၁၄.၄.၂၀၁၄ ရက်နေ့ ၁၃၁၀အချိန် ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွန်းတောလမ်း၊ Junction Square ရှေ့တွင် စိုက်ထူထားသော အလျား (၂၀)ပေ၊ အနံ(၁၅)ပေ၊ အလေးချိန်(၃)တန်ခန့်ရှိ Junction Square ကြော်ငြာဆိုင်းဘုတ်အား ဖြုတ်ယူရန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူ များဖြစ်သည့် ယာဉ်မောင်း ကိုထွန်းနှင့် ၀န်ချီစက်ကြိုးချိတ်လုပ်သား မော်တာလေး(ခ)မျိုးမြင့်အောင်တို့မှ ၆ဂ/---- ကရိန်းယာဉ်ဖြင့် ကြိုးချိတ်ပြီး မူလီ(၄)လုံးအနက် (၁)လုံးအားဖြုတ်၍ ကြိုးတင်းစဉ် ဆိုင်းဘုတ်မှာ အောက်သို့ပြုတ်ကျ သွားခဲ့ပါသည်။
၎င်းဆိုင်းဘုတ်ပြုတ်ကျစဉ် လမ်းဘေးရှိ လျှပ်စစ်ဓါတ်တိုင်ပေါ်သို့ကျခဲ့ရာ ဓါတ်တိုင်(၉)တိုင်လဲကျပျက်စီး သွားခဲ့သဖြင့် Junction Square တာဝန်ခံ ဒေါ်မိုးမိုးအေးမှ မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့သို့ အကြောင်း ကြားကာ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ ပေါ့လျော့စွာပြုလုပ်ခဲ့၍ ဆိုင်းဘုတ်ပြုတ်ကျပြီး လျှပ်စစ်ဓါတ်တိုင် များလဲကျ ပျက်စီးခဲ့သဖြင့် အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment