Thursday, April 24, 2014

ခေါင်းဆောင်ကောင်းဆိုတာ ရှေ.ကိုကြိုတွေးပါတယ်...


သမ္မတကြီးက ပြည်သူတွေနွားနို.သောက်ကြပါလို. ပြောလိုက်တော့ တစ်ချို.တွေအတွက်
သရော်စရာတွေဖြစ်ကုန်တယ်။ သမ္မတကြီးလိုအဖြစ်မျိုး စင်္ကာပူမှာလည်း
ြ ဖြစ်ဖူးပါတယ်။ အဲတုန်းကတော့ စင်္ကာပူဝန်ကြီးချုပ်က လီကွမ်ယုပါ။ သူက
ပြည်သူတွေကိုမိန်.ခွန်းပြောတဲ့အခါမှာ "စင်္ကာပူနိုင်ငံသူ/နိုင်ငံသားတွေအနေနဲ. အိမ်ထောင်ပြုတဲ့အခါမှာ ပညာတတ်အချင်းချင်းကိုပဲ ရွေးပြီးပြုကြပါ" ဆိုပြီး
တိုက်တွန်းလိုက်တယ်။
လက်မခံတဲ့လူတွေကြားမှာ ဝေဖန်သံတွေ၊ ကန်.ကွက်သံတွေ ပွက်လောရိုက်ကုန်ရော။
အဲတုန်းက စင်္ကာပူဆိုတာ ခုလိုမဖြစ်သေးတဲ့အချိန်။ ပညာတတ်ကလည်း
ခုလိုမများသေးဘူး။ အများစုက လက်လုပ်/လက်စားသမားအခြေခံလူတန်းစား ဘွဲ.မရတဲ့သူတွေဆိုတော့ သူတို.ကို သွားကလိသလိုဖြစ်သွားပြီး ညံကုန်တာ။
လီကွမ်ယုကလည်း ဒါမျိုးဖြစ်လာမယ်ဆိုတာ ကြိုသိတယ်။
သူကလည်း သုတေသနစာအုပ်စာတမ်းတွေဖတ်ပြီးမှ ပြောတာ။ လူတစ်ယောက်ရဲ့
စရိုက်၈၀% ကို သဘာဝကဖန်တီးပေးပြီး ကျန်တဲ့ ၂၀%က ပြုပြင်ဖန်တီးပေးမှုအရဖြစ်လာတာဆိုတာသူကသိထားတယ်။ ကလေးတစ်ယောက်
ဥာဏ်ရည်နဲ. ပညာထူးချွန်/ မထူးချွန်ဆိုတာ သူတို.မိဘတွေအပေါ်မှာ ၈၀%
မူတည်တယ်ဆိုတဲ့ သဘောပါ။
ဒါပေမယ့် လက်မခံတဲ့သူတွေကလည်း လမ်းဘေးဈေးသည် သား/သမီးတွေ
ပညာတတ်ကြီးတွေဖြစ်နေကြတာကို ပြန်ထောက်ကြတယ်။ တစ်ကယ်တော့
ပညာမတတ်တဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ ပညာတတ် မဖြစ်နိုင်ဘူးမဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ပညာတတ်မိဘကဆင်းသက်လာတဲ့သားသမီးဟာ
bright ဖြစ်တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို. ပိုများပါတယ်။
အဲကာလတုန်းက ဘယ်လိုပဲဝေဖန်ခံခဲ့ရပါစေ ... အချိန်ကာလတစ်ခုရောက်တဲ့အချိန်မှာတော့
လီကွမ်ယုနဲ. သူ.ကို အတိုက်အခံလုပ်ခဲ့တဲ့သူတွေကြားမှာ ဘယ်သူမှန်ခဲ့လည်းဆိုတာ သိလာခဲ့ပါတယ်။ အဲလိုပြောပြီးနောက်ပိုင်းမှာ စင်္ကာပူမှာ ပညာတတ်အချင်းချင်း လက်ထပ်ယူမှုများပြားလာခဲ့သလို ပညာတတ်လူငယ်လေးတွေလည်း အပြိုင်းပြိုင်း ပေါ်လာခဲ့ပါတယ်။
တစ်ကယ်တော့ မြန်မာတွေ လူကောင်ထွားဖို.နဲ. ဥာဏ်ရည်ထက်ဖို.အတွက် နွားနို.သောက်ကြပါလို. တိုက်တွန်းခဲ့တဲ့ သမ္မတကြီးစကားနဲ. နိုင်ငံအတွက်
ထူးချွန်ထက်မြက်တဲ့ ပညာတတ်လေးတွေ ပေါ်ထွက်လာဖို.အတွက် ပညာတတ်ချင်းလက်ထပ်ကြပါလို. တိုက်တွန်းခဲ့တဲ့ လီကွမ်ယုရဲ့ စကားတို.ဟာ ခေါင်းဆောင်ကောင်းပီသစွာ အနာဂတ်ကို မျက်စိတစ်ဆုံးမျှော်တွေးပြီး
ရည်မှန်းချက်ကြီးစွာနဲ. ပြောခဲ့တဲ့စကားတွေပါ။


0 comments:

Post a Comment

 
Twitter Bird Gadget