အသက် ၃၉ နှစ်အရွယ် ၊ ဂျူလီကိုရေး ဆိုသူ မိန်းမတစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် သူငယ်ချင်းဖြစ်သူ ဒါလိန်းဟေးနက်စ် ကို သတ်ပြီး ဗိုက်ထဲက ရှစ်လသားအရွယ် ကလေးလေးကို ထုတ်ယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုရေးဟာ သူမ သူငယ်ချင်းကို ရိုက်ပုတ်ကာ သေတဲ့အထိ လည်မျိုညှစ်သတ်ခဲ့တယ်လို
့ စွဲချက်တင်ခံထားရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုရေးတစ်ယောက်
ကိုယ်ဝန်ပျက်ကျပြီး သုံးလအကြာမှာ ဖြစ်ပွားခဲ့တာပါ။
ဟေးနက်စ်ရဲ့အလောင်းကို သူမတိုက်ခန်း အ၀တ်ဗီရိုထဲ ထည့်ဖွက်ထားတာကို ၂၀၀၉
ခုနှစ်၊ ဂျူလိုင်လမှာ ရဲတွေက တွေ့ ရှိခဲ့ရပြီး လည်ပင်းမှာ
လျှစ်စစ်ဝါယာကြိုးနဲ့ ရစ်ပတ်ညှစ်သတ်ခံထားရတဲ့ သဲလွန်စတွေ တွေ့ 
ရှိခဲ့ရတာပါ။
ဟေးနက်စ်ရဲ့အလောင်းဟာ ၀မ်းဗိုက်ပွင့်နေပြီး မမွေးဖွားရသေးတဲ့ ကလေးဟာ ပျောက်ဆုံးနေခဲ့ပါတယ်။
ကိုရေးဟာ အခုထိ ဟေးနက်စ်ကို သတ်ခဲ့တဲ့အမှုမှာ သူမ လုံးဝမပါဝင်ခဲ့ကြောင်း
ငြင်းဆိုနေပေမယ့် ၊ ဂျူရီ လူကြီးတွေရဲ့ နှစ်ရက်နဲ့ ၁၀ နာရီကြာမြင့်တဲ့
သုံးသပ်မှုအပြီးမှာ Worcester အထက်တရားရုံးက ပထမအဆင့် လူသတ်မှုအဖြစ်
စွဲချက်တင်ခဲ့ပါတယ်။
ကိုရေးရဲ့ ရည်းစားဖြစ်သူ အဲလက်စ် က သူ
့ရည်းစား ကိုယ်ဝန်ရှိနေတာကို သိရှိခဲ့ပြီး ၊ ဒီ ကလေးလေးကို
အိမ်ခေါ်လာတဲ့အချိန်မှာ သူ့ ကလေး လို့ ထင်နေမိခဲ့ကြောင်း
သက်သေထွက်ဆိုခဲ့ပါတယ်။
အင်္ဂါနေ့ မှာ ကိုရေးအမှုကို စီရင်ချက်ချမှာဖြစ်ပြီး သူမ ရဲ့ ရှေ့ နေတွေကတော့ အယူခံဝင်ဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
ဟေးနက်စ်ရဲ့ ၀မ်းဗိုက်ထဲက ခွဲထုတ်ယူခဲ့တဲ့ ကလေးဟာ သက်ရှိထင်ရှားရှိနေပြီး
အခုဆို အသက်လေးနှစ်အရွယ် ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒီကလေးမလေးကို သူမရဲ့
အဖေ (ဟေးနက်စ်ရဲ့ ရည်းစား) က စောင့်ရှောက်ထားပါတယ်။
Friday, February 14, 2014
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment