ရန်ကုန်ရောက်
KIA ဒု စစ်ဦးစီးချုပ် ဂွမ်မော်၏ သတင်းစာရှင်းလင်းပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ဂါရဝပြု တွေ့ဆုံရန် ရှိမရှိ မေးမြန်းရာ
လုံးဝ မရှိကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် လိုင်ဇာ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွင်လည်း တိုင်းရင်းသား အချို့က ငြိမ်းချမ်းရေးနို ဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားရန် တိုက်တွန်းခဲ့သော်လည်း KIA ပယ်ချခဲ့သည်။
ပြီးခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူခရီးစဉ်ကလည်း ကချင်တိုင်းရင်းသားများက လုံးဝ
ကြိုဆိုခြင်း မပြုခဲ့သလို ဒီဇင်ဘာလ ဒေါ်စု သြဇီခရီးစဉ်တွင်လည်း
ကချင်တိုင်းရင်းသားများက ကြိုဆိုမည် မဟုတ်ကြောင်း ကြေညာချက်
ထုတ်ပြန်ထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆလွတ်ဂွမ်မော်သည် ရန်ကုန်မြို့သို့
ပထမဦးဆုံးအကြိမ်ဖြစ် လာရောက်ကာ နိုဝင်ဘာလ ၁၈ ရက် နံနက်တွင်
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ၊
မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာတတိယပတ်အတွင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်
နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန်
ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စအတွက်ပင်
ဝန်ကြီးဦးအောင်မင်းနှင့် နံနက် ၈နာရီမှ ၉နာရီခန့်အထိ
တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။
အစိုးရနှင့် ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များအကြားတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူရန် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များညီလာခံကို
အောက်တိုဘာလ ၃၁ရက်မှစကာ လေးရက်တာ ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကေအိုင်ကေက
ဦးစီးကာ လုပ်ဆောင်ခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့တွင်လည်း အစိုးရနှင့်
တိုင်းရင်းသားခေါင်းဆောင်များ နိုဝငဘာလ ၄ရက်တွင် တွေ့ဆုံခဲ့ကြသေးသည်။
ယင်းဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒုတိယအကြိမ်
ထပ်မံဆွေးနွေး ဦးမည်ဖြစ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲ မတိုင်မီတွင်
အစိုးရ၊ နိုင်ငံရေးပါတီ ၁၂ ပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပထမဦးဆုံးအကြိမ်အဖြစ် နိုဝင်ဘာ တတိယအပတ်တွင် ချင်းမိုင်၌ တွေ့ဆုံမည်ဖြစ်သည်။
0 comments:
Post a Comment