Friday, November 15, 2013
အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်ရာမှ ဘဝ ပျက်ခဲ့သည့် တော်ဝင်များ
7:51 AM
No comments
ရန်ကုန် မြို့ရှိ ဝင့်ထယ်ကြွားဝါမှုကင်းလှ သည့် တိုက်ခန်းကလေးတစ်ခန်း မှာ မြန်မာနိုင်ငံ၏ နောက်ဆုံး ဧကရာဇ်မင်း၏ မြေးတော်တစ်ဦး ဆင်းဆင်း ရဲရဲနှင့်နေ ထိုင် နေရသည်။ အိမ်နီးချင်းတွေက သူမဘယ်သူမှန်း မသိကြ ပါ။ တန်ခိုးအာဏာနှင့် စည်းစိမ်ချမ်းသာကြွယ်ဝသည့် ဘိုး ဘွားတွေနှင့်တော့ ဆီနှင့်ရေလိုကွာပါဘိ။
သူမ၏မိသားစုတို့ အခြွေအရံသင်းပင်းနှင့် တော်ဝင် အဆင့်အတန်းမျိုးနေ ထိုင်ခဲ့ရသည့် ကလေးဘဝနေ့ရက် များအား သိပ်မမှတ်မိချင်တော့ကြောင်း မင်းသမီးထိပ်စု ဖုရားကြီးကပြောသည်။
ဗြိတိသျှကိုလိုနီတို့က သူမ၏အဘိုးတော် သီပေါဘုရင် အား ၁၈၈၅ခုနှစ်တွင် ထီးနန်းချခဲ့သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့ သည့် စစ်အစိုးရ က သူမတို့မိသားစုကို ပြည်သူတို့၏မြင်ကွင်းမှ ဖယ်ရှားခဲ့ ပြန်သည်။ ''သူတို့က ကျွန်မတို့ကို တစ်စုံတစ်ဦးမဖြစ်စေ ချင်ဘူး၊ သာမန်လူတစ်ဦးလိုပဲ ကျွန်မ နှစ်ပေါင်း၆ဝနေခဲ့ရတယ်''ဟု ငွေရောင်ကေသာ ရှင် မင်းသမီးကြီးက ခရမ်း ရောင်ခြုံ တဘက်ကလေး တစ်ဖတ်ဖတ်ရိုက် ရင်း ပြော သည်။''ကျွန်မတို့ငယ်ငယ်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ကာ လတွေကို နည်းနည်းနောင်တရမိတာ သိပ်သေချာတာပေါ့'' ဟု
အသက်၉၀ ကျော်အရွယ်ရှိသည့်တိုင် သူမက ဇဝနဉာဏ် ရွှင်ရွှင်ဖြင့် ပြော သည်။ မြန်မာနိုင်ငံအား ကိုလိုနီလက်အောက် လုံးလုံးလျား လျားကျရောက်ခဲ့ ရသည့် တတိယနှင့် နောက်ဆုံးစစ်ပွဲအပြီး ဧကရာဇ်အုပ်ချုပ်သောနိုင်ငံ ဖြိုဖျက်ခံလိုက်ရခြင်းက ဘား မားဟု ထိုစဉ်က ခေါ်ကြသည့် နိုင်ငံ၏ ရာစုနှစ်များစွာ ဘုရင်အုပ်ချုပ်မှုကိုပါ ရိုက်ချိုးဖျက်ဆီးခံလိုက်ရသည်။
သီပေါဘုရင်နှင့် မိဖုရားစုဖုရားလတ်တို့မှာ မြန်မာ နိုင်ငံအတွင်းမှ ပုံစံမကျ၊ အခမ်းအနားကင်းမဲ့စွာ ဖယ်ရှား ခံလိုက်ကြရသည်။ ထို့နောက် အိန္ဒိယနိုင်ငံ၏ ပင်လယ်ကမ်း ခြေမြို့ကလေး ရတနာဂီရိတွင် အခြေချခဲ့ကြရသည်။
သီပေါဘုရင်သည် အိန္ဒိယတွင် သက်တော် ၅၆ နှစ် အရွယ်၊ ၁၉၁၆ခုနှစ်၌ နှလုံးရောဂါခံစားရပြီး ကံတော်ကုန် ရှာသည်။ မိသားစုများ သည်လည်း တဖြည်းဖြည်းနှင့် အပိုင်း ပိုင်းပြိုကွဲကုန်ကြသည်။
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment