲ့ ကလေးက ထိုင်းစကား မတတ်ဘူး ဟု ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှုး Amnuay Pongsawatက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ကလေးငယ်က သူသည် ကရင်ပြည်နယ် ဘုရားသုံးဆူခရိုင်တွင် နေထိုင်သူဖြစ်ပြီး ဦးလေးအပါအ၀င် အခြားသူ ၃ဦးဖြင့် ခရီးထွက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဘာသာပြန်မှ တဆင့် ပြောပြသည်။

် ဆေးပြားများကို ကလေးငယ်၏ ကျောပိုးအိတ်အတွင်း ကလေးပေါင်ဒါမှုံ ၂ဗူးနှင့် အတူ ပလတ်စတစ်အိတ်ငယ် ၅၀ အတွင်းမှ တွေ့ရှိခဲ့ခြင်းဟု သိရသည်။ ဒါဟာ ကလေးငယ်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ယူမှုကို ဖမ်းဆီးမိခဲ့တာပါ ဟု ၄င်းက ပြောသည်။ ရဲတပ်ဖွဲ့က ကလေးငယ်ကို ဦးလေးတော်စပ်သူက ထားပစ်ခြင်း ဖြစ်မည်ဟု ယုံကြည်ထားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget