Friday, November 15, 2013

သိန်း(၂၀၀၀)တောင်းတဲ့ ပြန်ပေးဆွဲမှု တရားခံများ၏ သတင်းပေးနိုင်သူအား ထိုက်တန်စွာ ဆုချီးမြှင့်မည်

 
၆.၁၁.၂၀၁၃ရက်နေ့က တရားလို ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေး တို့သည် တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပိတ်ဆွယ်ရွာအရောက် အမည်မသိလူမြင်မှတ်မိသူ(၃)ဦးမှ ကားပေါ်ဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူ မမိုးမိုးအောင်အား အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်ပြီး အမှုအားကျူးလွန်သည့် တရားခံများ ဖြစ်သော ---


(၁) ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ပြစ်ဒဏ်(၆၄)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ ပတ္တမြားလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊

(၂)စိုးမင်းဦး(ခ)သံပါးစပ်(ပြစ်ဒဏ် (၁၇)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၃၃)နှစ်၊ (ဘ)ဦးကုလား(ခ)ဦးမြင့်(ကျော်ဝင်းစိန်နှင့်လိပ်စာတူ)၊

(၃)ကထီး(ခ) သူရဇော်ဦး(ဘ)ဦးမြလှိုင်၊ အမှတ် (၁၂၃၂)၊ ညောင်ဦးဖီးလမ်း၊ အမှတ် (၃)လမ်းသွယ်၊ ကန်သာယာ (၁၉)ရပ်ကွက်၊လှိုင်သာယာမြို့နယ်တို့ (၃)ဦးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်-

၀၁-၂၃၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၇(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊

တရားခံများရှိနိုင်သည့်နေရာအား တိကျသေချာစွာ သတင်းပေးနိုင်ပါက ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှထိုက်တန်စွာဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget