Monday, December 23, 2013
မင်္ဂလာသတင်းကို ၂ဝ၁၄မှာ ပြောပြမယ့် ဂန္တဝင်
အနုပညာအလုပ်တွေအနေနဲ့ ဇာတ်ကား တွေမှာ သိပ်မတွေ့ရတဲ့ ဂန္တဝင်က ဇာတ်ကားရိုက်ကူး မှုတွေထက် သီချင်းဘက်ကို ပိုလုပ်ဖြစ်နေ တယ်လို့ ပြောပြပါတယ်။ နယ်ပွဲတွေနဲ့ နိုင်ငံခြားရှိုးတွေ ဆိုဖြစ်နေကြောင်း ပြောပြတဲ့ ဂန္တဝင်က “အနုပညာလောကထဲကို ရောက်တာ တော် တော်ကြာပြီ။ ဆယ်နှစ်ကျော်ပြီလေ။ အရင် ကတည်းက ပွဲတွေမှာ သီချင်းဆိုဖြစ်တယ်။ စီးရီး သာမထုတ်ဖြစ်ခဲ့တာလေ။
ကိုယ်က စိတ်ကူးရှိပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ပရိသတ်တွေက သိကြတော့ ပွဲတွေဆိုဖြစ်တယ်။ နိုင်ငံခြားဖျော်ဖြေ ပွဲ တွေလည်း သွားဖြစ်တယ်။ ဇာတ်ကား တွေကလည်း ကိုယ်နဲ့အဆင်ပြေတဲ့ အံ ဝင်ခွင်ကျတဲ့ဇာတ်လမ်းမျိုးကို ရိုက်ချင် တယ်။ အစ်မက အနေအေးတော့ သိပ်ပြီးမလုပ်ဖြစ်သလို ဖြစ်နေတာပါ” လို့ ပြောပါတယ်။
မင်္ဂလာသတင်းတွေ ဆက် တိုက်ကြားနေရသလို ၂ဝ၁၄ခုနှစ် မှာ တော့ ဂန္တဝင်ရဲ့ မင်္ဂလာသတင်း ကို ကြားရ နိုင်မလားလို့လည်း မေးဖြစ်ခဲ့တော့ “မင်္ဂလာသတင်း က တော့ ဖြစ်နိုင်ရင်လည်း ဖြစ်နိုင် ပါတယ်။ နီးရင်တော့ သေသေ ချာချာပြောပြမှာပါ။ အခုက ပြောဖို့ နည်းနည်းစောသေး တယ်လေ။ အချစ်ကိစ္စမှ မဟုတ်ဘူး ဘယ်အရာ ပဲ ဖြစ်ဖြစ်ကိစ္စတစ်ခုကို အစီ အစဉ်ချပြီး လုပ်တာက အမှားနည်းပြီး ကောင်း တာရှိသလို ချက်ချင်း ဆုံးဖြတ်လိုက် တာက တစ်ခါတလေကောင်းတာတွေ လည်းရှိပါ တယ်။ ရွေးချယ်ထားတဲ့ သူက အနုပညာ လောကထဲက မဟုတ်ပါဘူး။ အချစ်ကို ငယ်ငယ် တုန်းက ခံယူချက်နဲ့ အခုကနည်းနည်းတော့ ကွာ သွားတယ်။ အသက်ကြီးလာပြီး ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ အတွေ့အကြုံတွေ၊ ရင့် ကျက်မှုတွေ အများကြီးရလာတယ်။ အချစ်က တစ် ယောက်ကိုတစ်ယောက် မေတ္တာရှိပြီး ချစ်ကြမယ်ဆို ရင် ဒါနဲ့တည်ဆောက်ပြီး ညှိယူလို့ ရမယ်ထင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment