Tuesday, November 19, 2013

အခြား တိုင်းရင်းသားအဖွဲ့များ လက်မှတ်ထိုးပြီးဖြစ်သော်လည်း KIO မထိုးနိုင်ကြောင်း ဂွမ်မော် ပြော


 အခြား တိုင်းရင်းသားအဖွဲ့များ လက်မှတ်ထိုးပြီးဖြစ်သော်လည်း KIO မထိုးနိုင်ကြောင်း ရန်ကုန်မြို့တွင်ရောက်ရှိနေတဲ့ ဂွမ်မော် မှ ပြော ကြားလိုက်သည်။

ရန်ကုန်မြို့ Business Alliance Hotel တွင် နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်သို့ ရောက်ရှိလာချိန်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံ သည်ဟု ဆိုသော်လည်း ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“ဦးအောင်မင်းနဲ့ တွေ့ဆုံတာမှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို အကြမ်းဖျင်း တင်ပြတဲ့ သဘောပါ။ ဘာမှ အသေးစိတ် မဆွေးနွေးရ သေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် ငြိမ်းချမ်းရေးကို တစိုက်မက်မက်လုပ်ဆောင်ခဲ့ရာ တိုင်းရင်းသား အဖွဲ့အသီးသီးမှ လက်မှတ်ရေးထိုးခဲ့သော်လည်း KIA/KIO မှ ငြိမ်းချမ်းရေး မလိုလားသောကြောင့် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကြန့်ကြာနေခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget