Tuesday, May 6, 2014

တရုတ်နိုင်ငံ၊ ကွမ်ဇူးရှိ ဘူတာရုံတစ်ခု၌ ဓားထိုး၊ ဓားခုတ်မှု တစ်ခု ထပ်ဖြစ်ပြန်

မေ ၆၊ ၂၀၁၄
တရုတ်နိုင်ငံ၊ ကွမ်ဇူးရှိ ဘူတာရုံတစ်ခု၌ ဓားထိုး၊
 ဓားခုတ်မှု တစ်ခု ဖြစ်ပြီး အနည်းဆုံး ၆ ဦး
 ဒဏ်ရာရရှိသည်။


ရဲမှ ကျူးလွန်သူတစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်နိုင်ကြောင်း (ကွမ်ဇူး) မြို့တော်ပြည်သူ့လုံခြုံရေးဗျူရိုက ဆိုသည်။

တိုက်ခိုက်မှု၏ အကြောင်းရင်းကို မသိရသေးပါ။ သို့သော် ထိုတိုက်ခိုက်မှုသည် စင်ကျန်မြို့တော် အူရမ်ကီရှိ ဘူတာရုံတစ်ခုအား တိုက်ခိုက်မှုနောက် တစ်ပတ်အကြာ၌ ဖြစ်ပွားခြင်းဖြစ်သည်။

မတ်လအတွင်းကလည်း ခွင်န်မင် ဘူတာရုံ၌ တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၂၉ ဦး သေဆုံးခဲ့သည်။
တရုတ်တာဝန်ရှိသူများက တိုက်ခိုက်မှုနှစ်ခုလုံးကို စင်ကျန် ဝီဂါရ် မူဆလင်များကို အပြစ်တင်ထားသည်။

ကွမ်ဇူးဂျာနယ်မှ ဖော်ပြချက်အရ ၎င်းတိုက်ခိုက်မှုသည် ခွင်န်မင်မှ လာသောရထား ဆိုက်ရောက်ပြီးမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုရထားမှ ဆင်းလာသောသူများထဲတွင် ဝတ်စုံဖြူ၊ ဦးထုပ်ဖြူများ ဝတ်ဆင်ကာ ဓားကြီးများ ကိုင်ဆောင်ထားသော လူငယ်တစ်စုလည်း ပါဝင်သည်ဟု ဆိုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget