Wednesday, November 20, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား- မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ
နေပြည်တော် နိုဝင်ဘာ ၁၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌ Mr. Alexander Vasillievich Fomin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံသည်။
ထိုသို့ လက်ခံ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Mr. Alexander Vasillievich Fomin နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် ရုရှား- မြန်မာ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံနိုင်မှု အခြေ အနေများ၊ နှစ်နိုင်ငံ စစ်ဘက် နည်းပညာများ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရေး ကိစ္စရပ် များ၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှား- မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌတို့သည် အဖွဲ့ဝင်များ နှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်း ရရှိ သည်။
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment