Monday, January 27, 2014

နိုင်ငံခြားသား ခရီးသည် နှစ်ဦး ရထားပေါ်တွင် ပြုတ်ကျခဲ့သည့် ကျောပိုးအိတ် ကောက်ရသူက ပြန်ပေး




ရန်ကုန် ဇန်နဝါရီ ၂၄

ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်အမှတ်(၈၉) အဆန် ရထားပေါ်တွင် အထက်တန်းတွဲမှ လိုက်ပါလာသည့် ဒိန်းမတ်နိုင်ငံသား လူးဝေ့ (၂၈)နှစ်နှင့် အစ် မဗနီနော့(၃၂)နှစ်တို့၏ အနက်ရောင် ကျောပိုး အိတ်မှာ ရထား ခုတ်မောင်းနေစဉ်အတွင်း ပဲခူးတိုင်းဒေသကြီး အဗျားဘူတာနှင့် ဆပ်သွားကုန်း ဘူတာကြားတွင် ပြုတ်ကျခဲ့သည်။

ကျောပိုးအိတ်ကျခဲ့ကြောင်း သိလျှင်သိချင်း ရထားတွဲထိန်းကြီးကြပ် ဦးအောင်ကြည်၏ စီစဉ်မှုဖြင့် ရထား လုံခြုံရေးတပ်ဖွဲ့မှ ရဲ တပ်ကြပ်ကြီးဇော်နိုင်ဦး၊ ရဲတပ်သားဟိန်းစည်သူအေးမြင့်၊ ရထားတွဲထိန်း မျိုးဇော်ဝင်း တို့က နိုင်ငံခြား သားခရီးသည်နှစ်ဦးနှင့်အတူ ကျောပိုးအိတ် ကျရာနေရာသို့ သွားရောက်၍ အဆင့်ဆင့် စုံစမ်းခဲ့ရာ ဝေါမြို့နယ် ဆပ်သွားခြုံကျေးရွာနေ ဦးဝင်းထွဋ်ဦး ကောက်ရထားကြောင်း သိရှိခဲ့ရသည်။

ဦးဝင်းထွဋ်ဦးကလည်း ကျောပိုးအိတ်တစ်လုံး ကောက်ရထားသည်မှာ ဟုတ်မှန်ကြောင်းပြောဆိုပြီး ရပ်မိရပ်ဖ များရှေ့၌ ပြန်လည်ပေးအပ်ခဲ့ရာ ယင်းနေ့ ညနေပိုင်းတွင်၎င်းတို့၏ အဝတ်အစား ငါးစုံ၊ ပတ်စပို့(စ်)နှင့် ဗီဇာနှစ်စုံ၊ Apple တံဆိပ် အနက်ရောင် လက်တော့ပ်တစ်လုံးတို့ပါရှိ သည့် ကျောပိုးအိတ်ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget