ရခိုင်ပြည်နယ် မောင်တောမြို့နယ်
ဒုချီးရားတန်း ကျေးရွာတွင် ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း တိုက်ခိုက်ခံရမှုတွင်
လက်နက်လုမှုဖြင့် ဖမ်းဆီးခံထားရသည့်
ဘင်္ဂလီရှစ်ဦးကို မောင်တောမြို့နယ်
တရားရုံးက မေလ ၂၇ ရက်နေ့က
အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်ခဲ့ပြီး ထွက်ပြေး
လွတ်မြောက်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း
မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဘင်္ဂါလီများကို မောင်တောမြို့နယ် တရားရုံးတွင် ၁၄ ကြိမ် စစ်ဆေးခဲ့ပြီး
မေလ ၂၇ ရက်နေ့တွင် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ ၂
(၁)၊ (က) အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်လိုက်ခြင်း
ဖြစ်ကြောင်း မောင်တောမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြစ်ဒဏ်ချမှတ် ခံရသူများမှာ ရှောင်ရှုအာလောင်၊ ရောမာလီ၊ ဇာဟိတာလောင်၊
မာမက်ရော်ဖီး၊ မုစကာဖကာမာ၊ ကာမာလူဒိန်၊ ဒေါ်ဘီအူလာနှင့် ရှောင်ရှုအာလောင်တို့
ဖြစ်ကြပြီး ၎င်းတို့ကို မတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း
မောင်တောမြို့မ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို တိုက်ခိုက်မှုတွင် ပါဝင်ကူညီမှု၊
လက်နက်လုယက်မှုတို့ဖြင့် ဘင်္ဂါလီ ၄၆ ဦးကို မောင်တောမြို့တွင်
ဓာတ်ပုံနှင့်တကွ ပိုစတာများဖြင့် ကြော်ငြာကာ တရားခံပြေးအဖြစ်
သတ်မှတ်ထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောဆိုသည်။
မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့်
ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ဦး ပါဝင်သည့်
လုံခြုံရေးအဖွဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့်
ဒုချီးရားတန်းကျေးရွာ အရောက်တွင် ဘင်္ဂါလီများ၏ တိုက်ခိုက်ခံရသဖြင့်
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန်
သေနတ်တစ်လက် ပျောက်ဆုံးခဲ့သည်။
Saturday, June 7, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment