Friday, November 15, 2013
သရုပ်ဆောင် တြီကို(ခ)ဥက္ကာဦး ဦးနှောက်အမြှေး ရောင်ရောဂါဖြင့် ကွယ်လွန်
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ။ ။ ဇာတ်ပို့ သရုပ်ဆောင် တြီကို(ခ)ဥက္ကာဦး (၃၃)နှစ်သည် ဦးနှောက်အမြှေး ရောင်ရောဂါဖြင့် နိုဝင်ဘာ ၁၃ရက် တွင် ကွယ်လွန်သွားကြောင်း သိရ သည်။
တြီကိုသည် ရွှေဂုံတိုင်အထူး ကုဆေးရုံကြီးတွင် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁နာရီ မိနစ် ၅ဝတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
''အမေ တော်တော်ကို စိတ် မကောင်းဖြစ်နေပါတယ်။ ဘာမှ လဲ မပြောချင်တော့ပါဘူး။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အမေ့ထက် အရင် လူ့လောကထဲကနေ ထွက် သွားလိမ့်မယ်လို့ ထင်ကို မထင် ထားတာပါ။ အမေတရားနဲ့ပဲ ဖြေ ရတော့မှာပေါ့''ဟု မိခင်ဖြစ်သူ သရုပ်ဆောင်အကယ်ဒမီနွဲ့နွဲ့စန်း က ပြောသည်။
ကွယ်လွန်သူတြီကိုတွင် ဇနီး ဖြစ်သူ ဒေါ်ငယ်ငယ်(ခ)တင်ဇာ ဝင်းမောင်နှင့် တစ်ဦးတည်းသော သားဖြစ်သူ မောင်ရာဇာဝင်းမင်း တို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်သူ ရုပ်ရှင်သရုပ် ဆောင်တြီကိုအား နိုဝင်ဘာ၁၅ ရက် နံနက် ၁၁နာရီတွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ် ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)












0 comments:
Post a Comment