Sunday, April 13, 2014

MH370 ရှာဖွေမှု ဆက်လက်လုပ်ဆောင်နေဆဲ

Monday, April 14, 2014


မလေးရှားလေယာဉ်ရှာဖွေမှုနဲ့ ပတ်သက်ပြီး အသံလှိုင်း အသစ်တွေကို ပြီးခဲ့တဲ့ ၅ ရက်အတွင်း ထပ်မံရရှိခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ နိုင်ငံတကာပူးပေါင်းရှာဖွေရေးအဖွဲ့တွေဟာ လေယာဉ်ရှာဖွေဖို့ လေယာဉ် ၁၂ စင်း၊ သင်္ဘော ၁၄ စင်းနဲ့ ရှာဖွေရေးဧရိယာ ကျဉ်းနိုင်သမျှ ကျဉ်းအောင် ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ ဘာအချက်ပြအသံလှိုင်းမှ မရရှိတော့ဘူးလို့ ပူးပေါင်းရှာဖွေရေးအေဂျင်စီက ပြောပါတယ်။ အချက်ပြ အသံလှိုင်းကို နောက်ဆုံး ဖမ်းမိခဲ့တာကတော့ အင်္ဂါနေ့တုန်းက ဖြစ်ပြီး ၄ ကြိမ်တိတိ ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့တုန်းက RAAF Orion လေယာဉ်က အသံလှိုင်းတခုကို ဖမ်းမိခဲ့ပေမယ့် လေယာဉ်ရဲ့ မှတ်တမ်းတင်စက်က ထုတ်လွှင့်တာ မဟုတ်ဘူးလို့ ရှာဖွေရေး အေဂျင်စီက အတည်ပြုပြောဆိုခဲ့ပါတယ်။
အခုလို ရှာဖွေရေး လုပ်နေစဉ်မှာပဲ အကယ်၍သာ လေယာဉ်ရဲ့ မှတ်တမ်းတင် စက်ကို ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ဘယ်သူတွေက ထိန်းသိမ်း စစ်ဆေးမှုတွေ လုပ်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး မလေးရှားယာယီ သယ်ယူပို့ဆောင်ရေး ၀န်ကြီး Hishammuddin Hussein က ရှင်းလင်းချက်တခု လုပ်ခဲ့ပါတယ်။ မလေးရှားလေယာဉ်ဟာ လူပေါင်း ၂၃၉ ဦးတင်ဆောင်ပြီး မတ်လ ၈ ရက်နေ့ ကနေ ဒီကနေ့အထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget