Friday, November 15, 2013
သိန်းစိန် သေဆုံးပြီး ၁၂ ရက်ကြာ အောင်ဆန်း သေဆုံး.. ဒေါ်အောင်ဆန်းစုကြည် အတွက် ဗေဒင်ဟောစတမ်းတွေ ထွက်မလာသေး
နိုဝင်ဘာ ၂ ရက်နေ့က ဆင်ထိန်း ဦးသိန်းစိန် သေဆုံးပြီး ၁၂ ရက်အကြာ နိုဝင်ဘာ ၁၄ မှာ လွှတ်တော်အမတ် ဦးအောင်ဆန်း သေဆုံးသွားပါတယ်။ ၁၄ ရက်နေ့ညနေတွင် ရန်ကုန်မြို့ရှိ ဗေဒင်ခန်းများတွင် NLD ပါတီဝင်များဖြင့်ပြည့်နေပြီး ဒေါ်အောင်ဆန်းဆုကြည်အတွက် ရတြာချေနေကြတယ်လို့ မျက်မြင်အချို့က ဆိုပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် အတွက် ဗေဒင်ဟောစတမ်းတွေ ထွက်မလာသေးပါဘူး။ ဗေးဒင်ဆရာများကတော့ မအိပ်မနေ စရေးနေကြပြီဖြစ်ပြီး ဂျာနယ်များကလည်း သူ့ထက်ငါ ဦးအောင်ထည့်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဟာ နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ရုတ်တရက်လဲကျပြီး သေဆုံးသွားပါတယ်။
U Aung San Mpဦးအောင်ဆန်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပန်းဘဲတန်း မြို့နယ်မဲဆန္ဒနယ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။
နေပြည်တော်ဘောလုံးကွင်းမှာ ဖြစ်ခဲ့တဲ့ ပရိသတ်ရဲ့ ရမ်းကားမှုမျိုးမဖြစ်အောင် လာမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ လုံခြုံရေးဆောင်ရွက်ထားရှိမှုနဲ့ ပတ်သက်ပြီး မေးခွန်းကို မေးရင်းနဲ့ အဖြေတွေကို သက်ဆိုင်ရာ အားကစားဒုဝန်ကြီး ဦးသောင်းထိုက်က လာရောက်ဖြေကြားအပြီးမှာ နှလုံးခုန်ရပ်ပြီး ထိုင်ခုံမှာ အသက်ဆုံးသွားတာလို့ ဒီကနေ့ လွှတ်တော်တက်တဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
သူ့ရုပ်ကလာပ်ကို နေပြည်တော် ကုတင်တထောင်ဆေးရုံမှာ ပို့ဆောင်ထားပြီး မိသားစုရဲ့ စီမံမှုအတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment