Tuesday, November 19, 2013

OIC သတင်းစာ ရှင်းလင်းပွဲ ပွင့်လင်းမြင်သာမှု မရှိဟု ပြည်တွင်းပြည်ပ သတင်းထောက်တချို့ ဝေဖန်


  အစ္စလာ မ္မစ်ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြည် တွင်းပြည်ပသတင်းသမားတချို့ က ဝေဖန်ပြောဆိုလိုက်သည်။


နိုဝင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၄၅မိနစ်ခန့်က ရန်ကုန်အ ပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပြု လုပ်ခဲ့သည့် OIC အဖွဲ့၏သတင်း စာရှင်းလင်းပွဲ သို့ ပြည်တွင်းပြည်ပ မီဒီ ယာ သမားများသွားရောက်သတင်း ယူခဲ့သော် လည်း ယင်းတို့ပြုလုပ် သည့်သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံ ပိုင်မီဒီယာတစ် ခုနှင့် ပြည်တွင်းရုပ်သံ မီဒီယာတစ်ခုတို့သာ သတင်းဝင် ရောက်ယူခွင့် ရရှိခဲ့သည်။

''ဝင်ခွင့်ပြုဖို့ ကျွန်တော်တို့ ကိုပြောထားတာ ဒီမီဒီယာနှစ်ခုပဲ ဖြစ်တဲ့အတွက် ကျန်တဲ့မီဒီယာတွေ ကို ဝင်ခွင့်ပြုလို့ မရပါဘူး''ဟု လေ ဆိပ်အပေါက်ဝမှ တာဝန်ရှိသူတစ် ဦးက သတင်းထောက်များအား ပြောဆိုခဲ့သည်။

နိုဝင်ဘာ ၁၃ရက်မှ နိုဝင် ဘာ ၁၆ရက်အထိ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံသို့ လာ ရောက်ခဲ့သည့် OIC အဖွဲ့၏ မြန်မာ နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အ ဆိုပါသတင်းစာရှင်းလင်းပွဲကို ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

''သတင်းအမှန်ကိုမထုတ် ပြန်ချင်လို့ ကျွန်တော်တို့ကိုဝင်ခွင့် မပေးတာလို့ ကျွန်တော်ထင်တယ်'' ဟု ပြည်တွင်းအခြေစိုက် ပြည်ပ မီဒီယာတစ်ခုမှ အကြီးတန်းသတင်း ထောက်တစ်ဦးက ပြောသည်။

0 comments:

Post a Comment

 
Twitter Bird Gadget