Monday, November 18, 2013

မြန်မာမှ ခိုးဝင်သူ ၁၉ ဦး ဘင်္ဂလာဒေခ်ျ့ကနေ ပြန်ပို့


ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ခိုးဝင်လာသူ ၁၉ ဦးကို ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်က ပြောသည်။

ယင်းခိုးဝင်လာသူ ၁၉ ဦးကို လွန်ခဲ့သော သောကြာနေ့ ညနေပိုင်း ၇ နာရီ အချိန်တွင် တက်ကနက်မြို့နယ် ဇာတီမူရနှင့် နာယာပါရာ နယ်စပ်တွင် ဖမ်းဆီးရမိသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ဒင်ဒါမီယာ ဘီဂျီဘီ (Border Guard Bangladesh) နယ်ခြားစောင့် စခန်း၊ တပ်ဖွဲ့ တစ်ခုမှ နယ်စပ်တွင် လှည့်ကင်း ဆောင်ရွက်နေစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း တက်ကနက် အခြေစိုက် အမှတ် (၄၂) ဘီဂျီဘီ ယာယီ တပ်ရင်းမှူး ကပ္ပတိန် HK Kamrul Hassan  က သတင်းထောက်များသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ မွတ်ဆလင်များ ဖြစ်ကြပြီး ၎င်းတို့ အထဲတွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေး ၈ ဦးပါဝင်သည်ဟု ဆိုသည်။

သူတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်မှ လှေတစ်စီးဖြင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် ခိုလုံရန် ၀င်ရောက်လာကြသူများ ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့အား  ဖမ်းဆီးမိပြီး ညဥ့်တွင်းချင်း မြန်မာဘက်ကို ပြန်ပို့ခဲ့သည်ဟု ယာယီ တပ်ရင်းမှူးက အတည်ပြု ပြောကြားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget