Myanmar Peace Center မှာ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ပြုလုပ်တဲ့
တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA
ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ဆက်လက်ပူးပေါင်းပါဝင်ပြီး
နောက်ဆုတ်တမ်း ရဲရဲဝံ့ဝံ့ ရှေးဆက်ကြဖို့ အသင့်ရှိနေပြီဆိုတာ ကြားရလို့
ကျွန်တော်တို့ တိုင်းရင်းသား နယ်မြေအားလုံးမှာ
ငြိမ်းချမ်းတော့မှာပါလားဆိုပြီး ၀မ်းသာမဆုံးဖြစ်ရပေမဲ့ ကိုယ်နေထိုင်တဲ့
ကချင်ပြည်နယ်အတွက်ကတော့ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေးရယူလိုစိတ်
မရှိမှုကြောင့် မျော်လင့်ချက် အလမ်းဝေးနေဆဲပါပဲ။
ပြီးခဲ့တဲ့ များမကြာမီလများမှ ပြုလုပ်ခဲ့တဲ့
လိုင်ဇာကွန့်ဖရင့်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေးအဖွဲ့(NCCT)နဲ့ နှစ်ဖက်တိုက်ပွဲများ စောင့်ကြည့်ရေးအဖွဲ့ Technical
Teams တွေ ဖွဲ့စည်း လိုက်တော့ KIA အဖွဲ့ကတော့
ငြိမ်းချမ်းရေးလုပ်တော့မှာပါလားဆိုပြီး ကချင်ပြည်နယ်က လူထုအားလုံးက
ဝမ်းပန်းတစ်သာ ဖြစ်ခဲ့ကြရပါတယ်။ မြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ အစိုးရနဲ့ KIA
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တုန်း ကဆိုရင် ငြိမ်းချမ်းရေး ရစေချင်လွန်းလို့
ဆွေးနွေးပွဲလာတဲ့ KIA အဖွဲ့ကို လမ်းခရီးတစ်လျောက်မှာ သောင်းသောင်းဖျဖျ
ကြိုဆိုခဲ့ ကြပါသေးတယ်။
ငြိမ်းချမ်းရေး ရနိုးရနိုးနဲ့ တိုက်ပွဲ
ဖြစ်နတဲ့ စစ်ဘေးရှောင် ဒုက္ခ အမျိုးမျိုးတွေကြားထဲကနေ ကချင်း ပြည်နယ် လူထုက
အမျှော်လင့်ကြီး မျှော်လင့်နေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ လေး ငါး လလောက်ကစပြီး
ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာတွေ လျော့သွားလို့ ကိုယ့်နေရပ်ကို ပြန်ပြီး
နဂိုအတိုင်း အေးအေးဆေး ဆေး လုပ်ကိုင် စားသောက်မယ်လို့ ကြံတုန်း အခုတစ်ခါ
တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ စစ်ဘေးရှောင်ဖို့
နေရပ်စွန့်ခွါပြေးကြရပြန်ပါပြီ၊ တစ်ခြားတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေလဲ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေကြတာပါဘဲ၊
သူတို့နယ်မြေတွေမှာ အေးချမ်းနေပြီး ကျွန်တော်တို့ နယ်မြေမှာကျမှ မအေးချမ်း
တာဟာ KIA အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုးလားစိတ် မရှိတာကြောင့် ဖြစ်တယ်ဆိုတာ
အထူးပြောစရာ မလို တော့ပါဘူး။
အခုဆိုရင် အစိုးရတပ်တွေနဲ့ KIA တို့
တိုက်ပွဲဖြစ်လာတာ ၃ နှစ် ပြည့်လုနီးပါကြာခဲ့ပါပြီ၊ ဒီကြား ထဲမှာ အစိုးရနဲ့
KIA အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလဲ အကြိမ်ကြိမ်လုပ်ခဲ့ကြပါတယ်။
ဆွေးနွေး မှုလုပ်တိုင်း လည်း ငြိမ်းချမ်းရေးလုပ်နိုင်ပါစေ၊ ငြိမ်းချမ်းရေး
ရပါစေလို့ အဓိက ဒုက္ခခံစားနေရတဲ့ ကချင် လူထုက ဆုတောင်းပွဲတွေပြုလုပ်ပြီး
အဖြေကို အမြဲနားစွင့်နေခဲ့ကြပါတယ်။ ဆွေးနွေးပွဲတွေသာ ပြီးသွား ပါတယ်၊
ကျွန်တော်တို့ မျော်လင့်နေတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေက အခုချိန်ထိ
ထွက်မလာခဲ့ပါဘူး။
မြန်မာပြည်အရပ်ရပ်က ညီအစ်ကို မောင်နှမ အားလုံကလည်း
ကျွန်တော်တို့ ပြည်နယ် အေးချမ်း ပါစေဆိုတဲ့ ဆန္ဒနဲ့ ကူညီထောက်ပေးတာတွေ၊
ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ဂီတပွဲ၊ ဆုတောင်းပွဲ တွေ အားသက်တရော
လုပ်ပေးခဲ့ကြပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ကချင်ပြည်နယ်နေ
တိုင်းရင်းသား မောင်နှမများ အားလုံးက အထူးကျေးဇူးတင် ပါတယ်ဆိုတာကို
ကျွန်တော်ဒီနေရာကနေ ပြောချင်ပါတယ်။
သေချာ ပြန်စဉ်းစားကြည့်လိုက်တော့
KIA အဖွဲ့ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်နေ လူထုရဲ့ စိတ်ဆန္ဒကို
မျက်ကွက်ပြုပြီး နယ်စပ်တစ်လျောက်မှာမှောင်ခိုလုပ်ငန်း လုပ်ကိုင်ပြီး ၊
အသိပညာ မကြွယ် ၀သေးတဲ့ ကချင်ပြည်နယ်နေလူထုကို
ကချင်ဝမ်ပေါင်နိုင်ငံတော်ထူထောင်ရေး ဆိုတဲ့ စကားလုံးနဲ့ စည်းရုံး
သိမ်းသွင်းထားတဲ့ လက်နက်ကိုင် အာဏာတည်မြဲရေး၊ KIA အဖွဲ့ကောင်းစားရေးကို
ရှေ့ ရှု လုပ်ကိုင် နေတဲ့ အဖွဲ့ပဲ ဖြစ်တယ်ဆိုတာ ဒီကနေ့မှာ ကျွန်တော်တို့
နားလည်ခဲ့ကြပါပြီ။ ငြိမ်းချမ်းရေးလိုလားနေတဲ့ ကျွန်တော်တို့ ကချင်ပြည်နယ်နေ
လူထုရဲ့ ဆန္ဒကို ဒီအတိုင်းမျက်ကွယ်ပြုထားပြီ ဒီပုံစံအတိုင် အကြမ်း ဖက်တဲ့
လုပ်ငန်းတွေနဲ့ တိုက်ပွဲတွေကိုပဲ ဆက်လက်ပုံဖော်နေဦးမယ်ဆိုရင်
ငြိမ်းချမ်းရေးလိုချင်တဲ့ ကချင်ပြည်နယ်လူထုက ငြိမ်းချမ်းရေးမလိုချင်တဲ့
KIA ကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
Friday, April 18, 2014
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment