ရန်ကုန်၊ ဧပြီ ၁၀- ဘင်္ဂလားဒေရှ့်မှ အစွန်းရောက် အကြမ်းဖက်သမား တချို့ မြန်မာနိုင်ငံအတွင်းသို့ သင်္ကြန် ကာလအတွင်းဝင်ရောက်
ရန်ကြိုး ပမ်း နေကြောင်း အင်တာပိုမှသတင်းပေး ပို့ထားသည်ဟု နိုင်ငံတော် လုံခြုံရေး နှင့်ထောက်လှမ်းရေးဌာနမှအဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
ယင်းကဲ့သို့အကြမ်းဖက်သမား တချို့ဝင်ရောက်ရန်ကြိုးပမ်းနေမှုများ ကို အင်တာ ပို ရဲတပ်ဖွဲ့က စုံစမ်း ထောက်လှမ်းမိခဲ့ပြီး ကြိုတင်တားဆီး မှုများရရန် အတွက် မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို အသိပေးထားကြောင်း အဆင့် မြင့်အရာရှိက ဆက်လက်ပြောကြား သည်။
ယင်းက ““အဓိကစောင့်ကြည့် ရမှာကတော့ ရခိုင်ပြည်နယ်ဘက် ကိုပဲ စောင့်ကြည့်ရမှာ။ ဒီသတင်း က ကျွန်တော်တို့မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို အင်တာပိုက အသိပေးအ ကြောင်းကြားထားတာပါ။ လုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ်လုပ် နေပါတယ်။ လတ်တလောတော့ စိတ်ပူစရာ အခြေအနေမရှိပါဘူး။ ဒီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ ကို ၀င်ဖို့ကြိုးပမ်းနေ တယ်ဆိုပြီး အသိ ပေးထားတာ””ဟုပြောသည်။ မြန်မာနိုင်ငံရှိနယ်စပ်နေရာများ တွင်လည်း အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသားများ တရားမ၀င် ၀င်ရောက် မှုမရှိစေရန်လည်း လုံခြုံရေးစီစီတီဗွီ ကင်မရာတပ် ဆင်ထားကြောင်း သိ ရသည်။ ရန်ကုန်သင်္ကြန်တွင်လည်းလုံခြုံ ရေးအနေဖြင့် မဏ္ဍပ်များတွင် စီစီ တီဗွီလေးလုံးမှခြောက်လုံးအထိတပ် ဆင်ပေးထားပြီး မဏ္ဍပ်များအနီး တွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက လုံခြုံရေးစောင့်ကြပ် မည်ဖြစ် ကြောင်း သိရသည်။
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးမြင့်အေးက ““မဏ္ဍပ်လုံခြုံ ရေးတွေ အတွက် တစ်ခုချင်းလိုက်ပြီး စစ်ဆေးနေတယ်။ အတတ်နိုင်ဆုံး လုံခြုံရေး အတွက် ဆောင်ရွက်နေ တယ်။ အများပြည်သူတွေအနေနဲ့လဲ မသင်္ကာစရာ အထုပ်တွေ၊ လူတွေ တွေ့ရင်နီးစပ်ရာရဲစခန်းကိုအကြောင်း ကြားဖို့ပြော ချင်ပါတယ်”ဟုပြော သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် မဏ္ဍပ်ပေါင်း ၉၃ခုရှိကြောင်းသိရ သည်။

0 comments:
Post a Comment