မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဆရာတော် 
ဝီရသူ) အား ဖုန်းဖြင့်ဆက် ၍ ခေါင်းဖြတ်မည်ဟု ချိန်းချောက်မှုများ 
နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် ဆရာတော်မှ သက်ဆိုင်ရာသို့ အကြောင်းကြားထား 
ကြောင်း ပြည်သူ့ဆန္ဒသို့မိန့်သည်။ ထိုသို့ချိန်းချောက်မှုများ 
နေ့စဉ်ဖြစ်ပေါ်နေသောကြောင့် မန္တလေးမြို့ခံများနှင့် ဒကာ၊ ဒကာမ များမှ 
ဆရာတော်၏အသက်အန္တရာယ်ကို စိုးရိမ်ကြသောကြောင့် ဆရာတော်၏တရားပွဲများ 
လုံခြုံရေးလိုက်ပါဆောင်ရွက်နေကြ ကြောင်းသိရသည်။ 
“အမြဲတမ်းချိန်းချောက်ခံနေရတယ်၊
 ချိန်းချောက်တဲ့သူကို ပြန်မေးတိုင်း မကြားဝံ့မနာသာတွေ ဆဲဆိုပြီးတော့ 
ဖုန်းကို ချ- ချပစ်တယ်၊ ပြီးရင် ပြန်ခေါ်တယ်၊ ဘုန်းကြီးအနေနဲ့ကတော့ 
ချိန်းချောက်သူတွေကို ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံချင်တယ်၊ 
ဘုန်းကြီးနဲ့ပတ်သက်တဲ့လူတွေကိုလည်း ဆဲတာဆိုတာတွေရှိတယ်၊ ဆဲတာ 
ဆိုတာလောက်ဆိုရင်တော့ သက်ဆိုင်ရာကို အကြောင်းမကြားပါဘူး၊ ခေါင်းဖြတ်မယ်လို့
 ချိန်းချောက်နေတော့ သက်ဆိုင်ရာကို အကြောင်းကြားရတယ်၊ ကြောက်လို့တော့ 
မဟုတ်ဘူး၊ မလိုလားအပ်တဲ့ပြဿနာတွေ ရှုပ်ထွေးကုန်မှာကို 
ဘုန်းကြီးအနေနဲ့စိုးရိမ်တယ်၊ ဘာသာရေးခေါင်းဆောင်တွေကို လည်း ဆရာတော့်အနေနဲ့
 မေတ္တာရပ်ခံချင်တယ်၊ စံနစ်တကျ ထိန်းသိမ်းကြဖို့လိုတယ်၊ အခုဟာက တစ်ဖက်သတ် 
ချိန်းချောက် တိုက်ခိုက်မှုတွေဖြစ်နေတယ်၊ ဆရာတော့်အနေနဲ့ ဘာသာရေးဝါဒ 
လုံးဝမဖြန့်ဘူး၊ တကယ်ဖြစ်ပျက်နေတာတွေကိုပဲ ဒကာ ဒကာမတွေသိအောင် 
ဟောပြောပေးနေတယ်၊ ဒီလိုတွေကြောင့် ချိန်းချောက်ခံနေရတယ်လို့ 
ဘုန်းကြီးအနေနဲ့ မြင်တယ်၊ အခု နောက်ဆုံးချိန်းချောက်တဲ့ 
ဖုန်းနံပါတ်တွေကတော့ ၀၉-၄၀၂၆၉၀၉၈၃ နဲ့ +၆၁၄၃၀၄၅၇၁၉ တို့ ဖြစ်တယ်၊ 
နံပါတ်မပေါ်တဲ့ဖုန်းတွေ နဲ့လည်း ချိန်းချောက်မှုတွေရှိတယ်၊ အသံကတော့ 
အသက်၅၀ကျော် လူကြီးတစ်ယောက်ရဲ့အသံပဲ၊ ဘေးနားမှာ တီးတိုး တီးတိုး နဲ့ 
ပြောဆိုသင်ပေးနေတဲ့အသံတွေလည်း ကြားရတယ်၊ Viber ဖုန်းနံပါတ်တွေနဲ့လည်း 
ဝင်တယ်၊ Viber ဖုန်းနဲ့ကျတော့ လိင်အင်္ဂါ တွေနဲ့ခိုင်းနှိုင်းပြီး ဘာ…ဂတုံး၊ 
ညာ…ဂတုံး၊ ထမင်းဝအောင်စားထားလို့ ကျိန်းမောင်းတယ်” ဟု ဆရာတော်မှ 
ပြည်သူ့ဆန္ဒကို မိန့်ကြားခဲ့သည်။ 
ယခုအခါတွင် ထိုဖုန်းများအား 
ပြန်လည်ခေါ်ဆိုရာတွင် ဖုန်းများပိတ်ထားကြောင်း သိရသည်။ ပြည်သူ့ဆန္ဒမှ 
၎င်းဖုန်း နံပါတ်များအား ဆက်သွယ်ခေါ်ယူရာတွင် စက်ပိတ်ထားသည်ဟုသာ 
ပြန်လည်ဖြေကြားခဲ့သည်။ 
မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ဆောင်ရွက်နေသူများကိုလည်း ဖုန်းဖြင့်ချိန်းချောက်နှောက်ယှက်မှုများရှိနေကြောင်း သိ ရသည်။ 
 
 
 
 
          
      
 
  
 
 
 
  
 
0 comments:
Post a Comment