Monday, December 30, 2013

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

ဒီဇင်ဘာ ၃၀၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံအဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် မြို့ပေါ်တွင် ဈေးရောင်းနေသည့် အသက် (၃၈)နှစ်အရွယ် ကလေးငယ်ဖခင်ကို တစ်ခြံ တည်းနေထိုင်သူက သမီးငယ်ဖြစ်သူမှာ နေအိမ်တွင် မရှိကြောင်းလာရောက်အသိပေးခဲ့ရာမှတစ်ဆင့် သိရှိခဲ့ရသည်ဟု ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်လာစဉ်တွင် သမီးငယ်ဖြစ်သူကို Max ဓာတ်ဆီအရောင်းဆိုင်ရှေ့အရောက် တွင် တွေ့ရှိခဲ့သဖြင့် ယင်း၏ဈေးဆိုင်သို့ ခေါ်ယူပြီး မေးမြန်းခဲ့သည်ဟု ဖခင်ဖြစ်သူက ရဲစခန်းသို့ အမှု ဖွင့်ရာတွင် ပြောဆိုထားသည်။

သမီးဖြစ်သူက ပြောပြရာတွင်လည်း နေအိမ်တွင် တစ်ဦးတည်း အိပ်ပျော်နေစဉ် ညသန်းခေါင်အချိန်၌ တစ်ခြံတည်းနေ သက်ပိုင်ဦး (၁၈)နှစ်က နေအိမ်နောက်ဘက် မြေပြင်ပေါ်သို့ ခေါ်သွားကာ သားမယား အဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို သားမယားပြုကျင့်ခဲ့သူအပေါ် အရေးယူပေးရန် ဒီဇင်ဘာ ၂၈ ရက်တွင် ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် လှည်းကူးရဲစခန်းက (ပ) ၅၇၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး အဓမ္မပြု ကျင့်သူအဖြစ် စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေကာ အမှန်တကယ်ပြစ်မှု ကျူးလွန် ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget