Monday, November 18, 2013

အနယ်နယ် အရပ်ရပ်မှ NLD ပါတီဝင်များ လာရောက် လက်ထောင် ခဲ့ပြီးနောက် အခြေခံဥပဒေ ပြင်ရန် ၈၈% လက်ထောင် ဟု NLD ကြေညာ





အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ကောက်ယူပွဲကို နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် နိုဝင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ရှင်းလင်း ပြောကြားခဲ့ပြီး အနယ်နယ် အရပ်ရပ်မှ NLD ပါတီဝင်များ လာရောက် လက်ထောင် ခဲ့ရာ  အခြေခံဥပဒေ ပြင်ရန် ၈၈% လက်ထောင် ဟု NLDမှ ထုတ်ပြန် ကြေညာခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လူထုသဘောထား ရယူပွဲသို့ နေပြည်တော်ခရိုင် အတွင်းရှိ ပါတီဝင်များ၊ ဒေသခံများ နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ၁၅၀၀၀ ၀န်းက ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။

ယင်းလူထုသဘောထား ကောက်ခံပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ဥပဒေ ပညာရှင်များဖြစ်သူ ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် အချက်များ၊ နိုင်ငံသားတို့၏ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော ရှေ့နောက်မညီညွတ်သည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ၄င်း၏သဘောထားကို ပြောကြားခဲ့ပြီးနောက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန် အတွက် လက်ထောင်စနစ်ဖြင့် ဆန္ဒမဲကောက်ခံခဲ့ရာတွင် ထိုသို့ ၈၈ ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

 
Twitter Bird Gadget