ဝေဠုကျော်က ကုမ္ပဏီထူထောင်လိုက်ပြီး ကုမ္ပဏီအတွက်
နိုင်ငံတော်ကနေအလုပ်တောင်းထားကြောင်း၊ အဲဒီအလုပ်ရမယ်ဆိုရင် ရရှိမယ့်
အမြတ်ငွေသိန်းပေါင်းနှစ် သိန်း ခန့်ကိုသူဆောက်ချင်နေတဲ့
ဆေးရုံဆောက်နိုင်ဖို့အတွက် အားလုံးလှူဒါန်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အများအတွက် အလုပ်လုပ်ချင် လို့ တောင်း ဆိုခြင်းဖြ စ်ကြောင်းကို ဝေဠုကျော်က ”
နိုင်ငံတော်က ခွင့်ပြုရင် အဲဒီအလုပ်ကြီးလုပ်တာနဲ့ တစ်ပြိုက်နက်ရတဲ့
အမြတ်အစွန်းကို ဆေးရုံကြီးဆောက်သွားမှာပါ။
ကျွန်တော်သုံးဖို့မပါပါဘူး။ကျွန်တော့်အတွက်
အားလုံး ပြည့်စုံလုံလောက်နေပါပြီ။ အများအတွက် အလုပ်လုပ်ချင်လို့
တောင်းဆိုထားတာပါ။ နိုင်ငံတော်ကလည်း ခွင့်ပြုမယ် လို့
မျှော်လင့်ပါတယ်။ကျွန်တော်တောင်းထားတဲ့ အလုပ်တစ်ခုကို
ကျွန်တော့်ကိုမပေးဘဲသူများတစ်ယောက်ကိုပေးမယ်ဆိုရင် ကျွန် တော်တောင်းဆိုရပါ
လိမ့် မယ်။ ကျွန်တော်နဲ့အတူ ပြည်သူတွေ အားလုံးလည်းဝိုင်းတောင်းဆိုပေးပါ။
ကိုဝေဠုကျော် အဲဒီအလုပ်ကြီးကို တောင်းထားတုန်းက ဆေးရုံဆောက်ဖို့ပါပါတယ်။
သူမရဘူး။ သူများရသွားရင် အဲဒီလူဆေးရုံဆောက်ဖို့ နိုင်ငံတော်က
တိုက်တွန်းပေးပါဆိုတာ အားလုံးတောင်းဆိုခွင့်ရှိပါတယ်။ အဲဒီအချိန်မှာ
ကျွန်တော့်ကို မပေးဘဲသူများ ကို ပေး လိုက် ရင်
ကျွန်တော်တောင်းထားတဲ့အလုပ်ကို ဖွင့်ချပြပါမယ်။ပြည်သူတွေ
အားလုံးဆုံးဖြတ်ကြပါ။ကျွန်တော်ဆေးရုံ ကြီးတအားဆောက်ချင်ပါ တယ်။တစ်ခုတည်းမ
ဟုတ် ပါဘူး။ အလုပ်တွေအများကြီးလုပ်ပြီး ကျွန်တော်မသေခင်
ဘယ်နှလုံးဆောက်နိုင်မလဲဆိုပြီး ဆောက်ချင် တာပါ။တစ်လုံးမှ
ဆောက်ခွင့်မရဘူးဆိုရင်တော့ ကျွန်တော့် ကု သိုလ်ကံပေါ့။ ကျွန် တော်တင်ထားတာ
နှစ်လကျော်ပါပြီ။ သမ္မတကြီးဆီအပါအဝင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း
တင်ထားပါတယ်” လို့ ပြောပါတယ်။
ဝေဠုကျော်က ကြက်ခြေနီအသင်းမှာလည်း
တာဝန်ထမ်းဆောင်နေပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကာ
အရေးပေါ်မီးလောင်တဲ့နေ ရာတွေကို လည်း ကူညီဆောင် ရွက်သွားမှာဖြစ်ကြောင်း
ပြောပါတယ်။ ပရိသတ်တွေအားလုံးကို အနုပညာနဲ့ အလုပ်ကျွေးပြုခဲ့ပြီး ရခဲ့တဲ့
ဝင်ငွေနဲ့ နေနိုင်စားနိုင်ခဲ့တာကြောင့် ကျန်ရှိနေ တဲ့ အချိန်တွေအားလုံးကို
ပရိသတ်ကို ပြန်လည်ပေးဆပ်တဲ့ အလုပ်တွေနဲ့ အသက်ဆက်ရှင်သွား မှာဖြစ်ကြောင်း
ဝေဠုကျော် က ပြောပါ တယ်။
Monday, November 18, 2013
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment