Thursday, September 5, 2013

ကိုယ်ပိုင်မော်တော်ယာဉ် မသုံးရနေ့ ပထမဆုံးအကြိမ် ကျင်းပမည်

 

ကမ္ဘာ့ ကားမသုံးရနေ့ ကို စီးပွားရေး မြို့တော် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ သိရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်၌ ကျရောက်မည့် ကမ္ဘာ့ ကားမသုံးရနေ့ ကို ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာ နယ်နိမိတ် အတွင်းရှိ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ ဒဂုံ (အရှေ့ပိုင်း) နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်များမှ အပ ကျန်မြို့နယ် များတွင် ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ ကို ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ၅-၉-၂၀၁၃
အဆိုပါ နေ့တွင် မထသ(ဗဟို) ဥက္ကဋ္ဌ ဖြစ်သော ဦးလှအောင် ၊ အရိုးရောဂါ ဌာနမှ ပါမောက္ခ ဒေါက်တာ သစ်လွင် ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့် နှင့် ရန်ကုန်တိုင်း ဒေသကြီး ဒုတိယ ရဲမှူးကြီး ဦးအောင်နိုင် တို့က ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီတွင် လာရောက် ဟောပြော ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိသာ သတ်မှတ်ထားပြီး ယင်းနေ့တွင် အသုံးပြု ရသည့် ယာဉ်များ၏ နံပါတ်မှတ်ကာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး သို့ ပို့ဆောင်ပြီး လိုင်စင် ဆောင်သည့် အချိန်တွင် ဒဏ်ကြေး သတ်မှတ်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မထသ(ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget