Thursday, September 5, 2013

LG Electronics ကုမ္ပဏီမှ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို နည်းပညာပိုင်း ကူညီသွားမည်


ရန်ကုန် ၊ ၄-၉-၂၀၁၃
LG Electronics ( Myanmar Branch ) ကုမ္ပဏီမှ ရန်ကုန် နည်းပညာ တက္ကသိုလ် YTU ကို နည်းပညာ ဆိုင်ရာ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။
" အဓိက ကတော့ နည်းပညာ နဲ့ သက်ဆိုင်တဲ့ အရာ အားလုံးကို အကူအညီ ပေးသွားဖို့ပါ ၊ နောက်ပြီး LG ကုမ္ပဏီက ထုတ်လုပ် ဖြန့်ချိမယ့် ဖုန်း တွေရဲ့ နည်းပညာ ကိုလည်း ရန်ကုန် နည်းပညာ တက္ကသိုလ် နဲ့ စမ်းသပ် ပြုလုပ် သွားမှာ ဖြစ်ပါတယ် .... " ဟု LG Electronics ( Myanmar Branch ) မှ မန်နေဂျင်း ဒါရိုက်တာ Mr. Min Park က ပြောကြား ခဲ့သည်။
လက်ရှိ LG ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ဖုန်း တင်သွင်း ရောင်းချမှု များ ပြုလုပ်လျက် ရှိပြီး မြန်မာစာ ထည့်သွင်း အသုံးပြု ထားကြောင်း ၊ နောက်နှစ် များတွင် မြန်မာ့ ဖုန်းဈေးကွက် တွင် ယခုထက် ပိုမို ရောင်းအား မြှင့်တင် ခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

လာမည့် အောက်တိုဘာလ တွင်လည်း LG Electronics ကုမ္ပဏီမှ နည်းပညာ ဆန်းသစ် ထားသည့် LG G2 စမတ်ဖုန်း များကို မြန်မာနိုင်ငံ ဈေးကွက် သို့ တင်သွင်း ဖြန့်ချိနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံ နှင့် အဆင်ပြေ စေရန် မြန်မာ ဘာသာကို ထည့်သွင်း အသုံးပြု ထားကြောင်း သိရှိရသည်။(၄၅၂)

0 comments:

Post a Comment

 
Twitter Bird Gadget