Wednesday, May 7, 2014

မစ္စယင်လတ်ကို ဝန်ကြီးချုပ်အဖြစ်အုပ်ချုပ်ခွင့် မရှိဟု ခုံရုံးဆုံးဖြတ်

 








၂၀၁၁ ခုနှစ်က ထိုင်း အမျိုးသား လုံခြုံရေးဋ္ဌာန အကြီးအကဲကို အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသား စုရဲ့ ဖွေ့ထိုင်း ပါတီအကျိုး အမြတ်တွေရခဲ့ပြီး ဒါဟာ အာဏာကို အလွဲသုံးစား လုပ်တယ် ဆိုကာ Paiboon Nititawan ဦးဆောင်တဲ့ ထိုင်း အထက်လွှတ်တော် အမတ်တွေက စွဲဆိုထားမှုနဲ့ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံးက မစ္စယင်လတ်ကို ဖွဲ့စည်း ပုံ အခြေခံ ဥပဒေခုံရုံးက အာဏာ အလွဲသုံးစားမှုနဲ့ ယမန်နေ့က စတင်က ကြားနာ စစ်ဆေးခဲ့အပြီး အခုလို ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ 
အခုလို ဆုံးဖြတ်ချက်ကြောင့် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စ ယင်လတ် အပါအ၀င် ၀န်ကြီး အဖွဲ့ဝင်တွေဟာလည်းသူတို့ရဲ့ တာဝန်တွေက အဆုံးသတ်ထွက်ပေးကြရမှာဖြစ်ပါ တယ်။ 
အဲဒီဆုံးဖြတ်ချက်အရ မစ္စယင်လတ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်လည်း ၅ နှစ် ပိတ်ပင်ခံရမှာဖြစ်သလို အာဏာလေဟာ နယ်ဖြစ်သွားမှာဖြစ်ပြီး ဒီကိစ္စကို ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေ ခုံရုံးက တပါတည်း တာဝန်ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget