Sunday, April 20, 2014

သိန်း ၂၀၀ ကျော်တန် စိန်လော့ကတ်နှစ်ခု ခိုးယူသွားသော ပါကစ္စတန်နိုင်ငံသား နှစ်ဦးကို လေဆိပ်တွင် ဖမ်းဆီး

 
စိန်ရွှေရတနာဆိုင်မှ သိန်း ၂၁၀ ကျော်တန်
ဖိုးရှိသည့် စိန်လော့ကတ်နှစ်ခုကို ၀ယ်ဟ
န်ပြုကာ ခိုးယူသွားသူ ပါကစ္စတန် နိုင်ငံ
သားနှစ်ဦးအား မင်္ဂလာဒုံလေဆိပ်အထွက်တွင်
ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ကမာရွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပြည်လမ်းနှင့် ကျွန်းတောလမ်းကြားရှိ Junction Sq-uare ဈေးဝယ်စင်တာမြေညီထပ်မှ Rose Mary စိန်ရွှေရတနာဆိုင်၌ နိုင်ငံခြားသားနှစ်ဦးက စိန်ထည်ပစ္စည်းများကြည့်ရှုကာ မ၀ယ်ဘဲ ထွက်သွားပြီးနောက်  ဆိုင်ရှိပစ္စည်းများစစ်ဆေးကြည့်ရာ ကာလတန်ဖိုးငွေကျပ် သိန်း ၂၁၀ ကျော်တန်ဖိုးရှိ စိန်လော့ကတ် နှစ်ခုပျောက်ဆုံးနေ၍ ကမာရွတ် မြို့နယ်ရဲစခန်းသို့  တိုင်ကြားခဲ့ သည်။
  ထို့ကြောင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရဲတပ်ဖွဲ့ဝင်များက စောင့်စား ရှာဖွေခဲ့ရာ စိန်လော့ကတ်နှစ်ခုကို ခိုးယူသွားသူ  ပါကစ္စတန်နိုင်ငံသားနှစ်ဦးအား ရန်ကုန်လေဆိပ်အထွက်တွင် ၂၄ နာရီအတွင်း ဖမ်းဆီးမိခဲ့သည်။ ဧပြီ ၁၀ရက် နံနက်က ထိုင်းလေကြောင်းခရီးစဉ် TG-304၊ လေယာဉ်အမျိုးအစား A-330 ဖြင့် လိုက်ပါမည့် ခရီးသည်များထဲမှ ၎င်းတို့နှစ်ဦးကို တွေ့ခဲ့သဖြင့် စစ်ဆေးရှာဖွေခဲ့ကြသည်။

 ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့မှာ ပါကစ္စတန်နိုင်ငံသား များဖြစ်ကြသည့် Mr.Ali Asifi နှင့် Mr.Hussain Baqir နှစ်ဦးအားဖမ်းဆီးစစ်ဆေးကာ ကမာရွတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ် တမ်းတွင်ဖော်ပြသည်။

 ဖြစ်ပွားပုံမှာ Rose Mary စိန်ရွှေရတနာဆိုင်၏ မန်နေဂျာ ဒေါ်မျိုးမမလွင်မှ ၎င်းသည် ဧပြီ ၉ ရက် နံနက်ဆိုင်စဖွင့်ချိန်၌ ရတနာဆိုင်ခင်းရန် ပြင်ဆင်နေစဉ် နိုင်ငံခြားသား  နှစ်ဦးရောက်လာ ပြီး ပြောင်ခေါင်းစိမ်းကျောက်များ ကြည့်လိုကြောင်း အင်္ဂလိပ်ဘာ သာဖြင့် ပြောခဲ့သည်။ ထို့ကြောင့်ဒေါ်မျိုးမမလွင်နှင့်  ဆိုင်ရှိအ ရောင်းဝန်ထမ်းတို့က ကျောက်များကို ဆိုင်၏ ကောင်တာပေါ်တင်၍ ပြသခဲ့သည်။

၎င်းအမျိုးသားနှစ်ဦးက ပြသ သည့် ကျောက်များကို မကြိုက် ကြောင်း  ပြောဆိုပြီး  စိန်ထည် ပစ္စည်းများထည့်ထားသည့် ကောင်တာသို့ သွားကာ စိန်ထည်ပစ္စည်းများကို ထပ်မံပြသခိုင်းခဲ့သည်။ ၎င်းတို့က အိတ်အတွင်း ထည့်ထားသော စိန်ထည်ပစ္စည်း ၄၄ မျိုးကို ထုတ်ပြသခဲ့ရာ အမျိုးသားနှစ်ဦးက ကြည့်ရှုပြီး  မကြိုက် ကြောင်း ပြောကာဆိုင်အပြင်သို့ ထွက်သွားကြသည်။

၎င်းအမျိုးသားနှစ်ဦးထွက် သွားခဲ့စဉ် ထုတ်ယူပြသခဲ့သည့် စိန် ထည်ပစ္စည်းများကို ပြန်စစ်ဆေးရာ တန်ဖိုးငွေကျပ် ၁၁,၈၀၀,၀၀၀ တန်သည့် အသည်းပုံစိန်လော့ ကတ်တစ်ခုနှင့် တန်ဖိုးငွေကျပ် ၉,၆၃၀,၀၀၀ တန်သည့် မိုးစက်ပုံ စိန်လော့ကတ်တစ်ခုတို့ ပျောက် နေ၍ ၎င်းအမျိုးသားနှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘သူတို့နှစ်ယောက်က ဆိုင် စဖွင့်ချိန်မှာ သူတို့ဘာသာ တံခါး ကို တွန်းဖွင့်ပြီး ဆိုင်ထဲကို ၀င်လာ တော့ ကျွန်မက ပစ္စည်းတွေ လိုက် ပြရတာပေါ့။ စိန်လော့ကတ်တွေ က တစ်ထုပ်ကို ၄၇ ခုစီပါတာ ပြလိုက်တော့ အင်္ဂလိပ်လိုတွေ ပြောတာ၊ ဘာတွေပြောမှန်းမသိဘူး။သူမေးတာတွေကိုလည်း ချက်ချင်းပြန်မဖြေနိုင်တော့  မ၀ယ်တော့ဘူးဆိုပြီး ထွက်သွားတာ။ ဘောင်းဘီအိတ်ထဲကို လက်နှိုက် လိုက်တာတော့ တွေ့လိုက်တယ်။ မသင်္ကာတာနဲ့ ပြန်စစ်ကြည့်တော့ မှ စိန်လော့ကတ်နှစ်ခုပျောက်တာ တွေ့ရတော့ သူတို့ကိုလိုက်ရှာ တာ မတွေ့ရတော့ဘူး။ ဒါကြောင့်ရဲစခန်းမှာ အမှုသွားဖွင့်လိုက်တာ’’ဟု မန်နေဂျာဒေါ်မျိုးမမလွင်ကပြောသည်။

ရဲတပ်ဖွဲ့ဝင်များက CCTV ကိုသေချာပြန်ကြည့်ရာတွင် လည်း ၎င်းတို့၏လက်မှာ မြန်ဆန်ပြီး သေသေချာချာကြည့်မှသာ ဘောင်းဘီအိတ်ထဲသို့ လော့ကတ်ထည့်လိုက်သည်ကိုတွေ့ရ ကြောင်း ဒေါ်မျိုးမမလွင်ကပြောသည်။

 အဆိုပါ ပါကစ္စတန်နိုင်ငံ သားနှစ်ဦးသည် ဧပြီ ၄ ရက် နံနက်က ပါကစ္စတန်နိုင်ငံမှ ရန်ကုန်မြို့သို့ရောက်ရှိပြီး မန္တလေးမြို့သို့သွားပြီးနောက် ပျဉ်မနားဈေး၊ ကျောက်သပိတ်ဈေး၊ ရတနာပုံဈေးတို့မှ ရွှေ ၁၃ ကျပ်သား ကျော်ရွှေထည်လက်ဝတ် ရတနာမျိုးစုံ ၆၈ မျိုးကိုလည်း သုံးရက်အတွင်းခိုးယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းတို့ထံမှ သက်သေခံရွှေထည်ရတနာပစ္စည်းများအား သိမ်းဆည်းကာ အမှုဖွင့်အရေးယူသွားရန် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget