Friday, January 10, 2014

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ သီလဂုဏ်၊ သမာဓိဂုဏ်နဲ့ ပြည့်စုံတဲ့ဆရာတော်တွေကို အမြဲဦးထိပ်ပန်ဆင်ထားတဲ့သူတွေပါ

 


 ကိုရင်ဇော်သိန်း(ခေါ်)ရှင်ဆန္ဒာဓိက ဘုရား


တပည့်တော်သည် အရှင်ဘုရား၏ လုပ်ရပ်နှင့် စိတ်ဓာတ်များအား အတိုင်းမသိ လေးစားကြည်ညိုမိသူပါဘုရား။

ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသည့်အတိုင်း တပည့်တော်သည်လည်း အရှင်ဘုရားဇာတိချက်မြှုပ်ရာ ရေနံချောင်းဇာတိဖြစ်၍ ပိုမိုလေးစားကြည်ညိုမိပါသည် ဘုရား။ဆရာတော်၏ ၀ိနည်း၊ကျင့်စဉ်၊ဥာဏ်ပညာထူးချွန်ထက်မြက်မှု၊ သာသနာတော်အပေါ် အတိုင်းမသိ ယုံကြည်သက်ဝင်မှု၊ဆရားသမားများပေါ် ကျေးဇူးသိတတ်မှု၊ စာအရေးအသား ကောင်းမွန်မှု အစရှိသည်တို့အပေါ် အလွန်တစ်ရာ ဂုဏ်ယူလေးစား မုဒိတာပွားမိပါသည်ဘုရား။

ယခု ချင်းတောင်တန်းတွင် အရှင်ဘုရားနှင့်ပတ်သက်၍ တပည့်တော် စိတ်မကောင်းကြီးစွာ ဖြစ်ရပါသည် ဘုရား။

ဘုရားတပည့်တော် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါသည် ဘုရား။

သီရိဓမ္မာ အသောကမင်းကြီးလက်ထက်တွင် နိဂျောဓသာမဏေနှင့် ၄င်းမင်းကြီး၏ အကြောင်း အရှင်ဘုရား ကောင်းစွာ သိရှိပြီးသားပါဘုရား။

တပည့်တော် ထပ်လောင်းတင်ပြပါရစေဘုရား။

သီရိဓမ္မာသောက မင်းကြီးဟာ သူ့ဖခင်လက်ထက်က အမွေဖြစ်တဲ့ ဒိဌိတက္ကဒွန်းတွေကို နန်းတော်မှာ ဆွမ်းလုပ်ကျွေးနေတဲ့ အချိန်ဖြစ်တယ်။ဒါပေမယ့် ပါရမီအရ မဟုတ်မမှန်တာကို ဆည်းကပ်ကိုးကွယ်နေရတာဖြစ်လို့ စိတ်မသက်မသာဖြစ်ပြီး လေသာဆောင်မှာ ခဏထွက်ရပ်နေချိန်မှာ နိဂျောဓသာမဏေကို တွေ့မိလိုက်တယ်။အဲဒီအခါမှာ အရွယ်နဲ့မမျှ တည်ငြိမ်ရင့်ကျက်လှတဲ့ ကိုရင်လေးကို မြင်တွေ့ပြီး နန်းတော်မှာ ဆွမ်းဖိတ်ကျွေးဖို့ မင်းချင်းတွေကို ပင့်ဖိတ်ခိုင်းလိုက်ပါတယ်။

၃ကြိမ်တိုင်တိုင် ဧကရာဇ်မင်းက ဖိတ်ခေါ်မှ နန်းတော်ထဲကြွလာတဲ့ အခါ ဘုရင်ကြီးက သင့်လျှော်ရာနေရာမှာ နေပါဆိုတော့ ပလ္လင်ပေါ်တက်ပြီး စံပ္ပာယ်ပါတယ်။

ဒါဟာ ၇နှစ်သားရွယ် သာမဏေငယ်လေးက ဧကရာဇ်ဘုရင်မင်းမြတ်ကို တရားပြတာဖြစ်ပြီး ဧကရာဇ်ဘုရင်ကြီးကလည်း အလွန်နုနယ်တဲ့ သာမဏေငယ်လေးရဲ့ တရားပြမှုကို အကြွင်းမဲ့ လက်ခံပါတယ်။

အရှင်ဘုရား...
ဒီနေ့ ဒီချိန်မှာ ချင်းတောင်တန်းမှာ အရှင်ဘုရားကို ဆည်းကပ်ကိုးကွယ်ပုံ၊အလေးအမြတ်ဂရုပြုပုံတွေက တပည့်တော်စိတ်ထဲမှာ အလွန်တစ်ရာဝမ်းနည်းမိကြောင်းပါဘုရား။

အရှင်ဘုရားဟာ တပည့်တော်တို့ မြို့ရွာတွက်ရော တိုင်းပြည်တွက်ရော အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးပါ။အရှင်ဘုရားဟာ လောကီပညာမှာ ထိပ်တန်းထူးချွန်သူတစ်ဦးဖြစ်ခဲ့ပြီး လောကုတ္တရာမှာလည်း ရွှေပါရမီတောရမှာ ဧကစာကျင့်နေသူတစ်ဦးဆိုတာ တပည့်တော် လေ့လာမိပါတယ်ဘုရား။

ဒါပေမယ့် အရှင်ဘုရားဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးယုံကြည်ခင်မင်သူတစ်ဦးဖြစ်ကြောင်းကိုလည်း တပည့်တော်ရဲ့ သေးနုပ်တဲ့ ဥာဏ်လေးနဲ့ ဝေဖန်သုံးသပ်သိရှိထားပါတယ်ဘုရား။

ဒါပေမယ့် သံဃာကားအောက် မျောက်ကားအထက်ဖြစ်နေတဲ့ ဖြစ်ရပ်တွေအပေါ် တပည့်တော်တို့ အလွန်တစ်ရာ ကြေကွဲဝမ်းနည်းမိပါတယ် ဘုရား။

အရှင်ဘုရား ပုဂ္ဂိုလ်ရေးအရ လေးစားသူတစ်ယောက်က တပည့်တော်တို့ လေးစားတန်ဖိုးထားသူ ဘုရားသားတော်တစ်ဦးအပေါ် မရည်ရွယ်ဘဲဖြစ်ဖြစ်၊ သိသိချည်းနဲ့ မှိန်းနေသည်ပဲဖြစ်ဖြစ် ခုလိုမျိုး သံဃာနဲ့နှိုင်း ရိုင်းနေတာတော့ ဗုဒ္ဓဘာသာပီပီ အလွန်ကြေကွဲ ခံပြင်းမိကြောင်းပါ ဘုရား။
 

2 comments:

  1. မျောက်ကရေခွက်ယူထားတာကိုးဟာ. . .ပြီးတော့ မျောက်ကမြန်မာလေ. . .မြန်မာလူမျိုးမြန်မာနိုင်ငံထဲက မိန်းကလေးကို လူမုန်းခံပြီး စောင့်ရှောက်ပေးခဲ့တာ...တရုတ်တွေရဲ့ ဘိန်းမှိုင်း...ခရစ်ယာန်မှိုင်းကလွတ်အောင်ကူညီခဲ့တာ...ဆင်ဖြူတော်ကြီးပါလာတာလည်း ပရောဟိတ်တွေအသိလေ...ပြီးတော့ အရင်ဘ၀တုန်းကလည်း မျောက်က အင်ကြင်းပင်ကို ကူညီဖူးတော့ ဟိုကပြန်ကူညီတာပေါ...ဒါကကျေးဇူးရှိလို့ကျေးဇူးပြန်ဆပ်တာလေ...ဒါကြောင့် လူကြီးတွေက မျောက်ကိုရှေ့ကလွတ်ပေးတာ...ဆရာတော်က ဘူးသီးကိုမြင်တောင်မြင်ဖူးလို့လားလို့မေးကြည့်ပါဦး...ဟိုကလည်း ဟိန်းမင်းကြောက်လို့ဒေါ်စုရှေ့ဖြတ်တောင်မလျှောက်ဘူး...

    ReplyDelete
  2. (ဒီစာကိုမတင်ပါနဲ့နော်)ဖြူဖြူစင်စင် ပုလဲလေးတွေကိုမှ ချစ်တယ်လို့သူကဆိုလာစဉ်. . .ကမာမျက်ရည်ပုလဲများ လည်မှာမဆွဲစမ်းပါနဲ့ ခင်တဲ့. . .အဲဒီထဲက အိမ်ကအမေက ပုလဲတွေပဲဆင်တယ်. . .တော်ကြာမမလည်း ပုလဲလေးတွေလိုပင် ဖြစ်နေဦးမယ်. . .ဒါတွေ မေ သိပြီးသားပါ. . .(၁၉၉၈)ခုနှစ်က မေ က(၉)တန်းကျောင်းသူဘ၀ အိမ်မှာမမနေပဲအိမ်ကထွက်ပြေးတယ်ပေါ့(အမှန်တော့အဖွားအိမ်မှာနေတာပါ) အဲဒီတုန်းက တစ်ညနေမှာ တစ်စုံတစ်ယောက်က မေ့ကို စူးစူးနင့်နင့်လွမ်းနေခဲ့တယ်တဲ့. . .သက်ပြင်းချသံနဲ့ အိပ်ယာပေါ်လှဲလိုက်သံကြားလိုက်ရတယ်. . .အိမ်ရှေ့က လီယိုနာဒိုက မိမိုးသီချင်းဆိုကောင်းနေတုန်းပေါ့. . .မေ့စိတ်ထဲထင်တာက အိမ်မှာရှိတဲ့ သရဲကြီးလို့ထင်တာ. . .သူကမေ့ကိုအိမ်ပြန်လာဆိုတာနဲ့မေ အိမ်ပြန်ဖြစ်ခဲ့တယ်. . .ဆုယူခါနီးပေါ့. . .မေ (၁၀)တန်းပြီးတော့ ပန်းချီတွေအရူးအမူးဆွဲဖြစ်တယ်. . .မေမေကမကြိုက်တာနဲ့ ဆက်မဆွဲရတော့ဘူး. . .ဆိုပါတော့ (၂၀၀၃)ခုနှစ်လောက်မှာ မေ့ကို ဘုရားပေးတဲ့ ပညာတစ်ချို့ကိုလှူခဲ့တဲ့အတွက် ထိုကောင်းမှုကြောင့်မေဆွဲတဲ့ ပန်းချီပုံတိုင်းကောင်းကင်မှာပေါ်စေရမယ်လို့ နတ်တွေကဆုပေးခဲ့ကြတယ်. . .အာသောကမြွေကြီးကို ရွှေရင်ကျော်ဆန်မန်းနဲ့ မေ ပေါက်လိုက်တာပါ. . .သူကအရင်ဘ၀က မေ့ခင်ပွန်းဖြစ်ခဲ့တယ်. . .မေ ကစပါးကြီးပဲမြင်တာ အာသောကလို့မှမသိပဲ. . .အဲဒီတုန်းက မေက ဒေ၀ါနန်မင်းရဲ့ညီမပေါ့. . .အဲဒီတုန်းက မှတ်မှတ်ရရ မေက အိမ်ထဲမှာ ကြိုးခုန်နေတာ. . .အဲဒီအချိန်မှာ ကိုယ်တော်ကပြောတာ. . .ပုလဲ တွေကို သူသိပ်မုန်းတယ်တဲ့. . .မေရဲ့အသက်က ကိုယ်တော့်ရဟန်းဝါနဲ့ ၁နှစ်ပဲကွာတာလေ. . .ကိုယ်တော်သနားစရာအရမ်းကောင်းခဲ့ပါတယ်. . .မေက အဝေးပြေးကားစီးမိတဲ့ညတိုင်း ကိုယ်တော်ဘာဖြစ်ခဲ့လဲလို့အလိုလိုသိတယ်. . .နည်းနည်းလန့်မလားမသိဘူး. . .လူတစ်ဖက်သားကိုခြိမ်းခြောက်အကြပ်ကိုင်တယ်ဆိုတာလည်း အတိုင်းအတာ၇ှိသင့်ပါတယ်. . .ပြီးတော့ကိုယ့်တော့်ဆီတကယ်ယူပေးတဲ့ပစ္စည်းတွေက မေ့ပစ္စည်းတွေနော်. . .ဒီထဲမှာမေက နာမည်အမှန်ဘယ်ရေးမလဲ. . .သိချင်ရင် အန်တီညွှန့်ညွှန့်ကို မေ့ဆီလွတ်လည်းရတာပဲ. . .မေ မလေးကိုလိုက်မသွားဖူးဆိုတာဟုတ်ပါတယ်. .. ဘယ်သူ့နောက်လိုက်ရမယ်မှန်းတောင်မသိဘူး. . .ဒါကြောင့် ရေတစ်ခွက်မကမ်းနိုင်ရင်တောင် ကိုယ့်ကြောင့်အဆိပ်တစ်ခွက်မဖြစ်ပါစေနဲ့. . .ကုသိုလ်တွေတစ်ပုံကြီးလုပ်ထားပြီး. . .အရွယ်ကောင်းတုန်းအောင်မြင်နေချိန်မှာ သာသနာ့ဘောင်ဝင်ထားပြီးမှ အဝေးပြေးပေါ်ကကိစ္စကြောင့် ငရဲအိုးထဲသွားရမှာ ရင်နာစရာကောင်းပါတယ်. . .မေ အမျိုးမျိုးတောင်းပန်ပေးခဲ့တယ်. . .ဘုရားကြီးတောင်လက်မခံတော့ဘူး. . .နောက်ဆုံး မေလည်း ပုထုဇဉ်ပဲဒေါသရှိတာပေါ့. . .ဒီတော့ ရေစက်ချပြီးလှူခဲ့တယ်. . .ကိုယ်ရဟန်းဝတ်ပြီးပြီမို့ ကိုယ့်ညီနဲ့ယူလိုက်ဆို သူပြောခဲ့တာ မေ့ကိုပါ. . .ဒါကြောင့် အရည်းကြီးဇာတ်ထုတ်ပြပြီး မခြောက်စမ်းပါနဲ့. . .အိုးကမပူ စလောင်းကပူမပြနဲ့ . . . မေ တောင် ကိုယ့်ဘာသာနေနိုင်တာ. . .တစ်သက်နဲ့တစ်ကိုယ် သူမေ့ကိုမြင်တောင်မမြင်ဖူးခဲ့ဘူး. . .သူမစရင်လည်း မေက ၀န်ခံခဲ့မှာ မဟုတ်ဘူး. . .ဒါကြောင့် မနှောင်ယှက်ပါနဲ့. .. မေရိုက်တဲ့တုတ်က လူမြင်ရမှာမဟုတ်ဘူးနော်. . . ယူပေးထားတဲ့ Express က မေတကယ်ယူလိုက်ရင် ရမယ့် လေယာဉ်ဘီးရဲ့ တစ်ဘက်စာလောက်ပဲ တန်ကြေးရှိတယ်ဆိုတာ သဘောပေါက်ထားလိုက်ပါ. . .နောက်ဆို သာသနာ့ဘောင်က ရဟန်းကိုအကြပ်မကိုင်ပါနဲ့. . .မေဘယ်သူလည်းဆိုတာ သူကောင်းကောင်းသိပါတယ်. . .မေ့အကြောင်းကို ဒေါ်စုကိုလည်းသွားမဖောနဲ့ ဦးဖိုးကျားရဲ့မင်းကတော်ဇာတ်ထုတ်လိုဆိုပြီး. . .ဟိန်းမင်းဟာတွေက မေ့သူငယ်ချင်းအရင်းခေါက်ခေါက်တွေ. . .မေ့ကိုမမြင်ရဖူးဆိုတာတော့ တမင်ရှောင်နေခဲ့လို့ပါ. . .မေ ကသူဘာဖြစ်ဖြစ်သိတယ်. . .တကယ်လို့ သူ၈-၂-၂၀၁၄ မှာ တိမ်မှာပေါ်တဲ့ အသဲပုံ(၂)ထပ်ကိုမြင်ခဲ့ရင် မေကသူ့ရဲ့ပါရမီဖြည့်ဖက်ဖြစ်လိမ့်မယ် မမြင်ခဲ့ရင် မဖြစ်တော့ဘူး...ဒီလောက်ပါပဲ မေလည်း ဘုန်းကြီးကို ပမာဏပြုစရာကိလေသာမရှိဘူးလို့ မခံချင်အောင်မပြောချင်ဘူး. . .မေဆိုရင် ပုလဲတွေအဝေးပြေးတွေနေနေသာသာ စာအုပ်ထဲမြင်တဲ့ ပုံတောင် ရဟန်းဝတ်နဲ့မို့စိတ်စွဲမိမှာစိုးလို့ နေရပ်မပြောနဲ့ နာမည်နဲ့ အသက်တောင်အမှန်မသိဘူး. . .ဒါကြောင့် ရွှေဥမင်ဆရာတော်ကြီး ခေါ်စစ်တော့ ရှင်ဆေကိန္ဒဆိုပြီး တလွဲတွေပြောတာ. . .မေသိတာသူ(၁၀)တန်းအောင်တာ (၉၆)ခုနှစ်ကမှဆိုပြီး ဒါကြောင့် တလွဲတွေဖြစ်ပြီး ဆရာတော်ကြီးတွေဟာ ဘယ်သူ့ကုလို့ကုရမယ်မှန်းမသိတော့တာ. . .မေကစိတ်စွဲမှာစိုးလို့ ဘယ်သူ့ကိုမှဖွင့်မပြောဖူးဘူး. . .ဒါကြောင့် ဘယ်သူမှမသိဖူး. . .သူရှေ့လည်းမသွားဖူး. . .စာအုပ်လည်းသူ့စာအုပ်ဆိုမဖတ်ဘူး. . .သူ့ဘာသာဘယ်လိုမိလို့မိသွားတာလည်းမသိတာ. . .ကိုယ့်ကြောင့်တစ်ဖက်သားဝင်ပိအောင်မနေဖူး. . .ကျောက်တော်ကြီးကဆရာကြီးလာလည်းမေက အေးအေးဆေးဆေးပဲ. . .မိုးမင်းက အငြိမ့်မင်းသမီးမမလည်း ဆရာတော်နဲ့ဝေးဝေးနေပါ. . .ကွယ်ရာမှာမှ အိမ်လာပြီး သူများပစ္စည်းခိုးခိုးပြီးမပို့နဲ့. . .

    ReplyDelete

 
Twitter Bird Gadget