Wednesday, April 16, 2014

ချီကာဂိုမှ Sacramento သို့ လေယာဉ် ပျံသန်းနေစဉ်အတွင်း ခရီးသည်တစ်ဦး တံခါးဖွင့်ရန် ကြိုးစားမှုကြောင့် လမ်းကြောင်း ပြောင်းခဲ့ရ

အမေရိကန်နိုင်ငံ ချီကာဂိုမှ Sacramento သို့ ပျံသန်းတဲ့ လေယာဉ်ဟာ ပျံသန်းနေစဉ်အတွင်း ခရီးသည်တစ်ဦး တံခါးဖွင့်ရန် ကြိုးစားမှုကြောင့် နီဘရာစကာ ပြည်နယ် Omaha မြို့သို့ လမ်းကြောင်း ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ သိရပါသည်။ ဒီဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Joshua Carl Lee Suggs ဆိုသူ ခရီးသည်ရဲ့ စည်းကမ်းမလိုက်နာဘဲ လေယာဉ်နောက်တံခါးကို ဖွင့်ရန် ကြိုးစားခဲ့တာကြောင့် Eppley လေယာဉ်ကွင်းသို့ ဆင်းသက်ခဲ့ရပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget