
ဘေးဆိုးနဲ့ကြုံတွေ့ခဲ့ရသောတောင်ကိုးရီးယားဖယ်ရီသင်္ဘောသေဆုံးသူ(46)ဦးပေါ်
ထွက်လာရုပ်ပျက်ဆင်းပျက်ဖြစ်နေသောအလောင်း(10)လောင်းအထက်တွေ့ရှိ။ ပြီးခဲ့သောဗုဒွဟုးနေ့ကတောင်ကိုးရီးယားဖယ်ရီသင်္ဘောကြီးပေါ်တွင်ရေနစ်သေဆုံးသွား
ခဲ့သူတို့အလောင်းဆယ်လောင်းကိုမည်သူမည်ဝါလို့မခွဲခြားနိုင်တော့ပဲပေါ်ထွက်လာခဲ့တယ်။
ထိုအလောင်းများကိုသယ်ယူလာနေပြီဖြစ်ပြီးသေဆုံးသူ(46)ဦးအထိတိုးလာခဲ့သည်။စုစုပေါင်း
စုစုပေါင်း(256 )ဦးမှာအထက်တန်းကျောင်းသားများဖြစ်ကြပြီးအများစုဟာပျောက်ဆုံးနေဆဲပါ။
ကယ်ဆယ်ရေးသမားတွေဟာသင်္ဘောကြီးထဲကိုဝင်ရောက်နိုင်ဖို့အတွက်နည်းအမျိုးမျိုးနဲ့ကြိုး
စားနေခဲ့ကြပါတယ်။အတော်များများကတော့သူတို့ရဲ့ကြိုးပမ်းနေမှုမအောင်မြင်ပဲဖြစ်နေကြ
ပါတယ်ဟုတာဝန်ရှိသူတွေပြောကြားချက်ကိုကိုးကားပြီးသတင်းမီဒီယာတွေကဆိုပါတယ်။
ရာသီဥတုဆိုးရွားမှုမြင်ကွင်းမကောင်းမှုတွေကြောင့်ရေအောက်သို့သွားရောက်ပြီးသင်္ဘောထဲ
သို့ဝင်ရောက်ရှာဖွေရန်အခက်အခဲကြုံနေရတာဖြစ်ပါတယ်။
လက်ရှိတောင်ကိုးရီးယားအစိုးရဟာနစ်မြုပ်သွားတဲ့ဖယ်ရီသင်္ဘောကြီးပေါ်ပါဝင်သွားခဲ့
သည့် ဒုက္ခသည် များရဲ့ဒေါသထွက်နေသောဆွေမျိုးများရဲ့ဒေါသတကြီးတုံ့ပြန်ချက်များ
နှင့်ရင်ဆိုင်နေရပါတယ်။
လူတစ်ရာအထက်ရှိသောလူအုပ်ကြီးတခုကရဲများနှင့်အချင်းဖြစ်ပွားပြီးအနောက်
တောင်ဘက်ကျသောဂျင်ဒူးကျွန်းမှဆိုးလ်မြို့တော်ကယ်ဆယ်ရေးဗဟိုဌာနချုပ်တည်ရှိ
တဲ့ဗွီရာတံတားဗဟိုဒေသဆီသို့ချီတက်ရန်ကြိုးစားခဲ့ပါကြပါတယ်။
အစောပိုင်းလောက်မှာ ဒုက္ခသည်များရဲ့ဆွေမျိုးများဟာ ဂျင်ဒူးအားကစားရုံကြီးမှာစုရုံးခဲ့
ကြပါတယ်သူတို့ဟာထိုနေရာမှာလေးရက်လုံးလုံးသတင်းများကိုစောင့်ရင်းအချိန်ဖြုန်းနေခဲ့ရ
တာပါ။
မှောက်ခုံဖြစ်နေသောသင်္ဘောကြီးကိုအင်ခရိုကျွန်းနားမှအနောက်မြောက်ဘက်ကျသော
ဂျင်ဂျူးကျွန်းဆီသို့ဆွဲယူသွားနေခဲ့တာပါ..ထိုသင်္ဘောကြီးကိုအလုပ်သမားလေးရာကျော်
လောက်သုံးပြီးဆွဲသွားနေတာပါ.ကယ်ဆယ်ရေးတွေဟာခရီးသည်(179)ဦးပဲ့တာဝန်ယူရှာ
ဖွေပေးနိုင်ခဲ့တယ်။
ဖယ်ရီသင်္ဘောကပတန် လီဂျောင်စီးရို ကိုစနေနေ့ကဖမ်းဆီးထိမ်းသိမ်းထားလိုက်ပြီ
ဖြစ်ပြီးသူဟာပေါ့ဆမှု..တာဝန်ပျက်ကွက်မှု..ရေကြောင်းဥပဒေကိုချိုးဖေါက်မှုစသည့်
စွဲချက်ငါးခုလောက်ကိုရုံးတော်မှာဖြေရှင်းရမှာဖြစ်တယ်။












0 comments:
Post a Comment