Monday, May 19, 2014

နောင်ချိုမြို့ နယ်တွင် ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်မှ မွှေးညှင်းတော်များ ထွက်ပေါ်


ကဆုန်လပြည့်ကျော် (၂) ရက်နေ့ ၊ မေလ
(၁၅) ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်း၊
 နောင်ချိုမြို့ နယ်၊ လောက်ဖန်းကျေးရွာ၊
 လောက်ဖန်းကျောင်းတိုက်ရှိ ကျောက်ဆင်း
တု ဗုဒ္ဓ ရုပ်ပွားတော်၏ နှုတ်ခမ်းတော်နေ
ရာ၌ မွှေးညှင်းတော် များ ထွက်ပေါ်လာသည်ကို ဖူးတွေ့ ခဲ့ရကြောင်း သိရသည်။

နောင်ချိုမြို့ အနီး၊ ကျောက်ကြမ်းကျေးရွာမှ လောင်ဖန်းဘိလပ်မြေစက်ရုံကို ကျော်လွန်ကာ လောက်ဖန်းကျေးရွာသို့  ရောက်ရှိနိုင်မည်ဖြစ်ပြီး လောက်ဖန်းကျေးရွာတွင် ပန်ဦးမြေဆုတောင်းပြည့်စေတီတော်နှင့် လောက်ဖန်း ဘုန်းကြီး ကျောင်းတိုက်တို့  သာသနာ့ဝတ္တကမြေ တစ်ခုတည်းတွင် တည်ရှိကြောင်း သိရသည်။

ပန်ဦးမြေဆုတောင်းပြည့်စေတီတော်တွင် ဂြိုလ်ပြေနံပြေ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပါယ်တော် မူရာ စနေထောင့်တွင် သီတင်းသုံးတော်မူသော ကျောက်ဆင်းတုတော်၏ နှုတ်ခမ်းတော် မှ မွေးညှင်းနုများ ထူးဆန်း စွာ ထွက်ပေါ်လာသည်ကို ကဆုန်လပြည့်ကျော် (၂) ရက်နေ့ တွင် လောက်ဖန်းကျောင်း ထိုင်ဆရာတော် နှင့် ဘုရား ဖူးအချို့ က စတင်ဖူးတွေ့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးညှင်းတော်တွေက အရင်းပိုင်းမှာ အနက်ရောင်၊ အဖျားပိုင်းမှာ အဖြူရောင်ပါ။ အခုဆိုရင် လက် ၃-သစ်လောက် ရှည်နေပါပြီ။ ဒီကျောက်ဆင်းတုတော်ကို အခုအခါ လောက်ဖန်းဘုန်းကြီးကျောင်းပေါ်မှာ ပင့်ဆောင် ပူဇော်ထား ပါတယ် ဟု လောက်ဖန်းကျောင်းတိုက်သို့  ကိုယ်တိုင်သွားရောက် ဖူးမျှော်ခဲ့သူ ဒေါ်အုံးဆန်း၊ အထက်တန်းပြ၊ အထက (၁) လားရှိုး က ပြောပြသည်။

ယခုအခါ ပန်ဦးမြေဆုတောင်းပြည့် စေတီတော်နှင့် လောက်ဖန်း ဘုန်းကြီးကျောင်းတို့  သည် မွေးညင်းတော် ဗုဒ္ဓမြတ်စွာဘုရား ကျောက် ဆင်းတုတော်ကို လာရောက်ဖူးမျှော်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။့ 






0 comments:

Post a Comment

 
Twitter Bird Gadget