အစိုးရတပ်ခမရ(၅၆၇)မှ ဒုတိယ တပ်ရင်းမှူးတစ် ဦးသည် ကေအိုင်အေ၏ ပစ်ခတ်မှု ကြောင့် ဧပြီ ၄ရက်တွင် ကျဆုံး သွားကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် မန်ဝိန်းကြီး အနီးရှိ မန်ဝိုင်းကျေးရွာ ကေအိုင် အေ
ထိန်းချုပ်နယ်မြေသို့ အစိုးရ တပ်ခမရ(၅၆၇)မှ တပ်ရင်းမှူး
ဗိုလ်မှူးမျိုးညွန့်စိုးက ကားဖြင့် ၀င်ရောက်လာသောကြောင့် ရပ်တန့်ပေးရန်
တားသော်လည်း မရသည့်အတွက် ပစ်ခတ်လိုက်ခြင်းဖြစ်ပြီး လက်မောင်းတွင်
ထိမှန်ပြီး ကျဆုံး သွားခြင်း ဖြစ်ကြောင်း ကေအိုင်အေတပ်မဟာ(၄)မှအရာရှိတစ်ဦး
ကပြောသည်။
‘‘ပစ်လိုက်တဲ့ နေရာနဲ့ အ တော်ဝေးတဲ့နေရာမှာ သေဆုံးနေ တာတွေ့ရပါတယ်’’ဟု အထက် ပါ အရာရှိကဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့
ဆက်သွယ်မေးမြန်းရာဗိုလ်မှူးမျိုး ညွန့်စိုးမှာ ဒုတိယတပ်ရင်းမှူးဖြစ် ပြီး
လုံခြုံရေးဆောင်ရွက်နေစဉ် ကေအိုင်အေက ချောင်းမြောင်းပစ်ခတ်မှုကြောင့်
ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။
သန်းခေါင်စာရင်းကောက် ယူရာတွင် စာရင်းကောက်ဝန် ထမ်းများကို
ကေအိုင်အေမှခြိမ်း ခြောက်မှုများရှိနေသည့်အတွက် ၎င်းတို့
ထိန်းချုပ်နယ်မြေများ၌ မဟုတ်ဘဲ အခြားနယ်မြေများတွင်
မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေး
နေခြင်းသာဖြစ်ကြောင်း အထက်ပါအရာရှိကဆက်လက်ပြောသည်။
‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း
အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။
ချောင်းပစ်ခံရ တာပါ’’ဟု ဆိုသည်။
ကေအိုင်အေဘက်ကမူ ယင်း ဒုတိယတပ်ရင်းမှူး၏ အလောင်း နှင့် ၎င်းနှင့်အတူ
အရှင်ဖမ်းမိသော အစိုးရတပ်သားတစ်ဦးကို ပြန် လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း
ပြောသည်။
တပ်မတော်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ကေ အိုင်အေဘက်မှ ပြောကြားခြင်းကို မူ အစိုးရတပ်က ငြင်းဆိုခဲ့သည်။
လက်ရှိအချိန်တွင် မန်ဝိန်း ကြီးဒေသတွင် အစိုးရတပ်ခမရ(၅၆၇)၊ (၃၂၅)နှင့်
(၆၉)တို့မှ အင် အားတစ်ထောင်ကျော်ရောက်ရှိ နေကြောင်း ကေအိုင်အေဘက်က ဆိုသည်။
ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်သည် အ စိုးရနှင့်
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ
ပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန် ဧပြီ ၃ရက်မှစ တင်၍
ရန်ကုန်မြို့သို့ရောက်ရှိနေ သည်။
သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း
အတာဖြင့်ဆောင်ရွက်နေချိန်တွင် ကေအိုင်အေကလည်း ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု
မပခမှ ထိပ်တန်းအရာရှိကပြောသည်။
ထို့အပြင်သန်းခေါင်စာရင်း ကာလအတွင်း တနိုင်းမြို့နယ်တွင်အစိုးရတပ်မှ
အင်အားတိုးချဲ့မှု ကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း ကေအိုင်အေဘက်မှ
ပြောကြားခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ငြင်းဆိုထားသည်။
ဧပြီ ၂ ရက်မှ စတင်၍ အစိုးရစစ်ကြောင်းများ ကေအိုင်
အေထိန်းချုပ်နယ်မြေအတွင်းရှိ တနိုင်းမြို့နယ် ပယင်းမှော်အနီး အထိ
ဆက်တိုက်ထိုးစစ်ဆင်နေ ခြင်းကြောင့် လုပ်ငန်းလုပ်ကိုင် နေသူများကို
လုံခြုံရေးအတွက် နေရပ်ပြန်ခိုင်းရခြင်းဖြစ်ကြောင်းကေအိုင်အေတပ်မဟာ (၂)မှ
ထိပ်တန်းအရာရှိတစ်ဦးကပြော သည်။ လက်ရှိ အစိုးရတပ်များ ရောက်ရှိနေသည့်
ချမ်းသာမှော်မှ ရှေ့တိုးလာမည်ဆိုပါက တိုက်ပွဲ များ
ပိုမိုပြင်းထန်လာနိုင်ကြောင်း အထက်ပါအရာရှိကဆက်လက် ပြောသည်။
‘‘အင်အားလည်း မတိုးချဲ့ ဘူး။ တိုက်ပွဲလည်း မဖြစ်ပါဘူး’’ ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက ဆို သည်။
တနိုင်းမြို့နယ်ရှိ ပယင်းမှော် များတွင် မြန်မာနိုင်ငံအရပ်ရပ်မှ
လာရောက်လုပ်ကိုင်နေသူ တစ် သိန်းခန့်ရှိပြီး ယခုအခါ လုပ်သား အများစုမှာ
နေရပ်ပြန်နေကြပြီဖြစ် သည်။
တနိုင်းမြို့နယ်တွင် နှစ်ဖက် တပ်များနေရာယူထားမှုမှာ သုံး
မိုင်ခန့်သာကွာဝေးတော့ကြောင်း ဒေသတွင်း ရင်းမြစ်များက ဆို သည်။
မန်ဝိန်းကြီး ဒေသတွင်မူ အစိုးရတပ်မှ အင်အားတစ် ထောင်ကျော်နှင့်
မန်ဝိုင်းအခြေ စိုက် ကေအိုင်အေတပ်များက နှစ် ဖက်တပ်များ တပ်ချင်းဆိုင်နေရာ
ယူထားကြောင်း သတင်းရရှိ သည်။
Author: အောင်ခိုင် / မရန်
7Day Daily
Sunday, April 6, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment