ရန်ကုန် ၊ ဇန်နဝါရီ ၂၇ ။ ။
ထိုင်း ငါးဖမ်းလုပ်ငန်းရှင်က ကမ်းကပ် ခွင့်မပေး ၊
လုပ်ခလစာများကို မတရားခေါင်းပုံဖြတ်သည့် ဒဏ် ကိုမခံ နိုင်တော့ သည့်အတွက်
ငါးဖမ်းသင်္ဘောတစ်စင်းလုံးကို မိမိနိုင်ငံသို့ ခုတ်မောင်းထွက် ပြေးလာသော
မြန်မာနိုင်ငံသား တစ်ဦးအမှု ကို ကော့သောင်း မြို့နယ် လူကုန်ကူးမှုတားဆီး
ကာကွယ်ရေး ရဲတပ်ဖွဲ့ဝင် များ နှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း
ယင်းအမှုကို စစ်ဆေး သူဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ
ရဲအုပ်မျိုးဝင်းလှိုင်က ဇန်နဝါရီ ၂ရရက်တွင် ရန်ကုန်
တိုင်းမ်နေ့စဉ်သတင်းစာသို့ ထုတ်ဖော်ပြောသည်။
ဖြစ်စဉ်မှာ ထိုင်းကျွန်းစု နှင့် မြန်မာအကြားရှိ နယ်စပ် တစ်ခုဖြစ်သော
ကမ်းမမြင် လမ်း မမြင် ပင်လယ်ပြင်တစ်နေရာ တွင် အဖို၊ အမ ငါးဖမ်းလှေ နှစ်
စင်း ငါးဖမ်းခြင်းများ လုပ်ဆောင် နေသည်။ ရလာသော ငါးများ ကို အမလှေက
ထိုင်းနိုင်ငံသို့ သွားရောက်ကာ ပို့ဆောင်ကမ်း ကပ်ခွင့်ရသော်လည်း အဖိုလှေ က
ကမ်းသို့ကပ်ခွင့်မရရှိဘဲ ပင် လယ်ထဲတွင် ကျန်ရစ်ခဲ့ရသည်။ ထိုကမ်းကပ်ခွင့်
မရသော အဖိုလှေ တွင် မြန်မာနိုင်ငံသား ကိုသန်းဇော်ထွေးနှင့် အောင်
ကျော်မိုးတို့နှစ်ဦး ရောက်ရှိနေ သည်။
သူတို့က ယင်းလုပ်ငန်း တွင် ခုနစ်နှစ်ခန့်ကြာ လုပ်ကိုင် လာခဲ့သော်လည်း
ရံဖန်ရံခါ သာ ကမ်းသို့တက်ခွင့်ရသည်။ လုပ် ခလစာများလည်း ပြည့်
ပြည့်ဝဝမရရှိဘဲ ခေါင်းပုံဖြတ် အနိုင်ကျင့်တာခံရသည်။ သုံး
စရာငွေကြေးမရှိသည့်အတွက် မွန်အမျိုးသမီးတစ်ဦးထံမှ အ တိုးဖြင့်ယူကာ
သုံးစွဲရသည်။ ထိုခါးသီးမှုများကို မခံမရပ်နိုင် ဖြစ်ကာ ၂၀၁၃ခုနှစ် နိုဝင်ဘာ
လအတွင်း ပင်လယ်ပြင်တွင် ငါးဖမ်းနေခိုက် အမလှေက
ကမ်းသို့သွားရောက်ငါးပို့သွား စဉ် အဖိုလှေပေါ်တွင် ကျန်ခဲ့ သော
မြန်မာနိုင်ငံသား ကိုသန်း ဇော်ထွေးနှင့် ကိုအောင်ကျော် မိုးတို့က
ငါးဖမ်းလှေကြီးတစ် စင်းလုံးကိုမောင်းပြေးခဲ့ကြခြင်း ဖြစ်သည်။
မြန်မာရေပိုင်နက်သို့ မရောက်မီ ပင်လယ်ပြင်လမ်း ခုလပ်တစ်နေရာတွင် ကိုအောင်
ကျော်မိုးက လှေဦးကို ထိုင်း နိုင်ငံ ရနောင်းဘက်သို့ လှည့် ခိုင်းသည်။
သူ၏ဇနီးနှင့်ကလေး က ရနောင်းတွင် ကျန်ခဲ့သည့် အတွက် မြန်မာနိုင်ငံသို့မလိုက်
လိုကြောင်း ကို သူငယ်ချင်းဖြစ် သူ ကိုသန့်ဇော်ထွေးကို ပြော သည်။
““တစ်ယောက်က ပြေးချင် တယ်။ တစ်ယောက်က မပြေး ချင်ဘူးဖြစ်ကြတယ်ပေါ့”” ဟု
ယင်းဇာတ်ကြောင်းကို ပြန်ပြော ပြနေသည့် အမှုစစ်ရဲအုပ်က ဆိုသည်။
ကိုသန်းဇော်ထွေးက မိမိ တို့အနေဖြင့် ရနောင်းသို့သွား မည်ဆိုလျှင် အစ ဖျောက်
ကာ အသတ်ခံရနိုင်ကြောင်း၊ ရ နောင်းဘက်ကိုသွားဖို့ မဖြစ်နိုင် ကြောင်း
ကိုအောင်ကျော်မိုး အားရှင်းပြသည်။
သို့ဖြင့် စဉ်းစားဦးမည်ဟု ဆိုကာ ကိုအောင်ကျော်မိုးက သဘောင်္စ္က်ခန်းထဲသို့ ဝင်
သွားသည်။ ထို့နောက်သင်္ဘော မောင်းနေသော ကိုသန်းဇော် ထွေးကို
ကိုအောင်ကျော်မိုးက ဓားဖြင့်ထိုးချလိုက်သည်။ ဓား ချက်သည် ကိုသန်းဇော်ထွေး
၏လည်ပင်း ကို ရှပ်ထိသွား သည်။ နှစ်ယောက်သား လှေ ကြီးအတွင်း နပန်းလုံးသတ်
ပုတ် ကြရာ ကိုအောင်ကျော်မိုး ဆီကဓားကို ကိုသန်းဇော်ထွေး လုယူကာ
ဓားဖြင့်ပြန်ထိုးချ လိုက်သည်။ ကိုအောင်ကျော်မိုး ၏ဘယ်ရင်အုံကို ထိုးမိသည်။
နောက်လုံး ထွေးရင်း ဆလင်ခန်း မှ ကုန်းပတ်သို့ ပြုတ်ကျသွား ကြသည်။ ယင်းနောက်
ကို အောင်ကျော်မိုးက ဇနီးနှင့် ကလေးကျန်ခဲ့သည့်အတွက်
မလိုက်ပါရစေနဲ့သူငယ်ချင်း ဟုဆိုပြီး တောင်းပန်လိုက်သည့် အတွက်
နှစ်ဦးသားရပ်နား လိုက် ကြ သည်။
ကိုသန်းဇော်ထွေးက ““မင်း မလိုက်ချင်ရင် ဆင်းကျန်ခဲ””့ ဟု
ကိုအောင်ကျော်မိုးကို ပြော လိုက်သည်။ ကိုအောင်ကျော် မိုးက မိသားစုဇောကပ်ကာ
ပင် လယ်ထဲသို့ ခုန်ချလိုက်သည်။ ယင်းနှင့်အတူ ရိက္ခာအ ဖြစ်
တစ်လီတာရေသန့်နှစ်ဗူး၊ ကင်းမွန်ခြောက်တစ်ထုပ် ပါ သွားသည်။ ထို့နောက်
ကိုသန်း ဇော်ထွေးက မြန်မာ့ရေပိုင်နက် ထဲသို့ တစ်ယောက်တည်း ငါး
ဖမ်းလှေကြီးကို ခုတ်မောင်းလာ ရာ ၂၀၁၃ခုနှစ် နိုဝင်ဘာ ၅ ရက်တွင်
မြန်မာ့ရေတပ်ကင်း စောင့်စစ်ရေယာဉ်ထံတွင် အ ဖမ်းခံ လိုက်သည်။
ယင်းနောက် သီလဝါအ မှတ်(၂) စစ်ရေယာဉ်စုမှ တပ် ကြပ်ကြီး ဝင်းမြင့်ကျော်က တ
ရားလိုပြုကာ ဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ လာရောက်တိုင်တန်း
အမှုဖွင့်ထားခဲ့သည်။ ယင်းကို ဆိပ်ကမ်းမြို့နယ်ရဲ စခန်းက ပ/၃၀၉၊ ၂၀၁၃၊
ဖြစ်မှုပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။ သက်သေများ ကို
မစစ်ဆေးနိုင်သေးသည့် အတွက် ကိုသန်းဇော်ထွေးကို ယမန်ရက်ပေါင်း ၃ဝကျော်
ယူပြီး စစ်ဆေးခဲ့ရာ ယခုအချိန် တွင် အာမခံပေးကာလွှတ်ပေး ထားသည်။
ငါးဖမ်းလှေကြီး ပျောက်ဆုံး သွားခြင်းကြောင့် ထိုင်းအစိုးရဘက်မှ ၂၀၁၄ ခုနှစ်
ဇန်နဝါရီ ၁၄ရက်တွင် မြန် မာအစိုးရကို ယင်းကိစ္စကိုစုံစမ်း ပေးဖို့
တရားဝင်အကြောင်း ကြားစာပေးပို့လာသည်။
ယင်းအမှုသည် ငါးဖမ်း လှေကို ယူဆောင်ခြင်းအတွက် အမှုဖွင့်ထားခြင်းမဟုတ်ဘဲ
ကိုအောင်ကျော်မိုး ရေထဲခုန် ချကျန်ခဲ့ရသည့်အတွက် အမှု ဖွင့်စစ်ဆေးခြင်းသာ
ဖြစ် ကြောင်း၊ ယင်းရေထဲတွင် ကျန်ခဲ့ သူ အသက်ရှင်သန်မှုရှိမရှိကို လည်း
စစ်ဆေး ရဦးမည်ဖြစ် ကြောင်း၊ ရနောင်းတွင် ကျန်ခဲ့ သော ကိုအောင်ကျော်မိုး၏
အမျိုးသမီးကိုလည်း ဆက်သွယ် မှုရယူကာစစ်ဆေးရဦးမည် ဖြစ်ကြောင်း၊
တစ်ဖက်နိုင်ငံမှ တရားမဝင်ငါးဖမ်းလှေများ သည် ညဘက်တွင် မြန်မာ့ရေ ပိုင်နက်
ထဲ သို့ လာရောက်ကာ ငါးခိုးဖမ်းကြပြီး နေ့ဘက်တွင်
ယင်းတို့၏ပိုင်နက်ထဲသို့ပြန် သွားတတ်ကြောင်း အမှုစစ်ရဲ အုပ်မျိုးဝင်းလှိုင်က
ဆိုသည်။
Tuesday, January 28, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment