Monday, November 18, 2013

မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်၃၀ကို နိုင်ငံတကာ အဆင့်မြင့်မည်


ရန်ကုန်၊ နိုဝင်ဘာ ၁၈။

မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်များတွင်ရှိသော လေဆိပ်၃၀ကို နိုင်ငံတကာ အဆင့်မြင့်မည် ဖြစ်ကြောင်း
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အုပ် ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး
ဦးရဲထွဋ်အောင်က People Powerသတင်းစာသို့ အတည်ပြုပြောကြားသည်။

ပြည်တွင်း လေဆိပ် ၃၀ကို နိုင်ငံတကာ အဆင့်မှီ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပုဂ္ဂလိကလုပ် ငန်းရှင်းများနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

“ အလားအလာရှိတဲ့ လေဆိပ်တွေရှိတဲ့ ပုဂံ-ညောင်ဦး လေဆိပ်၊ ဟဲဟိုးလေဆိပ်၊ သံတွဲလေဆိပ်တွေကို လုပ်ငန်းရှင်အများစုက ပိုပြီး စိတ်ဝင်စားတယ်“ဟု ၎င်းက ထပ်မံရှင်းပြသည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်မည် လုပ်ငန်းစဉ်များ
နှင့်ပက်သက်၍ ရှင်းလင်းပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အသေးစိတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

လေဆိပ်၏လုပ်ပိုင်ခွင့်များနှင့်ပက်သက်ပြီး မည်သည့်အပိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးမည့် အသေးစိတ်ကို နိုဝင်ဘာလ ၂၀ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ဦးရဲထွဋ်အောင်က ဆိုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget