ပထမဆုံးသူမှာ မသန်းသန်းလင်း(၂၃)နှစ်အရွယ်ရှိ အထည်ချုပ်သမဖြစ်ပြီး ၁၂နာရီ ၁၅မိနစ်အချိန်တွင်
တစ်လမ်းတည်းနေ အဒေါ်ဖြစ်သူ ဒေါ်ပိုမာ၏ နေအိမ် တွင် ထမင်းစားပြီးခဏအကြာ အိမ်အနီးရှိဈေးဆိုင်မှ
ကော်ဖီမစ်တစ် ထုပ်ဝယ်ယူသောက်ခဲ့ပြီးနောက် ခြေရင်းဘက်နေ ဦးမြင့်စိန်အိမ် ထံမှ ရေတစ်ခွက်
သောက်နေစဉ် ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်
“သူ့မှာက နှလုံးရောဂါအခံကရှိတယ်ဗျ။ အရင် ကလည်း ဒီလိုမူးလဲလို့ ဆေးရုံဆေးခန်းရောက်
ဖူးတယ်လို့ ကျွန်တော်တို့သိရတယ်။ အခုလည်း အဲဒီလိုဖြစ်တာ ရေတောင်မသောက်လိုက်ရပါဘူး။
ကျွန်တော်တို့ဆေးရုံမှာ ဆရာဝန်ရဲ့စစ်ဆေးချက်က လည်း အသဲက သာမန်ထက်ပိုကြီးနေ တယ်လို့
အတည်ပြုတယ်”ဟု ဒုရဲအုပ်ဝင်းမြင့်ထွန်းက ပြောကြားသည်။
အလောင်းအား ဆေးရုံမှ လက်ခံထားရှိ၍ လက်ဦး စစ်ဆေးတွေ့ရှိချက်အရ နှလုံးကြီး နေသည်ကို
တွေ့ရှိရပြီး၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ကျောက်တန်းမြို့မရဲစခန်းမှ
သေမှုသေ ခင်းအမှတ်စဉ် ၂၆/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။











0 comments:
Post a Comment