Wednesday, November 20, 2013
NLD ဟာ ဒေါ်စု မရှိရင် လေဖြတ်ခံထားရတဲ့ လူမမာဘဲ
အေးချမ်းသော ဒီမိုကရေစီလမ်းကြောင်းဆီသို့ 
============================
NLD ဟာ ဒေါ်စု မရှိရင် လေဖြတ်ခံထားရတဲ့ လူမမာဘဲ။
ပြည်ခိုင်ဖြိုး မရှိရင် ဦးရွှေမန်း လဲ လေဖြန်းထားတဲ့လူမမာ
ဘဲ။
ရှင်းရှင်း ပြောရရင်တော့ NLD မရှိလဲ ဒေါ်စုရပ်တည်နိင်ပေ
မယ့် ဒေါ် စု မရှိရင်NLD မရပ်တည်နိင်ဘူး။
ဦးရွှေမန်း မရှိရင်လဲ ပြည်ခိုင်ဖြိုး ဘာမှမဖြစ်ပေမဲ့ ပြည်ခိုင်ဖြိုး
မရှိရင် ဦးရွှေမန်း မရပ်တည်နိင်ဘူး။
ဒေါ်စုရဲ့ ဦးဆောင်မှု ခေါင်းဆောင်မှု ကိုလက်တွေ့ အောင်မြင်
အောင် အကောင်အထည် ဖော် ပေးမယ့် အဖွဲ့ စံနစ် ခုချိန်ထိ
NLD မှာမတွေ့ ရသေးဘူး။
တစ်နိင်ငံလုံး အတိုင်းအတာနဲ့ ကျစ်ကျစ်လစ်လစ် လုပ်နိင်တာ
(ကောင်းတာမကောင်းတာအပထား)ပီပီပြင်ပြင်လှုပ်ရှားနိင်တာ
ပြည်ခိုင်ဖြိုး ဘဲ။ခိုင်မာတဲ့အဖွဲ့ စနစ်နဲ့ နိင်ငံအနှံ့ လှုပ်ရှားနိင်တာ
တွေ့ရတယ်။ဒါပေမယ့် လူထုအပေါ်သြဇာ ညောင်းတဲ့ ခေါင်း
ဆောင်ကောင်းလိုနေတယ်။
၂၀၁၅ ရွေးကောက်ပွဲ အတွက် ၂၀၁၄ အခင်းအကျင်းတွေမှာ
ပြည်ခိုင်ဖြိုးနဲ့ ဒေါ်စုထိပ်တိုက် ရင်ဆိုင်ရမှာပါ။ဒေါ်စု အတွက်
လဲ ဒီပွဲဟာ အရေးအကြီးဆုံးဖြစ်လို့  သမ္မတဖြစ်ခွင့် ကိုအစွမ်း
ကုန် အားထဲ့မှာဘဲ။
အခြေခံဥပဒေပြင်နိင်လို့ ရရင်ရမရရင် ၊လမ်းပေါ်တက် ဆန္ဒပြ
တွေ အထိဖြစ်သွားနိင်ပါ တယ်။ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး
ကလဲ တိုင်းရင်းသားရေးရာနဲ့ တခြား တွေ သာ ပြင်မယ်။
(၅၉-စ) ကိုတော့ပြင်ခွင့်မပေးမှာ သေချာနေပါတယ်။
ဒေါင်းနဲ့ ခြင်္သေ့လမ်းပေါ်မှာတွေ့ ကြမယ့်ကိန်းပါဘဲ။ ကြားထဲက
စစ်တပ်က ငပွကြီးဖြစ်၊ ပြည်သူလူထုက မြေဇာပင် ဖြစ်ကြရမှာ
ပါ။
လက်ပံတောင်းအရေး ရခိုင်အရေးတွေမှာ နဲနဲ ပွန်းပဲ့ရုံက လွဲလို့ 
ဒေါ်စုရဲ့ သြဇာဟာကြီးမား ဆဲပါ။၂၀၁၅ ရွေးကောက် ပွဲကိုမှန်မှန်
ကန်ကန်လုပ်ခဲ့ရင် ဒေါ်စုဘဲအပြတ်အသတ်နိင်မှာပါ။
ပြည်ခိုင်ဖြိုး ကလဲ၉၀ ရွေးကောက်ပွဲလိုထပ်အဖြစ်ခံမှာမဟုတ်ပါ
ဘူး။လက်ရှိ ကမ္ဘာ့ အခြေအနေ မြန်မာ့ အခြေ အ နေ တွေက
ဒေါ်စု သမ္မတဖြစ်ရေးကို တောင်းဆိုနေတယ်။
ပြည်ခိုင်ဖြိုး က ဒါကို လစ်လျှုရှု ထား လို့ မ ရ ပါဘူး။ နှစ်ဘက်
သဘောထားကြီးပြီး အပေးအယူ လုပ်ဖို့ လိုပါတယ်။
ဒေါ်စုရဲ့ ခေါ်င်းဆောင်မှုနဲ့ ပြည်ခိုင်ဖြိုးရဲ့ အဖွဲ့ စံနစ်တို့ ပေါင်းစပ်
နိင်ရင်တော့ တိုင်းပြည် အတွက် အကောင်းဆုံးပါ။ ပြည်ခိုင်ဖြိုး
ကလဲယုံယုံကြည်ကြည်နဲ့ ဒေါ်စုကို ခေါင်းဆောင်တင်ဖို့ လိုသလို
ဒေါ်စု ကလဲ ယုံယုံ ကြည်ကြည် ပူးပေါင်းဖို့ တော့ အရေးကြီးပါ
တယ်။
မဖြစ်နိင်ဘူးလို့ ပြောချင်ပြော နိင်ပေမယ့် တကယ် လက်တွေ့ 
လျှောက်သင့်တဲ့လမ်း ၊တိုင်းပြည်အတွက် အေးအေးချမ်ချမ်း
ဒီမို က ရေစီ လမ်း ဖြစ်လို့ နှစ်ဖက်စလုံးက အလေးအနက်စဉ်း
စားသငြ့်ပီ ဖြစ်ပါတယ်။ ။
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment